HUAWEI P8

  • သင့်လက်ပေါ်မှ အဖိုးတန်ရတနာ

    အသွင်အပြင်အားဖြင့်လှပပြီး လိုင်းကလေးများဖြင့် အလှဆင်ထားပြီး ခေတ်ရှေ့ပြေးနည်းပညာများ အသုံးပြုထားသော တီထွင်ကြံဆမှုအသစ်များနှင့် HUAWEI P8 စမတ်ဖုန်းသည် ပြေပြစ်လှပပြီး ကျော့ရှင်းသော အသွင်အပြင်ဖြင့် ဈေးကွက်မှာ တွေ့မြင်ရမှာ ဖြစ်ပါသည်။

  • လှပတင့်တယ်သော အသွင်အပြင်က သင့်ကို စိတ်ကျေနပ်မှု အပြည့်အ၀ ပေးစွမ်းနိုင်မှာပါ

    တင့်တယ်သော ကိုယ်ထည်ဖြစ်ပေါ်လာစေရန် Nano Molding နည်းပညာကို အသုံးပြု၍ HUAWEI P8 ကို ပြုလုပ်ထားပါသည်။ ရလဒ်အားဖြင့် plastic signal transceiver စွမ်းဆောင်ချက် အသစ်ပါဝင်သော စမတ်ဖုန်းအဖြစ်ပေါ်ထွက်လာပါတယ်။ အမြင်အားဖြင့် ဘေးဘောင် မပါရှိသလို မှတ်ထင်ရမှာဖြစ်ပြီး နောက်ကင်မရာကို အတွင်းမှာမြုပ်ထားသော ဒီဇိုင်းအဖြစ် ပြုလုပ်ထားသောကြောင့် ကင်မရာက ဖုန်းအပြင်ကို ခုံးထွက်မနေပဲ ပြင်ညီပုံစံဒီဇိုင်းကို တွေရှိရမှာဖြစ်ပါသည်။ ၅.၂လက်မ မျက်နှာပြင်အရွယ်နှင့် ၆.၄မီလီမီတာအထူရှိ HUAWEI P8 သည် လှပမှုနှင့် အဆင်ပြေမှု နှစ်မျိုးလုံးကို ညီမျှစွာ ပေးစွမ်းနိုင်သော စမတ်ဖုန်းဖြစ်ပါသည်။

  • အဆင့်မြင့်စွမ်းရည်ပြည့် Chipset အသုံးပြုထားသော စွမ်းရည်ပြည့် မြန်နှုန်းမြင့် စမတ်ဖုန်း

    HiSilicon ၏ မျိုးဆက်သစ် Chipset အမျိုးအစားဖြစ်သည့် Kirin 930 ကို အသုံးပြု ထားပြီး ဖုန်း၏စွမ်းရည်ကို အကောင်းဆုံးဖြစ်အောင် ဖွဲ့စည်းတည်ဆောက်ထားပါတယ် 64-bit processors ကိုအသုံးပြုထားပြီး eight cores ရှိသော CPU ကြောင့် HUAWEI P8 ကို အခြားသောဖုန်းများနှင့် မတူ ကွဲပြားခြားနားပြီး စွမ်းဆောင်ရည် မြန်နှုန်းမြင့် ဖုန်းအဖြစ်သို့ သင့်ကို ခံစားရစေရမှာ ဖြစ်ပါတယ်။

