2018/08/15

EISA မှ ချီးမြှင့်သည့် “Best Smartphone of the Year” ဆုအား HUAWEI P20 Pro မှ ရရှိ

ရန်ကုန်၊ မြန်မာ - သြဂုတ်လ ၁၇ ရက် ၊ ၂၀၁၈ ခုနှစ် ။ ။ Huawei Consumer Business Group (CBG) သည် European Image and Sound Association (EISA) မှ ချီးမြှင့်သည့် “Best Smartphone of the Year” ဆု အား သြဂုတ်လ ၁၅ ရက်နေ့တွင် လက်ခံရရှိခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ EISA သည် ကမ္ဘာ့ယုံကြည်မှုအများဆုံးသော Consumer Electronics Magazines ပေါင်း ၅၅ ခု ဖြင့် ပေါင်းစည်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ HUAWEI P20 Pro သည် ၄င်း၏ အရည်အသွေး၊ ဒီဇိုင်း နှင့် စွမ်းဆောင်ရည်ပိုင်း တို့အပြင် ကုမ္ပဏီ၏ စတိုင်ကျပြီး စွမ်းရည်မြင့်မားသည့် ထုတ်ကုန်များကိုသာ စဉ်ဆက်မပြတ်ထုတ်လုပ်လိုသည့် ကတိကဝတ်ကို အသိအမှတ်ပြုသည့် အနေဖြင့် “EISA Best Smartphone 2018-2019” အဖြစ် ပေးအပ်ခြင်းခံခဲ့ရသည်။ ယခုနှစ်ဖြင့်ဆိုလျှင် Huawei သည် EISA ၏ အသိအမှတ်ပြုမှုကို ခံနေရသည်မှာ ၆ နှစ်ဆက်တိုက် ရှိပြီဖြစ်သည်။

Huawei Consumer Business Group ၏ Vice President ဖြစ်သည့် Li Changzhu မှ “ကျွန်တော်တို့အတွက် အရေးအကြီးဆုံးသော ဆု ကတော့ သုံးစွဲသူတွေ ကြိုက်နှစ်သက်ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့ မိုဘိုင်းဖုန်းဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံတွေကို ပေးအပ်နေနိုင်တာက ကျွန်တော်တို့အတွက် အရေးကြီးဆုံး ဆုတစ်ခုဖြစ်ပါတယ်။ HUAWEI P20 Pro ကဆိုရင် ဓာတ်ပုံရိုက်ကူးမှုပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အများအပြားပါဝင်ပြီးတော့ သုံးစွဲသူတွေရဲ့ အရေးကြီးတဲ့ အမှတ်တရတွေကို ဝေမျှနိုင်တဲ့ အခွင့်အရေးကို ရရှိနိုင်ပြီဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

EISA မှ HUAWEI P20 Pro အား ရွေးချယ်ရခြင်းမှာ “အဆင့်မြင့်ဆုံး ၊ တီထွင်ဖန်တီးမှုအများဆုံး နှင့် နည်းပညာပိုင်းဆိုင်ရာ အမြင့်မားဆုံး စမတ်ဖုန်း” ဖြစ်သည့်အပြင် မိုဘိုင်ဖုန်းသုံးစွဲသူများ နှင့် မိုဘိုင်းဖုန်း ဓာတ်ပုံပညာရပ်နယ်ပယ်တွင် နည်းလမ်းသစ်ချမှတ်နိုင်သောသူ ဖြစ်သောကြောင့်လည်းဖြစ်သည်။

HUAWEI P20 Pro မှ ၄င်းတို့၏ Pixel ပမာဏ အများဆုံးပါဝင်သည့် ကမ္ဘာ့ပထမဆုံး Leica Camera သုံးလုံးကြောင့် စမတ်ဖုန်းလောကထဲတွင် ဝင့်ကြွားနိုင်ခဲ့သည်။ ထို့အပြင် ၄င်းသည် 3x Optical Zoom နှင့် 5x hybrid zoon တို့အပြင် Huawei AIS (AI Image Stabilization) ကဲ့သို့သော တီထွင်ဆန်းသစ်သည့် နည်းပညာများ ထည့်သွင်းထုတ်လုပ်လာနိုင်ခဲ့သည်။

