HUAWEI nova 3e

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
HUAWEI nova 3e back and front display HUAWEI nova 3e back and front display

အကောင်းဆုံးဆိုတာထက်ပိုသော

HUAWEI FullView Display အသစ်ကို အကောင်းဆုံး စီးမျောခံစားလိုက်ပါ။ သေးငယ်တဲ့ဘေးဘောင်၊ အပြည့်နီးပါးမျက်နှာပြင်တို့နဲ့ (၅.၈၄) လက်မအရွယ်ရှိ HUAWEI nova 3e မျက်နှာပြင်ကျယ်က အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာပါ။

*The 5.84-inch FHD+ screen on the HUAWEI nova 3e is measured diagonally from the furthermost edge of its rounded corners (viewing area is fractionally less).

HUAWEI nova 3e vibrant fullview display

ဖုန်းကိုယ်ထည်နဲ့ဒီဇိုင်းပိုင်း

HUAWEI nova 3e ရဲ့ အရောင်တွေကို အကောင်းဆုံးနဲ့အလှဆုံးဖြစ်အောင် ဖန်တီးပေးထားပါတယ်။ အပြာရောင်မှာဆို အတွင်းပိုင်းအထိအသေးစိတ်ပုံဖော်ပေးထားတဲ့အပြင် nanometer-level ရှိတဲ့ အလင်းသွင်ပြင်နဲ့ တောက်ပတဲ့အရိပ်ပေါ်အောင်ဖန်တီးထားပါတယ်။ အနက်ရောင်မှာဆိုလည်း Full HD မျက်နှာပြင်ရဲ့ တောက်ပမှုကို တန်ပြန်ထင်ရှားနိုင်အောင်ဖန်တီးထားသလို ပန်းရောင်မှာဆိုလည်း ကြည်လင်တောက်ပတဲ့ အနေအထားဖြစ်အောင် ဖန်တီးထားပါတယ်။

HUAWEI nova 3e metallic thin body with fingerprint sensor

အမြင်နဲ့တင် ယုံကြည်စေနိုင်မယ်

HUAWEI nova 3e ရဲ့ မျက်နှာပြင်က 2280 x 1080 FHD+ မျက်နှာပြင်နဲ့ 96% NTSC Super High-color တို့နဲ့ပါ။ အဲ့တော့ မျက်နှာပြင်ပေါ်မှာ ကိုယ်ပိုင်ဓာတ်ပုံတွေကစလို့ မြင်မြင်သမျှက တိတိကျကျ၊ တောက်တောက်ပပနဲ့ အရောင်အသွေးစုံလင်စေမှာပါ။

HUAWEI nova 3e full hd vivid colors

ဖုန်းရှေ့ဖက်အနေအထား

HUAWEI nova 3e မှာ ပိုပြီးကောင်းမွန်တဲ့ High Definition, Wide Angle တို့နဲ့ ရှေ့ဖက်ကင်မရာပါရှိပါတယ်။ ဒီကင်မရာက 78° Wide Angle, 1.0 μm ရှိတဲ့ Pixel Size နဲ့ 16MP ဖြစ်ပြီး သူငယ်ချင်းတွေ၊ မိသားစုတွေအတူတကွ ရိုက်ကူးနိုင်မယ့်အပြင် Selfie သမားတွေအတွက် အထူးကောင်းမွန်စေမှာပါ။ F2.0 ရှိတဲ့ Wide Aperture နဲ့ Intelligent Recognition, အလင်းရောင်၊ အရိပ်တွေကို ချိန်ညှိပေးနိုင်မယ့် Facial Mapping တို့ပါဝင်တဲ့ 3D Retouching Feature တို့ကြောင့် Portraits တွေနဲ့ အနီးကပ်ပုံတွေ အကောင်းဆုံး ရိုက်ကူးနိုင်မှာပါ။

