2019/10/21

Huawei မှ ၂၀၁၉ ခုနှစ် တတိယသုံးလပတ်အတွက် စီးပွားရေးရလဒ်များထုတ်ပြန်

(ရှန်ကျန်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အောက်တိုဘာလ ၁၆ ရက်၊ ၂၀၁၉ ခုနှစ်)

နည်းပညာထိပ်သီးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei မှ ၎င်းတို့ကုမ္ပဏီ၏ ၂၀၁၉ ခုနှစ် တတိယသုံးလပတ် အတွက် စီးပွားရေးရလဒ်များကို ယနေ့ထုတ်ပြန်ကြေငြာခဲ့ပါသည်။ ပြီးခဲ့သည့် တတိယသုံးလပတ်အတွင်း Huawei အနေနှင့် တရုတ်ယွမ် ၆၁၀.၈ ဘီလီယံအထိ ဝင်ငွေ (revenue) ရရှိခဲ့ပြီး ယမန်နှစ်ကထပ် ၂၄.၄ ရာခိုင်နှုန်းကျော်တိုးတက်လာခဲ့ပြီး အဆိုပါကာလအတွင်း ကုမ္ပဏီအနေနှင့် ၈.၇ ရာခိုင်နှုန်းအထိ အမြတ်အစွန်း (net profit margin) ရရှိခဲ့ပါသည်။

Huawei အနေနှင့် ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ရန် အိုင်စီတီဆက်သွယ်ရေးနည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများ (ICT infrastructure) တည်ဆောက်ခြင်းနှင့် smart devices များထုတ်လုပ်ခြင်း အပိုင်းတွင် ဆက်လက်အလေးပေး အာရုံစိုက်ထားခဲ့သည်။ ထို့ကြောင့်ပင် လုပ်ငန်းလည်ပတ်မှုအပိုင်း၊ အဖွဲ့အစည်းတည်ငြိမ်မှု နှင့် ကုမ္ပဏီ၏ လုပ်ငန်းစွမ်းဆောင်ရည်များကို ၂၀၁၉ တတိယ သုံးလပတ်အတွင်း ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေခဲ့ကြောင်းလည်းသိရပါသည်။

Carrier Business ပိုင်းတွင်လည်း 5G networks ကို လက်တွေ့ပိုင်းတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင် ဖန်တီးတည်ဆောက် မှုပိုင်းကို အရှိန်မြှင့်တင်နိုင်ခဲ့ပြီး 5G Super Uplink, smart & simplified transport networks စတဲ့ နည်းပညာအသစ်အဆန်းများကို ဖန်တီးနိုင်ခဲ့သည်။ ဆက်လက်ပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး 5G ဆက်စပ်နည်းပညာများကို ပိုမိုတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင်နှင့် ဆက်သွယ်ရေးနည်းပညာ ဆန်းသစ်မှုအပိုင်းတွင် ပိုမိုတိုးတက်ရှေ့ရောက်အောင် ဆောင်ရွက်ခဲ့ပါသည်။

လက်ရှိအချိန်အထိ Huawei အနေနှင့် စီးပွားဖြစ် 5G စာချုပ်ပေါင်း ၆၀ ကျော်ကို ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီများနှင့် အောင်အောင်မြင်မြင်ချုပ်ဆိုနိုင်ခဲ့ပြီးဖြစ်သည့်အပြင်

5G Massive MIMO active antenna units (AAUs) ပေါင်း ၄သိန်းကျော်ကို တစ်ကမ္ဘာလုံးအနှံ့ ဖြန့်ဖြူးရောင်းချတင်ပို့ခဲ့ပြီး ဖြစ်ပါသည်။ Huawei အနေနှင့် optical transmission များ၊ data communications ပိုင်းနှင့် IT နည်းပညာပိုင်းဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ် တင်ပို့နိုင်မှုပိုင်းမှာ စဉ်ဆက်မပြတ်တိုးတက်လာခဲ့ပါသည်။

Enterprise Business ပိုင်းတွင် Huawei အနေနှင့် Horizon Digital Platform နည်းပညာသစ်ကို မိတ်ဆက်နိုင်ခဲ့ပြီး ပိုမိုကျယ်ပြန့် လွတ်လပ်သည့် စွမ်းဆောင်ရည်ပိုင်းပိုမိုကောင်းမွန်မှုက Huawei ၏ နည်းပညာပိုင်းထိပ်တန်းရောက်ရှိနေမှုရဲ့ ရလဒ်တစ်ခုပင်ဖြစ်သည်။ Huawei အနေနှင့် အသုံးပြုသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများကြား ပိုမို အခြေခိုင်ပြီး Digital ကူးပြောင်းမှုလမ်းစဉ်မှာပိုမို အဆင်ပြေချောမွေ့စေ ရန်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါ Platform နည်းပညာသစ်က အစိုးရအဖွဲ့အစည်းများ၊ လူထုဝန်ဆောင်မှု လုပ်ငန်းများ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးစီမံမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ Digital နည်းပညာပိုင်းကို ကူးပြောင်းမှုပိုမိုလျင်မြန်လွယ်ကူစေဖို့ ထိထိရောက်ရောက်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်၏ တတိယသုံးလပတ် အပြီးရရှိတဲ့ အချက်အလက်များအရ ကမ္ဘာ့မြို့ကြီးပေါင်း ၇၀၀ ကျော်၊ Fortune Global 500 ကုမ္ပဏီပေါင်း ၂၂၈ ခုနဲ့ Fortune Global 100 ကုမ္ပဏီပေါင်း ၅၈ ခု တို့သည် Digital နည်းပညာပိုင်း ကူးပြောင်းမှုလုပ်ငန်းစဉ်အတွက် Huawei ကို အဓိက မိတ်ဖက်ကုမ္ပဏီအဖြစ် ယုံကြည်စွာလက်တွဲဖြစ်ခဲ့ကြသည်။

