HUAWEI အကူအညီ ကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက်
နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့ချိန်- [၂၃ ရက် ဇွန်လ ၂၀၂၀]

ဤဝက်ဘ်ဆိုဒ်ကို 9th Floor, Tower 6, The Gateway, No.9 Canton Road, Tsim Sha Tsui, Kowloon, Hong Kong, China တွင် ရုံးခန်းတည်ရှိသော HUAWEI Device (Hong Kong) Co., Limited နှင့် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ဝင်များ (ဤမှစ၍ နောင်တွင် "HUAWEI"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းထားပါသည်) က လည်ပတ်လုပ်ဆောင်ပါသည်။


သင့်ကိုယ်ပိုင် အချက်အလက်၏ အရေးကြီးပုံကို ကျွန်ုပ်တို့ နားလည်ပါသည်။ ကျွန်ုပ်တို့က သင့်ကိုယ်ရေး ဒေတာများကို မည်သို့ အသုံးပြုသည်ကို နားလည်ရန် ဤကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်ကို အချိန်ယူ၍ ဂရုတစိုက် ဖတ်ရှုပါ။


ဤထုတ်ပြန်ချက်တွင် ဖော်ပြသည်မှာ-


ကျွန်ုပ်တို့က စုစည်းရယူသည့် ဒေတာများ-

ကျွန်ုပ်တို့က သင့်ဒေတာများကို အသုံးပြုပုံ-

ကျွန်ုပ်တို့က သင့်ဒေတာများကို မျှဝေပုံ-

ကျွန်ုပ်တို့က သင့်ဒေတာများကို ထိန်းသိမ်းထားသည့် ကြာချိန်-

သင်၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များ-

ဤအသိပေးချက်တွင် အပ်ဒိတ်လုပ်မှုများ-


၁ ကျွန်ုပ်တို့က စုစည်းရယူသည့် ဒေတာများ

ကျွန်ုပ်တို့သည် ဤဝက်ဘ်ဆိုဒ်တွင် သင် အသုံးပြုသည့် ဝန်ဆောင်မှု အမျိုးအစားများအပေါ် မူတည်၍ သင့်အကြောင်း အောက်ပါ ကိုယ်ရေး ဒေတာများကို စုစည်းရယူပြီး စီမံဆောင်ရွက်နိုင်ပါသည်-

၁.၁   ဆက်သွယ်ရန် အသေးစိတ်အချက်များ- သင့်ကို ဆက်သွယ်ရန်နှင့် စက် ပို့ဆောင်ရေး/လာရောက်ယူဆောင်ရေးအတွက် လိုအပ်သလို စီစဉ်ရန် အမည်၊ အီးမေးလ် လိပ်စာ၊ ဖုန်းနံပါတ်၊ စာပို့ ကုဒ်နှင့် စာပို့ရန် လိပ်စာ။

၁.၂   စက် အသေးစိတ်- စက် အမျိုးအစား၊ စက် အမှတ်သင်္ကေတ (SN)

၁.၃   သုံးစွဲသူ ဝန်ဆောင်မှုများဆိုင်ရာ အချက်အလက်- သင်၏ ဆက်သွယ်ရန် အသေးစိတ်အချက်များနှင့် အီးမေးလ်၊ တိုက်ရိုက် ချက်ပြောဆိုမှုနှင့် ဟော့လိုင်း သို့မဟုတ် လူမှုမီဒီယာရှိ တိုက်ရိုက် မက်ဆေ့ချ်ဖြင့် သင်၏ HUAWEI အကူအညီထံ ဆက်သွယ်မေးမြန်းမှု မှတ်တမ်း။


