HUAWEI MediaPad X1 7.0

  • ကန့်သတ်ချက်များကို ကျော်လွန်၍


    အလွန်ပါးလွှာ၍ သုံးရအဆင်ပြေသော ဒီဇိုင်း၊ ပိုမိုကောင်းမွန်အောင် မွန်းမံထားသော ကင်မရာနှင့် ကြာရှည်သုံးခံ ဘတ္ထရီ များဖြင့် ကန့်သတ်ချက်များကို ကျော်လွန်၍ အံသြဖွယ်ရာ ဆန်းသစ်တီထွင် ဖွဲ့စည်းထားပါသည်။

  • အလွန်ပါးလွှာခြင်း


    HUAWEI MediaPad X1 7.0 သည် ဖြစ်နိုင်ချေရှိသော လုပ်ဆောင်ချက်များ အတွေ့အကြုံများကို ပြန်လည်မွမ်းမံ ဖွဲ့စည်းထားသော ဒီဇိုင်းဖြစ်ပြီး မဖြစ်နိုင်ဟု ယူဆထားသော ကန့်သတ်ချက်များကို ကျော်လွန်ကာ ဆန်းသစ်တီထွင်ထားသော တက်ဘလက်လ် ဖြစ်ပါသည်။ ၎င်းသည် ပါးလွှာသော ၇.၁၈မီလီမီတာ ကိုယ်ထည်နှင့် မြန်ဆန်သေ LTE ဆက်သွယ်မှုများ ၊ quad-core chip and FHD မျက်နှာပြင်များ သည် ကောင်းမွန်သော ဖျော်ဖြေရေး အတွေ့အကြုံများကို သင့်ထံသို့ သယ်ဆောင်လာပေးမှာဖြစ်ပါသည်။

  • မှန်ကန် အသုံးတဲ့သော ဒီဇိုင်း


    HUAWEI MediaPad X1 7.0 တွင် ဘေးဘောင်ကို အလွန်ကျဉ်းမြောင်းသော ဒီဇိုင်း ၂.၉၉မီလီမီတာဖြင့် ပုံဖော်ထားပြီး မျက်နှာပြင်ကိုယ်ထည်အချိုးသည် ၈၀%ရှိသောကြောင့် မှန်ကန်အသုံးတဲ့သော ဒီဇိုင်းဖြစ်ပါသည်။

  • အံ့သြဖွယ်ကောင်းအောင် ပေါ့ပါးမှု


    HUAWEI MediaPad X1 7.0 သည် အလူမီနီယံအလွိုင်းဖြင့် ကိုယ်ထည်ကို ပြုလုပ်ထားသောကြောင့် ပေါ့ပါးမှုကတော့ အံသြဖွယ်ရာကောင်းလှပါသည်။ ဒါ့အပြင် အလူမီနီယံအလွိုင်း ကို လှပသေသပ်လှအောင် ဒီဇိုင်းထွင်ပေးသော cutting-edge technology ရဲ့အစွမ်းကလည်း အံ့မခန်း ချီကျူးရမှာ ဖြစ်ပါသည်။ ၂၃၉ဂရမ်သာရှိသော အလေးချိန်ကြောင့် သင်သည် မဂ္ဂဇင်းတအုပ် ရေတပုလင်း ကိုင်ဆောင်ထားသလိုမှတ်ထင်ရသောကြောင့် ဘယ်နေရာသွားသွား သယ်ဆောင်သွားလို့ အဆင်ပြေပါသည်။

  • Full High-Definition ရှိမျက်နှာပြင်


    HUAWEI MediaPad X1 7.0 သည် ၇လက်မရှိ FHD မျက်နှာပြင်သည် 178 degree wide angle IPS မျက်နှာပြင်ကိုပေးစွမ်းသောကြောင့် ကြည်လင်ပြတ်သားသော အမြင်ကို သင့်လုပ်ဆောင်မှုတိုင်း၌ ဆောင်ကြဉ်းပေးမှာဖြစ်ပါသည်။