ကျော့ရှင်းလှပသည့် HUAWEI P20 Pro သည် ၄င်း၏ ပါးလွှာသည့် ဘေးဘောင်များ နှင့် ထူးခြားသည့် ရောင်ပြေးအရောင်များပါဝင်သည်။ ကမ္ဘာ့ပထမဆုံး AI အားဖြည့်ထားသည့် chipset ကြောင့် အဆိုပါဖုန်းသည် မြန်ဆန်ချောမွေ့သည့် သုံးစွဲသူအတွေ့အကြုံကို ရရှိစေနိုင်မည်ဖြစ်သည်။ အဆင့်မြင့်သည့် ကင်မရာပိုင်းဆိုင်ရာလုပ်ဆောင်ချက်များကြောင့် အကောင်းဆုံးဟု ခေါ်နိုင်သည့် Low-Light Photography ရိုက်ကူးမှုများအား Huawei ၏ မူပိုင် AIS နည်းပညာကြောင့် tripod အကူအညီမပါဘဲ ကြည်လည်ပြတ်သားသည့် Low-Light ပုံရိပ်များရိုက်ကူးနိုင်စေမည့် ထုတ်ကုန်များထဲမှ တစ်ခုဖြစ်စေခဲ့သည်။ ထို့အပြင် HUAWEI P20 Pro တွင်ပါဝင်သည့် 4000 mAH ဘက်ထ္ထရီကြောင့် များပြားသော လုပ်ဆောင်ချက်များအား တစ်နေ့တာအတွင်းလုပ်ဆောင်စေနိုင်သည်။ နိဂုံးချုပ်ရလျှင် HUAWEI P20 Pro သည် အကောင်းမွန်ဆုံးသော hardware ၊ optics နှင့် လက်မှုပညာပိုင်းဆိုင်ရာတို့ ပေါင်းစည်းကာ ဖန်တီးထားသည့် ထုတ်ကုန်တစ်ခုဖြစ်သည်ဟု EISA မှ မှတ်ချက်ချခဲ့သည်။

EISA အဖွဲ့ဝင်များတွင် နိုင်ငံပေါင်း ၂၇ နိုင်ငံရှိ Consumer Electronics နယ်ပယ်များ၌ ရပ်တည်နေသည့် မီဒီယာများပါဝင်လျက်ရှိပြီး အဖွဲ့ဝင်တစ်ဦးတိုင်းစီသည် EISA ၏ Expert Group ၆ ခု ဖြစ်သော photography ၊ mobile devices ၊ Hi-Fi ၊ Home Theater Audio ၊ Home Theatre Display & Video နှင့် In Car Electronics အဖွဲ့များ၌ ပံ့ပိုးပေးလျှက်ရှိသည်။ နှစ်စဉ်နှစ်တိုင်း EISA အဖွဲ့ဝင်များသည် ထူးခြားသည့်လုပ်ဆောင်ချက်များပါဝင်သည်ဟု သတ်မှတ်သည့် ထုတ်ကုန်များအား သက်ဆိုင်ရာ Expert Group များ၌ စာရင်းတင်သွင်းပေးလေ့ရှိသည်။ ဆန်ကာတင် စာရင်းဝင်များအား EISA မှ ကျင်းပလေ့ရှိသည့် AGM ၌ အမျိုးအစားတစ်ခုခြင်းစီအတွက် အသေးစိတ်နှိုင်းယှဉ်ချက်များအား အဖွဲ့ဝင်များကြားတွင် ဆွေးနွေးတင်ပြပြီး အနိုင်ရရှိသူများကို ရွေးချယ်လေ့ရှိကြသည်။

အဆိုပါ ဆုအား Huawei မှ သြဂုတ်လ ၃၁ ရက်နေ့ ဘာလင် (Berlin) မြို့၌ ကျင်းပမည့် EISA Awards Ceremony ၌ တရားဝင်ပေးအပ်သွားမည်ဖြစ်သည်။