၂ ကျွန်ုပ်တို့က သင့်ဒေတာများကို အသုံးပြုပုံ

၂.၁   ကျွန်ုပ်တို့သည် တောင်းဆိုထားသည့် ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန်နှင့် သင်နှင့် ပတ်သက်၍သော်လည်းကောင်း၊ ဆက်စပ်သည့် ရည်ရွယ်ချက်များအတွက်သော်လည်းကောင်း စာချုပ်အရ ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖော်ပြပါ သင်၏ ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ပါသည်။ ဤထုတ်ပြန်ချက်တွင် အခြားနည်းအားဖြင့် သတ်မှတ်ထားခြင်း မရှိလျှင် သင်က ဤဝန်ဆောင်မှုများအတွက် သင့်ကိုယ်ရေး ဒေတာများကို စုဆောင်းခြင်းနှင့် စီမံဆောင်ရွက်ခြင်းကို ငြင်းပယ်လိုက်လျှင် သက်ဆိုင်သည့် ဝန်ဆောင်မှု(များ)ကို သုံးစွဲနိုင်တော့မည် မဟုတ်ပါ။

(၁) အာမခံအကြောင်း မေးမြန်းမှု- သင့်စက်တွင် အာမခံရှိသေးခြင်း ရှိ၊ မရှိ စစ်ဆေးရန် [https://consumer.huawei.com/mm/support/warranty-query/] နှင့် အာမခံရှိသော စက်များကို ပြုပြင်ပေးရန် ကျွန်ုပ်တို့သည် သင့်စက်၏ အသေးစိတ်အချက်များနှင့် သုံးစွဲသူ ဝန်ဆောင်မှုများ၏ အချက်အလက်များကို စီမံဆောင်ရွက်ပါသည်။

(၂) ပြုပြင်မှု အခြေအနေ မေးမြန်းမှုနှင့် အပိုပစ္စည်း ဈေးနှုန်း မေးမြန်းမှု- သင့်စက် ပြုပြင်မှု အခြေအနေကို အွန်လိုင်း [https://consumer.huawei.com/mm/support/inquiry/] တွင် ခြေရာခံနိုင်စေရန် သို့မဟုတ် ထုတ်ကုန်၏ အပိုပစ္စည်း ဈေးနှုန်းကို စစ်ဆေးရန် ကျွန်ုပ်တို့သည် သင့်စက်၏ အသေးစိတ်အချက်များ (SN/SR/ဖုန်းနံပါတ်) ကို စီမံဆောင်ရွက်ပါသည်။

(၃) သုံးစွဲသူ ဝန်ဆောင်မှုဌာန- သင့်စက်၏ ပြဿနာများအတွက် ချို့ယွင်းချက် ရှာဖွေသောအခါ သင့်ကို ဆက်သွယ်ရန် သင်၏ ဆက်သွယ်ရန် အသေးစိတ်အချက်များကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ဝန်ဆောင်မှုကို စောင့်ကြည့်စစ်ဆေးပြီး အရည်အသွေး တိုးတက်အောင် လုပ်ဆောင်ရန်အတွက် သင်၏ သုံးစွဲသူ ဝန်ဆောင်မှုများဆိုင်ရာ အချက်အလက်များကိုလည်း ကျွန်ုပ်တို့က စီမံဆောင်ရွက်ပါသည်။

၂.၂   ကျွန်ုပ်တို့၏ တရားဝင် အကျိုးစီးပွားများအပေါ် မူတည်၍ ကျွန်ုပ်တို့သည် ဆက်စပ်နေသော ရည်ရွယ်ချက်များအတွက် အောက်ပါ ဒေတာများကို စီမံဆောင်ရွက်ပါသည်-

သုံးစွဲသူ၏ စုံစမ်းမေးမြန်းမှုများ- ကျွန်ုပ်တို့သည် သင်၏မေးခွန်းများနှင့် စုံစမ်းမှုများ၊ အော်ဒါများ၊ ပြန်လည်ပေးပို့မှုများ၊ ပြဿနာဖြေရှင်းခြင်း၊ မေးလေ့ရှိသည့် မေးခွန်းများနှင့် ဟော့လိုင်း၊ အီးမေးလ်၊ တိုက်ရိုက် ချက်ပြောဆိုမှု၊ ဟော့လိုင်း သို့မဟုတ် လူမှုမီဒီယာ မည်သည့်နည်းလမ်းဖြင့်မဆို သုံးစွဲသူက စုံစမ်းမေးမြန်းသမျှ အခြားအရာ အားလုံးအတွက် အကူအညီပေးနိုင်ရန် သင်၏ ဆက်သွယ်ရန် အသေးစိတ်အချက်များနှင့် သုံးစွဲသူ ဝန်ဆောင်မှုများဆိုင်ရာ အချက်အလက်များကို စီမံဆောင်ရွက်ပါသည်။

