Privacy Policy

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
Huawei သုံးစွဲသူ လုပ်ငန်း၊ ကိုယ်ရေးအချက်အလက်၊ လုံခြုံရေး ထုတ်ပြန်ချက်

Huawei Device Co., Ltd. နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင်များ (စုစည်း၍ "Huawei"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏") သည် သင်၏ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို အလေးထားပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို စုစည်းရယူပုံ၊ အသုံးပြုပုံ၊ ထုတ်ဖော်ပြောဆိုပုံ၊ ကာကွယ်ပုံ၊ သိမ်းဆည်းပုံနှင့် လွှဲပြောင်းပုံတို့ကို သင် နားလည်လာစေရန် ဤကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက် ("ဤထုတ်ပြန်ချက်" ဟု ရည်ညွှန်းထားပါသည်) ကို ရေးသားပြုစုထားပါသည်။ ဤထုတ်ပြန်ချက်ကို အချိန်ခဏပေး၍ သေချာဖတ်ရှုပြီး သင့်တွင် မေးမြန်းလိုသည်များ ရှိပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။

ဤထုတ်ပြန်ချက်သည် ရိုးရိုးခလုတ်ဖုန်းများ၊ စမတ်ဖုန်းများ၊ လပ်တော့(ပ်)များ/တက်ဘလက်များ၊ Huawei Vision၊ ဝတ်ဆင်စက်များ၊ မိုဘိုင်း Broadband စက်များ၊ အိမ်သုံးရောက်တာများ၊ စမတ်အိမ်သုံးပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ PC အက်ပ်များ၊ မိုဘိုင်း အင်တာနက်အက်ပ်များ ("အက်ပ်များ" အဖြစ် ရည်ညွှန်းထားသည်)၊ ဆော့ဖ်ဝဲ၊ တူးလ်ကစ်များ၊ ဝက်ဘ်ဆိုဒ်များနှင့် ဝန်ဆောင်မှုများအပါအဝင် ဤထုတ်ပြန်ချက်တွင် ပြသထားသော သို့မဟုတ် ဖော်ပြထားသော Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည်။

ဤထုတ်ပြန်ချက်အပြင် အသုံးပြုမည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် Huawei ၏ ကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက် သို့မဟုတ် ဖြည့်စွက်အသိပေးချက် ("ထုတ်ကုန်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်" အဖြစ် ရည်ညွှန်းထားသည်) ကိုလည်း ဂရုတစိုက် ဖတ်ရှုရန် သင့်အား ကျွန်ုပ်တို့ အကြံပြုပါသည်။ ထုတ်ကုန်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်သည် ဤထုတ်ပြန်ချက်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်သည်။ ၎င်းတွင် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုစီက သင့်ကိုယ်ရေးဒေတာကို စီမံဆောင်ရွက်ပုံ၊ သင်၏ ဒေတာပိုင်ရှင် အခွင့်အရေးများကို အသုံးချနည်း၊ ဒေတာထိန်းချုပ်သူများက မည်သူဖြစ်ကြောင်းနှင့် ထိန်းချုပ်သူများထံ ဆက်သွယ်နည်းကဲ့သို့ အခြေခံအချက်အလက်များကို ဖော်ပြပေးထားသည်။ ဤထုတ်ပြန်ချက်နှင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိခဲ့လျှင် ထုတ်ကုန်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်ကို အတည်ယူရမည်။ အခြားအပိုင်းများအတွက် ဤထုတ်ပြန်ချက်ကို အတည်ယူရမည်။

ဤထုတ်ပြန်ချက်တွင် ဖော်ပြပေးထားသည်မှာ-

Huawei က သင့်ကိုယ်ရေးဒေတာကို စုစည်းရယူပုံနှင့် အသုံးပြုပုံ

1. Huawei က သင့်ကိုယ်ရေးဒေတာကို စုစည်းရယူပုံ

ကိုယ်ရေးအချက်အလက်ဆိုသည်မှာ မည်သူမည်ဝါခွဲခြားဖော်ထုတ်ထားသော သို့မဟုတ် မည်သူမည်ဝါ ခွဲခြားဖော်ထုတ်နိုင်သော သာမန်လူပုဂ္ဂိုလ်တစ်ဦးနှင့် စပ်လျဉ်း၍ အီလက်ထရောနစ်နည်းအားဖြင့် သို့မဟုတ် အခြားတစ်နည်းအားဖြင့် မှတ်တမ်းတင်ထားသော အချက်အလက်အမျိုးအစားမှန်သမျှကို ရည်ညွှန်းပြီး ၎င်းတွင် မည်သူမည်ဝါ မဖော်နိုင်အောင် ပြုလုပ်ထားသော အချက်အလက်များ မပါဝင်ပါ။ သင်က ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ သို့မဟုတ် ကျွန်ုပ်တို့နှင့် အပြန်အလှန်တုံ့ပြန်သည့်အခါ သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့ စုစည်းရယူနိုင်သည်။ သင်အသုံးပြုသော ဝန်ဆောင်မှုနှင့် ကျွန်ုပ်တို့နှင့် သင်၏ အပြန်အလှန်ဆက်သွယ်မှုများပေါ် မူတည်၍ မတူညီသော ဒေတာအမျိုးအစားများကို စုစည်းရယူပါမည်။ အချို့အခြေအနေများတွင် ထိုကဲ့သို့ဒေတာများကို မပေးအပ်ရန် သင်ရွေးချယ်နိုင်သော်လည်း ထိုသို့ပြုလုပ်ခြင်းသည် သက်ဆိုင်ရာထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ကျွန်ုပ်တို့က သင့်အား ပံ့ပိုးမပေးနိုင်ခြင်း ဖြစ်စေနိုင်သည် သို့မဟုတ် ကျွန်ုပ်တို့က သင်တင်ပြထားသည့် ပြဿနာတစ်ရပ်ရပ်ကို မတုံ့ပြန်နိုင် သို့မဟုတ် ဖြေရှင်းမပေးနိုင်ဟု ဆိုလိုနိုင်သည်။

သင့်အား ဆက်စပ်သော ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့်အခါ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို မည်သို့အသုံးပြုသည်ကို နားလည်ရန် ကျွန်ုပ်တို့သည် ဝက်ဘ်ဆိုဒ်ထဲ ဝင်ရောက်ကြည့်ရှုမှုများ၊ အက်ပ် ဒေါင်းလုဒ်လုပ်မှုများနှင့် ထုတ်ကုန်ရောင်းအားပမာဏကဲ့သို့ ကိန်းဂဏန်းအချက်အလက်များကိုလည်း စုစည်းရယူပြီး အကျဉ်းချုပ်နိုင်သည်။ ဤထုတ်ပြန်ချက်ပါ ရည်ရွယ်ချက်များအတွက် အထက်ဖော်ပြပါ ကိန်းဂဏန်းအချက်အလက်များကို ကိုယ်ရေးဒေတာမဟုတ်သော ဒေတာများအဖြစ် မှတ်ယူသည်။ သင့်ကိုယ်ရေးဒေတာများကို ကိုယ်ရေးဒေတာမဟုတ်သော ဒေတာများမှ သီးသန့်ခွဲထားပြီး ၎င်းတို့ကို သီးခြားစီအသုံးပြုရန် ကျွန်ုပ်တို့ အကောင်းဆုံး ကြိုးစားပါမည်။ ကိုယ်ရေးဒေတာမဟုတ်သည်များနှင့် ပေါင်းစပ်ထားသော ကိုယ်ရေးဒေတာများကို ကိုယ်ရေးဒေတာများအဖြစ် ဆက်လက်မှတ်ယူပါမည်။

ကျွန်ုပ်တို့သည် ဤထုတ်ပြန်ချက်နှင့် ထုတ်ကုန်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်တွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက်သာ သင်၏ ကိုယ်ရေးဒေတာများကို စုစည်းရယူပြီး အသုံးပြုပါမည်။ အောက်ပါတို့မှာ ကျွန်ုပ်တို့ စုစည်းရယူနိုင်သည့် ကိုယ်ရေးဒေတာ ဥပမာအချို့ဖြစ်ပါသည်-

(1) Huawei ထံ သင် ပေးသည့် ကိုယ်ရေးဒေတာ

သင်သည် အချို့သော လုပ်ဆောင်ချက်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုရန်အတွက် HUAWEI ID ကို စာရင်းသွင်းရန် လိုအပ်ပါသည်။ အွန်လိုင်းတွင် ဈေးဝယ်ရန်၊ ဆော့ဖ်ဝဲ ဒေါင်းလုဒ်လုပ်ရန် သို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူရန် HUAWEI ID ကို စာရင်းသွင်းသည့်အခါ သို့မဟုတ် သင့် HUAWEI ID သို့ ဝင်ရောက်သည့်အခါ ကျွန်ုပ်တို့သည် သင်၏ အမည်၊ အီးမေးလ် လိပ်စာ၊ မိုဘိုင်းနံပါတ်၊ အော်ဒါ အချက်အလက်၊ ပို့ဆောင်ရန် လိပ်စာနှင့် ငွေပေးချေမှု နည်းလမ်းကဲ့သို့ သက်ဆိုင်ရာ ကိုယ်ရေးဒေတာများကို ပေးရန် သင့်အား တောင်းဆိုနိုင်သည်။

Huawei ထုတ်ကုန်အချို့က သင့်အား အခြားသူများနှင့် ဆက်သွယ်ကာ အချက်အလက်များကို မျှဝေခွင့်ပြုပါသည်။ အကြောင်းအရာများကို သင့်မိသားစုနှင့် သူငယ်ချင်းများနှင့်အတူ မျှဝေရန် Huawei ထုတ်ကုန်ကို အသုံးပြုသည့်အခါ သင့်အမည်ပြောင်နှင့် ရုပ်ပုံပါဝင်သည့် အများမြင် HUAWEI ID ပရိုဖိုင်းတစ်ခုကို သင် ဖန်တီးရန် လိုအပ်နိုင်ပါသည်။ သင့်မိသားစုနှင့် သူငယ်ချင်းများ၏ အမည်များ၊ အီးမေးလ် လိပ်စာများနှင့် ဖုန်းနံပါတ်များကဲ့သို့ ၎င်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ကျွန်ုပ်တို့ စုစည်းရယူနိုင်သည်။ ၎င်းတို့၏ ဆက်သွယ်မှုများ လုံခြုံမှုရှိကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် သင့်လျော်ပြီး လိုအပ်သော အစီအမံများကို လုပ်ဆောင်ပါမည်။

အမည်ရင်းဖြင့် အကောင့် စာရင်းသွင်းခြင်း၊ ဂိမ်းစွဲလမ်းမှု ကာကွယ်တားဆီးရေး စနစ်များနှင့် အင်တာနက်သုံး ငွေပေးချေမှုအတွက် အချို့သော တရားစီရင်ပိုင်ခွင့် နယ်မြေများ၏ သတ်မှတ်ချက်များအပြင် အခြားသတ်မှတ်ချက်များနှင့် ကိုက်ညီရန်အလို့ငှာ ကျွန်ုပ်တို့သည် သင့်အား ဒေသတွင်း အစိုးရများက ထုတ်ပေးထားသော မှတ်ပုံတင် အထောက်အထားများ သို့မဟုတ် သင်၏ အထောက်အထားကို မှန်ကန်ကြောင်း အတည်ပြုနိုင်သည့် သက်ဆိုင်ရာ ကတ်အချက်အလက်များကို ပံ့ပိုးပေးရန် သင့်အား တောင်းဆိုနိုင်သည်။