  • LTPS မျက်နှာပြင် အမျိုးအစား


    HUAWEI MediaPad X1 7.0 သည် တက်ဘလက်လ်လောက၏ မျက်နှာပြင်အမျိုးစားစွမ်းရည်တွင် ကမ္ဘာသစ်တခုသဖွယ် ဖွင့်လှစ်ပြသလိုက်ပါသည်။ ၎င်း၏ LTPS မျက်နှာပြင်သည် active matrix LCD မျက်နှာပြင်နည်းပညာ ကိုအသုံးပြုထား၍ ပိုမိုသိပ်သည်းသော pixels ကိုပေးစွမ်းမှာ ဖြစ်သောကြောင့် higher resolution ကိုရရှိစေမှာဖြစ်ပါသည်။ မျိုးဆက်သစ်ဖြစ်သော မျက်နှာပြင်သည် စွမ်းအင်သုံးစွဲမှုကိုလည်း ၃၀% သက်သာစေမှာ ဖြစ်ပါသည်။

  • Suspended Touch


    အဆင့်မြင့် touch-screen နည်းပညာ ရှိ HUAWEI MediaPad X1 7.0 တွင် non-touch floating operation support နှင့် double-click screen activation စသည့် လုပ်ဆောင်ချက်နှစ်မျိုးပါဝင်ပါသည်။ one-click suspended touch လုပ်ဆောင်ကိုဖွင့်လိုက်လျှင် အပ်ပလီကေးရှင်း လိုဂိုများသည် မျောနေသည့်ပုံစံ အနေဖြင့် မြင်ရမှာ ဖြစ်ပြီး ဒီလုပ်ဆောင်ချက်သည် သင့်အသုံးပြုနေသော နေရာမှ ပိတ်၍ထွက်စရာမလိုဘဲ တခြားအရာများကို လုပဆောင်နိုင်မှာ ဖြစ်ပါသည်။

  • Gloves Mode လုပ်ဆောင်ချက်ပါဝင်


    HUAWEI MediaPad X1 7.0 ၏ touchနည်းပညာသည် အလွန်ကောင်းမွန်ပြီး တို့ထိလိုက်သည်နှင့် လုပ်ဆောင်မှုမှာ အလွန်လျင်မြန်ပါသည်။ အကျိုးရလဒ်အနေနဲ့ကတော့ non-touch floating operation support နှင့် double-touch screen activation စသည့်လုပ်ဆောင်ချက် ပါဝင်ခြင်းဖြစ်ပြီး သင့်အနေဖြင့် ဆောင်းတွင်းသုံး ထူထဲသော လက်အိတ်ကို ဝတ်ဆင်ထားသောငြား သင်ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်းကို HUAWEI MediaPad X1 7.0 တွင် သင်တွေ့ရှိရမှာ ဖြစ်ပါသည်။

  • နောက်ကင်မရာ


    HUAWEI MediaPad X1 7.0 ၏နောက်ကင်မရာ သည် ကင်မရာ တလုံးလားလို့မေးယူရအောင် အရည်အသွေးကောင်းမွန်လှပါသည်။ 13 MP ရှိကင်မရာနှင့် ကြီးမားသော F2.2 diaphragm, 5 lens assembly with Hybrid IR flash စသည့် ပစ္စည်းများပါဝင်ပါသည်။

  • ရှေ့ကင်မရာ


    ရှေ့ကင်မရာ တွင် 5 MP နှင့် ၂၂ မီလီမီတာ wide-angle lens တို့ ပါဝင်သောကြောင့် သင်ရိုက်ယူလိုက်သောပုံရိပ်သည် သင့်ကိုစိတ်ပျက်သွားစေသော ရလဒ်မျိုးပေးမည် မဟုတ်ပါ။

  • Beauty လုပ်ဆောင်ချက်


    Beauty လုပ်ဆောင်ချက်သည် သင်ရိုက်ယူလိုက်သော ပုံရိပ်များကို အလိုအလျောက် ပိုမို ချောမွေ့စေ၍ အရောင်အသွေးကိုလည်း တောက်ပစေမှာဖြစ်ပါသည်။

  • Audio Note လုပ်ဆောင်ချက်


    သင်ပုံရိပ်များကို ရိုက်ကူးရာတွင် အမှတ်တရ အတွေးလေးများ ၊ ပြောဆိုကြသည့် စကားလုံးလေးများကို သင့်ပုံရိပ်တွင် ပါရှိနိုင်အောင် Audio Note လုပ်ဆောင်ချက်က ကူညီပေးမှာဖြစ်ပါသည်။

