HUAWEI Sound Joy

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
HUAWEI Sound Joy key vision
  • Devialet 4-unit Punchy Sound1
  • |
  • 26 Hours Playback2
  • |
  • Shake Stereo Pair3
HUAWEI Sound Joy Devialet Speakers
HUAWEI Sound Joy icon
79 dBA @ 2 m Devialet Quad Speakers1,4
HUAWEI Sound Joy shake stereo pair
HUAWEI Sound Joy icon
Shake Stereo Pair3
HUAWEI Sound Joy Portable Stylish Design EN
HUAWEI Sound Joy icon
Portable,
Stylish Design
HUAWEI Sound Joy 26 Hour Playback
HUAWEI Sound Joy icon
Hour Playback2
HUAWEI Sound Joy Super Tandem
HUAWEI Sound Joy icon
100-Speaker Super Combo5
Recommendation by Authoritative International Media
HUAWEI Sound Joy awards

Billboard

Best of MWC 2022

HUAWEI Sound Joy awards

Android Headlines

Editor's Choice

HUAWEI Sound Joy awards

Pocket Lint

4 Start Review

HUAWEI Sound Joy awards

Tech Advisor

4 Start Review

HUAWEI Sound Joy awards

T3

4 Start Review

HUAWEI Sound Joy awards

Tech Radar

4 Start Review

*Listed in no particular order.

အကန့်အသတ်မဲ့သံစဥ်
HUAWEI Sound Joy puble
HUAWEI Sound Joy Compact Design
HUAWEI Sound Joy Portable Design
HUAWEI Sound Joy Colourful Design
Compact and portable
သင့်ရဲ့ကျောပိုးအိတ်၊ ဒါမှမဟုတ် စက်ဘီးပေါ်မှာတင်ပြီး ပုလင်းတစ်လုံးလိုသယ်ဆောင်သွားလိုက်ပါ။
On-the-go listening
သင့်စိတ်ကြိုက်နေရာမှာ သင့်သဘောအတိုင်းနေရာချလိုက်ပါ: ဒေါင်လိုက်၊ အလျားလိုက်၊ အိမ်တွင်း၊ ဒါမှမဟုတ် အိမ်ပြင်!
Vibrant colors
မိမိုက်တဲ့အလန်းစားအရောင် (၃) မျိုး
အရောင်အသွေးစုံလင်တဲ့စီးဆင်းမှု
သင်နှစ်သက်တဲ့သံစဉ်တွေကို HUAWEI Sound Joy6 ရဲ့ ရောင်စုံအဝိုင်းပုံစံအလင်းတန်းတွေနှင့်အတူ စီးမြောလိုက်ပါ။ အသံအတိုးအကျယ်နှင့် ဘက်ထရီသက်တမ်းတို့ကိုလည်း ရောင်စုံအ၀ိုင်းနေအထားပေါ်မူတည်ပြီး သတိပြုနိုင်ဦးမှာဖြစ်ပါတယ်။
အကောင်းဆုံးအရာများ
အထူးစပယ်ရှယ် ရက်ထည်ဒီဇိုင်းနဲ့ ပြုလုပ်ထားတဲ့ HUAWEI Sound Joy ကတော့ အများနှင့်မတူအောင် ကွဲထွက်နေတဲ့အမြင်နှင့် သက်သောင့်သက်သာရှိစေမယ့် အထိအတွေ့ကိုရရှိစေမှာပါ။ ဒါ့အပြင် ခရီးထွက်တဲ့အခါမှာလည်း တောင့်တင်းခိုင်မာအကြမ်းခံသလို တေးသွားသံစဉ်တွေကိုလည်း အနှောင့်အယှက်ကင်းကင်းနားဆင်နိုင်မှာဖြစ်ပါတယ်။
HUAWEI Sound Joy Fabric
IP67 အသိအမှတ်ပြု ‌ရေစိုခံ7 တဲ့ HUAWEI Sound Joy ကတော့ ဘယ်ရာသီဥတုအခြေအနေမျိုးမှာမဆို စိတ်ချလက်ချအသုံးပြုနိုင်မှာပါ။ ဒါ့အပြင် ရေအနက် ၁ မီတာအထိ ကာကွယ်ပေးနိုင်ဦးမှာဖြစ်ပါတယ်။
HUAWEI Sound Joy IP67
Devialet ဖြင့်မွမ်းမံထားတဲ့သံစဉ်ကို နားဆင်ပါ
HUAWEI Sound Joy Powerful Sound
ပိုမိုကျယ်လောင်တဲ့အသံစနစ်
HUAWEI Sound Joy ကတော့ ကျယ်လောင်တဲ့ 79 dBA @ 2 m Devialet 2-way speaker system4 နှင့် Devialet SAM® နည်းပညာကိုအသုံးပြုထားတာကြောင့် အသံထွက်နှုန်းပိုမိုကောင်းမွန်အောင် အထူးချိန်ညှိပေးသွားမှာဖြစ်ပါတယ်။
တိုးမလား? ကျယ်မလား?
အချိုးညီညီပြုလုပ်ထားတဲ့ Passive Radiator