HUAWEI nova 3e 16 megapixels front camera

proximity and ambient light sensor

receiver

front camera

HUAWEI nova 3e enhance natural beauty feature – example
HUAWEI nova 3e enhance natural beauty feature
HUAWEI nova 3e enhance natural beauty feature

HUAWEI nova 3e နှင့်ရိုက်ကူးထားသောဓာတ်ပုံ

ထူးခြားကောင်းမွန်တဲ့ Low Light Photography

အလင်းရောင်နည်းတဲ့အချိန် ဓာတ်ပုံရိုက်ကူးဖို့က Smartphone တိုင်းရဲ့ အိပ်မက်တစ်ခုပါပဲ။ အခု HUAWEI nova 3e ရဲ့ LCD Intelligent Light Technology ကြောင့် Quality မကောင်းတဲ့ပုံတွေ၊ သေသပ်မှုမရှိတဲ့ဓာတ်ပုံတွေကို မေ့ထားလိုက်လို့ရပါပြီ။ မတူညီတဲ့အလင်းရောင်ပုံစံတွေကြားမှာ အလိုအလျောက်အလင်းရောင်ချိန်ညှိနိုင်စေဖို့ Color Temperature (၁၁) မျိုးနဲ့ 4 in 1 Light Fusion တို့ကြောင့် ဘယ်အလင်းရောင်မှာပဲရိုက်ရိုက် ဓာတ်ပုံတိုင်းက ကြည်လင်တောက်ပစေမှာပါ။

HUAWEI nova 3e intelligent light technology – light rebalancing

ကျောဖက်ကင်မရာနှစ်ခု

HUAWEI nova 3e ရဲ့ ကျောဖက်ကင်မရာနှစ်ခုနဲ့ အကောင်းဆုံးဓာတ်ပုံတွေကို ရရှိစေမှာပါ။ Pixel Size 1.12 μm နဲ့ F2.2 Aperture ရှိ 16MP ကင်မရာက တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ အလင်းရောင်ပိုမိုဖမ်းယူနိုင်ပြီး နက်နက်နဲနဲခံစားသိရှိနိုင်ပါတယ်။ အဲ့ဒါကြောင့်လဲ တိကျပြတ်သားတဲ့ဓာတ်ပုံတွေ ရရှိစေမှာပါ။ နောက်ထပ် 2MP ရှိတဲ့ ကင်မရာပါဝင်တာကြောင့်လဲ ပရော်ဖက်ရှင်နယ်ဆန်ဆန် Bokeh တွေရရှိစေမှာဖြစ်သလို အသက်ရှုမှားလောက်တဲ့ ဓာတ်ပုံတွေဖန်တီးနိုင်ဦးမှာပါ။

HUAWEI nova 3e 16 + 2 megapixels dual-camera
HUAWEI nova 3e Dual camera photo
HUAWEI nova 3e Dual camera photo

HUAWEI nova 3e နှင့်ရိုက်ကူးထားသောဓာတ်ပုံ

EMUI 8.0

HUAWEI ရဲ့ EMUI 8.0 အသစ်က လျင်မြန်မှု၊ စွမ်းဆောင်ရည်တွေကို အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးပြီး HUAWEI nova 3e ကို အချိန်ကြာသည်အထိ လျင်မြန်ချောမွေ့အောင် ထိန်းသိမ်းပေးမှာပါ။

HUAWEI nova 3e with EMUI 8.0 – Artificial Intelligence HUAWEI nova 3e with EMUI 8.0 – Artificial Intelligence HUAWEI nova 3e with EMUI 8.0 – Artificial Intelligence