၂.၃   သင့်သဘောတူညီချက်အပေါ် မူတည်၍ ဆက်စပ်သော ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့က အောက်ပါ ဒေတာများကို စီမံဆောင်ရွက်ပါသည်-

ဈေးကွက်ရှာဖွေခြင်း- သင့်သဘောတူညီချက်ဖြင့် ကျွန်ုပ်တို့သည် သုံးစွဲသူ စိတ်ကျေနပ်မှုဆိုင်ရာ တုံ့ပြန်မှု စစ်တမ်းများအတွက် အပါအဝင် ဈေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် သင်၏ အီးမေးလ် နှင့်/သို့မဟုတ် ဖုန်းနံပါတ်နှင့် ကွတ်ကီးဒေတာများကို စီမံဆောင်ရွက်ပါသည်။ သင်သည် ဈေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေး ဒေတာများကို အသုံးပြုခြင်းအား အချိန်မရွေး ကန့်ကွက်နိုင်ပါသည်။ မည်သို့လုပ်ဆောင်ရမည်ကို နောက်ထပ် အသေးစိတ် သိရှိရန် အပိုင်း ၅ ကို ကြည့်ပါ- သင်၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များ။ ကျွန်ုပ်တို့၏ ကွတ်ကီးများကို အသုံးပြုပုံနှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ် သိရှိရန် ကျွန်ုပ်တို့၏ ကွတ်ကီးများဆိုင်ရာ အသိပေးချက် [https://consumer.huawei.com/mm/legal/cookie-policy/] ကို ကြည့်ပါ။ သင်၏ သဘောတူညီချက်ကို မရုပ်သိမ်းမီ ထိုသဘောတူညီချက်အပေါ် အခြေခံ၍ တရားဝင် စီမံဆောင်ရွက်ထားသည့် လုပ်ဆောင်ချက်အပေါ် ထိခိုက်ခြင်းမရှိဘဲ သင့်အနေဖြင့် သင်၏ သဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းပိုင်ခွင့်ရှိသည်။


၃ ကျွန်ုပ်တို့က သင့်ဒေတာများကို မျှဝေပုံ

၃.၁   ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများနှင့် မျှဝေခြင်း- ကျွန်ုပ်တို့သည် ငွေပေးချေ ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများ၊ သုံးစွဲသူ ဝန်ဆောင်မှု ကိုယ်စားလှယ်များနှင့် စက်ပြုပြင်ပေးသည့် ကုမ္ပဏီများ အပါအဝင် ပြင်ပ အဖွဲ့အစည်း ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများကို အသုံးပြုပါသည်။ ၎င်းတို့သည် စာချုပ်အရ ကျွန်ုပ်တို့နှင့် ပတ်သက်၍ ၎င်းတို့၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်သလောက်သာ သင့်ကိုယ်ရေး ဒေတာများကို ဝင်ရောက် သုံးစွဲပါမည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှု ပံ့ပိုးရေး ကုမ္ပဏီများကို ဂရုတစိုက် ရွေးချယ်၍ တာဝန်ပေးထားခြင်းဖြစ်ပြီး စာချုပ်အတိုင်း လိုက်နာဆောင်ရွက်စေသည့်အပြင် အခြားသော ရည်ရွယ်ချက်များအတွက် ၎င်းတို့က သင့်ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်မည် မဟုတ်ပါ။