HUAWEI Sound Joy မှာပါဝင်တဲ့ 'Push-Push' passive radiator နှစ်လုံးကတော့ Low-frequency sensitivity နှင့် Extension တို့ကို 16 mm8 အထိရရှိနိုင်မယ့် Maximum Excursion ဖြင့် ပိုမိုကောင်းမွန်အောင်ထိန်းညှိပေးမှာဖြစ်ပြီး Device Stability နှင့် အသံကျယ်လောင်နေချိန်မှာတောင် ပိုမိုကြည်လင်ပြီးနားထောင်ကောင်းအောင်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

20 W ကာဘွန်ဖိုက်ဘာနှင့်ပြုလုပ်ထားတဲ့ အပိုင်းအခြား8

ဒီ 20 W full range speaker မှာတော့ အထူးသီးသန့်ပြုလုပ်ထားတဲ့ ကာဘွန်ဖိုက်ဘာအပိုင်းခြားကို အသုံးပြုထားတာကြောင့် Bass အသံကို 50 Hz (-10 dB) အထိလျော့ချပေးနိုင်မှာဖြစ်သလို အသံရိုက်ခတ်သံကိုလည်း ပိုမိုကောင်းမွန်စေမှာပါ8

10 W Silk Dome ပုံစံအသံချဲ့စပီကာ8

Devialet နှင့်ပူးပေါင်းပြီး အသံချဲ့ထားချိန်မှာတောင် ပိုမိုကြည်လင်ကောင်းမွန်စွာ နားဆင်နိုင်ဖို့အတွက် 10 W Silk Dome ပုံစံအသံချဲ့စပီကာက 20 kHz ( + 10 dB)8 အထိ Frequencies ရရှိအောင်စွမ်းဆောင်ပေးသွားမှာပါ။

သင့်ရဲ့သံစဉ်တွေကို သင်ကိုယ်တိုင်အသက်သွင်းပါ HUAWEI Sound Joy Long Battery Life
သံစဉ်တွေမှာအချိန်ကြာမြင့်စွာစီးမြောပါ
ဘယ်နေရာကိုသွားသွား သင်နှင့်အတူသံစဉ်တွေကို သယ်ဆောင်သွားလိုက်ပါ။ ကြီးမားတဲ့ 8800 mAh ဘက်ထရီ9 ပါ၀င်တဲ့ HUAWEI Sound Joy ကို တစ်ကြိမ်မျှ အားအပြည့်သွင်းထားရုံနဲ့ Bluetooth playback2 မှတစ်ဆင့် 26 နာရီကြာ မနားတမ်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။
HUAWEI Sound Joy Long Battery Life
26 hours
playback
8800 mAh
battery
HUAWEI Sound Joy Fast Charging
ပိုမိုလျင်မြန်
အားသွင်းရန်
40 W super-fast charging10နဲ့ ၁ နာရီတိတိ သံစဉ်များကို နားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။11
သံစဉ်တွေကဖွင့်တိုင်းမြူး Bluetooth 5.2
Bluetooth 5.2 စနစ်ကတော့ ပိုမိုကောင်းမွန်တဲ့အသံစနစ်ကို ရရှိစေမယ့်အပြင် ပါဝါစားနှုန်းသက်သာပြီး Latency ကိုလည်းလျော့ချပေးသွားမှာပါ။
HUAWEI Sound Joy BT
ပိုမိုကောင်းမွန်သော
အရည်အသွေး
ပိုမိုကြာရှည်ခံတဲ့
ဘက်ထရီသက်တမ်း
ပိုမိုရောက်ရှိနိုင်မယ့်
အသံအကွာအအဝေး
ပိုမိုတည်ငြိမ်တဲ့
အသံ Signal
စမတ်ကျစွာနားဆင်ပါ
ပေါင်းစည်းထားတဲ့
Stereo သံစဉ်
HUAWEI Sound Joy ကို လှုပ်ခါလိုက်ရုံဖြင့် နောက်ထပ်တစ်ခုနဲ့ အလိုလျောက်ချိတ်ဆက်ပေးသွားမှာဖြစ်လို့3
ပိုမိုကောင်းမွန်တဲ့အတွေ့အကြုံဖြင့် သံစဉ်များကို ခံစားနားဆင်နိုင်မှာဖြစ်ပါတယ်။
HUAWEI Sound Joy Shaking Pairing
အသံကုန်ဟစ်ကြွေးပျော်မြူးဖို့
Super Combo သုံးကြစို့
သံစဉ်များကို စပီကာအခု ၁၀၀ အထိချောမွေ့စွာချိတ်ဆက်နားဆင်နိုင်တာကြောင့်5 သင့်ရဲ့ပျော်ပွဲရွှင်ပွဲများအတွက် ရင်ခုန်မြူးတူးပျော်စရာကောင်းတဲ့ အခိုက်အတန့်ကိုရရှိစေမှာဖြစ်ပါတယ်။
HUAWEI Sound Joy Multi-Layer
တစ်ချက်ထိကာ ကူးပြောင်းလိုက်ပါ