  • အသစ် အသစ်သော အတွေ့အကြုံ မျှော်လင့်မှုများအတွက် အကောင်းဆုံး ကင်မရာ

    ပထမဆုံးသော အရောင်လေးမျိုး (RGBW) ပါဝင်သောကြောင့် ရိုက်ယူလိုက်သော ပုံရိပ်များ၏ ရုပ်ထွက်ကို ပိုမိုတောက်ပစေပြီး စစ်မှန်တိကျသော အရောင်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ မိမိရိုက်ယူလိုက်သောပုံရိပ်များ (လျှပ်တပြက်ရိုက်ချက်များ အပါအ၀င်) အတွက် တည်ငြိမ်သော ပုံရိပ်များကို ရရှိစေနိုင်ရန် နည်းပညာပိုင်းတွင်ရှေ့ဆောင်ဖြစ်သော DSLR-level Image Signal Processor ကိုထည့်သွင်းတည်ဆောက်ထားပါသည်။ ဒါ့အပြင် HUAWEI P8 နဲ့ ရိုက်ယူထားသောပုံရိပ်များကို အခြား lens တခုတည်းပါသော professional ကင်မရာ၏ ရိုက်ချက်များနှင့် အရည်အသွေးပိုင်းတွင် ယှဉ်ပြိုင်နိုင်မှာဖြစ်ပါသည်။

  • အလင်းပုံရိပ်များကို ရေးခြယ်နိုင်မည့် စမတ်ဖုန်း

    HUAWEI P8 သည် ကင်မရာပါသော စမတ်ဖုန်းတလုံး ဟုခေါ်ဆိုနိုင်သည်ထက်ပို၍ သင်၏ တီထွင်မှုများကိုပါ ပြသနိုင်သောအရာ လို့လည်းပြောနိုင်မှာဖြစ်ပါသည်။ “light painting” လုပ်ဆောင်ချက်သည် အလင်းများ၏ ပုံရိပ်များကိုရေးဆွဲခြယ်သနိုင်သော လုပ်ဆောင်ချက်ဖြစ်ပြီး ညဘက်တွင် ရိုက်ကူးသော အလွန်အထင်ကြီးစရာကောင်းသော ပုံရိပ်များကို ပေးစွမ်းမှာဖြစ်ပါတယ်။ Real-time preview လုပ်ဆောင်ချက်သည်လည်း သင်ပုံရိပ်များကို ရိုက်ယူရာတွင် ပြီးပြည့်စုံသော ပုံရိပ်ကို ရရှိနိုင်ရန် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ သင့်စိတ်ကူးထဲရှိ အတွေးပုံရိပ်များကို HUAWEI P8 ဖြင့် စိတ်တိုင်းကျ ရိုက်ယူလိုက်ပါ။

  • အလင်း၊ ကင်မရာ၊ ဗီဒီယို ရိုက်ကူးချက်များအားလုံးအတွက် အကောင်းဆုံး စမတ်ဖုန်း

    HUAWEI P8၏ director mode လုပ်ဆောင်ချက်သည် သင့်ကို ကျွမ်းကျင်သော ဒါရိုက်တာတဦး၏ရိုက်ချက်များကဲ့သို့ ရရှိနိုင်ရန် လမ်းညွှန်ပေးနိုင်သောလုပ်ဆောင်များကို ပြသပေးသွားမှာဖြစ်ပါသည်။ အခြားသော Android phones အများဆုံး ၃လုံးအထိ အသုံးပြု၍ ရှုထောင့်အမျိုးအမျိုးမှ ပုံရိပ်များကို ကင်မရာများစွာဖြင့် HUAWEI P8၏ director mode လုပ်ဆောင်ချက်ကို အသုံးပြု၍ တပြိုင်တည်း ရိုက်ချက်များကို ရရှိနိုင်အောင် ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရှု့ထောင့်အမျိုးအမျိုး မှ မြင်ကွင်းများကို အကောင်းဆုံးသော အရည်အသွေးများဖြင့် ရိုက်ယူ ရရှိမှာဖြစ်ပါသည်။ သင့်ကိုယ်ပိုင် သီးသန့် တီထွင်မှုများပြုလုပ်၍ ကျွမ်းကျင်စွာ ရိုက်ကူးထားသော အရည်အသွေးမြင့် ဗီဒီယိုများကို ကမ္ဘာသို့ သင်ကိုယ်တိုင် HUAWEI P8 ဖြင့် မျှဝေနိုင်ပြီဖြစ်ပါသည်။

  • အမြင်သစ်ဖြင့် ကမ္ဘာကို ကြည်ရှုခံစားလိုက်ပါ

    HUAWEI P8 ၏ time-lapse ကင်မရာ လုပ်ဆောင်ချက်သည် သင့်ပတ်ဝန်းကျင်ရှိပုံရိပ်များကို အသွင်အမြင်သစ် တမျိုးဖြင့် တွေ့မြင်ရမှာဖြစ်ပါတယ်။

