HUAWEI Y6 Pro

နေ့ရက်တိုင်းကို စွမ်းအင်အပြည့်ဖြင့် ဖြတ်သန်းလိုက်ပါ

နေ့ရက်တိုင်းကို စွမ်းအင်အပြည့်ဖြင့် ဖြတ်သန်းလိုက်ပါ

သင့်ရဲ့ပျော်ရွှင်မှုတွေကို ဘက်ထရီအားကုန်သွားမှုကြောင့် ရုတ်ချည်း ပြတ်တောက်သွားမည့် ခံစားချက်မျိုးကို ဘယ်တော့မှခံစားရတော့မှာ မဟုတ်ပါဘူး။ HUAWEI Y6 Pro တွင် 4000mAh ဘက်ထရီအသုံးပြုထားတဲ့အတွက် တာရှည်ခံစွမ်းဆောင်ရည်ကိုပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ စမတ် ပါဝါသုံးစွဲမှုချွေတာရေးနည်းပညာ(၈)ခုပါဝင်တာကြောင့် ဖုန်းကို idle မုဒ်တွင် ၂၄နာရီထားလျှင် ဘက်ထရီ ၁၀ရာခိုင်နှုန်းသာကုန်မှာဖြစ်ပါတယ်။ အခြားလျှပ်စစ်ပစ္စည်းများကို ပြန်လည်အားသွင်းနိုင်သည့်အပြင် အင်တာနက်သုံးလျှင် ၁၅နာရီ၊ ဖုန်းပြောလျှင် ၃၉နာရီ၊ ဖုန်းကိုအလွန်အမင်းအသုံးပြုလျှင် ၄၈နာရီနှင့် သာမန်အသုံးပြုလျှင် နာရီ၉၀ ဆက်တိုက်အသုံးပြုနိုင်ပါတယ်။*(Background တွင် လုပ်ဆောင်လျက်ရှိသော အပ်ပလီကေးရှင်းများ နှင့် ဖုန်း၏ အပူချိန်အတိုင်းအတာပေါ် မူတည်ပြီး အထက်ဖော်ပြပါ ကိန်းဂဏန်းများက ကွဲပြားနိုင်းပါသည်)

 

*HUAWEI ဓာတ်ခွဲခန်းတွင် စမ်းသပ်ပြီး ရရှိသည့်အချက်အလက်များပေါ်တွင် အခြေခံထားပြီး မတူညီသော ပတ်ဝန်းကျင်များ၊ မတူညီသော နည်းလမ်းများနှင့် ပါဝင်သည့်အကြောင်းအရာများသည် မတူညီသော ရလဒ်များကို ဖြစ်စေပါမည်။

HUAWEI Y6 Pro ရဲ့ ဖက်ရှင်ကျလှပသော ရေလှိုင်းဒီဇိုင်းအသွင်

HUAWEI Y6 Pro ရဲ့ ဖက်ရှင်ကျလှပသော ရေလှိုင်းဒီဇိုင်းအသွင်

HUAWEI Y6 Pro ရဲ့ ဒီဇိုင်းကို ရေလှိုင်းပုံစံကို နမူနာယူကာ ဖန်တီးထားသော ဒီဇိုင်းဖြစ်ပြီး တမူထူးခြားသော ရေလှိုင်းသဏ္ဍာန် ၅၁၇၆ခုဖြင့် အလှဆင်ထားပါတယ်။ တမူထူးခြားတဲ့ ဒီဇိုင်းသွင်ပြင် က သင့်ရဲ့အမြင်အာရုံကို ဖမ်းစားနေတယ်ဆိုတာ သင်လက်ခံရမှာဖြစ်ပါတယ်။ ခေတ်မီ၍ ကျော့ရှင်းလှပပြီး သတ္တုဘေးဘောင်ဒီဇိုင်း နှင့် ကိုယ်ထည်တို့ကြောင့် အသုံးပြုရာတွင် အကြမ်းခံပြီး ကိုင်တွယ်ရလွယ်ကူပါတယ်။ HUAWEI Y6 Pro နဲ့အတူ သင်ရဲ့ နေ့စဉ်စိန်ခေါ်မှုတိုင်းကို ယခုပင်ဖြတ်ကျော်လိုက်ပါ။

ကောင်းမွန်သောကမ္ဘာကြီးနှင့် ပိုမိုလှပသောပုံရိပ်များ

ကောင်းမွန်သောကမ္ဘာကြီးနှင့် ပိုမိုလှပသောပုံရိပ်များ

HUAWEI Y6 Pro ဟာ မျိုးဆက်သစ်လူငယ်များအတွက် ခေတ်မှီဆန်းပြားသော 13-mega-pixel ကင်မရာ၊ အပါချာ 2.0 တို့ဖြင့်ဖွဲ့စည်းတည်ဆောက်ထားသောကြောင့် လျင်မြန်တိုးတက်သောကမ္ဘာကြီးရဲ့အသေးစိတ်ပုံရိပ်တွေကို ကြည်လင်ပြတ်သားစွာမှတ်တမ်းတင်နိုင်စွမ်းရှိပါတယ်။ 5 mega-pixel 84-degree selfie ကင်မရာဖြင့် သင့်ကိုယ်သင်ပိုမိုကြည်လင်စွာမြင်တွေ့နိုင်မှာလည်းဖြစ်ပါတယ်။

အရေးကြီးတဲ့အချိန်တိုင်းမှာ အတူရှိနေနိုင်သော သင့် HUAWEI Y6 Pro

အရေးကြီးတဲ့အချိန်တိုင်းမှာ အတူရှိနေနိုင်သော သင့် HUAWEI Y6 Pro

အားထားရပြီး စွမ်းဆောင်ရည်မြင့် quad-core ပရော်ဆက်ဆာ က သင်နှင့်အတူအမြဲရှိနေမှာပါ။ HUAWEI Y6 Pro ဖြင့် လုပ်ငန်းတာဝန်များကို လွယ်ကူစွာစီမံခန့်ခွဲနိုင်လို့ သင့်စွမ်းဆောင်ရည်လုံးဝနှေးကွေးသွားမှာ မဟုတ်ပါဘူးဆိုတာ သင်တွေ့မြင်လာမှာဖြစ်ပါတယ်။