2018/09/02

IFA 2018 မှာ ထိပ်တန်းဆုများစွာ သိမ်းပိုက်သွားတဲ့ Huawei

Kirin 980 နှင့် Huawei AI Cube မှ ၄င်းတို့၏ ခေတ်ရှေ့ပြေးသည့် ဒီဇိုင်း နှင့် အဆင့်မြင့်သည့် လုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့အကြီးမားဆုံး consumer tech မီဒီယာများ၏ အထူးဂရုပြုမှုအား ရရှိခဲ့

ရန်ကုန် ၊ မြန်မာ - စက်တင်ဘာလ ၄ ရက် - IFA 2018 ၌ Huawei မှ ၄င်း၏ တီထွင်ဆန်းသစ်သည့် Kirin 980 ၊ Huawei AI Cube ၊ Locator နှင့် HUAWEI P20 အရောင်သစ်များ ဖြင့် နိုင်ငံတစ်ကာမှ နည်းပညာပိုင်းဆိုင်ရာ မီဒီယာများ၏ အထူးဂရုပြုမှုအား ရရှိခဲ့သည်။ Kirin 980 chipset မှ ၄င်း၏ ကောင်းမွန်သည့်လုပ်ဆောင်ချက် နှင့် ထိရောက်သည့် စွမ်းအင် တို့အား ပေါင်းစည်းပြီး ကမ္ဘာ့ပထမဆုံးဟူသော အတွေ့အကြုံများအား ဝေမျှနိုင်ခြင်း နှင့် အံ့သြသင့်ဖွယ်ကောင်းပြီးသော Kirin 970 ထပ်သာလွန်သည့် တီထွင်မှုတစ်ခုကို ထုတ်လုပ်နိုင်မှုကြောင့် ထိပ်တန်းဆု ၇ ခုအား ရရှိခဲ့သည်။ Huawei AI Cube သည် ၄င်း၏ AI အားဖြည့်ထားသော speaker နှင့် 4G Router များကြောင့် များစွာသော လုပ်ငန်းဆောင်တာများလုပ်ဆောင်နိုင်သောကြောင့် အသိအမှတ်ပြုမှုအား ရရှိခဲ့သည်။ Huawei မှ ဆုပေါင်း ၁၃ ခု ရရှိခဲ့ပြီး ၄င်းတို့မှာ Huawei ၏ သုံးစွဲသူများအား အသိဥာဏ်မြင့်မားသော ၊ အင်အားကြီးမားသော နှင့် ထိရောက်မှုရှိသော high-end consumer device များကို ထုတ်လုပ်ကာ ချိတ်ဆက်မှုအရှိဆုံးသော လူနေမှုဘဝ ကို ပေးစွမ်းသွားမည်ဟူသော ဆုံးဖြတ်ချက်ကို ထင်ဟပ်ပြသလိုက်ခြင်းဖြစ်သည်။

news_01

အောက်ဖော်ပြပါဆုများသည် လက်ရှိအချိန်ထိ Huawei မှ ရရှိခဲ့သည့် ဆုတံဆိပ်များပင်ဖြစ်သည်။

Android Authority မှ Kirin 980 အား “Best of IFA 2018” ဆုအား ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ High-End Chipset အသစ်သည် ၄င်း၏ အံ့သြသင့်ဖွယ်ကောင်းသည့် လုပ်ဆောင်ချက်နှင့် စွမ်းအင်ထိရောက်မှုတို့ကြောင့် ချီးကျူးပြောဆိုမှုများကို ရရှိခဲ့သည်။ Android Authority သည် လစဉ်ဖတ်ရှုသူဦးရေ သန်း ၅၀ ကျော် ရှိသည့် global publication တစ်ခုဖြစ်ပြီး ကမ္ဘာ့လူသုံးအများဆုံး operation system တစ်ခုဖြစ်သည့် Android နှင့် ပတ်သက်သည့်အကြောင်းအရာများအား ဝေမျှပေးလျှက်ရှိသည်။