(2) ဝန်ဆောင်မှုများကို သင်အသုံးပြုသည့်အခါ Huawei က စုစည်းရယူသော အချက်အလက်များ

ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင်အသုံးပြုသည့်အခါ ကျွန်ုပ်တို့သည် သင့်စက်အချက်အလက်များနှင့် သင်နှင့် သင့်စက်က ကျွန်ုပ်တို့၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် အပြန်အလှန်တုံ့ပြန်ပုံတို့ကို စုစည်းရယူပါမည်။ ထိုကဲ့သို့ အချက်အလက်များတွင် ပါဝင်သည်မှာ-

က။ စက်အမည်၊ စက်အိုင်ဒီ၊ စက် သက်ဝင်လုပ်ဆောင်ချိန်၊ ဟာ့ဒ်ဝဲ မော်ဒယ်၊ လုပ်ဆောင်ချက်စနစ် ဗားရှင်း၊ အက်ပ်ဗားရှင်း၊ ဆော့ဖ်ဝဲ အိုင်ဒီ၊ (ဒေသ၊ ဘာသာစကား၊ ဒေသစံတော်ချိန်နှင့် ဖောင့်အရွယ်အစားကဲ့သို့) စက်နှင့် အက်ပ် ဆက်တင်များကဲ့သို့ စက်နှင့် အက်ပ် အချက်အလက်များ။

ခ။ Public Land Mobile Network (PLMN) ပံ့ပိုးရေး ကုမ္ပဏီ ID၊ မြေမျက်နှာသွင်ပြင် တည်နေရာ (စက်တည်ရှိသည့် ဒေသ၏ Cell ID) နှင့် အင်တာနက် ပရိုတိုကောလ် (IP) လိပ်စာကဲ့သို့ မိုဘိုင်းကွန်ရက် အချက်အလက်။

ဂ။ မှတ်တမ်း အချက်အလက်။ သင်က Huawei ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ သို့မဟုတ် Huawei က ပံ့ပိုးပေးထားသော အကြောင်းအရာကို ကြည့်ရှုသည့်အခါ ကျွန်ုပ်တို့သည် ဝင်ရောက် သုံးစွဲသည့် အချိန်၊ ဝင်ရောက် သုံးစွဲသည့် အကြိမ်ရေ၊ IP လိပ်စာနှင့် (ချို့ယွင်းမှုများ၊ ရပ်တန့်မှုများ၊ ပြန်လည်စတင်မှုများနှင့် အပ်ဒိတ်များကဲ့သို့) ဖြစ်စဉ် အချက်အလက်များကဲ့သို့ အချက်အလက်အချို့ကို အလိုအလျောက် စုစည်းရယူ၍ မှတ်တမ်းတင်ပါမည်။

ဃ။ တည်နေရာ အချက်အလက်။ (တိကျသော တည်နေရာတစ်ခုအတွက် ရှာဖွေမှုများ ပြုလုပ်ခြင်း၊ လမ်းညွှန် ဆော့ဖ်ဝဲကို အသုံးပြုခြင်း သို့မဟုတ် မိုးလေဝသကို ကြည့်ရှုခြင်းကဲ့သို့) တည်နေရာ အခြေပြု ဝန်ဆောင်မှုအချို့ကို သင် ဝင်ရောက် သုံးစွဲသောအခါ ကျွန်ုပ်တို့သည် သင့်စက်၏ ခန့်မှန်း တည်နေရာ သို့မဟုတ် တိကျသော တည်နေရာကို စုစည်းရယူ၊ အသုံးပြု၍ စီမံဆောင်ရွက်ပါမည်။ ထိုကဲ့သို့ အချက်အလက်များကို GPS၊ Wi-Fi သို့မဟုတ် ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီ ကွန်ရက် ID တို့မှတစ်ဆင့် ရယူနိုင်သည်။ ကျွန်ုပ်တို့သည် သင် တည်နေရာ ဝန်ဆောင်မှုများကို ဖွင့်လိုသည့် အက်ပ်များကို ရွေးချယ်ခိုင်းပါမည်။ သင့်စက် ဆက်တင်များတွင် သက်ဆိုင်ရာ ခွင့်ပြုချက်ကို ပိတ်ခြင်းဖြင့် သင့်တည်နေရာကို မျှဝေခြင်းအား ငြင်းဆိုနိုင်ပါသည်။

င။ ကလောက်ဒ်တွင် သိမ်းဆည်းသော အချက်အလက်များ။ ဥပမာအားဖြင့် ကလောက်ဒ်သို့ သင်အပ်လုဒ်လုပ်သည့် အချက်အလက်ကို အမြန်ဝင်ရောက် သုံးစွဲခွင့် ရရှိရန်နှင့် စက်များအကြား မျှဝေနိုင်စေရန်အတွက် ကျွန်ုပ်တို့၏ ဆာဗာများတွင် သိမ်းဆည်းပါမည်။ သင့်ခွင့်ပြုချက်မပါဘဲ မည်သူကမျှ ထိုကဲ့သို့အချက်အလက်များကို ဝင်ရောက် သုံးစွဲခွင့်မရှိပါ။

(3) ပြင်ပ အဖွဲ့အစည်း ရင်းမြစ်များမှ အချက်အလက်

ဒေသဆိုင်ရာ ဥပဒေများဖြင့် ခွင့်ပြုထားသည့်အခါ ကျွန်ုပ်တို့သည် အများသုံး သို့မဟုတ် တရားဝင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ရင်းမြစ်များမှ သင်၊ သင့်စက် သို့မဟုတ် ဝန်ဆောင်မှု အသုံးပြုပုံနှင့် ပတ်သက်သော အခြားအချက်အလက်များကိုလည်း ရယူနိုင်သည်။ ဥပမာအားဖြင့် သင်က ပြင်ပ အဖွဲ့အစည်း လူမှုမီဒီယာအကောင့်မှတစ်ဆင့် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်သို့ ဝင်ရောက်သည့်အခါ သို့မဟုတ် သင်၏ ဆက်သွယ်ရန် အချက်အလက်များကို ကျွန်ုပ်တို့၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုသော အခြားသူများက အပ်လုဒ်လုပ်ထားသည့်အခါ ပြင်ပ အဖွဲ့အစည်းမှ သင့်အချက်အလက်များကို ကျွန်ုပ်တို့ ရယူပါသည်။

2. Huawei က သင့်ကိုယ်ရေးဒေတာကို အသုံးပြုပုံ

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာကို တရားဝင်အခြေခံအကြောင်းရင်းရှိမှသာ အသုံးပြုပါသည်။ သက်ဆိုင်သည့် ဒေသဆိုင်ရာ ဥပဒေများအရ ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာကို တရားဝင်အခြေခံအကြောင်းရင်းတစ်ခုအရ ဖော်ပြပါရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်သည်- သင့်သဘောတူညီချက်အရ၊ သင်နှင့် Huawei အကြား စာချုပ်ကို ဆောင်ရွက်ရန်/ချုပ်ဆိုရန် လိုအပ်ခြင်း၊ သင် သို့မဟုတ် အခြားသူများ၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်ခြင်း၊ တရားဝင် တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန် လိုအပ်ခြင်းနှင့် လုပ်ငန်းများ၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန် လိုအပ်ခြင်း-

(1) သင်ဝယ်ယူထားသော ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို စာရင်းသွင်းရန်နှင့် သက်ဝင်လုပ်ဆောင်ရန်၊

(2) ပိုမိုကျယ်ပြန့်သော လုပ်ဆောင်ချက်အမျိုးမျိုးကို သင်အသုံးပြုနိုင်ရန်အတွက် သင်၏ HUAWEI ID ကို စာရင်းသွင်းရန်၊

(3) သင် တောင်းဆိုထားသည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးပို့ရန်၊ သက်ဝင်လုပ်ဆောင်ရန် သို့မဟုတ် မှန်ကန်ကြောင်းစစ်ဆေးရန် သို့မဟုတ် သင့်တောင်းဆိုချက်အရ အဆိုပါကမ်းလှမ်းချက်များအတွက် ပြောင်းလဲမှုများ လုပ်ဆောင်ရန်နှင့် နည်းပညာ အကူအညီနှင့် ရောင်းချပြီးနောက်ပိုင်း ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်၊

(4) လုပ်ဆောင်ချက်စနစ် သို့မဟုတ် အက်ပ် အပ်ဒိတ်များ၊ ထည့်သွင်းမှုများနှင့် ပတ်သက်၍ သင့်ကို အကြောင်းကြားရန်၊

(5) တစ်ဦးချင်းအလိုက် ကိုက်ညီသော သုံးစွဲသူ အတွေ့အကြုံနှင့် အကြောင်းအရာကို ပံ့ပိုးရန်၊

(6) သင့်သဘောတူညီချက်ကို ရယူပြီးနောက် သို့မဟုတ် သင့်တောင်းဆိုချက်ကို ရရှိပြီးနောက် သင် စိတ်ဝင်စားနိုင်လောက်သည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း အချက်အလက်များကို သင့်ထံ ပေးပို့ရန်၊ ကျွန်ုပ်တို့၏ ပရိုမိုးရှင်း အစီအစဉ်များနှင့် ဈေးကွက် စစ်တမ်းများသို့ သင့်ကို ဖိတ်ခေါ်ရန် သို့မဟုတ် ဈေးကွက်ရှာဖွေရေး အချက်အလက်များကို သင့်ထံ ပေးပို့ရန်၊

(7) လုပ်ငန်းတွင်း စာရင်းစစ်ခြင်း၊ ဒေတာ လေ့လာဆန်းစစ်ခြင်းနှင့် သုတေသနတို့ လုပ်ဆောင်ရန်၊ လုပ်ငန်းလည်ပတ်မှု၏ ထိရောက်မှုကို ခွဲခြမ်းစိတ်ဖြာပြီး ဈေးကွက်ဝေစုများကို တိုင်းတာရန်နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ရန်၊

(8) ချို့ယွင်းချက် အသေးစိတ်ကို ကျွန်ုပ်တို့ထံ သင်ပေးပို့ပြီးနောက် ပြဿနာများကို ဖြေရှင်းပေးရန်၊

(9) သင် အပ်လုဒ်လုပ်ထားသည့် သို့မဟုတ် ဒေါင်းလုဒ်လုပ်ထားသည့် ဒေတာများအပြင် အပ်လုဒ်နှင့် ဒေါင်းလုဒ် လုပ်ဆောင်ချက်များအတွက် လိုအပ်သည့် ဒေတာများကို ချိန်ကိုက်ရန်နှင့် သိမ်းဆည်းရန်၊

(10) ကျွန်ုပ်တို့၏ ဆုံးရှုံးမှုဟန့်တားရေးနှင့် လိမ်လည်မှုကာကွယ်ရေး အစီအစဉ်များ တိုးတက်ကောင်းမွန်စေရန်၊

