HUAWEI GR5 2017

ပိုမိုကောင်းမွန်သောကမ္ဘာကြီးအတွက် ကင်မရာနှစ်လုံး

ပိုမိုကောင်းမွန်သောကမ္ဘာကြီးအတွက် ကင်မရာနှစ်လုံး

HUAWEI GR5 2017 သည်ကောင်းမွန်သောဓါတ်ပုံများကို ပိုမိုလွယ်ကူမြန်ဆန်စွာရိုက်ကူးနိုင်ရန်အတွက် ကင်မရာနှစ်လုံးနည်းပညာကို အသုံးပြုထားပါတယ်။ ကင်မရာနှစ်လုံးကိုအသုံးပြုခြင်းအားဖြင့် ဓါတ်ပုံရိုက်ကူးခြင်းလုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်သည့်အပြင် သင့်ရဲ့ရိုက်ချက်များကို အနုပညာရသမြောက်စေပြီး ပုံမှန်ဖုန်းကင်မရာများဖြင့်မရရှိနိုင်သော ကျွမ်းကျင်အဆင့်ရိုက်ချက်များကိုရရှိနိုင်ပါတယ်။ ကင်မရာနှစ်လုံးရဲ့ “BOKEH” အထူးပြုလုပ်ချက်ဖြင့် ကျွမ်းကျင်အဆင့်ဓါတ်ပုံဆရာများသကဲ့သို့ “blur” effect များအသုံးပြုရိုက်ကူးထားသော အနုပညာလက်ရာမြောက်လှတဲ့ ဓါတ်ပုံများကို ရရှိနိုင်ပါတယ်။

ညအမှောင်ကို အလင်းဆောင်လိုက်ပါ

ညအမှောင်ကို အလင်းဆောင်လိုက်ပါ

သူငယ်ချင်းများနဲ့ ညဘက်အပြင်ထွက်ခြင်း၊ ပါတီပွဲလုပ်ခြင်းတို့က ဒီထက်ပိုကောင်းလာဖို့ပဲရှိပါတယ်။ 12 megapixel အနောက်ကင်မရာနှင့် ကြီးမားသော 1.25 μm pixel sensor တို့ဖြင့် အလင်းနည်းသောညအခါမှာ ကြည်လင်တောက်ပတဲ့ ဓါတ်ပုံတွေကိုရိုက်ကူးနိုင်ပါတယ်။ PDAF focus ဖြင့် ၀.၃စက္ကန့်အတွင်း လျင်မြန်စွာ ဆုံချက်ကျနိုင်စွမ်းက သင့်ရဲ့အသက်ရှုမှားလောက်ဖွယ်ရာရိုက်ချက်များကို အချိန်ကိုက်ရိုက်ကူးနိုင်ရန် စွမ်းဆောင်ပေးပါတယ်။ ထိုကဲ့သို့သောလုပ်ဆောင်ချက်များဖြင့် သင်အလိုရှိရာများကိုလျင်မြန်ကောင်းမွန်စွာရိုက်ကူးနိုင်ဖို့အတွက် HUAWEI GR5 2017 က သင့်ဘဝရဲ့အတောက်ပဆုံးအချိန်တွေကို လွယ်လင့်တကူရိုက်ကူးနိုင်ရန် သင်နှင့်အတူ နေ့ညမရွေးရှိနေမှာပါ။