သင့်ရဲ့ဖုန်းနဲ့ HUAWEI Sound Joy ကို ထိလိုက်ရုံဖြင့် သီချင်းများကို လွယ်ကူစွာချက်ချင်းကူးပြောင်း12 နိုင်တာကြောင့် Beat သံစဉ်တွေကိုမလွတ်တမ်းခံစားနိုင်မှာဖြစ်ပါတယ်။

HUAWEI Sound Joy One Touch Transfer

အလိုအလျောက်ရှာဖွေခြင်း

Auto-discovery feature13 နှင့်အတူ သင့်ရဲ့ Device တွေကို အချိန်မဆိုင်းပဲလွယ်ကူစွာချိတ်ဆက်လိုက်ပါ။ သင့်ရဲ့ ဖုန်း၊ Tablet နှင့် Laptop တို့ကို HUAWEI Sound Joy အနားကိုယူလာရုံဖြင့် သင့် Device မှာပေါ်လာတဲ့ Pop-up window ကို နှိပ်ပြီးချိတ်ဆက်နိုင်ပါတယ်။ ပိုမိုကောင်းမွန်ကျယ်လောင်တဲ့ အသံစနစ်ကို ဖုန်းပြောနေချိန်၊ ဂိမ်းဆော့နေချိန်နှင့် ရုပ်ရှင်ကြည့်နေချိန်တို့မှာ အပြည့်အဝခံစားလိုက်ပါ။
HUAWEI Sound Joy Auto Discovery
HUAWEI Sound Joy Auto Discovery
HUAWEI Sound Joy Auto Discovery
Mobile Tablet PC
HUAWEI Watch ဖြင့်ထိန်းချုပ်ခြင်း
သင့်ရဲ့ HUAWEI Watch နဲ့လည်း ချိတ်ဆက်ပြီး အသံအတိုးအကျယ်နှင့် သီချင်းကျော်ခြင်းများ14 ကို အလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင့်ရဲ့လက်ကောက်ဝတ်ကို မ ရတာမှခက်ခဲနေပါဦးမယ်။
HUAWEI Sound Joy Watch Control
Voice Assistant Pod
သင့်ဖုန်းမှာပါဝင်တဲ့ Voice Assistant ခလုပ်ကိုနှိပ်ပြီး အမှတ်တရ၊ သတိပေးချက်၊ သတင်းအချက်အလက်နှင့် အခြားတို့အတွက် Smart Voice Assistant15 feature ကို အသုံးပြုလိုက်ပါ။
HUAWEI Sound Joy Voice Assistant
  1. Quad Speaker များတွင် Full Range စပီကာ ၁ ခု၊ Tweeter ၁ ခုနှင့် Passive Radiator ၂ ခုပါ၀င်သည်။
  2. HUAWEI ဓာတ်ခွဲခန်းများမှရရှိသော ဒေတာြဖစ်သည်။ အမှန်တကယ်ဒေတာသည် စပီကာအသံ၊ သီချင်းအမျိုးအစား၊ အလင်းရောင် Effect နှင့် အသံ Effect တို့အပေါ်တွင်မူတည်သည်။ ဒေတာအားလုံးသည် အမှန်တကယ်အသုံးပြုသည့် ပုံစံတွင်မူတည်သည်။