(11) ဥပမာအားဖြင့် အွန်လိုင်း အရောင်းအဝယ် ပလက်ဖောင်း စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ရန် သို့မဟုတ် တရားဝင်အစိုးရ သတ်မှတ်ချက်များကို လိုက်နာရန်အတွက် သက်ဆိုင်သည့် ဒေသဆိုင်ရာဥပဒေများ/စည်းမျဉ်းများကို လိုက်နာရန်၊

(12) ထုတ်ကုန်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်တွင် ဖော်ပြထားသော အခြားရည်ရွယ်ချက်များ။

Huawei က ကွတ်ကီးများနှင့် အလားတူ နည်းပညာများကို အသုံးပြုပုံ

ကျွန်ုပ်တို့သည် ၎င်း၏ ဝက်ဘ်ဆိုဒ်များ၊ မိုဘိုင်းအက်ပ်များ၊ အွန်လိုင်း ဝန်ဆောင်မှုများ၊ အီးမေးလ်များနှင့် ကြော်ငြာများတွင် ကွတ်ကီးများ၊ pixel တက်ဂ်များ၊ ဝက်ဘ်ဘေကွန်များနှင့် အခြားစက်တွင်း သိုလှောင်မှု နည်းပညာများကို အသုံးပြုနိုင်သည်။ ကွတ်ကီးများနှင့် အလားတူ နည်းပညာများမှတစ်ဆင့် စုစည်းရယူသည့် အချက်အလက်များကို ကိုယ်ရေးဒေတာမဟုတ်သည့် ဒေတာများဟု ယူဆပါသည်။ သို့ရာတွင် ဒေသတွင်း ဥပဒေများက IP လိပ်စာများ သို့မဟုတ် အလားတူ အိုင်ဒီများကို ကိုယ်ရေးဒေတာအဖြစ် မှတ်ယူပါက ကျွန်ုပ်တို့သည်လည်း ၎င်းတို့ကို ကိုယ်ရေးဒေတာအဖြစ် မှတ်ယူပါမည်။ အချို့အခြေအနေများတွင် ဤနည်းပညာများကို အသုံးပြု၍ စုစည်းရယူထားသော ကိုယ်ရေးဒေတာမဟုတ်သည့် ဒေတာများကို ကျွန်ုပ်တို့ ထိန်းသိမ်းထားသည့် ကိုယ်ရေးဒေတာများနှင့် ပေါင်းစပ်သည်။ ဤထုတ်ပြန်ချက်ပါ ရည်ရွယ်ချက်များအတွက် ပေါင်းစပ်ထားသော ဒေတာကို ကိုယ်ရေးဒေတာအဖြစ် ကျွန်ုပ်တို့ မှတ်ယူပါမည်။

ကွတ်ကီးဆိုသည်မှာ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းစက်တစ်လုံးပေါ်တွင် ဝက်ဘ်ဆာဗာတစ်ခုက ဖန်တီး၍ သိမ်းဆည်းထားသည့် စာသားဖိုင်တစ်ဖိုင်ဖြစ်သည်။ ကွတ်ကီးတွင် ပါဝင်သည့် အကြောင်းအရာများကို ကွက်ကီးအား ဖန်တီးထားသည့် ဆာဗာမှသာ ပြန်လည်ရယူနိုင် သို့မဟုတ် ဖတ်ရှုနိုင်ပါသည်။ ကွတ်ကီးများသည် သင်အသုံးပြုနေသည့် ဘရောက်ဇာ သို့မဟုတ် မိုဘိုင်းအပလီကေးရှင်းကိုလိုက်၍ တစ်ခုနှင့်တစ်ခု မတူကြပါ။ ၎င်းတို့တွင် အိုင်ဒီများ၊ ဝက်ဘ်ဆိုဒ်အမည်များ၊ နံပါတ်များနှင့် အက္ခရာများ ပါဝင်လေ့ရှိသည်။

သုံးစွဲသူ ကြည့်ရှုအသုံးပြုရ ပိုမိုအဆင်ပြေစေရန် အောက်ပါတို့ အပါအဝင် ကွတ်ကီးများကို တစ်ခါတစ်ရံတွင် ကွန်ပျူတာများ သို့မဟုတ် မိုဘိုင်းစက်များတွင် သိမ်းဆည်းသည်-

(1) လိုအပ်သော ကွတ်ကီးများ-

− ဝင်ရောက်မှုနှင့် အတည်ပြုမှု။ ဝက်ဘ်ဆိုဒ်တစ်ခုထဲ ဝင်ရောက်ရန် သင့် HUAWEI ID ကို အသုံးပြုသောအခါ ကွတ်ကီးများသည် စာမျက်နှာတစ်ခုချင်းစီတွင် ပြန်လည်ဝင်ရောက်ရန် မလိုဘဲ စာမျက်နှာ တစ်ခုမှ တစ်ခုသို့ သင့်အား လမ်းညွှန်ပေးနိုင်သည်။

− သင့်နှစ်သက်မှုများနှင့် ဆက်တင်များကို သိမ်းဆည်းပေးခြင်း။ ဝက်ဘ်ဆိုဒ်များသည် ဘာသာစကား၊ စာလုံးဖောင့် အရွယ်အစား၊ ဈေးဝယ်လှည်းနှင့် သင့်ကွန်ပျူတာများ သို့မဟုတ် မိုဘိုင်းစက်များပေါ်ရှိ အခြားလေ့လာကြည့်ရှုခြင်းဆိုင်ရာ နှစ်သက်သည့်ပုံစံများကဲ့သို့ ကိုယ်ပိုင် ဆက်တင်များကို သိမ်းဆည်းရန် ကွတ်ကီးများကို အသုံးပြုနိုင်သည်။

(2) လေ့လာဆန်းစစ် ကွတ်ကီးများ- ကိန်းဂဏန်း အချက်အလက် စိစစ်ချက်။ ကျွန်ုပ်တို့သည် ကွတ်ကီးများကို အသုံးပြု၍ တစ်ကြိမ် ဝင်ရောက်ကြည့်ရှုမှုကို (ဆက်ရှင်ကွတ်ကီးသုံး၍) မှတ်တမ်းတင်ခြင်း သို့မဟုတ် အကြိမ်များစွာ ဝင်ရောက်ကြည့်ရှုမှုများကို (Persistent ကွတ်ကီးသုံး၍) မှတ်တမ်းတင်ခြင်းအပါအဝင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်များနှင့် အခြားအက်ပ်များကို သင်သုံးစွဲမှုနှင့်ပတ်သက်သည့် အချက်အလက်များကို စုစည်းရယူနိုင်ပါသည်။

(3) ကြော်ငြာကွတ်ကီးများ- စိတ်ဝင်စားမှုအလိုက်ပြသသော ကြော်ငြာ။ ကျွန်ုပ်တို့သည် ကွတ်ကီးများကို သုံး၍ သင်၏ အွန်လိုင်းလုပ်ဆောင်ချက်များအကြောင်း အချက်အလက်များကို စုစည်းရယူနိုင်ပြီး သင့်စိတ်ဝင်စားမှုများကို လေ့လာရှာဖွေနိုင်ကာ သင့်ထံသို့ အလွန်ဆီလျော်မှုရှိသော ကြော်ငြာများကို ပေးပို့နိုင်ပါသည်။

ကွတ်ကီးများကို သင့်စိတ်ကြိုက် စီမံနိုင် သို့မဟုတ် ဖျက်နိုင်သည်။ သင်သည် သင့်ကွန်ပျူတာတွင် သိမ်းဆည်းထားသည့် ကွတ်ကီးအားလုံးကို ရှင်းပစ်နိုင်ပြီး ဝက်ဘ် ဘရောက်ဇာအများစုသည် ကွတ်ကီးများကို တားမြစ်ရန် ရွေးစရာပေးထားပါသည်။ ဘရောက်ဇာဆက်တင်များပြောင်းနည်းအကြောင်း အသေးစိတ်သိရှိရန် ဘရောက်ဇာ ပံ့ပိုးပေးသည့် ကုမ္ပဏီထံ ဆက်သွယ်ပါ။

ကွတ်ကီးများကို ရှင်းပစ်ပါက ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်များသို့ သင်ဝင်ရောက်သည့်အချိန်တိုင်း သင်၏ဆက်တင်များကို ပြောင်းလဲရန် လိုအပ်ပါမည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအချို့သည် ကွတ်ကီးများကို အသုံးပြုရန် လိုနိုင်ကြောင်း သတိပြုပါ။ ဤကိစ္စရပ်တွင် ကွတ်ကီးများကို ပိတ်လိုက်ပါက ပံ့ပိုးပေးထားသည့် ဝန်ဆောင်မှုအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ထိခိုက်စေနိုင်သည်။

ကွတ်ကီးများအပြင် ဝက်ဘ် ဘေကွန်များနှင့် pixel တက်ဂ်များကဲ့သို့ အခြားအလားတူ နည်းပညာများကိုလည်း ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်များတွင် အသုံးပြုနိုင်သည်။ ဝက်ဘ်ဘေကွန်တစ်ခုသည် ပုံမှန်အားဖြင့် ဝက်ဘ်ဆိုဒ် သို့မဟုတ် အီးမေးလ်ကို သင်ဝင်ရောက် သုံးစွဲသည့်အခါ သင့်စက်ကွတ်ကီးများကို ခွဲခြားဖော်ထုတ်ရန်အတွက် ထိုဝက်ဘ်ဆိုဒ် သို့မဟုတ် အီးမေးလ်တစ်ခုအတွင်း ထည့်သွင်းထားသည့် အီလက်ထရောနစ် ရုပ်ပုံတစ်ခု ဖြစ်ပါသည်။ Pixel တက်ဂ်များသုံး၍ ကျွန်ုပ်တို့သည် အီးမေးလ်များကို သင် ဖတ်နိုင်မည့် နည်းလမ်းဖြင့် ပေးပို့နိုင်ပြီး အီးမေးလ်ကို ဖွင့်ကြည့်ထားခြင်း ရှိ၊ မရှိကိုလည်း သိရှိနိုင်သည်။

ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ပြင်ပ အဖွဲ့အစည်းမိတ်ဖက်များသည် ဝန်ဆောင်မှု သုံးစွဲပုံကို (ကွတ်ကီးများနှင့် တွဲဖက်၍) လေ့လာဆန်းစစ်ခြင်းနှင့် ပိုမိုစိတ်ကျေနပ်ဖွယ်ကောင်းသော အကြောင်းအရာနှင့် ကြော်ငြာများကို သင့်ထံ ပံ့ပိုးပေးခြင်း အပါအဝင် ရည်ရွယ်ချက်အမျိုးမျိုးအတွက် အဆိုပါနည်းပညာများကို အသုံးပြုပါသည်။ ဥပမာ- ကျွန်ုပ်တို့က သင့်ထံ ပေးပို့သည့် အီးမေးလ်တွင် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်သို့ ချိတ်ဆက်ပေးသော ကလစ်နှိပ်ဝင်ရသည့် URL တစ်ခု ပါဝင်နိုင်သည်။ သင်က URL ကို ကလစ်နှိပ်လိုက်လျှင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် သင်၏ နှစ်သက်မှုများကို ကျွန်ုပ်တို့ပိုမိုနားလည်စေရန်နှင့် သုံးစွဲသူ ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ကျွန်ုပ်တို့ဆောင်ရွက်ပေးနိုင်ရန်အတွက် သင်၏ ဝင်ရောက်ကြည့်ရှုမှုကို ကျွန်ုပ်တို့ ခြေရာခံပါမည်။