၃.၂   အဖွဲ့ဝင် ကုမ္ပဏီများအတွင်း မျှဝေခြင်း- သင့်စက်တွင် အာမခံရှိသေးခြင်း ရှိ၊ မရှိ စစ်ဆေးရန် ကျွန်ုပ်တို့သည် သင်၏ SN နှင့် ဝယ်ယူမှု သက်သေတို့ကို သင့်စက် သက်ဝင်လုပ်ဆောင်သည့် ရက်စွဲကို မှတ်တမ်းတင်ထားသော တရုတ်ရှိ ကျွန်ုပ်တို့၏ HUAWEI အဖွဲ့ဝင် ကုမ္ပဏီ HUAWEI Device Co., Ltd. နှင့် မျှဝေပါမည်။ ကျွန်ုပ်တို့သည် အပိုပစ္စည်းများကို ခန့်မှန်းခြင်းနှင့် စက်ပြုပြင်ပေးသည့် ကုမ္ပဏီထံ ငွေပေးချေရန် ရည်ရွယ်ချက်များအတွက် စက် အမျိုးအစားနှင့် ပျက်စီးသွားသည့် အစိတ်အပိုင်းများကဲ့သို့ မည်သူမည်ဝါ ခွဲခြားသတ်မှတ်နိုင်ခြင်း မရှိသော အချက်အလက်များကိုလည်း HUAWEI Device Co., Ltd. နှင့် မျှဝေပါမည်။

၃.၃   ဥပဒေအရ သို့မဟုတ် စည်းမျဉ်းအရ ထုတ်ဖော်မှုများ- HUAWEI သည် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်း သတ်မှတ်ချက်များနှင့် ကိုက်ညီရန် စည်းကမ်းထိန်းသိမ်းရေး အရာရှိများ၊ တရားရုံးများ သို့မဟုတ် အစိုးရ အေဂျင်စီများထံမှ တောင်းဆိုချက်များကို တုံ့ပြန်သည့်အနေဖြင့် သို့မဟုတ် ကျွန်ုပ်တို့၏ တရားဝင် အခွင့်အရေးများကို သက်သေပြရန် သို့မဟုတ် ခုခံကာကွယ်ရန် သင့်ကိုယ်ရေး ဒေတာများကို မျှဝေနိုင်ပါသည်။

၃.၄   လုပ်ငန်း ပြန်လည်ဖွဲ့စည်းခြင်း- လုပ်ငန်းပေါင်းစည်းခြင်း၊ လုပ်ငန်းဝယ်ယူခြင်း၊ ပိုင်ဆိုင်ပစ္စည်းများ ရောင်းချခြင်း (ဝန်ဆောင်မှု သဘောတူညီချက်များကဲ့သို့) သို့မဟုတ် HUAWEI အုပ်စု သို့မဟုတ် အခြားကုမ္ပဏီသို့ ဝန်ဆောင်မှု လွှဲပြောင်းခြင်းတို့၏ တစ်စိတ်တစ်ဒေသအဖြစ်လည်း သင့်ကိုယ်ရေး ဒေတာများကို ထုတ်ဖော်ပြောဆိုနိုင်ပါသည်။

သင့်ကိုယ်ရေး ဒေတာများကို စင်္ကာပူသို့ လွှဲပြောင်း၍ သိမ်းဆည်းပါသည်။ သင့်ကိုယ်ရေး ဒေတာများကို စင်္ကာပူ ပြင်ပသို့ လွှဲပြောင်းသောအခါ HUAWEI သည် သင့်ကိုယ်ရေး ဒေတာများအပေါ် တူညီသော အဆင့်ဖြင့် ဒေတာ ကာကွယ်ရေး ပြုလုပ်ပေးနိုင်ရန် စာချုပ်ဆိုင်ရာ အပိုဒ်ငယ်များ ထည့်သွင်းခြင်းဖြင့် သင့်နိုင်ငံ ပြင်ပတွင် လွှဲပြောင်းလိုက်သော သို့မဟုတ် ဝင်ရောက် သုံးစွဲသော သင့်ကိုယ်ရေး ဒေတာများကို ကာကွယ်ရန် သက်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်အားလုံးကို လိုက်နာပါသည်။


