HUAWEI GR3

အံ့အားသင့်ဖွယ်ရာကောင်းသော အလူမီနီယံ အလွိုင်းဖြင့် ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်မှု

အံ့အားသင့်ဖွယ်ရာကောင်းသော အလူမီနီယံ အလွိုင်းဖြင့် ပေါင်းစပ်ဖွဲ့စည်းတည်ဆောက်မှု

HUAWEI GR3 ဟာ ခေတ်မီတဲ့မျိုးဆက်သစ်လူငယ်များရဲ့ လိုအပ်မှုများကို သွက်လက်တက်ကြွစွာ အချိန်နဲ့ တပြေးညီ ဖြည့်ဆည်းပေးနိုင်ပါတယ်။ လှပကျော့ရှင်းသော ဘေးဘောင်၊ အလူမီနီယံ သတ္တုကိုယ်ထည်နှင့်အတူ သဲဖြင့်ပွတ်တိုက်ထားသော လုပ်ငန်းစဉ်တို့ကြောင့် HUAWEI GR3 ကို ဖက်ရှင်ကျတဲ့ အနုပညာအပိုင်းအစလေးတစ်ခုလို့ ဆိုရင်လည်း မမှားပါဘူး။

ထိရောက်သောလုပ်ဆောက်ချက်များနဲ့ အကောင်းမွန်ဆုံးစွမ်းဆောင်ရည်

ထိရောက်သောလုပ်ဆောက်ချက်များနဲ့ အကောင်းမွန်ဆုံးစွမ်းဆောင်ရည်

Octa-Core ပရော်ဆက်ဆာနှင့် ၎င်းရဲ့ 64-bit architecture က သင့်ရဲ့တစ်နေ့တာ လုပ်ငန်းစဉ်များကို ပြေပြစ်ချောမွေ့စွာ လုပ်ဆောင်နိုင်ရန် စွမ်းဆောင်ပေးနိုင်ပါတယ်။ တာရှည်ခံ 2200 mAh ပမာဏရှိတဲ့ ဘက်ထရီကလည်း နေ့တစ်နေ့ရဲ့စိန်ခေါ်မှုတိုင်းကို သင်နှင့်အတူဖြတ်သန်းဖို့ အမြဲအဆင်သင့်ဖြစ်နေမှာပါ။

အကောင်းဆုံးနှင့် အမြန်ဆုံး

အကောင်းဆုံးနှင့် အမြန်ဆုံး

HUAWEI GR3 ရဲ့ LTE cat4 ကွန်ယက်ဖြင့် အမြန်ဆုံးသောအရှိန်နှုန်းကိုပေးစွမ်းနိုင်ပါတယ်။ ဒေါင်းလုပ်မြန်နှုန်း 150Mbps အထိရရှိနိုင်တာကြောင့် မြန်ဆန်ချောမွေ့တဲ့ဒေတာသုံးစွဲမှုနှင့်အတူ ကမ္ဘာကြီးနဲ့ဆက်သွယ်မှုတွေလုပ်လိုက်ပါ။

အခိုက်အတန့်အချိန်လေးများကို မှတ်တမ်းတင်လိုက်ပါ

အခိုက်အတန့်အချိန်လေးများကို မှတ်တမ်းတင်လိုက်ပါ

တန်ဖိုးရှိတဲ့အခိုက်အတန့်လေးတွေကို ဆုံးရှုံးလိုက်ရမှာ နှမြောစရာပါ။ 13mega-pixel ကင်မရာနှင့် ultra-fast snapshot ရိုက်ချက်တို့ဖြင့် ခဏတာအခိုက်အတန့်တိုင်းကို အလွန်မြန်ဆန်ပြီး ကြည်လင်ပြတ်သားမှုအပြည့်ဖြင့် ဖမ်းယူရိုက်ကူးနိုင်မှာပါ။