ဝက်ဘ် ဘရောက်ဇာများစွာသည် ဝက်ဘ်ဆိုဒ်များသို့ ခြေရာမခံရန် တောင်းဆိုချက်များ ပေးပို့နိုင်သော ခြေရာမခံရန် လုပ်ဆောင်ချက်ကို ပံ့ပိုးပေးထားသည်။ အင်တာနက်စံနှုန်းသတ်မှတ်ရေး အဖွဲ့အစည်းကြီးများက ဤတောင်းဆိုချက်များအား ဝက်ဘ်ဆိုဒ်များအနေဖြင့် မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို သတ်မှတ်ပေးသည့် မူဝါဒများကို ပြဋ္ဌာန်းထားခြင်း မရှိသေးပါ။

လက်ရှိတွင် ကျွန်ုပ်တို့သည် ခြေရာမခံရန် ဆက်တင်များ သို့မဟုတ် သင်ရွေးချယ်ထားသော အခြားအလားတူ လုပ်ဆောင်ချက်များပေါ် အခြေခံ၍ ကွတ်ကီးစီမံဆောင်ရွက်သည့် နည်းလမ်းများကို သင့်အား ပြောင်းခွင့် မပေးပါ။

Huawei က သင့်ကိုယ်ရေးဒေတာကို အပ်နှံပုံ၊ မျှဝေပုံ၊ လွှဲပြောင်းပုံနှင့် ထုတ်ဖော်ပြောဆိုပုံ

1. အပ်နှံခြင်း

အချို့သော ကိစ္စရပ်များတွင် သင့်ကိုယ်ရေးဒေတာများကို ကျွန်ုပ်တို့ကိုယ်စား စီမံဆောင်ရွက်ပေးရန် အခြားကုမ္ပဏီများထံ အပ်နှံနိုင်သည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ဟော့လိုင်း အကူအညီ၊ အီးမေးလ်များ ပေးပို့ခြင်းနှင့် နည်းပညာ အကူအညီ ပံ့ပိုးပေးခြင်းအတွက် အခြားကုမ္ပဏီကို အပ်နှံနိုင်သည်။ အဆိုပါကုမ္ပဏီများသည် ကျွန်ုပ်တို့၏ကိုယ်စား ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်အတွက်သာ သင့်ကိုယ်ရေးဒေတာများကို အသုံးပြုနိုင်ပါသည်။

ကျွန်ုပ်တို့သည် တင်းကျပ်သော အပ်နှံရေးသဘောတူညီချက် သို့မဟုတ် ကိုယ်ရေးဒေတာ စီမံဆောင်ရွက်ခြင်း စည်းမျဉ်းများကို လိုက်နာစေရန် အပ်နှံခံရသောအဖွဲ့နှင့် စာချုပ်ချုပ်ဆိုပါမည်။ အပ်နှံခံရသောအဖွဲ့တွင် ဆက်စပ်သောကိုယ်ရေးဒေတာကို ဤထုတ်ပြန်ချက်နှင့် ကျွန်ုပ်တို့၏ ညွှန်ကြားချက်များနှင့်အညီ စီမံဆောင်ရွက်ရန်နှင့် ကိုယ်ရေးဒေတာများ လုံခြုံမှုရှိကြောင်း သေချာစေရန်အတွက် သက်ဆိုင်သော လျှို့ဝှက်ထားရှိမှုနှင့် လုံခြုံရေး အစီအမံများကို ဆောင်ရွက်ရန် တာဝန်ရှိသည်။

2. မျှဝေခြင်း

မျှဝေခြင်းဆိုသည်မှာ ကျွန်ုပ်တို့က ကိုယ်ရေးဒေတာကို အခြားကိုယ်ရေးဒေတာ စီမံဆောင်ရွက်သူများထံ ပံ့ပိုးပေးသည့် လုပ်ငန်းစဉ်ကို ရည်ညွှန်းပြီး နှစ်ဦးနှစ်ဖက်လုံးက ဒေတာစီမံဆောင်ရွက်သည့် ရည်ရွယ်ချက်များနှင့် နည်းလမ်းများကို သီးခြားစီ ဆုံးဖြတ်နိုင်သည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးဒေတာကို အောက်ပါအခြေအနေများမှလွဲ၍ ပြင်ပ အဖွဲ့အစည်းများနှင့် မျှဝေမည်မဟုတ်ပါ-

(1) သင့်သဘောတူညီချက်ဖြင့် မျှဝေခြင်း- သင့်သဘောတူညီချက်ကို ရယူပြီးနောက် ကျွန်ုပ်တို့သည် သင်၏ ခွင့်ပြုချက်ရရှိထားသော ကိုယ်ရေးဒေတာကို သင် ရွေးချယ်သတ်မှတ်ထားသည့် ပြင်ပ အဖွဲ့အစည်းများနှင့် မျှဝေပါမည်။

(2) ဥပဒေအရ ပြဋ္ဌာန်းထားသော အခြေအနေများအောက်တွင် မျှဝေခြင်း- ကျွန်ုပ်တို့သည် ဥပဒေများ/စည်းမျဉ်းများ၊ တရားစွဲဆိုမှု ဖြေရှင်းရေး သတ်မှတ်ချက်များ သို့မဟုတ် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာပိုင်များ၏ ဥပဒေသတ်မှတ်ချက်များနှင့်အညီ သင့်ကိုယ်ရေးဒေတာကို မျှဝေနိုင်သည်။

(3) ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့် မျှဝေခြင်း- သင့်ဒေတာကို ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့် မျှဝေနိုင်ပါသည်။ ကျွန်ုပ်တို့သည် သတ်မှတ်ထားသော၊ တိကျသော၊ တရားဝင်သော ရည်ရွယ်ချက်များအတွက်သာ သင့်ဒေတာကို ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့် မျှဝေပါမည်။ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် လိုအပ်သည့် ဒေတာများကိုသာ ကျွန်ုပ်တို့ မျှဝေပါမည်။ ဥပမာအားဖြင့် HUAWEI ID များကို ထပ်တလဲလဲ စာရင်းသွင်းခြင်းအား ရှောင်ရှားရန်အတွက် ကျွန်ုပ်တို့သည် စာရင်းသွင်းမည့်အကောင့်က တစ်ကမ္ဘာလုံးတွင် သီးသန့်တစ်ခုတည်းရှိသည်မှာ မှန်ကန်ကြောင်းစစ်ဆေးရန် လိုအပ်ပါသည်။

(4) လုပ်ငန်းမိတ်ဖက်များနှင့် မျှဝေခြင်း- သင့်ထံ ပံ့ပိုးပေးသည့် ဝန်ဆောင်မှုများ၏ အရည်အသွေး ကောင်းမွန်ကြောင်း သေချာစေရန် ကျွန်ုပ်တို့သည် သင်၏ အော်ဒါ၊ အကောင့်၊ စက်နှင့် တည်နေရာ အချက်အလက်ကို ကျွန်ုပ်တို့၏ ပြင်ပ အဖွဲ့အစည်း မိတ်ဖက်များနှင့် မျှဝေနိုင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို တရားဝင်သော၊ သင့်လျော်သော၊ လိုအပ်သော၊ သတ်မှတ်ထားသော၊ တိကျသော ရည်ရွယ်ချက်များအတွက်သာ မျှဝေပါမည်။ ကျွန်ုပ်တို့၏ မိတ်ဖက်များတွင် အောက်ပါတို့ ပါဝင်သည်-

က။ ပြင်ပ အဖွဲ့အစည်း ရောင်းချသူများနှင့် ဆော့ဖ်ဝဲရေးသားသူများ- ကျွန်ုပ်တို့၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအချို့ကို ပြင်ပ အဖွဲ့အစည်းများက သင့်ထံ တိုက်ရိုက် ပံ့ပိုးပေးပါသည်။ ဤကိစ္စရပ်တွင် ကျွန်ုပ်တို့သည် သင် ဝယ်ယူခဲ့သည့် ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ငွေလွှဲပြောင်းမှုနှင့် ဆက်စပ်သော အချက်အလက်များကို ပြင်ပ အဖွဲ့အစည်းများနှင့် မျှဝေပါမည်။ ဥပမာအားဖြင့် သင်သည် HUAWEI AppGallery တွင် ပြင်ပ အဖွဲ့အစည်း ဆော့ဖ်ဝဲရေးသားသူများထံမှ ထုတ်ကုန်များကို ဝယ်ယူသည့်အခါ ကျွန်ုပ်တို့သည် ငွေလွှဲပြောင်းမှု ပြီးမြောက်စေရန် လိုအပ်သော အချက်အလက်များကို ၎င်းတို့နှင့် မျှဝေပါမည်။

ခ။ ကုန်ပစ္စည်းများ သို့မဟုတ် နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် ကုမ္ပဏီများ- ကျွန်ုပ်တို့သည် အခြေခံ အဆောက်အအုံ နည်းပညာ ဝန်ဆောင်မှုများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဖြန့်ဝေရေး ဝန်ဆောင်မှုများ၊ ငွေပေးချေ ဝန်ဆောင်မှုများနှင့် ဒေတာ စီမံဆောင်ရွက်ရေး ဝန်ဆောင်မှုများကို ထောက်ပံ့ပေးသော သို့မဟုတ် ပံ့ပိုးပေးသော ပြင်ပ အဖွဲ့အစည်းများ အပါအဝင် ကျွန်ုပ်တို့၏ လုပ်ဆောင်ချက်များနှင့် လုပ်ဆောင်နိုင်စွမ်းများကို ပံ့ပိုးပေးသော ပြင်ပ အဖွဲ့အစည်းများထံ သင့်ကိုယ်ရေးဒေတာများကို မျှဝေနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ လည်ပတ်လုပ်ဆောင်နိုင်စွမ်းကို အကောင်အထည်ဖော်ရန် ရည်ရွယ်၍ ထိုကဲ့သို့ဒေတာကို မျှဝေပါသည်။ ဥပမာအားဖြင့် ကျွန်ုပ်တို့သည် ပစ္စည်းပို့ဆောင်မှုကို စီစဉ်ရန် သင့်အော်ဒါအချက်အလက်ကို ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီနှင့် မျှဝေပါမည် သို့မဟုတ် သင်၏ ငွေပေးချေရန် ညွှန်ကြားချက်များကို အတည်ပြုပြီး ငွေလွှဲပြောင်းမှု ပြီးမြောက်စေရန် သင့်အော်ဒါ နံပါတ်နှင့် ဝယ်ယူသည့် ငွေပမာဏကို ပြင်ပ အဖွဲ့အစည်း ငွေပေးချေမှု အေဂျင်စီတစ်ခုနှင့် မျှဝေပါမည်။