၄ ကျွန်ုပ်တို့က သင့်ဒေတာများကို ထိန်းသိမ်းထားသည့် ကြာချိန်

ကျွန်ုပ်တို့သည် သင့်ကိုယ်ရေး ဒေတာများကို လိုအပ်သည့်အချိန်ထက်ပို၍ ထိန်းသိမ်းထားမည် မဟုတ်ပါ။ အထူးသဖြင့်-

၄.၁   သင့်စက်ကို ပြုပြင် ဝန်ဆောင်မှုပေးသည့် အချက်အလက်- အမည်၊ အီးမေးလ် လိပ်စာ၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် စက် အမှတ်သင်္ကေတ (SN/SR/ဖုန်းနံပါတ်) တို့ကို သင် ကျွန်ုပ်တို့ကို နောက်ဆုံး ဆက်သွယ်ခဲ့သည့် နေ့မှစ၍ ၂၄ လအထိ ထိန်းသိမ်းထားပါမည်။

၄.၂   ချက်ပြောဆိုမှု မှတ်တမ်းနှင့် အီးမေးလ် အကြောင်းအရာတို့ကို သင် ကျွန်ုပ်တို့ကို နောက်ဆုံး ဆက်သွယ်ခဲ့သည့် နေ့မှစ၍ ၆ လအထိ ထိန်းသိမ်းထားပါမည်။ ဟော့လိုင်း မှတ်တမ်းကို ၁၂ လကြာ ထိန်းသိမ်းထားပါမည်။ အခြားလူမှုမီဒီယာ (ဝက်ဘ်/အက်ပ်များ) တွင် ချက်ပြောဆိုမှု မှတ်တမ်းကို ၁၂ လကြာ ထိန်းသိမ်းထားပါမည်။

၄.၃   အာမခံနှင့် စက် ပြုပြင်မှု အခြေအနေနှင့် ပတ်သက်၍ သင် မေးမြန်းသောအခါ အချက်အလက်ကို စစ်ဆေးရန် စက် အမှတ်သင်္ကေတ (SN) ကို အသုံးပြုပါမည်။ ဤအချက်အလက်များကို အသုံးပြုပြီးလျှင်ပြီးချင်း ဖျက်ပစ်မည်ဖြစ်ပြီး သိမ်းဆည်းထားမည် မဟုတ်ပါ။

အထက်ပါ ထိန်းသိမ်းမှု ကာလတစ်ခုစီနှင့် စပ်လျဉ်း၍ အပိုင်း ၅ အောက်ရှိ သင်၏ ကန့်ကွက်ပိုင်ခွင့်နှင့် ဖျက်ပစ်ပိုင်ခွင့်များကို အသုံးချကာ ထိန်းသိမ်းမှုကာလ မပြည့်မီ အချိန်စော၍ ဖျက်ပစ်ပေးရန် တိတိကျကျ တောင်းဆိုနိုင်သည်- သင်၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များ။ တောင်းဆိုချက်များကို သက်ဆိုင်ရာ ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကိုင်တွယ်ဖြေရှင်းပါမည်။


