HUAWEI GR5 smartphone

တို့ထိမှုတို့ရဲ့စွမ်းပကား

တို့ထိမှုတို့ရဲ့စွမ်းပကား
၅.၅လက်မမျက်နှာပြင်နှင့်အတူ ခေတ်ရှေ့ပြေးပြီး ဆန်းသစ်တီထွင်ထားသောလက်ဗွေရာနည်းပညာတွေကြောင့် သင့်လက်ချောင်းလေးများနဲ့ထိတွေ့မှုတိုင်းဟာ အံ့မခန်းအတွေ့အကြုံတွေနဲ့ ပြည့်နက်နေမှာပါ။ မြန်ဆန်ခြင်း၊ အသိဉာဏ်ရှိခြင်းနှင့် အဆင်ပြေလွယ်ကူခြင်းစတဲ့အစွမ်းသတ္တိနှင့်အတူ လက်လေးတစ်ချက်ထိရုံဖြင့် လော့ခ်ဖွင့်ခြင်း၊ ဓါတ်ပုံရိုက်ခြင်းနှင့် ဖုန်းလက်ခံခြင်းတို့ကို ချက်ခြင်းဆိုသလို သင့်လက်ဖဝါးပေါ်တွင်ပင်လုပ်ဆောင်နိုင်မှာပါ။

ဆွဲဆောင်မှုအပြည့်ရှိတဲ့ဒီဇိုင်း

ဆွဲဆောင်မှုအပြည့်ရှိတဲ့ဒီဇိုင်း
ကျက်သရေရှိပြီး တောင့်တင်းခိုင်ခံ့တဲ့ အလူမီနီယံ မဂ္ဂနီစီယံ ရောစပ်တည်ဆောက်ထားတဲ့ ကိုယ်ထည်ဟာ အရောင်အသွေးတောက်ပရုံတင်မက အနုပညာလက်ရာမြောက်လှပါတယ်။ HUAWEI GR5 ဟာသင့်အတွက် အမြဲခေတ်မှီဆန်းသစ်တဲ့ဖက်ရှင်တစ်ခုအဖြစ်ရှိနေမှာပါ။

သင့်ဘဝရဲ့ ကောင်းမွန်လှတဲ့အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်လိုက်ပါ

သင့်ဘဝရဲ့ ကောင်းမွန်လှတဲ့အခိုက်အတန့်လေးတွေကို မှတ်တမ်းတင်လိုက်ပါ
သင့်ဘဝရဲ့အဖိုးတန်လှတဲ့အချိန် ၁စက္ကန့်မှတောင် မလွတ်သွားပါစေနဲ့။ f/2.0 အပါချာ ပါရှိသော 13-megapixel ကင်မရာ အသုံးပြုထားတဲ့ HUAWEI GR5 ဟာ ဘဝရဲ့အရောင်အသွေးစုံလင်လှတဲ့ အခိုက်အတန့်လေးများကို မှတ်တမ်းတင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဓါတ်ပုံတစ်ပုံချင်းစီကို ပိုမိုကြည့်ကောင်းစေရန်အတွက် အသေးစိတ်လုပ်ဆောင်ချက်များနှင့် အရောင်များကို အမျိုးမျိုးသော filter များအသုံးပြုနိုင်ခြင်းဟာ ဓါတ်ပုံရိုက်ကူးရသည့်အတွေ့အကြုံကို အံ့သြလောက်အောင်ပြောင်းလဲပေးမှာပါ။ "Good Food" ကင်မရာလုပ်ဆောင်ချက်ရဲ့ ဓါတ်ပုံ filter ဟာ အစားအသောက်များရဲ့ အသွင်အပြင်များကို ကိုယ့်ရှေ့ရောက်နေသကဲ့သို့ စားချင်စဖွယ်ဖြစ်အောင်ပြုပြင်ပေးမှာပါ။

အမျိုးမျိုးသော အလင်းအမှောင်အခြေအနေများအတွက် ပိုမိုကောင်းမွန်သော မြင်ကွင်း

အမျိုးမျိုးသော အလင်းအမှောင်အခြေအနေများအတွက် ပိုမိုကောင်းမွန်သော မြင်ကွင်း
HUAWEI GR5 ဟာ လှပတဲ့ ၅.၅လက်မ FHD စခရင်ပိုင်ဆိုင်ထားရုံသာမဟုတ်ပါဘူး။ စမတ်အလင်းအာရုံခံစနစ်က အလင်းရောင်ပြောင်းလဲမှုကို အာရုံခံသိရှိနိုင်ပြီး Apical Assertive Display မှ အလင်းအမှောင်ကို အလိုအလျောက်ချိန်ညှိပြောင်းလဲပေးပါတယ်။ ကမ္ဘာကြီးရဲ့အသေးစိတ်အချက်အလက်တွေကို HUAWEI GR5 ဖြင့်ကြည့်ရှုလိုက်ပါ။

စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ရဲ့ ပြီးပြည့်စုံသောလုပ်ဆောင်ချက်

စွမ်းဆောင်ရည်နှင့် ထိရောက်မှုတို့ရဲ့ ပြီးပြည့်စုံသောလုပ်ဆောင်ချက်
Octa-core Qualcomm Snapdragon CPU ဟာ ညီမျှသောစွမ်းဆောင်ရည်ကို ထိရောက်သော လုပ်ငန်းစီမံခန့်ခွဲမှုများနှင့် စွမ်းအင်သုံးဆွဲမှုနည်းပါးပြီး အလွန်လျှင်မြန်သောလုပ်ဆောင်ချက်စွမ်းအားများဖြင့် ဖော်ဆောင်ပေးပါတယ်။

သင်နှင့်အတူအမြဲအဖော်ပြုပေးနိုင်သူ

သင်နှင့်အတူအမြဲအဖော်ပြုပေးနိုင်သူ
အစွမ်းထက် 3000mAh ဘက်ထရီက ဖျော်ဖြေမှုများနှင့် လုပ်ငန်းတာဝန်များကို အချိန်ကြာမြှင့်စွာလုပ်ဆောင်နိုင်မှာပါ။ အားသွင်းရန်ကြာချိန်ကိုလဲလျှော့ချပေးနိုင်တာကြောင့် စောင့်ဆိုင်းရချိန်နည်းသွားပြီး ပိုမိုအချိန်ကြာမြင့်စွာအသုံးပြုနိုင်တဲ့အတွက် HUAWEI GR5 ဟာ သင့်ရဲ့အကောင်းဆုံးအဖော်မွန်ပါပဲ။