ကျွန်ုပ်တို့သည် မျှဝေသည့်အပြုအမူနှင့် ကိုယ်ရေးဒေတာ လက်ခံသူများအပေါ် လုံခြုံရေးအကဲဖြတ်ချက်ကို ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် သင့်ကိုယ်ရေးဒေတာကို စီမံဆောင်ရွက်သည့်အခါ ဤထုတ်ပြန်ချက်ကို လိုက်နာရန်နှင့် သင့်လျော်သော လျှို့ဝှက်ထားရှိမှုနှင့် လုံခြုံရေး အစီအမံများကို ဆောင်ရွက်ရန် လိုအပ်မည့် ဒေတာကာကွယ်ရေး သဘောတူညီချက် သို့မဟုတ် တင်းကျပ်သော ထုတ်ဖော်ပြောဆိုမှုမပြုရေး သဘောတူညီချက်ကို ၎င်းတို့နှင့် စာချုပ်ချုပ်ဆိုပါမည်။

3. လွှဲပြောင်းမှု

လုပ်ငန်းပေါင်းစည်းခြင်းနှင့် ဝယ်ယူခြင်း၊ လုပ်ငန်းခွဲခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် ဒေဝါလီခံခြင်းကြောင့် ကိုယ်ရေးဒေတာလွှဲပြောင်းမှု ပါဝင်လျှင် ကျွန်ုပ်တို့သည် လက်ခံသူများ၏ အမည်များနှင့် ဆက်သွယ်ရန် အချက်အလက်များကို သတ်မှတ်ဖော်ပြပေးရန်အတွက် သင့်ထံ ကြိုတင်အသိပေးချက်များ ပေးပို့မည်ဖြစ်ပြီး သင့်ကိုယ်ရေးဒေတာကို စီမံဆောင်ရွက်သည့်အခါ ၎င်းတို့အနေဖြင့် ဤထုတ်ပြန်ချက်ကို လိုက်နာရန် လိုအပ်ပါမည်။ မူလစီမံဆောင်ရွက်သည့် ရည်ရွယ်ချက် သို့မဟုတ် နည်းလမ်းကို ပြောင်းလဲရန် ကြိုးပမ်းသော လက်ခံသူသည် သင်၏ သဘောတူညီချက်ကို ထပ်မံရယူရမည်။

4. အများသိအောင် ထုတ်ဖော်ပြောဆိုမှု

အောက်ပါအခြေအနေများတွင်သာ သင့်ကိုယ်ရေးဒေတာကို ကျွန်ုပ်တို့ ထုတ်ဖော်ပြောဆိုပါမည်-

(1) သင့်သဘောတူညီချက်ကို ရယူပြီးနောက်၊

(2) ဥပဒေဆိုင်ရာ သို့မဟုတ် ကျိုးကြောင်းဆီလျော်သော အခြေခံအကြောင်းရင်းများအရ- ကျွန်ုပ်တို့သည် ဥပဒေများ၊ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းများ၊ တရားစွဲဆိုမှုအရ သို့မဟုတ် ပြည်သူနှင့် အစိုးရ အာဏာပိုင်များက လိုအပ်သောအခါ သင့်အချက်အလက်များကို ထုတ်ဖော်ပြောဆိုနိုင်ပါသည်။

Huawei က သင့်ကိုယ်ရေးဒေတာကို ကာကွယ်ပေးပုံ

သင့်ကိုယ်ရေးဒေတာများ လုံခြုံရေးသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ သင့်ကိုယ်ရေးဒေတာကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် သုံးစွဲခြင်း/ထုတ်ဖော်ပြောဆိုခြင်း/အသုံးပြုခြင်း/မွမ်းမံ ပြင်ဆင်ခြင်း၊ ၎င်းတို့ပျက်စီးခြင်း သို့မဟုတ် ဆုံးရှုံးခြင်းမှ ကာကွယ်ရန် လုပ်ငန်းဆိုင်ရာ စံသတ်မှတ်ထားသော ကျင့်သုံးဆောင်ရွက်ချက်များကို ကျွန်ုပ်တို့အသုံးပြုပါသည်။ ထိုအတွက်ကြောင့် ကျွန်ုပ်တို့သည် အောက်ပါ စီမံဆောင်ရွက်ချက်များကို လုပ်ဆောင်ပါသည်-

1. ကျွန်ုပ်တို့အနေဖြင့် စုစည်းရယူထားသော ကိုယ်ရေးဒေတာများသည် ၎င်းတို့ကို စီမံဆောင်ရွက်သည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ လိုအပ်သလောက် အနည်းဆုံးဖြစ်ကြောင်းနှင့် သက်ဆိုင်မှုရှိကြောင်း သေချာစေရန် ကျိုးကြောင်းဆီလျော်ပြီး ဖြစ်နိုင်ခြေရှိသော စီမံဆောင်ရွက်ချက်အားလုံးကို လုပ်ဆောင်ထားပါသည်။ ကျွန်ုပ်တို့သည် အခြားနည်းအားဖြင့် ထိန်းသိမ်းရေးကာလကို ထပ်တိုးရန် မလိုအပ်ပါက သို့မဟုတ် ဥပဒေက ခွင့်ပြုထားခြင်း မရှိပါက သင်၏ကိုယ်ရေးဒေတာများကို ဤထုတ်ပြန်ချက်တွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက် လိုအပ်သည်ထက် ပို၍ကြာမြင့်စွာ ထိန်းသိမ်းထားမည် မဟုတ်ပါ။

2. ကျွန်ုပ်တို့သည် ဒေတာ လွှဲပြောင်းပေးပို့မှုနှင့် သိမ်းဆည်းမှု လုပ်ဆောင်ရာတွင် လျှို့ဝှက်ထားရှိနိုင်ကြောင်း သေချာစေရန် ဝှက်စာရေးသွင်းမှု နည်းပညာများကို အသုံးပြုပြီး ဒေတာများနှင့် ဒေတာ သိမ်းဆည်းသည့် ဆာဗာများကို တိုက်ခိုက်မှုများမှ ကာကွယ်ပေးရန်အတွက် ယုံကြည်ရသော ကာကွယ်ရေး နည်းလမ်းများကို အကောင်အထည်ဖော် ဆောင်ရွက်သည်။

3. ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးဒေတာများကို ခွင့်ပြုချက်ရှိမှသာ ဝင်ရောက် သုံးစွဲခွင့်ပြုရန်အတွက် ဝင်ရောက် သုံးစွဲခွင့် ထိန်းချုပ်ရေး နည်းလမ်းများကို အသုံးချပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ခွင့်ပြုချက်ရ ဝန်ထမ်းအရေအတွက်ကို ကန့်သတ်ပြီး ဝန်ဆောင်မှုလိုအပ်ချက်များနှင့် ဝန်ထမ်းရာထူးအဆင့်များပေါ်တွင် မူတည်၍ ရာထူးအဆင့်ဆင့်အလိုက် ခွင့်ပြုချက်ပေးခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကို အကောင်အထည်ဖော်ဆောင်ရွက်ပါသည်။ ကိုယ်ရေးဒေတာ ဝင်ရောက် သုံးစွဲမှုကို ခွင့်ပြုချက်ရ ဝန်ထမ်းက ပုံမှန် မှတ်တမ်းရေးသွင်း၍ ပြန်လည်သုံးသပ်ပါမည်။

4. ကျွန်ုပ်တို့သည် လုပ်ငန်းမိတ်ဖက်များနှင့် ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများကို ဂရုတစိုက် ရွေးချယ်၍ ကိုယ်ရေးဒေတာ ကာကွယ်ရေး သတ်မှတ်ချက်များကို စီးပွားရေး စာချုပ်များ၊ စာရင်းစစ်ဆေးမှုများနှင့် သုံးသပ်အကဲဖြတ်မှု လုပ်ဆောင်ချက်များတွင် ပေါင်းစပ်ထည့်သွင်းပါမည်။

5. ကျွန်ုပ်တို့သည် ကိုယ်ရေးဒေတာ ကာကွယ်ရေးအကြောင်း ဝန်ထမ်းများ ပိုမိုသိရှိစေရန်အတွက် လုံခြုံရေးနှင့် ကိုယ်ပိုင် အချက်အလက်ဆိုင်ရာ ကာကွယ်မှုသင်တန်းများ၊ စစ်ဆေးမှုများနှင့် ထုတ်ပြန်ကြေညာမှု လုပ်ဆောင်ချက်များကို စီစဉ်ဆောင်ရွက်ပါသည်။

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေးဒေတာများကို ကာကွယ်ပေးရန် အပြည့်အဝ ကတိပြုပါသည်။ သို့ရာတွင် မည်သည့်လုံခြုံရေး စီမံဆောင်ရွက်ချက်ကမျှ ပြီးပြည့်စုံမှုမရှိသလို မည်သည့်ထုတ်ကုန်၊ ဝန်ဆောင်မှု၊ ဝက်ဘ်ဆိုဒ်၊ ဒေတာ လွှဲပြောင်းပေးပို့မှု၊ ကွန်ပျူတာစနစ် သို့မဟုတ် ကွန်ရက် ချိတ်ဆက်မှုကမျှ အလုံးစုံလုံခြုံမှုမရှိပါ။

ကိုယ်ရေးဒေတာ ပေါက်ကြားမှု၊ ထိခိုက်မှုနှင့် ဆုံးရှုံးမှုကဲ့သို့ ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်များကို တုံ့ပြန်ရန်အလို့ငှာ ကျွန်ုပ်တို့သည် အမျိုးမျိုးသော နည်းလမ်းများနှင့် ထိန်းချုပ်ရေး အစီအမံများကို ဖော်ဆောင်ထားပြီး လုံခြုံရေး ထိခိုက်မှုဖြစ်ရပ်များနှင့် အားနည်းချက်များအတွက် အဆင့်သတ်မှတ်မှုစံနှုန်းများနှင့် သက်ဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းစွာ သတ်မှတ်ထားသည့်အပြင် လုံခြုံရေး အကြံပေးနှင့် လုံခြုံရေး အသိပေးချက် သီးသန့် စာမျက်နှာတစ်ခုကိုလည်း ဖန်တီးထားပါသည်။ ကျွန်ုပ်တို့သည် လုံခြုံရေးဆိုင်ရာ အရေးပေါ်စီမံချက်များ၊ ဆုံးရှုံးမှု လျှော့ချရေး၊ လေ့လာဆန်းစစ်ခြင်း၊ တည်နေရာရှာဖွေခြင်းနှင့် ကုစားဖြေရှင်းခြင်းတို့ကို အကောင်အထည်ဖော်ရန်နှင့် လုံခြုံရေး ထိခိုက်မှုဖြစ်ရပ် ကိုင်တွယ်ဖြေရှင်းရေး စည်းမျဉ်းများနှင့် သတ်မှတ်ချက်များအရ သက်ဆိုင်ရာ ဌာနများနှင့်အတူ နောက်ကြောင်းလိုက်ခြင်း/တန်ပြန်ဆောင်ရွက်မှု လုပ်ငန်းများကို ဆောင်ရွက်ရန် လုံခြုံရေး အရေးပေါ် တုံ့ပြန်မှု သီးသန့်အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသည်။