၅ သင်၏ အခွင့်အရေးများနှင့် ရွေးချယ်ခွင့်များ

သင့်အခွင့်အရေး ဖော်ပြချက် သင့်အခွင့်အရေးများကို ဘယ်လို အသုံးချမလဲ။
ဝင်ရောက် သုံးစွဲခွင့် ကျွန်ုပ်တို့ စီမံဆောင်ရွက်သည့် ကိုယ်ရေး ဒေတာ မိတ္တူတစ်စောင်ကို လက်ခံရရှိနိုင်သည်။ ဤနေရာ တွင် သင်၏ ဒေတာပိုင်ရှင် အခွင့်အရေးများကို အသုံးချနိုင်သည်။
လွှဲပြောင်းခွင့် သင်က ကျွန်ုပ်တို့ကို ပံ့ပိုးထားသော အချို့ဒေတာများကို စက်ဖြင့် ဖတ်၍ရသော ပုံစံဖြင့် လက်ခံရရှိနိုင်ပါသည်။ သင့်ကိုယ်ရေး ဒေတာများ၏ ဒစ်ဂျစ်တယ် မိတ္တူတစ်စောင်ကို ရယူရန် လိုအပ်ပါက-
ဤနေရာ တွင် သင်၏ ဒေတာပိုင်ရှင် အခွင့်အရေးများကို အသုံးချနိုင်သည်။
ဖျက်ပစ်ပိုင်ခွင့်      အခြေအနေအချို့တွင် သင့်ဒေတာများကို သင် ဖျက်ပစ်ခိုင်းနိုင်ပါသည်။ ဤနေရာ တွင် သင်၏ ဒေတာပိုင်ရှင် အခွင့်အရေးများကို အသုံးချနိုင်သည်။
ပြင်ဆင်ပိုင်ခွင့် သင်သည် မှားယွင်းနေသော သင်၏ ဒေတာများကို ပြင်ဆင်ပေးခိုင်းနိုင်သလို မပြည့်စုံသော ဒေတာများကိုလည်း ပြည့်စုံအောင် ဖြည့်စွက်နိုင်ပါသည်။ ဤနေရာ တွင် သင်၏ ဒေတာပိုင်ရှင် အခွင့်အရေးများကို အသုံးချနိုင်သည်။
သဘောတူညီချက် ရုပ်သိမ်းခြင်း သင့်သဘောတူညီချက်များအပေါ် မူတည်၍ ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ခြင်းအတွက် သဘောတူညီချက်များကို ရုပ်သိမ်းနိုင်ပါသည်။ အသိပေး အချက်ပြမှုအတွက် သက်ဆိုင်ရာ ဘရောက်ဇာတွင် သင့်သဘောတူညီချက်ကို ရုပ်သိမ်းရန် သင့်ဘရောက်ဇာဆက်တင်များသို့ သွားပါ။
ကန့်ကွက်ပိုင်ခွင့် သင်သည် တိုက်ရိုက် ဈေးကွက်ရှာဖွေခြင်းကဲ့သို့ အချို့သော ရည်ရွယ်ချက်များအတွက် သင့်ဒေတာများကို စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်နိုင်ပါသည်။ ဤနေရာ တွင် သင်၏ ကန့်ကွက်ပိုင်ခွင့်ကို အသုံးချနိုင်ပါသည်။
စီမံဆောင်ရွက်ခြင်းကို ကန့်သတ်ပိုင်ခွင့် သင်သည် အချို့ အခြေအနေများတွင် သင်၏ ကိုယ်ရေး ဒေတာကို စီမံဆောင်ရွက်ခြင်းအား ကန့်သတ်နိုင်ပါသည်။ အောက်ပါ အခြေအနေများတွင် သင့်ဒေတာများကို စီမံဆောင်ရွက်ခြင်းကို ကန့်သတ်ပေးရန် ဤနေရာ တွင် တောင်းဆိုပိုင်ခွင့်ရှိသည်-
• သင့်ဒေတာများ တိကျမှန်ကန်မှုမရှိကြောင်း သင်က ပြောဆိုထားပြီး ကျွန်ုပ်တို့က သင့်ဒေတာများ၏ တိကျမှန်ကန်မှုကို စစ်ဆေးအတည်ပြုရန် အချိန်လိုအပ်ပါက။
• သင်၏ ဒေတာကို တရားဥပဒေနှင့် မလျော်ညီစွာ စီမံဆောင်ရွက်ထားသော်လည်း သင်က ၎င်းကို ဖျက်မပစ်လိုပါက။
• ကျွန်ုပ်တို့က သင့်ဒေတာများကို သိမ်းဆည်းထားမည် မဟုတ်တော့သည့်အချိန်တွင် သင့်အနေဖြင့် ဥပဒေအရ လုပ်ပိုင်ခွင့်များရှိကြောင်း အခိုင်အမာ သက်သေပြရန်၊ လုပ်ပိုင်ခွင့်များကို အသုံးချရန်နှင့် ခုခံကာကွယ်ရန်အတွက် ကျွန်ုပ်တို့အား အဆိုပါ သင့်ဒေတာများကို သိမ်းထားပေးရန် တောင်းဆိုပါက။
• ကန့်ကွက်မှုအတွက် သင်၏ တောင်းဆိုချက်သည် ကျွန်ုပ်တို့၏ အတည်ပြုမှုကို စောင့်ဆိုင်းနေချိန်တွင်။