  3. HUAWEI Sound Joy အချင်းချင်းသာ ချိတ်ဆက်နိုင်သည်။ စပီကာတစ်ခုကိုလှုပ်ယမ်းပြီး (သို့မဟုတ် Stereo key ကိုနှိပ်ပါ) Stereo system ရရှိနိုင်ဖို့ အခြားစပီကာတစ်ခုကိုလည်း ထိုကဲ့သို့ပြုလုပ်ကာ (၅) မိနစ်အတွင်းချိတ်ဆက်ပါ။ စပီကာ (၂) ခုသည် ၃ မီတာထက်မပိုသော အကွာအဝေးတွင်သာ ထားရှိရန်လိုအပ်သည်။ စပီကာ (၂) ခုထက်ပိုပြီး ချိတ်ဆက်၍မရနိုင်ပါ။
  4. HUAWEI ဓာတ်ခွဲခန်းများမှရရှိသော ဒေတာြဖစ်သည်။ ၂ မီတာအကွာအဝေးမှတိုင်းတာသည့် အကျယ်ဆုံးအသံသည် 79 dBA ဖြစ်သည်။
  5. စမ်းသပ်ခြင်းများမှရရှိသော ဒေတာများဖြစ်သည်။ HUAWEI Sound Joy စပီကာ (၂) လုံးကို Stereo Sound ရရှိရန် ဆက်သွယ်သည့်အခါ (သို့) စပီကာ (၃) လုံးကို Super Combo mode ဖြင့်ဆက်သွယ်နိုင်အောင် ပြုလုပ်သည့်အခါ အခြားစပီကာတစ်လုံးရှိ Mode Switch button ကို ဖိထားရန်လိုအပ်မည်ဖြစ်သည်။ စပီကာ (၂) လုံးကိုဆက်သွယ်သည့်အခါ တစ်ခုနှင့်တစ်ခုကို (၃) မီတာအကွာတွင်ထားရှိရန်အကြံပြုပါသည်။ Share feature ကို အသုံးပြုပြီးလည်း စပီကာများကိုဆက်သွယ်နိုင်သည်။ စပီကာ (၂) လုံးကို တစ်ပြိုင်နက်လှုပ်ယမ်းသည့်အခါ Stereo Sound connection ရရှိနိုင်မည်ဖြစ်ပြီး စပီကာ (၃) ခုနှင့်အထက်ကို လှုပ်ယမ်းပါက အားလုံးကိုချိတ်ဆက်ပေးကာ Super Combo mode ရရှိမည်ဖြစ်သည်။ Stereo Sound ဒါမှမဟုတ် Super Combo mode ကိုထားရှိလိုက်သည့်အခါတွင် စပီကာများကိုလှုပ်ယမ်းပြီး ပြန်လည်ပယ်ဖျက်နိုင်မည်မဟုတ်သည်ကို သတိပြုရန်လိုအပ်သည်။
  6. ရောင်စုံအဝိုင်းကို အလိုအလျောက်ဖွင့်ပေးထားမည်ဖြစ်သည်။ Pause button ကို ၃ စက္ကန့်မျှဖိ၍ ပိတ်ထားနိုင်သည်။
  7. စပီကာသည် ရေစိုခံနိုင်ရန်အထူးပြုလုပ်ထားသည့် စပီကာမဟုတ်ပါ။ သူသည် ပုံမှန်အသုံးပြုလျှင် ရေစင်ခံကာ ရေဒဏ်ကိုကာကွယ်နိုင်ပြီး ဖုန်မှုန့်ဒဏ်ကိုလည်း ကာကွယ်နိုင်သည်။ သူသည် IP67 rating ရရှိနိုင်ရန် IEC 60529 စံနှုန်းများဖြင့်တိုင်းတာသည့် ဓာတ်ခွဲခန်းများတွင် အထူးစမ်းသပ်ထားပါသည်။ သူ့ရဲ့ရေစိုခံခြင်းနှင့် ဖုန်မှုန့်ဒဏ်ခံနိုင်ခြင်းတို့သည် အမြဲမဟုတ်ပဲ နေ့စဉ်အသုံးပြုသည့်အလေ့အထကိုလိုက်၍ ပြောင်းလဲနိုင်ပါသည်။ ရေစိုနေသည့်အချိန်တွင် စပီကာကိုအားမသွင်းဖို့အကြံပြုသည်။ ရေစိုခြင်းနှင့်ပတ်သက်သည့် Error များအတွက် Warranty ရရှိနိုင်မည်မဟုတ်ပါ။