ကိုယ်ရေးဒေတာလုံခြုံရေး ထိခိုက်မှု ဖြစ်ရပ်တစ်ခုခု ဖြစ်ပွားပါက ကျွန်ုပ်တို့သည် ဒေသတွင်း ဥပဒေသတ်မှတ်ချက်များနှင့်အညီ လုံခြုံရေး ထိခိုက်မှုဖြစ်ရပ်နှင့် ၎င်း၏ ဖြစ်နိုင်ခြေရှိသော သက်ရောက်မှု၊ ကျွန်ုပ်တို့ လုပ်ဆောင်ထားသည့် သို့မဟုတ် လုပ်ဆောင်မည့် စီမံဆောင်ရွက်ချက်များအကြောင်း အခြေခံ အချက်အလက်များကို သင့်အား အကြောင်းကြားပါမည် သို့မဟုတ် ထိရောက်သော ကာကွယ်မှုနှင့် အန္တရာယ် လျှော့ချရေးနှင့် ကုစားဖြေရှင်းရေး စီမံဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အကြံပြုချက်များ ရယူပါမည်။ အသိပေးချက်သည် အီးမေးလ်၊ စာသားမက်ဆေ့ချ်၊ ပေးပို့ အသိပေးချက် စသည့်ပုံစံများ ဖြစ်နိုင်ပါသည်။ ဒေတာပိုင်ရှင်များထံ တစ်ဦးချင်းအသိပေးရန် ခက်ခဲပါက ကျွန်ုပ်တို့သည် သင့်လျော်ထိရောက်သော အစီအမံများ လုပ်ဆောင်၍ လုံခြုံရေး အသိပေးချက်တစ်စောင် ထုတ်ပြန်ပါမည်။ ထို့အပြင် ကျွန်ုပ်တို့သည် ကိုယ်ရေးဒေတာလုံခြုံရေး ထိခိုက်မှုဖြစ်ရပ်များကို ကိုင်တွယ်ဖြေရှင်းနေသည့် အခြေအနေကိုလည်း ကြီ်းကြပ်ကွပ်ကဲမှုဆိုင်ရာ အာဏာပိုင်များမှ သတ်မှတ်ထားသည့်အတိုင်း အစီရင်ခံသွားမည်ဖြစ်သည်။

သင့်အနေဖြင့် သင့်ကိုယ်ရေးဒေတာကို စီမံနိုင်ပုံ

1. ကိုယ်ရေးဒေတာပိုင်ရှင်များ၏ ဝင်ရောက် သုံးစွဲခွင့်၊ ပြင်ဆင်ခွင့်နှင့် ဖျက်ခွင့်ကဲ့သို့ အခွင့်အရေးများ

ကျွန်ုပ်တို့က ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် အချို့သော နိုင်ငံများနှင့် ဒေသများရှိ ဥပဒေ၌ ဒေတာပိုင်ရှင်များတွင် ကိုယ်ရေးဒေတာများကို ဝင်ရောက် သုံးစွဲရန်၊ ပြင်ဆင်ရန်၊ ဖျက်ရန်နှင့် ကိုယ်ရေးဒေတာ စီမံဆောင်ရွက်ခြင်းကို ကန့်သတ်ရန် အခွင့်အရေးများရှိကြောင်း ပြဋ္ဌာန်းထားသည်။ ဒေသတွင်း ဥပဒေများအရ ကိုယ်ရေးဒေတာပိုင်ရှင်များ သို့မဟုတ် ၎င်းတို့၏ ကိုယ်စားလှယ်များသည် ဒေတာပိုင်ရှင်များ၏ အခွင့်အရေးများကို ကျင့်သုံးရန်အတွက် တောင်းဆိုချက်များ ("တောင်းဆိုချက်များ" အဖြစ် ရည်ညွှန်းထားသည်) ကို ကျွန်ုပ်တို့ထံ ပေးပို့နိုင်သည်။

(1) တောင်းဆိုသည့် နည်းလမ်းများနှင့် တောင်းဆိုချက်ပေးပို့နိုင်သည့် လိုင်းများ

ဒေတာပိုင်ရှင်များ၏ တောင်းဆိုချက်များကို စာဖြင့်ရေးသား၍ ပေးပို့ရမည်။ တောင်းဆိုသူက တောင်းဆိုချက်များကို မည်သည့်ဥပဒေများအပေါ် အခြေခံ၍ လုပ်ဆောင်သည်ကို သတ်မှတ်ဖော်ပြခြင်း မရှိစေကာမူ တောင်းဆိုချက်များက ညီတူညီမျှ တရားဝင်ပါသည်။ ယေဘုယျအားဖြင့် ဒေသတွင်း ဥပဒေများက အခြားတစ်နည်းအားဖြင့် ခွင့်ပြုမထားလျှင် နှုတ်ဖြင့်တောင်းဆိုချက်များသည် အကျုံးမဝင်ပါ။

ဒေတာပိုင်ရှင်များ၏ တောင်းဆိုမှုများကို Huawei သုံးစွဲသူ လုပ်ငန်းအုပ်စု၏ တရားဝင် ဝက်ဘ်ဆိုက်ဒ်၊ My HUAWEI အက်ပ် သို့မဟုတ် HUAWEI ID ကိုယ်ရေးအချက်အလက် လုံခြုံရေး စင်တာမှတစ်ဆင့် ပေးပို့နိုင်သည်။ ဒေတာပိုင်ရှင်သည် ဟော့လိုင်း၊ အီးမေးလ်၊ အွန်လိုင်း သုံးစွဲသူ ဝန်ဆောင်မှု၊ ဝန်ဆောင်မှုစင်တာ သို့မဟုတ် အခြားလိုင်းများမှတစ်ဆင့် တောင်းဆိုမှုကို စတင်လုပ်ဆောင်ပါက ကျွန်ုပ်တို့သည် ဆက်သွယ်ရေးနှင့် ရလဒ်များအကြောင်း တုံ့ပြန်မှုကို အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန် ဒေတာပိုင်ရှင်ကို အထက်တွင်ဖော်ပြထားသော လိုင်းများအနက် တစ်ခုမှတစ်ဆင့် တရားဝင်တောင်းဆိုမှုပြုလုပ်ရန် ညွှန်ကြားပါမည်။ ၎င်းတို့၏ တရားဝင်အကျိုးစီးပွားများကို ကာကွယ်ရန်၊ ကျွန်ုပ်တို့၏ လုပ်ငန်းလည်ပတ်မှုကို ဆောင်ရွက်နိုင်ကြောင်း သေချာစေရန်နှင့် ၎င်းတို့၏ အခွင့်အရေးများကို အလွဲသုံးစားပြုမှု သို့မဟုတ် လိမ်လည်လှည့်ဖျား၍ အသုံးပြုခြင်းမှ တားဆီးရန် သီးသန့်လိုင်းများကို ကျွန်ုပ်တို့ ဖွဲ့စည်းထားပါသည်။

(2) တောင်းဆိုမှုများ၏ အကျုံးဝင်မှု

ဥပဒေအများစုအရ ဒေတာပိုင်ရှင်များအနေဖြင့် တောင်းဆိုချက်များ စတင်ပြုလုပ်သောအခါ တိကျသော သတ်မှတ်ချက်များအား လိုက်နာရန် လိုအပ်ပါသည်။ ဤထုတ်ပြန်ချက်အရ ဒေတာပိုင်ရှင်များအနေဖြင့် အောက်ပါတို့ကို လုပ်ဆောင်ရန် လိုအပ်သည်-

က။ သီးသန့်တောင်းဆိုချက် ပေးပို့နိုင်သည့်လိုင်းများ (အတိအကျပြောရသော် Huawei သုံးစွဲသူ လုပ်ငန်းအုပ်စု၏ တရားဝင်ဝက်ဘ်ဆိုဒ်၊ My HUAWEI အက်ပ် သို့မဟုတ် HUAWEI ID ကိုယ်ရေးအချက်အလက် လုံခြုံရေး စင်တာ) မှတစ်ဆင့် တောင်းဆိုချက်များကို ပေးပို့ရန်။

ခ။ Huawei က ၎င်းတို့၏ အထောက်အထားများကို မှန်ကန်ကြောင်း စစ်ဆေးရန်အတွက် (တောင်းဆိုမှုများကို စတင်ပြုလုပ်သူသည် ဒေတာပိုင်ရှင်များကိုယ်တိုင်ဖြစ်ကြောင်း သို့မဟုတ် ၎င်းတို့က ခွင့်ပြုထားသူများ ဖြစ်ကြောင်း သေချာစေရန်) လုံလောက်သော အချက်အလက်များကို ပေးရန်။

ဂ။ ၎င်းတို့၏တောင်းဆိုချက်များသည် တိကျ၍ ဖြစ်နိုင်ခြေရှိကြောင်း သေချာအောင် လုပ်ဆောင်ရန်။

(3) တောင်းဆိုချက် စီမံဆောင်ရွက်သည့် ကာလ

ကျွန်ုပ်တို့သည် ကိုယ်ရေးဒေတာ ဝင်ရောက် သုံးစွဲရန် တောင်းဆိုချက်တစ်ခုကို လက်ခံရရှိချိန်မှစ၍ တစ်လအတွင်း တုံ့ပြန်ဆောင်ရွက်ပေးရန် အတတ်နိုင်ဆုံး ကြိုးပမ်းပါမည်။ တောင်းဆိုချက် အရေအတွက်နှင့် ၎င်းတို့၏ ရှုပ်ထွေးမှုပေါ် မူတည်၍ လိုအပ်လျှင် ဤကာလကို ထပ်တိုးနိုင်သည်။ တောင်းဆိုချက်ကာလကို ထပ်တိုးလိုက်ပါက ကျွန်ုပ်တို့သည် ကြန့်ကြာနေသည့် အခြေအနေနှင့် အကြောင်းရင်းကို ဒေတာပိုင်ရှင်ထံ အကြောင်းကြားပါမည်။ ဤအပိုင်းနှင့် ဒေသတွင်း ဥပဒေများ/စည်းမျဉ်များအကြား အချိန်ကွဲလွဲမှုများ ရှိခဲ့လျှင် ဒေသတွင်း ဥပဒေများ/စည်းမျဉ်းများကို အတည်ယူပါမည်။

(4) တောင်းဆိုချက် ရလဒ်များ

တောင်းဆိုချက်ကို ပေးပို့ပြီးနောက် အောက်ပါတို့ ဖြစ်ပွားနိုင်ပါသည်-

က။ တောင်းဆိုချက်ကို ငြင်းပယ်ခြင်း။

ဒေတာပိုင်ရှင်များထံမှ တောင်းဆိုချက်များကို အောက်ပါတို့ အပါအဝင် အကန့်အသတ်မရှိသော အခြေအနေများတွင် ငြင်းပယ်နိုင်ပါသည်-

(က) ဒေသတွင်း ဥပဒေများက ဒေတာပိုင်ရှင်များထံ သက်ဆိုင်ရာ အခွင့်အရေးများကို ပေးအပ်ထားခြင်း မရှိပါက၊

(ခ) တောင်းဆိုသူ၏ အထောက်အထားကို မှန်ကန်ကြောင်းအတည်ပြုနိုင်ခြင်း မရှိပါက၊

(ဂ) အထူးသဖြင့် တောင်းဆိုချက်များကို ထပ်တလဲလဲပေးပို့ချိန်တွင် တောင်းဆိုချက်ကို မှန်ကန်ကြောင်းအတည်ပြု၍ မရပါက သို့မဟုတ် ၎င်းက အတိုင်းအတာထက် ကျော်လွန်နေပါက၊

