HUAWEI MediaPad M1 8.0

  • ရိုးရှင်း၍ လှပသော ဒီဇိုင်း

    အလွန်ဆွဲဆောင်မှုရှိသောဒီဇိုင်း၊ သတ္တုကိုယ်ထည်၊ အလူမီနီယံ ဘေးဘောင် စသည့် အချက်များကို သင်သည် HUAWEI MediaPad M1 8.0 တွင်တွေ့ရှိရမည် ဖြစ်ပါသည်။ HUAWEI MediaPad M1 8.0 ၏ သေသပ်သော ဒီဇိုင်း၊ ထောင့်ချိုးများ၏ သပ်ရပ်မှု စသည့် ပြီးပြည့်စုံမှုများက သင့် ကို ရင်သပ်ရှုမော အံ့သြမှုများ ကိုပေးစွမ်းစေမှာပါ။

  • တခါတရံမှာ သွယ်လျပါးလျမှု သည်လည်း လှပမှု တမျိုးပါ။

    HUAWEI MediaPad M1 8.0 သည် အလွန်သွယ်လျပါးလွှာ၍ ပေါ့ပါးသော အလေးချိန် ၇.၉မီလီမီတာ သာရှိပြီး ၈လက်မမျက်နှာပြင်အကျယ်နှင့် ဘေးဘောင် သည် ၆မီလီမီတာသာ ရှိသောကြောင့် အလွန်ကျဉ်းမြောင်းသဖြင့် သင့်ကို ပိုမို၍ စတိုင်ကျ လှပစေမှာ ဖြစ်ပါသည်။ ယခုလို ပြီးပြည့်စုံမှုအချက်များကြောင့် သင်သွားသော နေရာမှန်သမျှ ကို သင့်ခေါ်ဆောင်သွားလိမ့်မည် လို့ ယုံကြည်ပါသည်။

  • ရုပ်ထွက်ပိုင်းရော အသံပိုင်းပါ အထူးကောင်းမွန်မှု

    1080p FHDရှိ ကြည်လင်ပြတ်သားသော ပုံရိပ်ကို ပေးမည့် မျက်နှာပြင် နှင့် စပီကာ နှစ်လုံးက သင့်အား အကောင်းဆုံးတွေကို ပေးစွမ်းမှာ ဖြစ်ပါသည်။ သင့်ကို ပျော်ရွှင်ဖွယ် မာတီမီဒီယာ အတွေ့အကြုံတွေကို ပေးမှာလည်းဖြစ်ပါသည်။

  • လုပ်ဆောင်ချက် နှင့် စွမ်းရည် အတူတကွ ပေါင်းစည်းမှု

    ပရောစက်ဆာ (Processor) လေးလုံး နှင့်အတူ 4800 mAh ရှိစွမ်းရည်မြင့် ဘတ္ထရီ သည် သင့်ဆောင်ရွက်ချက်များကို မြန်ဆန်သွက်လက်စေမှာပါ။

  • ဘလူးတုသ် နှင့် HUAWEI စမတ်ဘန် ပေါင်းစပ်မှု

    HUAWEI MediaPad M1 8.0 သည် ကမ္ဘာ့ ပထမဆုံးသော ဟိုင်းဘရစ် ဘလူးတု ဟတ်ဆက် နှင့် စမတ်ဘန် နှစ်မျိုးကို ပေါင်းစပ်ထားသော HUAWEI ၏ Talk Band (တော့လ်ဘန်) ဖြင့် အဆင်ပြေမှုရှိစွာ တွဲဘက်အသုံးပြုနိုင် ပါသည်။ HUAWEI Talk Band (တော့လ်ဘန်) သည် ဟန်းဖရီးခေါ်ဆိုမှု နှင့် လေ့ကျင့်ခန်းလုပ်ဆောင်မှု မှတ်တမ်းများကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်းဖြစ်ပါသည်။ ဖုန်းခေါ်ဆိုချိန် ၇နာရီကျော်ကျော် နှင့် အသင့်အနေအထား အခြေအနေ (standby mode) တွင် နှစ်ပတ်ကျော် ထိ HUAWEI Talk Band (တော့လ်ဘန်) ကို သင်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

  • သင်သွားမည့် လမ်းကြောင်းကို အကောင်းမွန်ဆုံးဖြစ်အောင် လမ်းညွှန်ပေးမှာပါ

    မည်သည့် လမ်းကြောင်းက သွားရမည်ကို သင်စဉ်းစားနေပါသလား? HUAWEI MediaPad M1 8.0 ၏ ဂျီပီအက်စ် မှ သင့်ကို အကောင်းဆုံးလမ်းကို ညွှန်ပြပေးပါလိမ့်မည်။