power

HUAWEI Mate 8 တွင် 4000 mAh ပမာဏရှိသော ဘက်ထရီကို Kirin 950 chipset နှင့် SmartPower နည်းပညာဖြင့် တွဲဖက်အသုံးပြုထားပါတယ်။ ဘက်ထရီသည် အလွန်အမင်းသုံးစွဲသူများအတွက် ၁.၆၅ရက် အသုံးခံ (သို့မဟုတ် ပုံမှန်အသုံးပြုသူများအတွက် ၂.၃၆ရက် အသုံးခံ) ပါတယ်။ သင်အသုံးမပြုသည့်အခါ ပါဝါသုံးစွဲမှု စီမံခန့်ခွဲရေးနည်းပညာက မကြုံစဖူးတဲ့ ၂၂ရက် အသင့်အနေအထားကိုပေးစွမ်းနိုင်ပါတယ်။*
HUAWEI ရဲ့ 9 V/2 နောက်ဆုံးပေါ်အမြန်အားသွင်းနည်းပညာက HUAWEI Mate 8 ကို ၂.၅နာရီအတွင်း အားအပြည့်ဖြည့်ပေးနိုင်ပါတယ်။ အားသွင်းရန်အချိန်မလုံလောက်လျှင်လဲ မိနစ်၃၀ အားသွင်းထားရုံဖြင့် ၁ရက်လုံးအသုံးခံပါတယ်။*
Heart Beat' သည် HUAWEI Mate 8 တွင် စတင်အသုံးပြုထားတဲ့ စမတ်ပါဝါချွေတာရေး နည်းပညာအသစ်ဖြစ်ပါတယ်။ သင့်ရဲ့ apps များကို ဆက်တိုက်စစ်ဆေးပေးပြီး ပါဝါသုံးစွဲမှုနှင့် စွမ်းဆောင်ရည်တို့ အချိုးကျညီမျှစေရန်ဆုံးဖြတ်ပေးသောကြောင့် ဖုန်းနောက်ခံတွင် လုပ်ဆောင်နေသော apps များ၏ပါဝါသုံးစွဲမှုကို ၅၀ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။*

* ဘတ်ထရီ ဝင်ဆံ့နိုင်စွမ်း 4000 mAh သည် စင်စစ် တန်ဖိုးဖြစ်ပါသည်။ အမှန်တကယ် သိုလှောင်နိုင်စွမ်းသည် အနည်းငယ် ကွဲပြားနိုင်ပါသည်။

 HUAWEI ၏ ဓာတ်ခွဲစမ်းသပ်ခန်းများမှ ရယူထားသည့် အားသွင်းခြင်း ဒေတာ။ အားသွင်းခြင်းအတွက် စမ်းသပ်မှုများကို အပူချိန် 25°C၊ စိုထိုင်းဆ 45%–80% တွင် ဆောင်ရွက်ထားပါသည်။ အွန်လိုင်း- 60 နစ်စ် သို့သတ်မှတ်ထားသော

ဆောင်ရွက်ထားပါသည်။ အွန်လိုင်း- 60 နစ်စ် သို့သတ်မှတ်ထားသော ဖန်သားပြင်အလင်းတောက်ပမှု၊ 90dBm ထက် အားပိုကောင်းသော 4G ချိတ်ဆက်မှု၊ ဝဘ်စာမျက်နှာကို တည်တည်ငြိမ်ငြိမ်ဖြင့် ကြည့်ရှုနိုင်မှု။

ဖုန်းခေါ်ဆိုခြင်း- 3G ဖြင့် ချိတ်ဆက်ပေးနိုင်သည့် ပတ်ဝန်းကျင်၊ 80dBm ထက်ပိုအားကောင်းသည့် ချိတ်ဆက်မှု၊ ဖန်သားပြင် ပိတ်ပေးမှု၊ 50% အသံပမာဏဖြင့်

နားကြပ်များ အသုံးပြုနိုင်မှု။ ဗီဒီယို- 60 နစ်စ် သို့သတ်မှတ်ထားသော ဖန်သားပြင်အလင်းတောက်ပမှု၊ ဘားတန်းအပြည့်နှင့် 4G လိုင်းဆွဲအား၊ 50% အသံပမာဏ နားကြပ်များနှင့် 720p ဗီဒီယိုဖိုင်ကို ဖွင့်ပေးနိုင်မှု။ တကယ့်လက်တွေ့ အချိန်များက အမှန်စင်စစ်ဖုန်းသုံးစွဲမှုအပေါ်တွင် အခြေခံ၍ ပြောင်းလဲပါမည်။