(ဃ) တောင်းဆိုထားသည့် အချက်အလက်သည် ဖြစ်ပွားနေဆဲ အငြင်းပွားမှုတစ်ခုကြောင့် ကျွန်ုပ်တို့က ပေးရမည့် သို့မဟုတ် လက်ခံရရှိရမည့် လျော်ကြေးနှင့် ပတ်သက်နေပြီး အဆိုပါအချက်အလက်ကို ထုတ်ဖော်ပြောဆိုခြင်းသည် ကျွန်ုပ်တို့၏ အကျိုးစီးပွားများကို ထိခိုက်နိုင်ပါက၊

(င) ထိန်းသိမ်းထားသည့် အချက်အလက်ကို ကိန်းဂဏန်းအချက်အလက်နှင့် သုတေသနပြုလုပ်ရန် ရည်ရွယ်ချက်များအတွက်သာ အသုံးပြုပြီး ကိန်းဂဏန်းအချက်အလက်နှင့် သုတေသန ရလဒ်များ ထုတ်ပြန်ချက်တွင် ကိုယ်ရေး အထောက်အထားများကို ထုတ်ဖော်ထားခြင်း မရှိပါက၊

(စ) ဥပဒေများဖြင့် ပြဋ္ဌာန်းထားသော အခြားအခြေအနေများ။

ဒေတာပိုင်ရှင်တစ်ဦးထံမှ တောင်းဆိုချက်ကို ငြင်းပယ်လိုက်လျှင် ကျွန်ုပ်တို့သည် တောင်းဆိုသူအား တရားဝင် ဖြေရှင်းချက်တစ်ခု ပေးပါမည်။

ခ။ တောင်းဆိုချက်ကို လက်ခံခြင်း။

(1) တွင် ဖော်ပြထားသော အခြေအနေများတစ်ခုမျှ မဖြစ်ပွားပါက ဒေတာပိုင်ရှင်၏ တောင်းဆိုချက်ကို ကျွန်ုပ်တို့ လက်ခံပါမည်။ တောင်းဆိုချက်ကို လက်ခံနိုင်ခြေ ပိုများစေရန် သင့်တောင်းဆိုချက်ကို ပေးပို့သည့်အခါ တောင်းဆိုချက်အမျိုးအစား၊ တိကျသော အကြောင်းအရာ၊ (ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် သင်အသုံးပြုသော အကောင့်အမည်ကဲ့သို့) အချက်အလက်ပိုင်ရှင်အကြောင်း အချက်အလက်များနှင့် အချက်အလက်များကို ထုတ်ပေးခဲ့သည့် သို့မဟုတ် စီမံဆောင်ရွက်ခဲ့သည့် အချိန်ကာလ (ပိုမိုတိုတောင်းသော အချိန်ကာလအတွင်းရှိ တောင်းဆိုချက်များကို လက်ခံပေးနိုင်ခြေပိုများသည်) ကဲ့သို့ တတ်နိုင်သမျှ အသေးစိတ်ကျသော အချက်အလက်များကို ပံ့ပိုးပေးပါ။

(5) အထူး မှတ်ချက်များ

က။ တရားဝင် အုပ်ထိန်းသူများ သို့မဟုတ် တရားဝင် ခွင့်ပြုချက်ရထားသည့် ပုဂ္ဂိုလ်များကသာ အခြားသူများ၏ ကိုယ်ရေးဒေတာများကို ဝင်ရောက် သုံးစွဲခွင့်ရှိသည်။

ခ။ ဥပဒေ/စည်းမျဉ်းအများစုတွင် အဖွဲ့အစည်းတစ်ခုက ဒေတာပိုင်ရှင်များထံ ဒေတာ ပံ့ပိုးပေး၍ မရသည့် အခြေအနေများကို သတ်မှတ်ပြဋ္ဌာန်းထားသည်။ ထိုအခြေအနေများတွင် ဒေတာများကို ပံ့ပိုးပေးခြင်းက အကြမ်းဖက်ဝါဒကို တိုက်ဖျက်သည့် လက်ရှိကြိုးပမ်းအားထုတ်မှုများကို အားနည်းစေနိုင်သည့်အခါ၊ ဒေတာပိုင်ရှင်က ထပ်တလဲလဲ တောင်းဆိုချက်များ ပြုလုပ်ထားသည့်အခါ သို့မဟုတ် အဆိုပါ အချက်အလက်များကို ရယူခြင်းနှင့် ပံ့ပိုးပေးခြင်းအတွက် ငွေအား၊ လူအား အလွန်အမင်း သုံးစွဲရမည့်အခါကဲ့သို့ အခြေအနေများ ပါဝင်သည်။

ဂ။ ပုံမှန်အားဖြင့် အောက်ပါအချက်အလက်များကို ကျွန်ုပ်တို့ ပံ့ပိုးပေးမည်မဟုတ်ပါ-

(က) အခြားသူများအကြောင်း အချက်အလက်- ဒေတာပိုင်ရှင်များထံမှ တောင်းဆိုချက်များတွင် ဒေတာပိုင်ရှင်အပြင် အခြားသူများ၏ အကြောင်းများလည်း ပါဝင်နေနိုင်သည်။ သက်ဆိုင်ရာပုဂ္ဂိုလ်များက ခွင့်ပြုချက်မပေးလျှင် ထိုကဲ့သို့ အချက်အလက်များကို ကျွန်ုပ်တို့ ပံ့ပိုးပေးမည်မဟုတ်ပါ။

(ခ) ထပ်တလဲလဲ တောင်းဆိုချက်များ- ဒေတာပိုင်ရှင်က ဒေတာပိုင်ရှင်တစ်ဦးနှင့် ဆက်စပ်သည့် တူညီသော သို့မဟုတ် အလားတူသော တောင်းဆိုမှုများကို အကြိမ်များစွာ စတင်လုပ်ဆောင်ထားပြီး ကျွန်ုပ်တို့ ထိုဒေတာကို ပံ့ပိုးပေးခဲ့သည့် နောက်ဆုံးအချိန်မှစ၍ ဒေတာတွင် ပြောင်းလဲမှုမရှိပါက ကျွန်ုပ်တို့သည် အခြေအနေအများစုတွင် ဒေတာ၏ မိတ္တူကို ပံ့ပိုးပေးမည်မဟုတ်ပါ။ ထို့အပြင် အများသူငှာ ရရှိနိုင်သော အချက်အလက်များကို ပံ့ပိုးပေးရန်လည်း ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

(ဂ) လျှို့ဝှက်ထားရှိရမည့် ထင်မြင်ချက်များ- တောင်းဆိုထားသော အချက်အလက်သည် လျှို့ဝှက်ထားရှိရမည့် ထင်မြင်ချက်တစ်ခု ဖြစ်ပါက ထိုကဲ့သို့အချက်အလက်ကို ပံ့ပိုးပေးရန် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။

(ဃ) အထူး စာရွက်စာတမ်းများ- ကျွန်ုပ်တို့သည် ကိုယ်ရေးဒေတာကို ဝင်ရောက် သုံးစွဲရန် တောင်းဆိုချက်များကို တုံ့ပြန်ရာတွင် မည်သည့်အထူး အချက်အလက်ကိုမျှ ထုတ်ဖော်ပြောဆိုမည် မဟုတ်ပါ။ ပုံမှန်အားဖြင့် အထူး အချက်အလက်များတွင် (တရားစွဲဆိုမှု သို့မဟုတ် တရားရုံး အမှုကိစ္စများမှ အချက်အလက်များနှင့် သက်ဆိုင်သည်ဖြစ်စေ၊ မသက်ဆိုင်သည်ဖြစ်စေ မည်သို့ပင်ဖြစ်စေကာမူ) (ရှေ့နေ/အမှုသည် ဆက်ဆံရေးကဲ့သို့) လျှို့ဝှက်ထားရှိရမည့် စာရွက်စာတမ်းများနှင့် သက်ဆိုင်ရာ ဥပဒေ ထင်မြင်ချက်တစ်ခုကို ရယူထားသည့် သို့မဟုတ် ဖော်ပြထားသည့် အချက်အလက်များ ပါဝင်သည်။

2. သဘောတူညီချက်ကို ရုပ်သိမ်းခြင်း

သက်ဆိုင်ရာ ဥပဒေများက ခွင့်ပြုထားလျှင် ကျွန်ုပ်တို့က သင့်ကိုယ်ရေးဒေတာကို သင့်သဘောတူညီချက်အရ စီမံဆောင်ရွက်သည့်အခါ သင့်တွင် သင့်သဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းခွင့် ရှိသည်။ သို့သော် သဘောတူညီချက် ရုပ်သိမ်းခြင်းသည် မရုပ်သိမ်းမီ သင့်သဘောတူညီချက်အရ စီမံဆောင်ရွက်ထားသော သင့်ကိုယ်ရေးဒေတာ၏ တရားဝင်မှုနှင့် ထိရောက်မှုအပေါ် သက်ရောက်မှုမရှိစေရပါ သို့မဟုတ် သင့်သဘောတူညီချက်မဟုတ်ဘဲ အခြားအကျိုးအကြောင်းပြချက်ပေါ် အခြေခံ၍ စီမံဆောင်ရွက်သော မည်သည့်ဒေတာကိုမျှ သက်ရောက်မှုမရှိစေရပါ။

သီးခြားထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် သင့်သဘောတူညီချက်ကို ရုပ်သိမ်းနည်းအကြောင်း အသေးစိတ်သိရှိရန် ထုတ်ကုန်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်ကို ကြည့်ပါ။

Huawei က အရွယ်မရောက်သေးသူများ၏ ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်ပုံ

ကျွန်ုပ်တို့သည် အရွယ်မရောက်သေးသူများ၏ ကိုယ်ရေးဒေတာ ကာကွယ်ရေးကို လွန်စွာအလေးထားပါသည်။ ကျွန်ုပ်တို့သည် နိုင်ငံတော် ဥပဒေများ/စည်းမျဉ်းများနှင့်အညီ တစ်သဝေမတိမ်းလိုက်နာ၍ အရွယ်မရောက်သေးသူများအတွက် ဝန်ဆောင်မှုများကို ပေးအပ်ကာ အကာအကွယ်ပေးပါမည်။ မိဘများ သို့မဟုတ် အခြားအုပ်ထိန်းသူများသည် အရွယ်မရောက်သေးသူများကို ကာကွယ်ရန်အတွက် ၎င်းတို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများသုံးစွဲမှုကို စောင့်ကြည့်စစ်ဆေးခြင်း အပါအဝင် သင့်လျော်သည့် အစီအမံများကိုလည်း လုပ်ဆောင်သင့်ပါသည်။