  8. HUAWEI ဓာတ်ခွဲခန်းများမှ ရရှိသောဒေတာဖြစ်သည်။
  9. ခန့်မှန်းတန်ဖိုး။
  10. SCP 2.0 နှင့် PD 3.0 protocol များအရ 40 W fast charging အထိ အထောက်အပံ့ပေးသည်။ စပီကာနှင့်အတူပါလာသော အားသွင်းကြိုးဖြင့်သာ အားသွင်းရန်အကြံပြုအပ်ပါသည်။ 5V/2A, 9V/2A နှင့် 10V/4A တို့ဖြင့်လည်း အားသွင်းနိုင်မည်ဖြစ်သည်။
  11. စပီကာကို ဘာမှမလုပ်ပဲထားချိန် (သို့မဟုတ်) ပါဝါပိတ်ထားချိန်တို့မှာ SCP 2.0 နှင့် PS 3.0 protocol များကိုထောက်ပံ့ပေးသည့် 40 W fast charging ကို အသုံးပြုပြီး ၁၀ မိနစ်ခန့်အားသွင်းရုံဖြင့် ပုံမှန်အနေအထားတွင် ၁ နာရီခန့်အသုံးပြုနိုင်မည်ဖြစ်သည်။
  12. တစ်ချက်ထိကူးပြောင်းခြင်းသည် NFC စနစ်ပါ၀င်သည့် Android 5.1 နှင့်အထက် စမတ်ဖုန်းများတွင်သာအသုံးပြုနိုင်သည်။ iOS ဖုန်းများတွင်အသုံးပြုနိုင်မည်မဟုတ်ပါ။
  13. ဖုန်းနှင့် Tablet များအတွက် အလိုအလျောက်ရှာဖွေခြင်းစနစ်သည် HarmonyOS 2 နှင့် အထက်အသုံးပြုထားမှသာ ရရှိနိုင်မည်။ အလိုအလျောက်ရှာဖွေခြင်းစနစ်ကို ထောက်ပံ့ပေးသည့် PC model များမှာ HUAWEI MateBook D 16 (AMD), HUAWEI MateBook 13 2021, HUAWEI MateBook 14 2021 နှင့် HUAWEI MateBook X Pro 2021 တို့ဖြစ်သည်။ အထက်ဖော်ပြပါ PC Model များသည် အဆိုပါ Feature ကို အသုံးပြုနိုင်ရန်အတွက် Software Upgrade ပြုလုပ်ထားရန်လိုအပ်သည်။
  14. သင့်ရဲ့ HUAWEI Watch ကိုထိပြီး စပီကာသို့သီချင်းအကူးအပြောင်းပြုလုပ်နိုင်သည်။ ယခု Feature ကို ထောက်ပံ့ပေးသည့် HUAWEI Watch များမှာ HUAWEI WATCH GT 2 Pro, HUAWEI WATCH 3 နှင့် HUAWEI WATCH GT 3 တို့ဖြစ်သည်။ HUAWEI WATCH 3 သည် Playback နှင့် HUAWEI ဖုန်းများကိုထိန်းချုပ်ခြင်း (EMUI 12 နှင့်အထက်) နှင့် စပီကာထိန်းချုပ်ခြင်းတို့ကို ထောက်ပံ့ပေးသည်။
  15. Voice Assistant စနစ်ပါ၀င်သည့် ဖုန်းများတွင်သာအသုံးပြုနိုင်သည်။
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်