news_02

Digital Trends မှ Kirin 980 အား “Editor’s Choice” နှင့် “Best of IFA 2018” ဟူ၍ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။ အဆိုပါ chipset သည် အံ့သြသင့်ဖွယ်ကောင်းသော Kirin 970 နှင့် ယှဉ်လျှင် သိသာထင်ရှားသည့် တိုးတက်ပြောင်းလဲလာမှု နှင့်အတူ လွန်စွာမြန်ဆန်သော အချက်ကြောင့် အသိအမှတ်ပြုမှုများစွာကိုရရှိခဲ့သည်။ Digital Trends သည် နည်းပညာသတင်း နှင့် ထုတ်ကုန်နှင့် ပတ်သတ်သည့် သုံးသပ်ချက်များအား ဝေမျှပေးနေသည့် လစဉ် ဖတ်ရှုသူပေါင်း ၂၅ မီလီယံ ကျော်ရှိသော အဆင့်မြင့် သတင်းအရင်းအမြစ်တစ်ခုဖြစ်သည်။

news_03

Expert Reviews သည် Kirin 980 အား “Best of IFA 2018” ဆု ချီးမြှင့်ခဲ့ပြီး ၄င်းမှာ 7nm ဖန်တီးသည့်လုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်ထားသည့် ကမ္ဘာ့ပထမဆုံး Full SoC ဖြစ်သည့်အပြင် ဓာတ်ပုံရိုက်ကူးခြင်း နှင့် ဗီဒီယိုရိုက်ကူးခြင်း တို့၌ သိသာသည့် ပြောင်းလဲမှုများကို သယ်ဆောင်လာနိုင်ခြင်းကြောင့်ဖြစ်သည်။ Expert Reviews သည် လွှမ်းမိုးမှုရှိပြီး အမှီအခိုကင်းမဲ့သည့် နည်းပညာပိုင်းဆိုင်ရာ သုံးသပ်မှုများ ပြုလုပ်လျှက်ရှိသည့် သတင်းအရင်းအမြစ်ဖြစ်ပြီး သုံးစွဲသူများအား မှန်ကန်သင့်တော်သည့် ထုတ်ကုန်များ ရွေးချယ်ဝယ်ယူနိုင်ရန် ကူညီပေးလျှက်ရှိသည်။ ၄င်းသည် လစဉ်ကြည့်ရှုသူပေါင်း ၇ မီလီယံရှိသည်။

news_04

T3 သည် Huawei အား Kirin 980 အား “Innovation Award” အားပေးအပ်ခဲ့သည်။ ၄င်းမှ သိသာတိုးတက်လာသော processing power နှင့် efficiency ကြောင့် ပိုမိုမြန်ဆန်တဲ့ ဖုန်း ၊ ပိုမိုကောင်းမွန်တဲ့ ဘက်ထ္ထရီသက်တမ်း နှင့် ပိုမိုကောင်းမွန်သော သုံးစွဲသူအတွေ့အကြုံများပေးအပ်လာနိုင်ခဲ့သည် ဟု ကောက်ချက်ချခဲ့သည်။ T3 သည် နောက်ဆုံးပေါ် gadget နှင့် နည်းပညာပိုင်းဆိုင်ရာ သတင်းများ၊ သုံးသပ်ချက်များ ၊ ဝယ်ယူသူများအတွက် လမ်းညွှန်ချက်များအား ဖော်ပြလေ့ရှိပြီး စမတ်ဖုန်း ၊ လက်ပ်တော့ ၊ audio ၊ ဂိမ်း ၊ ကျန်းမာရေး နှင့် အခြားသော အကြောင်းအရာများအကြောင်းအား ဝေမျှလျှက်ရှိသည်။