  • Audio Control လုပ်ဆောင်ချက်


    အသံဖြင့် ပုံရိပ်များကို ရိုက်ကူးနိုင်သော လုပ်ဆောင်ချက်ဖြစ်သည့် Audio Control လုပ်ဆောင်ချက်ကို HUAWEI MediaPad x1 7.0 ၏ ကင်မရာတွင် ပါရှိပါသည်။

  • Best Photo လုပ်ဆောင်ချက်


    ကျွန်ုပ်တို့သည် အချိန်တိုင်း လှပသော ခဏတာလေးများကို မှတ်တမ်းတင်ဖို့ ပုံရိပ်များ ရိုက်ကူးရာတွင် အချိန်ယူရပါသည်။ ယခု Best Photo လုပ်ဆောင်ချက်သည် တချက်ရိုက်ကူးလိုက်ရုံဖြင့် ပုံရိပ်များစွာကို တပြိုင်တည်း ရိုက်ယူပေးသွားမှာဖြစ်ပြီး ၎င်းထဲမှ လှပသော ပုံရိပ်ကို အလိုအလျောက်ညွှန်းဆိုပေးမည်ဖြစ်ပါသည်။ ၎င်းကိုမှ သင်မကြိုက်လျှင် လှပသော ပုံရိပ်ကို သင်ကိုယ်တိုင်လည်း စိတ်ကြိုက် ရွေးချယ်နိုင်ပါသေးသည်။

  • Capture Smiles လုပ်ဆောင်ချက်


    ယခု လုပ်ဆောင်ချက်သည် သင်ပြုံးလိုက်သည်နှင့်တပြိုင်နက် ကင်မရာသည် သင့်ပုံရိပ်ကို အလိုအလျောက် ရိုက်ယူပေးသွားမည့် လုပ်ဆောင်ချက်ဖြစ်ပါသည်။

  • LTE Cat4


    The era of 4G LTE has arrived. What better way to celebrate than with a device that is built to fully complement the speed and power of 4G technology. Reaching speeds of up to 150 Mbps through the extremely fast category 4 LTE networks, you’ll no longer have to wait for videos to stream, experience choppy video chats, or lose valuable time waiting for big files to download.

  • 4G Router


    You can use your HUAWEI MediaPad X1 7.0 as a 4G router, creating a hotspot to share lightning-fast 150 Mbps download and 50 Mbps upload speeds. 4G connectivity lets you stream movies without interruption, download content in a flash, and enjoy seamless video conferencing without a hitch.

  • ကြီးမားသော ဘတ္ထရီ


    HUAWEI MediaPad X1 7.0 တွင် ကြီးမားသော 5000 mAh ရှိ ဘတ္ထရီပါဝင်သောကြောင့် အခြား pocket-sized တဘလက်လ်များထက် ၂၀% ပိုမိုကြာရှည်ခံ သုံးနိုင်မှာဖြစ်ပါသည်။ ဒါကြောင့်မို့ သင်လုပ်ဆောင်လိုသမျှကို သင့်စိတ်ကြိုက် အားသွင်းစရာမလိုဘဲ ပြုလုပ်နိုင်မှာ ဖြစ်ပါသည်။

  • Reverse Charging လုပ်ဆောင်ချက်


    HUAWEI MediaPad X1 7.0 အနေဖြင့် အခြား multimedia devices များသို့ ဘတ္ထရီအား သွင်းပေးနိုင်သော Reverse Charging လုပ်ဆောင်ချက်ပါဝင်ပါသည်။ ၎င်းလုပ်ဆောင်ချက်သည် သင်နှင့် သင့်မိတ်ဆွေသူငယ်ချင်းများ အတွက် များစွာအထောက်အကူပြုသော လုပ်ဆောင်ချက်တခုလည်းဖြစ်ပါသည်။

  • ဖုန်းတလုံးကဲ့သို့လည်း စွမ်းဆောင်နိုင်


    HUAWEI MediaPad X1 7.0 သည် အရည်သွေးမြင့် ဖုန်းခေါ်ဆိုမှုများကို 4G LTE, 3G WCDMA နှင့် Wi-Fi စသည်များမှ ကောင်းမွန်၍ ကြည်လင်သော ခေါ်ဆိုမှုများကို ပြုလုပ်နိုင်မှာလည်းဖြစ်ပါသည်။