ကျွန်ုပ်တို့သည် အသက် 14 နှစ် (သို့မဟုတ် ဒေသတွင်းဥပဒေများက ပြဋ္ဌာန်းထားသောအသက်) အောက် မည်သူမဆိုကို ကလေးအဖြစ် မှတ်ယူပါသည်။ ကလေးများအား ၎င်းတို့၏ မိဘများ သို့မဟုတ် အခြားအုပ်ထိန်းသူများ၏ သဘောတူညီချက်မပါဘဲ ၎င်းတို့၏ ကိုယ်ပိုင် HUAWEI ID များကို ဖန်တီးခွင့်မပြုပါ။ ကျွန်ုပ်တို့သည် ကလေးများ၏ ကိုယ်ရေးဒေတာကို အပ်နှံ၍ စီမံဆောင်ရွက်စေခြင်း၊ မျှဝေခြင်း၊ လွှဲပြောင်းခြင်းနှင့် အများသိအောင် ထုတ်ဖော်ပြောဆိုခြင်းတို့ကို ဥပဒေများ/စည်းမျဉ်းများနှင့်အညီ တင်းကျပ်စွာ ကန့်သတ်ပါမည်။ အုပ်ထိန်းသူက ၎င်းအုပ်ထိန်းမှုအောက်ရှိ ပုဂ္ဂိလ်၏ ကိုယ်ရေးဒေတာကို အချိန်မရွေး ဝင်ရောက် သုံးစွဲရန်၊ ပြင်ဆင်ရန် သို့မဟုတ် ဖျက်ရန် လိုအပ်ပါက အခန်း 10 "ကျွန်ုပ်တို့ထံ ဆက်သွယ်ရန်နည်းလမ်း" အရ ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့က ကလေးများ၏ ကိုယ်ရေးဒေတာကို စစ်မှန်ကြောင်းအတည်ပြုထားသည့် မိဘများ သို့မဟုတ် အခြားအုပ်ထိန်းသူများထံမှ ကြိုတင်သဘောတူညီချက်မရယူဘဲ စုစည်းရယူထားကြောင်း တွေ့ရှိပါက ကျွန်ုပ်တို့သည် ဒေတာကို တတ်နိုင်သမျှ အမြန်ဆုံးဖျက်ပစ်နိုင်ရန် ဆောင်ရွက်ပါမည်။

ပြင်ပ အဖွဲ့အစည်း ဝက်ဘ်ဆိုဒ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများသို့သွားရန် လင့်ခ်များ

သုံးစွဲသူက အဆင်ပြေချောမွေ့စွာ ကြည့်ရှုသုံးစွဲနိုင်ကြောင်း သေချာစေရန် Huawei ဝက်ဘ်ဆိုဒ်များ၊ အက်ပ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင် ပြင်ပ အဖွဲ့အစည်း ဝက်ဘ်ဆိုဒ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် လင့်ခ်များ ပါဝင်နိုင်သည်။ Huawei ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကလည်း HUAWEI AppGallery တွင် ရရှိနိုင်သည့် ပြင်ပအဖွဲ့အစည်း အက်ပ်များကဲ့သို့ ပြင်ပ အဖွဲ့အစည်းများထံမှ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုနိုင်သည် သို့မဟုတ် ၎င်းတို့ကို ပံ့ပိုးပေးနိုင်သည်။ Huawei သည် ပြင်ပ အဖွဲ့အစည်း ဝက်ဘ်ဆိုဒ်များ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအပေါ် ထိန်းချုပ်ခွင့် မရှိသော်လည်း အဆိုပါလင့်ခ်များကို ဝင်ရောက်သုံးစွဲမည်၊ မသုံးစွဲမည်ကို သင်ရွေးချယ်နိုင်သည်။

အဆိုပါ ပြင်ပ အဖွဲ့အစည်းများသည် ဤထုတ်ပြန်ချက်ကို လိုက်နာရန်မလိုသောကြောင့် Huawei အနေဖြင့် ထိုပြင်ပ အဖွဲ့အစည်းများ၏ ကိုယ်ပိုင် အချက်အလက် သို့မဟုတ် ဒေတာ ကာကွယ်ရေး မူဝါဒများအပေါ် ထိန်းချုပ်ခွင့်လည်း မရှိပါ။ ကိုယ်ရေးဒေတာကို ပြင်ပ အဖွဲ့အစည်းများထံ မပေးပို့မီ ၎င်းတို့၏ ကိုယ်ပိုင် အချက်အလက် သို့မဟုတ် ဒေတာ ကာကွယ်ရေး မူဝါဒများကို ဖတ်ရှုပြီး ကိုးကားပါ။

သင့်ကိုယ်ရေးဒေတာကို တစ်ကမ္ဘာလုံးသို့ လွှဲပြောင်းပုံ

Huawei သည် နိုင်ငံစုံ ကုမ္ပဏီတစ်ခု ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့စုစည်းရယူသော ကိုယ်ရေးဒေတာများအား ကျွန်ုပ်တို့၏ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများကို သင်အသုံးပြုသည့် နိုင်ငံများ သို့မဟုတ် ဒေသများတွင်ဖြစ်စေ၊ ကျွန်ုပ်တို့ သို့မဟုတ် ကျွန်ုပ်တို့၏ အဖွဲ့ဝင်ကုမ္ပဏီများ၊ ကုမ္ပဏီခွဲများ၊ ဝန်ဆောင်မှုပံ့ပိုးရေး ကုမ္ပဏီများ သို့မဟုတ် လုပ်ငန်းမိတ်ဖက်များ တည်ရှိသည့် အခြားနိုင်ငံများ သို့မဟုတ် ဒေသများတွင်ဖြစ်စေ စီမံဆောင်ရွက်နိုင် သို့မဟုတ် ဝင်ရောက် သုံးစွဲနိုင်သည်။ အဆိုပါနိုင်ငံများ/ဒေသများတွင် မတူညီသော ဒေတာကာကွယ်ရေး ဥပဒေများ ရှိကောင်းရှိနိုင်သည်။ ထိုကဲ့သို့အခြေအနေများတွင် Huawei သည် ဤထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ ဥပဒေများက သတ်မှတ်ထားသည့်အတိုင်း ဒေတာများကို စီမံဆောင်ရွက်ကြောင်း သေချာစေရန် စီမံဆောင်ရွက်ချက်များကို လုပ်ဆောင်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျွန်ုပ်တို့ လုပ်ငန်းဆောင်ရွက်မှုများ ပြုလုပ်စဉ်အတွင်း စုစည်းရယူပြီး ထုတ်ပေးထားသော ကိုယ်ရေးဒေတာများကို တရုတ်တွင် သိမ်းဆည်းပါမည်။ သီးခြားထုတ်ကုန်များ/ဝန်ဆောင်မှုများတွင် ကိုယ်ရေးဒေတာများကို နယ်နိမိတ်ဖြတ်ကျော်၍ လွှဲပြောင်းခြင်း ပါဝင်လျှင် ကျွန်ုပ်တို့သည် တရားဝင်တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပြီးနောက် (ဥပမာအားဖြင့် စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ လုံခြုံရေးအကဲဖြတ်ချက်ကို အောင်မြင်ပြီးနောက်) ကိုယ်ရေးဒေတာများကို တရုတ်ပြင်ပရှိ လက်ခံမည့် အဖွဲ့အစည်းထံ ပံ့ပိုးပေးပါမည်။

ဤထုတ်ပြန်ချက်တွင် ပြုလုပ်သည့် အပ်ဒိတ်များ

Huawei သည် ဤထုတ်ပြန်ချက်ကို အချိန်မရွေး အပ်ဒိတ်လုပ်ပိုင်ခွင့် ရှိသည်။ ဤထုတ်ပြန်ချက်ကို အခါအားလျော်စွာ အပ်ဒိတ်လုပ်နိုင်ပါသည်။ နောက်ဆုံးထွက်ဗားရှင်းကို ကျွန်ုပ်တို့၏ တရားဝင်ဝက်ဘ်ဆိုဒ် (https://consumer.huawei.com) တွင် ဝင်ရောက်ကြည့်ရှုပါ။ ဤထုတ်ပြန်ချက်တွင် အရေးပါသော ပြောင်းလဲမှုများ ပြုလုပ်ထားလျှင် လိုင်းအမျိုးမျိုးမှတစ်ဆင့်၊ ဥပမာ- ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက်ဒ်တွင် အသိပေးချက် ပို့စ်တင်ခြင်း သို့မဟုတ် သင့်ထံ တိုက်ရိုက်အသိပေးချက် ပေးပို့ခြင်းဖြင့် သင့်အား ကျွန်ုပ်တို့ အကြောင်းကြားနိုင်သည်။

ကျွန်ုပ်တို့ထံ ဆက်သွယ်ရန် နည်းလမ်း

ကျွန်ုပ်တို့တွင် ကိုယ်ရေးဒေတာများကို ကာကွယ်ရန် အဓိကထား လုပ်ဆောင်သည့် ဌာနတစ်ခု (သို့မဟုတ် ကျွမ်းကျင်ပညာရှင်များ) ရှိပါသည်။ သင့်တွင် မေးမြန်းစရာများ၊ မှတ်ချက်များ သို့မဟုတ် အကြံပြုချက်များ ရှိပါက အွန်လိုင်း သုံးစွဲသူ ဝန်ဆောင်မှု၊ ကိုယ်ပိုင် အချက်အလက်ဆိုင်ရာ မေးခွန်းများ စာမျက်နှာ သို့မဟုတ် ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ရုံးများမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့၏ ရုံးစာရင်းအပြည့်အစုံကို Huawei သို့ ဆက်သွယ်ရန်စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုပါ။

ယေဘုယျအားဖြင့် ကျွန်ုပ်တို့သည် ရုံးဖွင့်ရက်သုံးရက်အတွင်း ကနဦး အကြောင်းပြန်စာတစ်စောင် ပေးအပ်မည်ဖြစ်ပြီး ဥပဒေများ/စည်းမျဉ်းများက သတ်မှတ်ထားသော အချိန်ကာလအတွင်း သင့်မေးခွန်းများကို ဖြေကြားပေးပါမည်။ ကျွန်ုပ်တို့၏ အကြောင်းပြန်ချက်ကို သင်မကျေနပ်ပါက၊ အထူးသဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးဒေတာ စီမံဆောင်ရွက်ခြင်းသည် သင်၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ချိုးဖောက်ထားသည်ဟု သင် ယူဆပါက ဒေသတွင်း ကိုယ်ပိုင် အချက်အလက် ကာကွယ်ရေးဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များထံ တိုင်ကြားစာများ ပေးပို့နိုင်သည် သို့မဟုတ် တိုင်ကြားနိုင်သည်။

မှတ်ချက်- ဒေသတွင်း ဥပဒေများနှင့် ဘာသာစကားများတွင် ကွဲပြားမှုများကြောင့် Huawei သုံးစွဲသူ လုပ်ငန်း ကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက်၏ ဒေသအလိုက် ဗားရှင်းများသည် ဤဗားရှင်းနှင့် ကွဲပြားကောင်း ကွဲပြားနိုင်သည်။ ကွဲလွဲဆန့်ကျင်မှု တစ်စုံတစ်ရာ ဖြစ်လာပါက ဒေသအလိုက် ဗားရှင်းများကိုသာ အတည်ယူရမည်။

မူပိုင်ခွင့် © Huawei Device Co., Ltd. 2023 မူပိုင်ခွင့်အားလုံးကို ရယူထားပြီး ဖြစ်သည်။

နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန်-ဒီဇင်ဘာလ၊ ၂၀၂၃ခုနှစ်

consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်