news_05

TechRadar သည် Huawei AI Cube အား “Best Smart Speaker” ဆုအား ပေးအပ်ခဲ့ပြီး အဆိုပါ ဆုမှာ၎င်း၏ “မေးခွန်းများ ပြန်လည်ဖြေဆိုနိုင်စွမ်း ၊ smart home device များအား ထိန်းချုပ်နိုင်စွမ်း ၊ သီချင်းဖွင့်လှစ်နိုင်စွမ်း နှင့် အခြားသော ကျွမ်းကျင်မှုပေါင်း ၅၀,၀၀၀ ကျော်အား အသုံးပြုနိုင်ခွင့်” တို့ကြောင် ဖြစ်သည်။ Tech Radar သည် နည်းပညာ နှင့် ပတ်သတ်သည့် သတင်းအကြောင်းအရာများအား ဝေမျှပေးနေသည့် online သတင်းအရစ်အမြစ်တစ်ခုဖြစ်ပြီး တစ်လလျှင် ကြည့်ရှုသူပေါင်း ၄၇.၃ မီလီယံ ကျော်ရှိသည်။

news_06

Android Headlines သည် Kirin 980 အား “Best of IFA 2018” ဆုအား ပေးအပ်ခဲ့ပြီး အဆိုပါဆုမှာ အရွယ်အစားသေးငယ်သော chipset တစ်ခုထဲမှ များစွာသော အကျိုးသက်ရောက်မှုများအား သယ်ဆောင်လာနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင်ျမ်းအင်အရင်းအမြစ်များစွာကို မကုန်ဆုံးစေဘဲ များစွာသောလုပ်ဆောင်ချက်တွေကို လုပ်ကိုင်နိုင်သောကြောင့်လည်း ချီးမွှန်းပြောဆိုမှုများကို ရရှိခဲ့သည်။ Android Headlines သည် global website တစ်ခုဖြစ်ပြီး android နှင့် ပတ်သတ်သည့် သတင်းများ၊ နည်းပညာနှင့် ပတ်သတ်သည့်ျုးသပ်ချက်များ နှင့် စီးပွားရေးဆိုင်ရာ ခေါင်းစဉ်များအား ဝေမျှလျှက်ရှိသည်။ ၄င်းတွင် ကြည့်ရှုသူဦးရေပေါင်း ၃.၈၃ မီလီယံ ရှိသည်။

news_07

Gear Diary သည် Huawei AI Cube အား “Best of IFA 2018” ဆုအား ပေးအပ်ခဲ့ပြီး ၄င်း၏ လွန်စွာကောင်းမွန်သည့်အသံ ၊ aluminum diaphragm နှင့် 400ml sound cavity တို့ကြောင့်ဖြစ်သည်။ Gear Diary မှ အဆိုပါ AI Cube မှ များစွာသော ချိတ်ဆက်မှုအမျိုးမျိုးကို နှင့် ကောင်းမွန်သည့် အသံအရည်အသွေးအားလည်း မျှော်လင့်နိုင်ကြောင်းပြောကြားခဲ့သည်။ Gear Diary သည် US အခြေပြု website တစ်ခုဖြစ်ပြီး ၄င်း၏ ဖတ်ရှုသူများအား နည်းပညာနှင့် ပတ်သတ်သော သတင်းအချက်အလက်များအား နားလည်ရလွယ်ကူသည့် ရှင်းပြချက်များဖြင့် ဝေမျှနေခြင်းဖြစ်သည်။ ၄င်းတွင် လစဉ် ဖတ်ရှုသူဦးရေပေါင်း 149840 ရှိသည်။

news_08

GadgetMatch မှ Huawei Locator အား “Best of IFA 2018” အဖြစ် သတ်မှတ်ခဲ့ပြီး ၄င်း၏ ကြာရှည်စွာ အသုံးခံမှု နှင့် ကမ္ဘာ့အဆင့်မှီ အညွှန်းဂြိုလ်တုစနစ်များဖြင့် ချိတ်ဆက်နိုင်မှုတို့ကြောင့် ချီးကျူးမှုများရရှိခဲ့သည်။