ဓါတ်ပုံတိုင်းအတွက် အကောင်းဆုံးရုပ်ထွက်

ဓါတ်ပုံတိုင်းအတွက် အကောင်းဆုံးရုပ်ထွက်

သင့်ရဲ့အပြုံးနဲ့ ပျော်ရွှင်မှုတွေကို မျှဝေလိုက်ပါ။ သင့်ရဲ့ အကောင်းမွန်ဆုံး အကြည့်တွေကို မိမိမျက်နှာကိုအလိုအလျောက်မှတ်မိစေပြီး အလှအပပြုပြင်ပေးတဲ့ လုပ်ဆောင်ချက်များပါဝင်သော 8 megapixel မြင်ကွင်ကျယ်မှန်ဘီလူးအရှေ့ဆဲလ်ဖီကင်မရာဖြင့် ရိုက်ကူးပေးနိုင်ပါတယ်။ ကြိုတင်သတ်မှတ်ထားတဲ့ အလှအပသတ်မှတ်ချက်များနှင့် မြင်ကွင်းကျယ် ဆဲလ်ဖီတို့ဖြင့် အမှတ်တရအခိုက်အတန့်လေးတွေကို သင်ကိုယ်တိုင် ဒါမှမဟုတ် သင့်သူငယ်ချင်းများနှင့်အတူ ဖန်တီးရိုက်ယူလိုက်ပါ။

လျင်မြန်၊ အစွမ်းထက်

လျင်မြန်၊ အစွမ်းထက်

HUAWEI GR5 2017 တွင် လျှပ်စီးကဲ့သို့လျင်မြန်သော ပရော်ဆက်ဆာ၊ မြန်ဆန်ချောမွေ့သော ခံစားမှုများအတွက် 3 GB RAM နှင့် ကြာရှည်အသုံးခံသော ဘက်ထရီတို့ထည့်သွင်းပေးထားတာကြောင့် သင်ဘယ်နေရာမှာရောက်ရောက် လိုအပ်တဲ့အချိန်တိုင်းမှာ အမြန်နှုန်းနဲ့ စွမ်းအင်တို့ကို ပေးစွမ်းနိုင်ပါတယ်။ အထူးပြုလုပ်ထားတဲ့ ဆော့ဖ်ဝဲလ်တွေက ဖုန်းမှတ်ဥာဏ်ကို စီမံရှင်းလင်းပေးသည့်အတွက် ဖုန်းတစ်လုံးရဲ့အကောင်းဆုံးအနေအထားမှာ အမြဲအသင့်ရှိနေမှာပါ။ မျိုးဆက်သစ် လက်ဗွေရာစနစ်ကလဲ သင့်ရဲ့ ဒေတာအချက်အလက်များကို လုံခြုံမှုအတိရှိအောင် ကာကွယ်ပေးနိုင်သည့်အပြင် ဖုန်းကို ၀.၃စက္ကန့်အတွင်း ဖွင့်နိုင်စေရန်စွမ်းဆောင်ပေးပါတယ်။

ကမ္ဘာကြီးကို စတိုင်လ်ဖြင့် ရင်ဆိုင်လိုက်ပါ

ကမ္ဘာကြီးကို စတိုင်လ်ဖြင့် ရင်ဆိုင်လိုက်ပါ

ကမ္ဘာကြီးကို ၅.၅လက်မ FHD မျက်နှာပြင်မှတဆင့် ကြည့်ရှုလိုက်ပါ။ 2.5D ထောင့်ကွေးဒီဇိုင်း က ပိုမိုကြည့်ကောင်းပြီး ပြိုင်ဘက်ကင်း ခံစားချက်ကိုပေးစွမ်းနိုင်ပါတယ်။ လုံးဝန်းသောသတ္တုကိုယ်ထည်နှင့် လှပသောအရောင်အရည်အသွေးတို့က မည်သည့်အဝတ်အစားနဲ့မဆိုလိုက်ဖက်စေပါတယ်။ သေသပ်လှပစွာပုံဖော်ထားပြီး သဲဖြင့်တိုက်စားထားသောကိုယ်ထည်ဒီဇိုင်းတို့ကြောင့် လက်ဖြင့်ဆုပ်ကိုင်ထားတဲ့အချိန်တိုင်းမှာ သက်တောင့်သက်သာရှိလှပါတယ်။ HUAWEI GR5 2017 က သင့်ရဲ့ စတိုင်လ်တွေကို အမြဲတမ်းတည်တံ့စေမယ့် ဖုန်းတစ်လုံးထက်ပိုတဲ့ ဖက်ရှင်ပစ္စည်းလေးတစ်ခုပါပဲ။