အယ်ဒီတာသို့ သတင်းလွှာ

EISA မှ တရားဝင်ထုတ်ပြန်သည့် ဂုဏ်ပြုချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“တောက်ပတဲ့ ဖန်သားပြင်ကိုယ်ထည်၊ 6.1 လက်မ ရှိတဲ့ 1080 x 2240 px resolution AMOLED မျက်နှာပြင်၊ 18:9 ratio ၊ Super Charge Functionality ပါဝင်တဲ့ 4000 mAH battery ပါဝင်မှု တို့အပြင် Leica နဲ့ ပူးတွဲထုတ်လုပ်ထားတဲ့ အံ့သြသင့်ဖွယ် ကျောဖက်ပါ ကင်မရာ သုံးလုံးတို့ကြောင့် HUAWEI P20 Pro ဟာ တကယ့်ကို အဆင့်အမြင့်ဆုံး၊ တီထွင်ဖန်တီးမှုအရှိဆုံး နဲ့ နည်းပညာပိုင်းဆိုင်ရာအရ အဆင့်အမြင့်မားဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် အလိုက်ဖက်ဆုံးသော အဖော်မွန်တစ်ခုဖြစ်ပြီး မိုဘိုင်းစမတ်ဖုန်းနယ်ပယ်၌ နည်းလမ်းသစ်ချမှတ်နိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အဓိက ပုံရိပ်ပိုင်းဆိုင်ရာ နည်းပညာကတော့ ၄င်းရဲ့ 40 megapixel F/1.8 Color Sensor ကို black and white 20 megapixel F/1.8 နှင့် 8 megapixel ultra-zoom F/2.4 color sensor နှစ်ခုတို့နဲ့အတူ ထောက်ပံ့ပေါင်းစည်းထားခြင်းဖြစ်ပါတယ်။ ဒါကတကယ့်ကို ကောင်းမွန်တဲ့ hardware ၊ မှန်ဘီလူး (optics) နဲ့ လက်မှုပညာပိုင်းဆိုင်ရာ ပေါင်းစည်းမှု တစ်ခုဖြစ်ပါတယ်။”

ထို့အပြင် EISA မှ HUAWEI P10 အား “EISA Smartphone Camera 2017 - 2018,” HUAWEI Watch 2 အား “EISA Wearable Device 2017 - 2018” နှင့် HUAWEI P9 အား “European Consumer Smartphone 2016 - 2017.” အဖြစ် အသီးသီး သတ်မှတ်ဆုပေးအပ်ခဲ့သေးသည်။

Huawei Consumer Business Group ဆိုသည်မှာ
Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅) ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones) ၊ ကွန်ပြူတာနှင့်  တက်ဘလက်များ (PC and tablets) ၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables) ၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices) ၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသောအတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည် Huawei Consumer BG သည် သုံးစွဲသူများ ကို နောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကို အဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များ အမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

European Image and Sound Association အကြောင်း

The European Imaging and Sound Association သည် ယုံကြည်မှုအများဆုံး နှင့် လွှမ်းခြုံမှုအများဆုံးသော Consumer Electronics Magazines တို့မှ ကျွမ်းကျင်ပညာရှင်ပေါင်း ၅၅ ယောက် တို့ဖြင့် ပူးပေါင်းထားသည့် အဖွဲ့အစည်းဖြစ်သည်။ အဆိုပါ periodicals နှင့် websites များသည် အမှီအခိုကင်းမဲ့သည့် ထုတ်ကုန်သစ်အကြောင်းများကို ပုံမှန်ရေးသားဖော်ပြလျှက်ရှိပြီး Consumer electronics ၏ full sphere အား ထောက်ပံ့လျှက်ရှိသည်။ အဆိုပါ magazine သည် USA နှင့် Australia တို့အပါအဝင် နိုင်ငံပေါင် ၂၅ နိုင်ငံကျော် အထိ ထိုးဖောက်နိုင်ခဲ့ပြီး EISA ၏ Expert Group ၆ ခုဖြစ်သည့် Photography, Mobile Devices, Hi-Fi, Home Theatre Audio, Home Theatre Display & Video နှင့် In-Car Electronics တို့နှင့် သက်ဆိုင်သည့် အခန်း ganda များ၌ ၄င်းတို့၏ အတွေ့အကြုံများအား ဝေမျှနိုင်ခဲ့သည်။

Huawei Consumer BG နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဝင်ရောက်ကြည့်ရှုရန်:

Facebook: https://www.facebook.com/huaweimobile/
Twitter: https://twitter.com/HuaweiMobile
Instagram: https://www.instagram.com/huaweimobile/
Hotline: 01-9000900

မီဒီယာများဆက်သွယ်ရန်
Huawei Technologies (Yangon) Co., Ltd
Theint Theint Win
theint.theint.win@huawei.com
PR Manager
09 95 5030362
Device Business Department