news_09

GadgetMatch မှ Kirin 980 အား “Best of IFA 2018” ဆုအား ချီးမြှင့်ခဲ့ပြီး Huawei မှ Artificial Intelligence ထည့်သွင်းထားသည့် ထုတ်ကုန်များအား အလေးပေးဆောင်ရွက်နေကြောင်းကို ပြောကြားခဲ့ပြီး Dual-NPU အကြောင်းအားလည်း မီးမောင်းထိုးပြခဲ့သည်။

news_10

GadgetMatch also named the HUAWEI P20 Pro leather variant as a “Best of IFA 2018” for its “simplicity and texture,” stating that the phone “would look good with anything.” GadgetMatch is a leading multi-platform media company providing technology news, reviews and video content to help consumers find the right devices to suit their needs. It has 309673 monthly readers.
GadgetMatch မှ HUAWEI P20 Pro leather variant အား ၄င်း၏ “simplicity and texture ကြောင့်
“Best of IFA 2018” အဖြစ် ရွေးချယ်ခဲ့ပြီး မည်သည့်အဆင်တန်ဆာနှင့်မဆို ကြည့်ကောင်းမည့်ဒီဇိုင်းဖြစ်ကြောင်း ကောက်ချက်ချခဲ့သည်။ GadgetMatch သည် ဦးဆောင် multi-platform media company တစ်ခုဖြစ်ပြီး နည်းပညာနှင့် ပတ်သတ်သည့် သီတင်းများ ၊ သုံးသပ်ချက်များ နှင့် ဗီဒီယို များအား ပြုလုပ်လျက်ရှိပြီး သုံးစွဲသူများအား မှန်ကန်သည့် ထုတ်ကုန်များကို ကူညီရွေးချယ်ပေးနေသည့် သတင်းအရစ်အမြစ်တစ်ခုဖြစ်သည်။ ၄င်းတွင် လစဉ်ကြည့်ရှုသူ 309673 ရှိသည်။

news_11

Talk Android သည် Huawei Ai Cube အား “Best of IFA 2018” စာရင်းတွင် ထည့်သွင်းခဲ့ပြီး အကြောင်းအရင်းမှာ ၄င်း၏ စမတ်နှင့် အခြားသော ထုတ်ကုန်များဖြင့် ချိတ်ဆက်နိုင်စွမ်း နှင့် လွန်စွာကောင်းမွန်သည့် အသံအရည်အသွေးကြောင့်ဖြစ်သည်။ Talk Android သည် US အခြေပြု website တစ်ခုဖြစ်ပြီး Google နှင့် Android platform များ အကြောင်းအား ဝေမျှပေးနေသည့် ကြည့်ရှုသူ 400000 ကျော်ရှိသော သတင်းအရစ်အမြစ်တစ်ခုဖြစ်သည်။

news_12

TechSpot သည် Kirin 980 အား “Best of IFA 2018” ဆုအား ပေးအပ်ခဲ့ပြီး ၄င်းမှာ သေးငယ်လှပပြီး အံ့သြသင့်ဖွယ် လုပ်ဆောင်ချက်များစွာ ပါဝင်မှုကြောင့်ဖြစ်သည်။ Techspot သည် computer နှင့် နည်းပညာပိုင်းဆိုင်ရာ အကြောင်းအရာများကို ဝေမျှပေးလျှက်ရှိပြီး နည်းပညာအကြောင်း စိတ်အားထက်သန်သူများမှ နေ့စဉ် ဝင်ရောက်လေ့လာနေသည့် အရင်းအမြစ်တစ်ခုဖြစ်သည်။ ၄င်း၌ ကြည့်ရှုသူပေါင်း ၆ မီလီယံ ကျော်ရှိသည်။

