Global
Global ( EN )
Africa
Algeria ( French )
Angola ( Português )
Botswana ( EN )
Congo ( FR )
Egypt ( EN )
Egypt ( العربية )
Ethiopia ( EN )
Ghana ( EN )
Jordan ( EN )
Kenya ( EN )
Mauritius ( EN )
Morocco ( FR )
Namibia ( EN )
Nigeria ( EN )
South Africa ( EN )
Tanzania ( EN )
Tunisia ( FR )
Uganda ( EN )
Zambia ( EN )
Asia Pacific
Australia ( EN )
Azerbaijan ( Azərbaycan )
Bangladesh ( EN )
Cambodia ( EN )
China ( 简体中文 )
Hong Kong, China ( 繁體中文 )
India ( EN )
Indonesia ( Indonesian )
Japan ( 日本語 )
Kazakhstan ( Pусский )
Laos ( ລາວ )
Malaysia ( EN )
Myanmar ( မြန်မာ )
Nepal ( EN )
New Zealand ( EN )
Philippines ( EN )
Singapore ( EN )
South Korea ( 한국어 )
Sri Lanka ( EN )
Taiwan, China ( 繁體中文 )
Thailand ( ภาษาไทย )
Turkey ( Türk )
Uzbekistan ( Pусский )
Vietnam ( Tiếng Việt )
Europe
Austria ( DE )
Belarus ( Pусский )
Belgium ( Dutch )
Belgium ( French )
Bulgaria ( Български )
Czech ( čeština )
Croatia ( Hrvatski )
Denmark ( Dansk )
Estonia ( Eesti )
Estonia ( Pусский )
Finland ( Suomi )
France ( FR )
Germany ( DE )
Greece ( Ελληνικά )
Hungary ( magyar nyelv )
Italy ( IT )
Latvia ( Latvijas )
Latvia ( Pусский )
Lithuania ( Lietuvos )
Macedonia ( македонски )
Netherland ( Dutch )
Norway ( Norsk språk )
Poland ( Polski )
Portugal ( Português )
Romania ( Român )
Russia ( Pусский )
Serbia ( Cрпски jезик )
Slovakia ( Slovensky )
Spain ( Español )
Sweden ( Svenska )
Switzerland ( DE )
Switzerland ( EN )
Switzerland ( FR )
Switzerland ( IT )
Ukraine ( Український )
United Kingdom ( EN )
Latin America
Argentina ( Español )
Bolivia ( Español )
Brazil ( PT )
Chile ( Español )
Colombia ( Español )
Costa Rica ( Español )
Dominican Republic ( Español )
Ecuador ( Español )
Guatemala ( Español )
Jamaica ( EN )
Mexico ( Español )
Panama ( Español )
Paraguay ( Español )
Peru ( Español )
Uruguay ( Español )
Venezuela ( Español )
Middle East
Kuwait ( EN )
Kuwait ( العربية )
Pakistan ( EN )
Saudi Arabia ( العربية )
Saudi Arabia ( EN )
UAE ( EN )
UAE ( العربية )
UAE ( فارسی )
North America
Canada ( EN )
United States ( EN )

Remember my choice for next time?

Interbrand’s Best Global Brands 2014,Huawei Ranks No.94

Interbrand’s Best Global Brands 2014,Huawei Ranks No.94

2014-11-17

hot press

၂၀၁၄ အောက်တိုဘာ ၂၃၊ ရှန်းကျန့်မြို့ တရုတ်နိုင်ငံတွင် Huawei သည် ၎င်းပိုင စီးပွားရေး အုပ်စုထဲမှ တခုအပါအဝင်ဖြစ်သော Consumer Business Group (BG) ၏ ၂၀၁၄ခုနှစ်၏ တတိယအကြိမ် လေးလပတ် အတွက် ငွေကြေးဆိုင်ရာ မှတ်တမ်းကို ထုတ်ပြန်ကြော်ငြာခဲ့ပါသည်။ ၎င်းတွင် Consumer BG အနေဖြင့် စမတ်ဖုန်း ၁၆.၈ သန်းအပါအဝင် စုစုပေါင်း ၃၂.၀၃ သန်း တင်ပို့ရောင်းချနိုင်ခဲ့ သောကြောင့် ၂၆% အထိ တစ်နှစ်ထက်တစ်နှစ် တင်ပို့ရောင်းချမှု တိုးတက်လာခဲ့ပါသည်။ အလယ်လတ်တန်းစား မော်ဒယ်တင်ပို့ရောင်းချမှု မှ အမြင့်စား မော်ဒယ် တင်ပို့ရောင်းချမှုမှာ ၁၆၀%အထိတိုးတက်လာပြီး စုစုပေါင်း တင်ပို့ရောင်းချမှုမှာ ၂၆%အထိ တိုးတက်လာသည်ဟု ယခု တတိယအကြိမ် လေးလပတ် မှတ်တမ်း တွင်ဖော်ပြထားပါသည်။ ၎င်းမှတ်တမ်းသည် Ascend P7 နှင့် Ascend Mate7 စသည့် မော်ဒယ်မြင့် ဟန်းဆက်များ၏ တင်ပို့ရောင်းချမှု ကိုလည်း ညွှန်ပြနေပြီး Interbrand’s 2014 Annual Best Global Brands မှတ်တမ်းတွင် ပထမဆုံးသော ကုန်းပိုင်းတရုတ်အမှတ်တံဆိပ် အဖြစ်ပါဝင်လာခြင်းကို မီးမောင်းထိုးပြနေခြင်း လည်းဖြစ်ပါသည်။


hot press

ယခုတတိယအကြိမ် ကွာတားတွင် Huawei Consumer BG သည် ဒေသအလိုက် အရှေ့အလယ်ပိုင်းတွင် ၃၂၂% ၊ အာရှပစိဖိတ်တွင် ၉၈% နှင့် လက်တင်အမေရိကတွင် ၅၁% စသဖြင့် တင်ပို့ရောင်းချမှု အလွန်တိုးတက် မြင့်မားလာမှုကို တွေ့ရမည်ဖြစ်ပါသည်။ ယခုလို ၂၀၁၄တွင် စမတ်ဖုန်းဝယ်ယူလိုမှု လျင်မြန်စွာ တိုးတက်လာခြင်းကို ကြည့်ခြင်းအားဖြင့် Huawei ကို ဆက်လက်၍ ဈေးကွက်တွင် ပိုမိုအားကောင်းလာအောင် တိုက်တွန်းနေသည့်အလား မှတ်ထင်ရပါသည်။


အလတ်တန်းစား နှင့် အမြင့်စားမော်ဒယ်များပေါ်တွင် ဆက်လက်၍ အာရုံစူးစိုက်သွားမည်


hot press

လွန်ခဲ့သော သုံးနှစ်ကျော်သောအချိန်ကာလတွင် Huawei Consumer BG သည် အနိမ့်၊ အလတ်၊ အမြင့် မော်ဒယ် သုံးမျိုးလုံး၏ တင်ပို့ရောင်းချမှုတွင် အာရုံစူးစိုက်ခဲ့ပြီး လက်င်္လီရောင်းချမှု နည်းဗျူဟာ အရ အော်ပရေတာ မှ အွန်လိုင်းအရောင်း နှင့် ဈေးကွက်အတွင်း တင်ပို့ရောင်းချမှု အထိ တိုးချဲ့ ခဲ့ပါသည်။ ၎င်းကဲ့သို့ရောင်းချမှုများကြောင့် Huawei ၏ အဆင့်မြင့်ထုတ်ကုန် မော်ဒယ်များ၏ ရောင်းအားသည် တဖြည်းဖြည်းချင်း ဒီရေအလား တိုးတက်လာခဲ့ပါသည်။ အဆင့်မြင့်ထုတ်ကုန် မော်ဒယ်ဖြစ်သော Huawei Ascend P7 ၏ တစ်ကမ္ဘာလုံးသို့ တင်ပို့ရောင်းချမှုမှာ ၃သန်းကျော်ရှိပြီး နိုင်ငံ ၁၁၀ကျော်တွင် ဝယ်ယူရရှိနိုင်ပါသည်။ ဒါ့အပြင် Huawei Ascend Mate7 ကိုလည်း စက်တင်ဘာ ၄ရက်တွင် ကမ္ဘာတစ်ဝှမ်းကို စတင်မိတ်ဆက်ခဲ့ပြီး တရုတ်ပြည်ရှိ လက်လီအရောင်းဆိုင် ၁၀၀၀ကျော်တွင်လည်း ရောင်းချသည့် ပထမနှေ့တွင်ပင် ပစ္စည်းများ ပြတ်သွားသည်အထိ အရောင်းသွက်ခဲ့ပါသည်။ ဇွန် ၂၀၁၃တွင် မိတ်ဆက်ခဲ့သော Huawei Ascend P6 သည်လည်း ၅သန်းကျော် တင်ပို့ရောင်းချခဲ့ရပြီး ဥရောပ၊ အရှေ့အလယ်ပိုင်း ၊ အာဖရိက နှင့် လက်တင်အမေရိက ဒေသများရှိ နိုင်ငံပေါင်း ၁၂၀ကျော်တွင် ရောင်းချခဲ့ပါသည်။


hot press

“ယခု ကွာတားအတွက် ကျွန်ုပ်တို့ရဲ့လုပ်ဆောင်ချက်များဟာ ဘာကိုပြသနေသလဲဆိုရင် အကောင်းဆုံးသော တန်းဝင် ဟန်းဆက်များကို တစ်ကမ္ဘာလုံးရှိ လူးများထံသို့ ကျွန်ုပ်တို့၏ အောင်မြင်သော နည်းဗျူဟာဖြင့် ဆက်လက်ဆောင်ကြဉ်းပေးသွားမည် ဖြစ်သည်” ဟု Marketing ဌာနမှ ဒုတိယအမှုဆောင် မစ္စတာ ရှောင်ယန် မှ ထိုကဲ့သို့ ပြောဆိုခဲ့ပါသည်။ “ကျွန်ုပ်တို့ရဲ့ Ascend Mate7 နှင့် P7 ထုတ်လုပ်မှုဟာဆိုရင် ပုံမှန် ဆက်လက်တိုးတက်နေပြီးတော့ အလတ်/အမြင့် ဟန်းဆက်ရောင်းချမှုဟာဆိုရင်လည်း စတုတ္ထအကြိမ် ကွာတားတွင်လည်း ဆက်လက်မြင့်တက်နေမယ်လို့ ယုံကြည် မျှော်လင့်ကြောင်း” ကိုလည်း ပြောကြားခဲ့ပါတယ်။


4G LTE စမတ်ဖုန်း လောကတွင် ဦးဆောင်နေ


hot press

4G LTE နည်းပညာအပေါ် ရင်းနှီးမြုပ်နှံမှု နှင့် အသုံးပြုလိုမှု တိုးတက်လာသည်နှင့်အမျှ Huawei Consumer BG ၏ Ascend P7, Ascend G6 နှင့် G750 စသည့်မော်ဒယ်များ ပါဝင်သော 4G LTE စမတ်ဖုန်း တင်ပို့ရောင်းချမှုသည် ဆက်လက်၍ တိုးတက်နေမည်ဖြစ်ပြီး ဒုတိယအကြိမ် ကွာတားထက် ၃၄% တိုးလာကြောင်း တတိယအကြိမ် ကွာတားတွင် တွေ့ရှိရပါသည်။ Huawei Honor6 သည် 4G LTE ကွန်ယက်တွင် အမြန်ဆုံး စမတ်ဖုန်းဖြစ်ကြောင်း ကို စတင်မိတ်ဆက်ခဲ့သည့် ဇွန်လအတွင်းတွင် ဈေးကွက်မှ အတည်ပြုခဲ့ပြီး တရုတ်ပြည်တွင် ၂သန်းကျော်ရောင်းချခဲ့ပြီး အခြားနိုင်ငံများသို့မူ လာမည့် လအနည်းငယ်တွင် ရောင်းချသွားမည် ဖြစ်ပါသည်။


အောင်မြင်တိုးတက်လာသော အမှတ်တံဆိပ် အဖြစ် တစ်ကမ္ဘာလုံးတွင် လူသိများလာခြင်း


hot press

Huawei Consumer BG ၏ အမှတ်တံဆိပ်သည် “Make it Possible” ဆောင်ပုဒ်နှင့် သုံးစွဲသူများအကြား လူသိများလာသလို ကမ္ဘာတဝန်းရှိ မြောက်များစွာသော ပရိုမိုးရှင်းပွဲများကြောင့် လည်း လူသိများလာပါသည်။ ဒါ့အပြင် Huawei သည် အားကစားအဖွဲ့အစည်းတွင် ဦးဆောင်နေသော အသင်းများဖြစ်သော Club Atlético de Madrid နှင့် ထပ်မံ၍ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခြင်း နှင့် တူရကီရှိ Galatasaray SK Football နှင့်လည်း စတင်စာချုပ် ချုပ်ဆိုခြင်း စသည့် စပွန်ဆာပေးခြင်းများ ကိုလည်းလုပ်ဆောင်ခဲ့ပါသည်။


hot press

၂၀၁၄ အောက်တိုဘာလတွင် Huawei Consumer BG သည် Interbrand ၏ ကမ္ဘာ့အကောင်းဆုံး အမှတ်တံဆိပ်စာရင်း၏ အဆင့် ၉၄ နေရာတွင် ပထမဆုံးသော တရုတ်နိုင်ငံထုတ် အမှတ်တံဆိပ်အဖြစ်ရပ်တည်နိုင်ခဲ့သည်။ Huawei အမှတ်တံဆိပ်သည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံတန်ဖိုးရှိသည်ဟု ခန့်မှန်းကျပြီး Huawei ၏ကမ္ဘာကို လွှမ်းမိုးနိုင်လာသည်နှင့်အမျှ တန်ဖိုးတက်ရန် ရှိသည်ဟု ခန့် မှန်းထားကြသည်။ “Interbrand ၏ ကမ္ဘာ့အကောင်းဆုံးသော အမှတ်တံဆိပ် သတ်မှတ်မှုတွင် Huawei အနေဖြင့် ပထမဆုံးသော တရုတ်နိုင်ငံမှ အမှတ်တံဆိပ်အဖြစ် ပါဝင်နိုင်ခဲ့ခြင်းကို ကျွန်ုပ်တို့အလွန် ဝမ်းမြောက် မိပါတယ်။ စိန်ခေါ်မှုမြောက်များစွာကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ခြင်းနှင့် အတူ ပြည်တွင်းအသိအမှတ်ပြုထုတ်ကုန် မှ ကမ္ဘာ့အသိအမှတ်ပြုအမှတ်တံဆိပ်အဖြစ် သို့ရပ်တည်လာနိုင်ခဲ့ခြင်းသည် Huawei အတွက် အရေးအကြီးဆုံး နှင့် အကြီးမားဆုံး အသိအမှတ်ပြုခံရမှုဖြစ်ပါသည်။ ‘Make it possible’ ဆောင်ပုဒ် အရ နေရာတိုင်းတွင်ရှိသော လူတိုင်းအတွက် ကျွန်ုပ်တို့၏ နည်းပညာများဖြင့် ပျော်ရွှင်မှုများကို ပေးစွမ်းမည်ဆိုသော ကြိုးပမ်းအားထုတ်မှုများသည် ယခုအခါတွင် ကျွန်ုပ်တို့၏လမ်းကြောင်းဖြစ်သော Huawei အမှတ်တံဆိပ် ကို လူများ ယုံကြည် ချစ်ခင်ကြိုက်နှစ်သက်စွာ အသုံးပြုလာရန် ၊ ကမ္ဘာ့အသိအမှတ်ပြု အမှတ်တံဆိပ် ဖြစ်လာရန် ဆိုသည့် လမ်းကြောင်းပေါ်တွင် ကျွန်ုပ်တို့ ကောင်းမွန်စွာ ရောက်ရှိစေပါသည်” ဟု Interbrand ၏ ကြော်ငြာမှုနှင့် ပတ်သတ်၍ မစ္စတာရှောင်ယန် ကပြောကြားခဲ့ပါသည်။