  • HUAWEI Talk Band


    HUAWEI MediaPad X1 7.0 သည် ကမ္ဘာ့ ပထမဆုံးသော ဟိုင်းဘရစ် ဘလူးတု ဟတ်ဆက် နှင့် စမတ်ဘန် နှစ်မျိုးကို ပေါင်းစပ်ထားသော HUAWEI ၏ Talk Band (တော့လ်ဘန်) ဖြင့် အဆင်ပြေမှုရှိစွာ တွဲဘက်အသုံးပြုနိုင် ပါသည်။ HUAWEI Talk Band (တော့လ်ဘန်) သည် ဟန်းဖရီးခေါ်ဆိုမှု နှင့် လေ့ကျင့်ခန်းလုပ်ဆောင်မှု မှတ်တမ်းများကို လုပ်ဆောင်ပေးနိုင်သော ပစ္စည်းဖြစ်ပါသည်။ ဖုန်းခေါ်ဆိုချိန် ၇နာရီကျော်ကျော် နှင့် အသင့်အနေအထား အခြေအနေ (standby mode) တွင် နှစ်ပတ်ကျော် ထိ HUAWEI Talk Band (တော့လ်ဘန်) ကို သင်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ဒါ့အပြင် သင့်လေ့ကျင်းခန်းလုပ်ဆောင်မှုများကို မှတ်တမ်းတင်ထားသလို သင့်အိပ်ချိန်ကို လည်း ပုံစံချ သတ်မှတ်ထားနိုင်ပါသေးသည်။

  • Emotion UI 2.0 Lite


    HUAWEI MediaPad X1 7.0 တွင် HUAWEI ၏ Emotion UI 2.0 Lite ဗားရှင်းကို ထည့်သွင်ပေးထားသောကြောင့် ရိုးရှင်းလွယ်ကူစွာ သင်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။

  • Phone Manager လုပ်ဆောင်ချက်


    HUAWEI MediaPad X1 7.0 သည် အဆင့်မြင့် Phone Manager လုပ်ဆောင်ချက် ပါဝင်သောကြောင့် အရေးကြီးသောလုပ်ဆောင်ချက်များကို သေချာထိန်းချုပ်နိုင်မှာ ဖြစ်သောကြောင့် သင့်အတွက် ကောင်းမွန်မှု တစ်ခုလည်းဖြစ်ပါသည်။

  • Enhanced Email စနစ်


    HUAWEI ၏ အဆင့်မြင့် email စီမံခန့်ခွဲမှု လုပ်ဆောင်ချက်တခုဖြစ်ပါသည်။ သင့်စိတ်ကြိုက် ဝင်လာသော အီးမေးလ်များကို sorting လုပ်ခြင်း ၊ လိုချင်သော အချက်အလက် ရှာဖွေခြင်း၊ အမှတ်အသားများပြုလုပ်၍ သိမ်းဆည်းထားနိုင်ခြင်းနှင့် အသိပေးချက် များကို ပြုလုပ်နိုင်သော လုပ်ဆောင်ချက်တခုဖြစ်ပါသည်။

  • Mirror your content


    HUAWEI MediaPad X1 7.0 ထံမှ လုပ်ဆောင်ချက်ကို သင့် တီဗီ ထံသို့ ကြိုးမဲ့စနစ်ဖြင့် ပြန်လည်ပြသနိုင်သော လုပ်ဆောင်ချက်ဖြစ်သည်။ ရုပ်ရှင်ကြည့်ရာတွင်ဖြစ်စေ ဂိမ်းကစားရာတွင်ဖြစ်စေ ပိုမိုကြီးမားသော မျက်နှာတွင် ကြည့်ရှုနိုင်အောင် ရည်ရွယ်ထည့်သွင်းပေးထားပါသည်။

  • Share your content


    HUAWEI MediaPad X1 7.0 သည် အခြားသော multimedia devices ၈လုံးထံသို့ သီချင်း၊ ဗီဒီယို စသည့်များကို ဝေမျှ၍လည်း ကြည်ရှုနိုင်ပါသည်။