news_13

IFA 2018 ၌ Huawei သည် European Image and Sound Association (EISA) ဆုအား ရရှိခဲ့သည်။ HUAWEI P20 Pro မှ “EISA Best Smartphone 2018 - 2019” အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး ၄င်းမှာ Huawei ၏ ဒီဇိုင်း၊ အရည်အသွေး နှင့် လုပ်ဆောင်မှုပိုင်းများတွင် အကောင်းဆုံးပေးစွမ်းလိုသော ဆုံးဖြတ်ချက်အား အသိအမှတ်ပြုမှု နှင့် စတိုင်ကျပြီး အင်အားကြီးမားသည့် ထုတ်ကုန်များအား အစဉ်တစ်စိုက် ဖန်တီးနေမှုတို့ကြောင်ြ့ဖစ်သည်။

news_14

Huawei Consumer Business Group ဆိုသည်မှာ

Huawei ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို နိုင်ငံပေါင်း ၁၇၀ကျော်တွင် ရရှိလျက်ရှိပြီး ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံက သုံးစွဲလျက်ရှိသည်။ ၂၀၁၅ခုနှစ်တွင် စမတ်ဖုန်းတင်ပို့မှု၌ တတိယနေရာသို့ ရောက်ရှိခဲ့သည်။ အမေရိကန်၊ ဂျာမနီ၊ ဆွီဒင်၊ ရှရှား၊ အိန္ဒိယ နှင့် တရုတ်နိုင်ငံတို့တွင် သုတေသနစင်တာပေါင်း (၁၅) ခုကို တည်ထောင်ထားပါသည်။ Huawei Consumer လုပ်ငန်းစုသည် Huawei ၏ လုပ်ငန်းစုကြီး သုံးခုတွင် တစ်ခုအပါအဝင်ဖြစ်ပြီး စမတ်ဖုန်း (Smartphones) ၊ ကွန်ပြူတာနှင့်  တက်ဘလက်များ (PC and tablets) ၊ ဝတ်ဆင်နိုင်သော ကိရိယာများ (Wearables) ၊ ကြိုးမဲ့အင်တာနက်ချိတ်ဆက်ရန် ရွေ့လျားကိရိယာများ (Mobile Broadband Devices) ၊ အိမ်သုံးထုတ်ကုန် (Family Device) နှင့် အင်တာနက်သိုလှောင်ခြင်း ဝန်ဆောင်မှုထုတ်ကုန်များ (Device Cloud Service) တို့ကို ထုတ်လုပ်လျက်ရှိသည်။ Huawei သည် တယ်လီကွန်းနယ်ပယ်တွင် အနှစ် ၂၀ ကျော်သက်တမ်းရှိသောအတွေ့အကြုံများဖြင့် Huawei ၏ ကမ္ဘာ့ဆက်သွယ်ရေးကွန်ယက် အားသာချက်များ၊ ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နိုင်စွမ်းနှင့် ကမ္ဘာ့ပူးပေါင်းမှုများကို တည်ဆောက်ထားသည် Huawei Consumer BG သည် သုံးစွဲသူများ ကို နောက်ဆုံးနည်းပညာများဖြန့်ဝေပေးရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများကို အဆင့်မြင့်နည်းပညာများမှတဆင့် ပျော်ရွှင်မှုများကို မျှဝေပေးနိုင်ရန် နှစ်မြှုပ်ထားပါသည်။ ရှေ့ဆက်လျှောက်လှမ်းပြီး အိပ်မက်များ အမှန်တကယ် ဖြစ်ပေါ်လာစေရန် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Huawei Consumer BG နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဝင်ရောက်ကြည့်ရှုရန်:

Facebook: https://www.facebook.com/huaweimobile/
Twitter: https://twitter.com/HuaweiMobile
Instagram: https://www.instagram.com/huaweimobile/
Hotline: 01-9000900

မီဒီယာများဆက်သွယ်ရန်
Huawei Technologies (Yangon) Co., Ltd
Theint Theint Win
theint.theint.win@huawei.com
PR Manager
09 95 5030362
Device Business Department