  • ကိုယ်တိုင်ရိုက်ပုံရိပ်များဖြင့် အလှဆင်လိုက်ပါ

    HUAWEI P8၏ ကိုယ်တိုင်ရိုက်ပုံရိပ် (Selfie) လုပ်ဆောင်ချက် သည် သင့်စိတ်တိုင်းကျ မိမိလိုချင်သောပုံရိပ်ကိုရရှိစေရန် ပြုပြင်မှုလုပ်ဆောင်ချက်ကို တစ်ကြိမ်သာ ပုံစံချ ပြုလုပ်ထားရန်သာလိုပြီး မိမိရိုက်ယူလိုက်သော အချိန်တိုင်း တူညီသော ပုံရိပ်သွင်ပြင်ကိုသာရရှိစေမှာ ဖြစ်ပါသည်။ ဒါကြောင့်မို့ လှပသောပုံရိပ်များဖြင့် သင့်ပတ်ဝန်းကျင်ကို ပျော်ရွှင်စွာ အလှဆင်နိုင်မှာဖြစ်ပါသည်။

  • အခြေအနေအားလုံးတွင် ပြီးပြည့်စုံသောပုံရိပ်များကို ပေးစွမ်းနိုင်မည့် စမတ်ဖုန်း

    HUAWEI P8 ၏ ကင်မရာသည် သင်ရိုက်ယူလိုက်သော ပုံရိပ်၏ အရည်အသွေးကို သင်မျှော်မှန်းသည်ထက် ကောင်းမွန်သာလွန်သော အရည်အသွေးဖြင့် ပုံရိပ်များကိုပေးစွမ်းနိုင်မည့် နည်းပညာဖြင့် ဖွဲ့စည်းထားပါသည်။ မှောင်နေသော အချိန် ၊ အလင်းရောင်အားနည်းသော အချိန် နေရာများတွင် ပုံရိပ်များကို ရိုက်ယူပါကလည်း အဆင်ပြေမှုကို သင်တွေ့ရှိရမှာ ဖြစ်ပါသည်။

  • ပိုမိုအဆင်ပြေကောင်းမွန်သော ဆက်သွယ် ချိတ်ဆက်မှု

    HUAWEI P8 မှာထည့်သွင်းတည်ဆောက်ထားတဲ့ သတ္ထုကိုယ်ထည်နဲ့ သေးငယ်တဲ့ ကိုယ်ပိုင်အင်တာနာ ကိုထည့်သွင်းထားတဲ့ ဒီဇိုင်းကြောင့် သက်ဆိုင်ရာဒေသရဲ့ ဖုန်းနက်ဝေါ့ခ်တိုင်းနဲ့ လိုက်လျောညီထွေ ဖြစ်စေမယ့်အပြင် အသံကြည်လင်ပြတ်သားမှု၊ တည်ငြိမ်တဲ့နက်ဝေါ့ခ် နဲ့အတူ သင်ဘယ်နေရာရောက်ရောက် သင့်ကို ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက် စေမှာမဟုတ်ပါဘူး။ ဖုန်းအဆက်သွယ်ပြတ်တောက်မှု ၅၀%ထိ သက်သာစေပြီး ချိတ်ဆက်မှုစွမ်းရည် ၂၀%ထိ ပိုမိုကောင်းမွန်စေပါသည်။ Wi-Fi ချိတ်ဆက်မှုမှာလည်း အကောင်းဆုံးသော Network ကို ရွေးခြယ်ပြီး အလိုအလျောက် ချိတ်ဆက် ပေးနိုင်မှာ ဖြစ်ပါသည်။ Roaming+ Feature ကလည်း သင့်ဖုန်းကို အခြားသော ဖုန်းများထက် Roaming ပြုလုပ်တဲ့နေရာမှာ ၃ဆလောက် ပိုမိုလျင်မြန်စေမှာပါ။