HUAWEI MediaPad T2 7.0 Pro PC နှင့် တက်ဘလက်များ

၇လက်မ full HD LTPS မျက်နှာပြင်

၇လက်မ full HD LTPS မျက်နှာပြင်
Pixel density မြင့်မားပြီး နှိုင်းယှဉ်အချိုးအစား 1000:1 ရှိသော ၇လက်မ full HD မျက်နှာပြင်က သင့်အတွက် တမူထူခြားတဲ့ အမြင်အာရုံတွေကို ပေးစွမ်းနိုင်ပါတယ်။

အလွယ်တကူထိတွေ့နိုင်ရန်နှင့် စမတ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန်အတွက် ဘေးဘောင်လက်ဗွေရာစနစ်

အလွယ်တကူထိတွေ့နိုင်ရန်နှင့် စမတ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန်အတွက် ဘေးဘောင်လက်ဗွေရာစနစ်
လက်ဗွေရာစနစ်မှာ တိကျမြန်ဆန်ပြီး အလွယ်တကူထိတွေ့နိုင်ပါတယ်။ ရေစိုနေသောလက်ဖြင့်ဖွင့်နိုင်စွမ်းကို တိုးမြှင့်ပေးထားပြီး ဓါတ်ပုံရိုက်ရာတွင်လဲ shutter ခလုတ်အဖြစ်အသုံးပြုနိုင်ပါတယ်။

မြန်နှုန်းမြင့်အင်တာနက်အသုံးပြုနိုင်စွမ်း

မြန်နှုန်းမြင့်အင်တာနက်အသုံးပြုနိုင်စွမ်း
SIM ၂ကတ်စိုက်အသုံးပြုနိုင်ပြီး မြန်နှုန်းမြင့် LTE Cat-4 ဆက်သွယ်မှုကို ထောက်ပံ့ပေးပါတယ်။

အခိုက်အတန့်လေးတိုင်းကို မလွတ်တမ်းရိုက်ကူးလိုက်ပါ

အခိုက်အတန့်လေးတိုင်းကို မလွတ်တမ်းရိုက်ကူးလိုက်ပါ
အလင်းဝင်ပေါက် F2.0 ရှိပြီး မှန်ဘီလူး၅ထပ်နှင့် blue glass filter တို့ပေါင်းစပ်ဖွဲ့စည်းထားတဲ့ 13MP အနောက်ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ All-focus, Panorama, HDR, Time-lapse အစရှိတဲ့ အမျိုးမျိုးသော ဓါတ်ပုံရိုက်ချက်များကို ထောက်ပံ့ပေးပါတယ်။

ပိုမိုကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် တာရှည်ခံဘက်ထရီသက်တမ်း

ပိုမိုကြာရှည်စွာအသုံးပြုနိုင်ရန်အတွက် တာရှည်ခံဘက်ထရီသက်တမ်း
4360 mAh ဘက်ထရီနှင့် HUAWEI စမတ်ပါဝါချွေတာရေးနည်းပညာတို့ကို ပေါင်းစပ်ပေးထားပါတယ်။

စာဖတ်ချိန်တွင် မျက်စိကိုအနားပေးနိုင်စွမ်း

စာဖတ်ချိန်တွင် မျက်စိကိုအနားပေးနိုင်စွမ်း
စာဖတ်နေချိန်တွင် အန္တရာယ်ရှိသော အပြာရောင်အလင်းကို လျော့ချပေးခြင်းဖြင့် သင့်မျက်လုံးကိုအကာကွယ်ပေးနိုင်ပါတယ်။

စတိုင်ကျလှပသောဒီဇိုင်း

စတိုင်ကျလှပသောဒီဇိုင်း
သေသပ်လှပပြီး တစ်သားတည်းကျသောကိုယ်ထည်ဒီဇိုင်းကို အရောင်လေးရောင်ရွေးချယ်နိုင်ပါတယ်။
ပန်းရောင်, အပြာရောင်, ရွှေရောင်, အဖြူရောင်