Huawei’s cloud service ပိုင်းသည် ၂၀၁၉ ခုနှစ်အတွင်း ၎င်းရဲ့လုပ်ငန်းများကို အရှိန်မြင့် ဆောင်ရွက်ခဲ့ပါသည်။ ယခုနှစ် တတိယ သုံးလပတ်အတွင်းမှာ Atlas 900 မော်ဒယ် - ကမ္ဘာ့အမြန်ဆုံး Al training cluster နည်းပညာကို မိတ်ဆက်ကြေညာခဲ့သည်။ ထို့အပြင် HUAWEI CLOUD Ascend AI cluster services ၊ Kunpeng နဲ့ Ascend Processors များအသုံးပြုထားတဲ့ Service နည်းပညာပေါင်း ၁၁၂ ခု နှင့် Industrial Intelligent Twins လို့ခေါ်တဲ့ ခေတ်ရှေ့ပြေး နည်းပညာထုတ်ကုန်များကိုလည်း မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ နည်းပညာများကို လက်ရှိအချိန်တွင် ကမ္ဘာအရပ်ရပ်က အစိုးရများ၊ Internet service provider (ISP) လုပ်ငန်းစုများ၊ မော်တော်ယာဉ်ထုတ်လုပ်ငန်းများ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာစတဲ့ လုပ်ငန်းစုများတွင် အောင်မြင်စွာ အသုံးချနေပြီး ကမ္ဘာအရပ်ရပ်က သုံးစွဲသူပေါင်း သုံးသန်းကျော်အတွက် ဝန်ဆောင်မှုပေးနေပါသည်။

Huawei ၏စမတ်ဖုန်းထုတ်လုပ်မှုအပိုင်းမှာလည်း ၂၀၁၉ ခုနှစ်ရဲ့ တတိယသုံးလပတ်အပြီးမှာ အလုံးရေပေါင်း ၁၈၅ သန်းကျော် တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နှစ်ကထက် ၂၆ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ဒါ့အပြင် အခြား လူသုံးကုန် Smart devices များဖြစ်သော PC ကွန်ပြူတာများ၊ တက်ဘလက်၊ ဝတ်ဆင်နိုင်သည့် စမတ်အသုံးအဆောင်များနှင့် Smart Audio ထုတ်ကုန်များအပိုင်းမှာလည်း သိသိသာသာတိုးတက်လာခဲ့သည်။

ထို့အပြင် ၂၀၁၉ တတိယသုံးလပတ်အတွင်းမှာ ထုတ်ပြန်ကြေငြာခဲ့တဲ့ “The Vision smart screen” နည်းပညာသည် Software ပိုင်းနဲ့ Hardware ပိုင်းတွင် အကောင်းဆုံးပေါင်းစပ်ထားသည့် တီထွင်ဆန်းသစ်မှု နည်းပညာ အဖြစ် နည်းပညာအသိုင်းအဝိုင်းနှင့် သုံးစွဲသူများဘက်က ချီးကျူးထောမနာပြုခဲ့ကြပါသည်။ ယခုလို နည်းပညာသစ်တွေကို တီထွင်ဖန်တီးနိုင်ခြင်းသည် အသုံးပြုသူတွေအတွက် ခိုင်မာတဲ့ Ecosystem ဂေဟစနစ်တစ်ခု တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။

Huawei Mobile Services ဂေဟစနစ် တည်ဆောက်မှု အပိုင်းကိုလည်း အရှိန်အဟုန် မြှင့်တင်လာမှုနဲ့အတူ လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၇၀ ကျော်မှ အသုံးပြုသူများအတွက် ဝန်ဆောင်မှု ပေးနေသည့် အပြင် စာရင်းသွင်းပြီး အတူလက်တွဲလုပ်ဆောင်နေတဲ့ Developers ပေါင်း ၁.၀၇ သန်းကျော်အထိ ရှိလာပြီ ဖြစ်ပါသည်။

ဖော်ပြထားသောငွေကြေးအညွှန်းကိန်းပိုင်းဆိုင်ရာ ဂဏန်းများမှာ တရားဝင် စာရင်းစစ်ဆေးမှု မတိုင်ခင် တွက်ချက်ထားသောဂဏာန်းများဖြစ်ပါသည်။ ဖော်ပြထားသော အမေရိကန်ဒေါ်လာ အညွှန်းကိန်းမှာ စက်တင်ဘာလကုန် ငွေလဲနှုန်း ၁ ဒေါ်လာ = ၇.၁၂၉၂ ယွမ် ဖြင့် တွက်ချက်ထားခြင်း ဖြစ်ပါသည်။