HUAWEI က သင့်ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ပုံနှင့် ပတ်သက်၍ မကျေနပ်ချက် ရှိပါက သို့မဟုတ် မေးမြန်းလိုသည်များ ရှိပါက သင်၏ မေးခွန်းကို ဤနေရာ တွင် ပေးပို့ပါ။

သင်သည် ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိထံလည်း ဆက်သွယ်နိုင်ပြီး ရုံးခန်းမှာ အောက်ဖော်ပြပါလိပ်စာတွင် တည်ရှိပါသည်-

HUAWEI Device (Hong Kong) Co., Limited
9th Floor, Tower 6, The Gateway,
No.9 Canton Road, Tsim Sha Tsui,
Kowloon, Hong Kong, China

သင့်တွင် သင်၏ ဒေသဆိုင်ရာ ဒေတာ ကာကွယ်ရေး အာဏာပိုင်အဖွဲ့ထံ တိုင်ကြားပိုင်ခွင့်လည်း ရှိပါသည်။


၆ ဤအသိပေးချက်တွင် အပ်ဒိတ်လုပ်မှုများ

HUAWEI သည် ဤအသိပေးချက်ကို အချိန်မရွေး အပ်ဒိတ်လုပ်ခွင့် ရှိပါသည်။ ဤအသိပေးချက်ကို အပ်ဒိတ်လုပ်သည်ရှိသော် HUAWEI သည် နောက်ဆုံးထွက် ဗားရှင်းကို ကျွန်ုပ်တို့၏ တရားဝင် ဝက်ဘ်ဆိုဒ်တွင် တင်ထားခြင်း အပါအဝင် အမျိုးမျိုးသော လိုင်းများမှတစ်ဆင့် ပြောင်းလဲကြောင်းအသိပေးချက်ကို ထုတ်ပြန်မည် ဖြစ်ပါသည်- https://consumer.huawei.com/mm/support/.

ဤကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်၏ နောက်ဆုံးဗားရှင်းကို ဤနေရာတွင် အမြဲရနိုင်ပါသည်။ ဤကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်ကို နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့သည့် အချိန်ကို ကြည့်ရန် အပေါ်ဘက်တွင် ဖော်ပြထားသော "စတင်သက်ရောက်သည့် ရက်စွဲ" ကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။

အရေးကြီးသည်-ဤကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်သည် ဤဝက်ဘ်ဆိုဒ်နှင့်သာ သက်ဆိုင်ပါသည်။ အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့၏ ကိုယ်ပိုင် အချက်အလက်ဆိုင်ရာ ကတိပြုချက်များအတွက် ထိုထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ သက်ဆိုင်ရာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အသိပေးချက်ကို ကြည့်ပါ။ သင့်အနေဖြင့် HUAWEI ၏ ကိုယ်ပိုင် အချက်အလက်ဆိုင်ရာ ကတိပြုချက်များကို အကြမ်းဖျင်းအားဖြင့် လေ့လာလိုပါက ကျွန်ုပ်တို့၏ HUAWEI သုံးစွဲသူ လုပ်ငန်း ကိုယ်ရေးအချက်အလက် လုံခြုံရေး ထုတ်ပြန်ချက် [https://consumer.huawei.com/mm/legal/privacy-policy/] ကို ဖတ်ပါ။