FACE UNLOCK

တစ်ချက်ကြည့်လိုက်ရုံနဲ့ HUAWEI nova 3e ကို အလွယ်တကူ ဖွင့်နိုင်ပါတယ်။ တစ်စက္ကန့်ထက်နည်းတဲ့ အချိန်အတိုင်းအတာ (တိတိကျကျပြောရရင် ၈၀၀ မီလီစက္ကန့်) ကြည့်လိုက်ရုံနဲ့ ဖုန်းကို Unlock လုပ်နိုင်မှာပါ။ များပြားတဲ့ Algorithms တွေနဲ့ မျက်နှာရဲ့အချက်အလက်တွေကို အသုံးပြုထားတာကြောင့် ဒီ Face Unlock က မြင့်မားတဲ့လုံခြုံမှုစနစ်ကို ပေးစွမ်းနိုင်မှာပါ။ တနည်းအားဖြင့် အိပ်နေတဲ့အချိန်ဖြစ်ဖြစ်၊ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ဖြစ်ဖြစ် Unlock လုပ်နိုင်မှာ မဟုတ်ပါဘူး။

Woman using the facial recognition in HUAWEI nova 3e

လျင်မြန်တဲ့အားသွင်းစနစ်

စိတ်လည်းချရသလို မြန်လည်းမြန်တဲ့ အားသွားစနစ်က HUAWEI nova 3e ရဲ့ ထူးခြားမှုတစ်ခုပါပဲ။ 9V2A High-Voltage Fast Charging* နည်းပညာက အလျင်အမြန်အားပြည့်စေမှာဖြစ်သလို စိတ်ချယုံကြည်နိုင်မှာလည်း ဖြစ်ပါတယ်။ HUAWEI ရဲ့ Resource-allocation နည်းပညာကြောင့်လည်း အားကုန်ဆုံးမှုကိုလျော့ချ၊ ဘက်ထီရီသက်တမ်းကိုတိုးမြင့်ပြီး အကြာကြီးအသုံးခံနိုင်အောင် ပြုလုပ်ပေးမှာပါ။

*လျင်မြန်တဲ့ကြာချိန်အစစ်က အသုံးပြုသူရဲ့ပတ်ဝန်းကျင်နှင့် အသုံးပြုပုံပေါ်မှုတည်၍ ကွဲပြားနိုင်ပါသည်။

HUAWEI nova 3e USB C fast charging 2.0

Dual Bluetooth

Bluetooth Devices နှစ်ခုချိတ်ဆက်အသုံးပြုချင်သူတွေအတွက်လည်း HUAWEI nova 3e က Dual Bluetooth ကို အထောက်အပံ့ပေးပါသေးတယ်။ အဲ့တော့ Gym မှာ လေ့ကျင့်ခန်းလုပ်နေချိန် Smartband နဲ့ချိန်ဆက်ထားမယ်ဆိုရင်လည်း Bluetooth နားကြပ်နဲ့ သီချင်းနားထောင်နိုင်ဦးမှာပါ။ ကားထဲမှာ Bluetooth နဲ့ချိတ်ဆက်အသုံးပြုနေစဉ် Bluetooth Headset နဲ့လည်း ဖုန်းပြောဆိုနိုင်ဦးမှာပါ။

Two people using dual Bluetooth technology in one HUAWEI nova 3e

Intelligent Engineering

HUAWEI ရဲ့ အလိုအလျောက်လေ့လာနိုင်တဲ့နည်းပညာနဲ့ EMUI 8.0 တို့ကြောင့် HUAWEI nova 3e က အသုံးပြုနေကျ အမူအကျင့်တွေကို နားလည်စေမှာပါ။ ဘယ်လိုမျိုးအသုံးပြုလေ့ရှိလဲဆိုတာကိုလေ့လာပြီး HUAWEI nova 3e က ဘက်ထရီကြာကြာခံနိုင်အောင်၊ အရည်အသွေးပိုမိုကောင်းမွန်အောင်၊ ပိုပြီးသက်သာလွယ်ကူအောင် ခန့်မှန်းဆောင်ရွက်ပေးမှာဖြစ်သလို အချိန်ကြာသည်အထိ လျင်လျင်မြန်မြန်နဲ့ ချောချောမွေ့မွေ့ဖြစ်အောင် ထိန်းသိမ်းပေးမှာပါ။

HUAWEI nova 3e optimized speed and performance through EMUI 8.0

: