Privacy Policy

နောက်ဆုံး အပ်ဒိတ်လုပ်ထားသည် : စက်တင်ဘာ 2016。

သင့်တွင် မေးခွန်းများ၊ ဝေဖန်ချက်များ (သို့) အကြံပြုချက်များရှိပါက consumer_privacy@huawei.com

သုံးစွဲသူများ ခင်ဗျာ၊

Huawei Device Co., Ltd. နှင့် ၎င်း၏ ကမ္ဘာတစ်ဝှမ်းမှ ပူးတွဲကုမ္ပဏီများ ("Huawei" (သို့) "ကျွန်ုပ်သည်/ကျွန်ုပ်တို့/ကျွန်ုပ်တို့၏") သည် သင်၏ သီးသန့်ဖြစ်မှုအနေဖြင့် သင့်တွက် မည်မျှ အရေးကြီးသည်ကို နားလည်သိရှိပြီး သင်၏ သီးသန့်ဖြစ်မှုကို ကာကွယ်ရန် အပြည့်အဝ ကတိပြုပါသည်။ ဤသီးသန့် မူဝါဒ ("ဤမူဝါဒ") ကို ပြည့်စုံစွာမဖတ်ရှုမီ၊ နားလည်သဘောမပေါက်မီနှင့် သဘောမတူမီ ကိုယ်ရေးအချက်အလက်နှင့် သီးသန့်ဒေတာကို Huawei သို့ တင်သွင်းခြင်း (သို့) ပံ့ပိုးလုပ်ဆောင်ခြင်း မပြုလုပ်ပါနှင့်။

ကျွန်ုပ်တို့သည် ဤမူဝါဒကို သင်သဘောပေါက်နားလည်စေရေးအတွက် ကူညီပေးရန် ဖန်တီးခြင်းဖြစ်သည် :
1. Huawei မှ သင်၏ ကိုယ်ရေးသီးသန့်ဒေတာကို အသုံးပြုပုံ 2. Huawei မှ ကွတ်ကီးများနှင့် အလားတူနည်းပညာများကို အသုံးပြုပုံ 3. Huawei မှ သင်၏ ကိုယ်ရေးသီးသန့်ဒေတာကို ထုတ်ဖော်ပုံ 4. သင်၏ ကိုယ်ရေးသီးသန့်ဒေတာကို ဘယ်လို ဝင်ရောက်၊ မွမ်းမံနှင့် ပြောင်းလဲပုံ 5. Huawei မှ သင်၏ ကိုယ်ရေးသီးသန့်ဒေတာကို ကာကွယ်ပုံ 6. Huawei မှ ကလေးများ၏ ကိုယ်ရေးသီးသန့်ဒေတာကို ကိုင်တွယ်ဖြေရှင်းပုံ 7. ကြားခံအဖွဲ့ ဝန်ဆောင်မှုပေးသူများနှင့် ၎င်းတို့၏ဝန်ဆောင်မှုများ 8. သင်၏ ကိုယ်ရေးသီးသန့်ဒေတာကို ကမ္ဘာနှင့်အဝှမ်းသို့ လွှဲပြောင်းပုံ 9. ဤမူဝါဒကို အပ်ဒိတ်ပြုလုပ်ပုံ 10. နိုင်ငံတကာ အသုံးပြုသူမျာုးံ 11. Huawei သို့ ဆက်သွယ်ပုံ
ဤမူဝါဒသည် ဥပမာ၊ ဤမူဝါဒသို့ ပြသ (သို့) တွဲချိတ်သည့် ဝိသေသ ဖုန်းများ၊ စမတ်ဖုန်းများ၊ တက်ဘလက်များ၊ အိမ်သုံးကိရိယာများ၊ ဒေတာကဒ်များ၊ ကွန်ပျူတာ အပလီကေးရှင်းများ၊ တန်ဆာပလာများ၊ ဆော့ဖ်ဝဲ၊ ဝဘ်ဆိုဒ်နှင့် ဝန်ဆောင်မှုများကဲ့သို့ သုံးစွဲသူအဆင့်မှ လျှပ်စစ်ထုတ်ကုန်ပစ္စည်းများကိုသာ ကျင့်သုံးထားသည်ကို သတိပြုပါ။

ဤမူဝါဒသည် Huawei မှ ကိုယ်ရေးသီးသန့်နှင့် သီးသန့်ဒေတာကို မည်သို့ကိုင်တွယ်ဖြေရှင်းပုံနှင့် Huawei မှ သင်၏ ကိုယ်ရေးသီးသန့် ကာကွယ်မှုကိုကာကွယ်ရန် မည်သို့ကတိပြုထားပုံတို့ကို ဖော်ပြထားသည်။ သို့သော်လည်း မူဝါဒတစ်ခုသည် ဒေတာလုပ်ဆောင်ရေး စိုးရိမ်ချက်အားလုံးကို ခြုံငုံမိစေရန် အပြည့်အဝ လုံလောက်မည်မဟုတ်ပါ။ ထို့ကြောင့် Huawei သည် အခြားသော ဒေတာ ကောက်ယူမှုရည်ရွယ်ချက်များကို သင့်ထံသို့ အသိပေးအကြောင်းကြားရန်အတွက် ဤမူဒ၏ ဖြည့်စွက်ချက်တစ်ခုအဖြစ် ထုတ်ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုတစ်ခုသို့ သီးခြားပြဋ္ဌာန်းထားသည့် ဖြည့်စွက်အချက်အလက်ကို ဖော်ပြသွားမည်ဖြစ်သည်။ွှသတ်မှတ်ထားသည့် ထုတ်ကုန် (သို့) ဝန်ဆောင်မှုနှင့်ပါတ်သက်၍ ကျွန်ုပ်တို့၏ သီးသန့်မူဝါဒများကို ကောင်းမွန်စွာနားလည်သဘောပေါက်စေရန်အတွက် ဤမူဝါဒနှင့် ထပ်ဆောင်းဖြည့်စွက်ချက်များ နှစ်ခုစလုံးကိုဖတ်ရှုရန် အကြံပြုထားသည်။ 
1.   Huawei မှ သင်၏ကိုယ်ရေးသီးသန့်ဒေတာကို အသုံးပြုပုံ
အမည်၊ မွေးသက္ကရာဇ်၊ လိပ်စာ၊ မှတ်ပုံတင် နံပါတ်၊ ဖုန်းနံပါတ်၊ အကောင့် နံပါတ်၊ ဓာတ်ပုံနှင့် အထက်တွင် ဖော်ပြထားသည့် ထုတ်ကုန်ပစ္စည်းများ (သို့) ဝန်ဆောင်မှုများ အသုံးပြုသူ၏ အချိန်နှင့် နေရာတို့ကဲ့သို့ ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများ (သို့) ဝန်ဆောင်မှုများ အသုံးပြုမှုမှ ကောက်ယူထားသည့် ကိုယ်ရေးအချက်အလက်အားဖြင့် (သို့) အခြားသော အချက်အလက်များနှင့် ပေါင်းစပ်လျှက် လူတစ်ဦးကို သတ်မှတ်ဖော်ထုတ်နိုင်သည့် အချက်အလက်များ ဖြစ်သည်။ Huawei သည် ဤမူဝါဒတွင်ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက်သာ သင်၏ကိုယ်ရေးသီးသန့် ဒေတာတစ်ကိုစုစည်းပြီး အသုံးပြုသည်။ အောက်ပါတို့ကဲ့သို့ ကျွန်ုပ်တို့စုစည်းနိုင်ပြီး ၎င်းကို မည်သို့အသုံးပြုနိုင်သော ကိုယ်ရေးသီးသန့်ဒေတာ အမျိုးအစားများ၏ ဥပမာများမှာ : 
1.1  မည်သည့် ကိုယ်ရေးသီးသန့်ဒေတာကို Huawei ကစုစည်းသလဲ
ကျွန်ုပ်တို့သည် သင့်ထံမှ ဥပမာ၊ သင်၏အမည်၊ ပရိုဖိုင် ရုပ်ပုံ၊ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ အသက်နှင့် တည်နေရာအသေးစိတ်အချက်များ စသည့် အမျိုးစုံသော ကိုယ်ရေးသီးသန့်ဒေတာကို စုစည်းနိုင်သည်။ အောက်ပါတို့သည် သင့်ထံမှ ကောက်ယူနိုင်သည့် ကိုယ်ရေး အချက်အလက် အမျိုးအစား ဥပမာအချို့ဖြစ်သည်။

(a)   သင့်အနေဖြင့် တိုက်ရိုက် ဖော်ပြသည့် အချက်အလက်များ - ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများစွာတို့သည် သင့်ကို အကောင့်များ (သို့) ပရိုဖိုင်များ ဖန်တီးရန် ခွင့်ပြုပေးသည်။ ကျွန်ုပ်တို့သည် သင်၏ အီးမေးလ် လိပ်စာ၊ ပေးပို့ရေး လိပ်စာ၊ ဖုန်းနံပါတ်၊ ထုတ်ကုန်ပစ္စည်း အချက်အလက်၊ ဝယ်ယူမှု အချိန်နှင့် ငွေပေးချေမှု နည်းလမ်းတို့ကဲ့သို့ လိုအပ်သည့် အကောင့် အချက်အလက်များဖော်ပြရန် သင့်ကို တောင်းဆိုသွားနိုင်သည်။ သင်၏ မိတ်ဆွေများနှင့် ပါဝင်ချက်များမျှဝေရန် Huawei ဝန်ဆောင်မှုများကို အသုံးပြုလျှင် သင့်အနေဖြင့် သင့်မိတ်ဆွေ၏ အမည်၊ ပရိုဖိုင်ရုပ်ပုံ၊ ဖုန်းနံပါတ်နှင့် အီးမေးလ် လိပ်စာ စသည့် အဆက်အသွယ် အချက်အလက်များ ဖော်ပြရန် လိုအပ်နိုင်သည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအချို့သည် သင့်ကို အခြားသူများနှင့် ဆက်သွယ်ရန်နှင့် အချက်အလက်များမျှဝေရန် ခွင့်ပြုပေးသည်။ ဤကဲ့သို့ ဆက်သွယ်ချက်နှင့် မျှဝေသည့် အချက်အလက်များကို လုံခြုံစိတ်ချစွာ လုပ်ဆောင်သွားမည်ဖြစ်သည်။ သင့်ကိရိယာ (သို့) အပလီကေးရှင်းသည် အမှားတစ်စုံတစ်ရာ ဖြစ်ပွားခဲ့လျှင် သင့်အနေဖြင့် မှားယွင်းမှု အချက်အလက်ကို Huawei သို့ ပေးပို့ရန် ရွေးချယ်နိုင်သည်။
(b)  ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို သင်၏ အသုံးပြုမှုနှင့်ပါတ်သက်သည့် အချက်အလက် - ကျွန်ုပ်တို့သည် ကိရိယာအမည်၊ စနစ်နှင့် အပလီကေးရှင်း ဗားရှင်းများ၊ ဒေသပိုင်းနှင့် ဘာသာစကား သတ်မှတ်ချက်များ၊ ကိရိယာ ဗားရှင်းများ၊ သတ်မှတ်ဖော်ထုတ်ရေး နံပါတ်များ (IMEI၊ ESN၊ MEID နှင့် SN)၊ သင့်ကိရိယာ၏ (သင့်ကိရိယာ တည်ရှိသည့် နေရာ၏ ID တို့ကဲ့သို့) ပထဝီဆိုင်ရာ တည်နေရာ အချက်အလက်၊ သင့်ဝန်ဆောင်မှုပေးသူ၏ ကွန်ယက် ID (PLMN)၊ သင့်အပလီကေးရှင်းများ အသုံးပြုပုံနှင့် သင် အင်တာနက် သုံးနေသည့် IP လိပ်စာတို့အပါအဝင် သင့်ကိရိယာများထံမှ စနစ်နှင့် အပလီကေးရှင်း အချက်အလက်များကို ကောက်ယူနိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်၏ အသုံပြုမှု အချိန်နှင့် ကြာမြင့်ချိန်၊ ဝန်ဆောင်မှုများမှတဆင့် သင်လုပ်ဆောင်ထားသည့် ရှာဖွေစစ်ဆေးသည့်အရာများနှင့် သင့်ကိရိယာများတွင် ကျွန်ုပ်တို့ ထည့်သွင်းသတ်မှတ်ထားသည် ကွတ်ကီးများတွင် သိုလှောင်ထားသော အချက်အလက်များကဲ့သို့ မှတ်တမ်း အချက်အလက်များကိုလည်း ကောက်ယူနိုင်သည်။ 

(c)   ကြားခံအဖွဲ့ ရင်းမြစ်များမှ အချက်အလက်များ - ကျွန်ုပ်တို့သည် သင့်နှင့်ပါတ်သက်သည့် အချက်အလက်များကို ဥပဒေမှ ခွင့်ပြုထားသည့် ရင်းမြစ်များအရ လူသိရှင်ကြား (သို့) စီးပွားရေးအရ ရယူသွားနိုင်သည်။ သင်၏ Facebook (သို့) Twitter အကောင့်သုံးပြီး ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်များတွင် သင့်အကောင့်သို့ ဝင်ရောက်ရန် ရွေးချယ်သည့်အခါကဲ့သို့ ဤဝန်ဆောင်မှုများနှင့် ချိတ်ဆက်ရန် ရွေးချယ်သည့်အခါ ကြားခံအဖွဲ့ လူမှုဆက်သွယ်ရေး ကွန်ယက်များမှ သင်၏ အချက်အလက်များကိုလည်း ရယူနိုင်ပါသည်။


1.2   သင်၏ ကိုယ်ရေးအချက်အလက်ကို Huawei မှ အသုံးပြုပုံ
ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကို :
(a)   သင်၏ ဝယ်ယူမှု အော်ဒါများ လုပ်ဆောင်ပေးရန်၊ သင့်ထုတ်ကုန်ပစ္စည်းများ (သို့) ဝန်ဆောင်မှုများ ဆောင်ကြဉ်းပေးရန်၊ သင်၏ ထုတ်ကုန်ပစ္စည်းများ (သို့) ဝန်ဆောင်မှုများကို သက်ဝင်စေရန် (သို့) စစ်ဆေးအတည်ပြုရန်၊ သင်၏ တောင်ဆိုချက်အရ ပြောင်းလဲမှုများ ပြုလုပ်ရန်နှင့် နည်းပညာပိုင်း ပံ့ပိုးမှုများ ပေးရန်၊ 

(b)  သင့်ထံသို့ ဆက်သွယ်ရန်၊ သင်စိတ်ဝင်စားနိုင်သည့် ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအကြောင်း အချက်အလက်များ ပေးပို့ရန်၊ သင်၏ သဘောတူညီချက်အရ Huawei ၏ အရောင်းမြှင့်တင်မှုများနှင့် ဈေးကွက် စစ်တမ်းများ ဖိတ်ကြားရန် (သို့) သင်၏ ရှင်းလင်းသည့် သဘောတူညီချက်ဖြင့် တိုက်ရိုက် ရောင်းချမှု အချက်အလက်များကို သင့်ထံသို့ ပံ့ပိုးပေးရန်၊ ယင်းကဲ့သို့ အချက်အလက်များကို သင့်အနေဖြင့် လက်ခံရရှိရန် ဆန္ဒမရှိပါက အချိန်မရွေး ရွေးချယ်မှု ဖြုတ်နိုင်ပါသည်၊

(c)   ရရှိနိုင်သည့် စနစ် (သို့) အပလီကေးရှင်း အပ်ဒိတ်များအကြောင်း သင့်ထံသို့ အကြောင်းကြားရန်နှင့် ယင်းအပ်ဒိတ်များ လုပ်ဆောင်ပေးရန်၊

(d)  ကိုယ်တိုင်လုပ်ဆောင်ထားသည့် အသုံးပြုသူ အတွေ့အကြုံတစ်ရပ် ပံ့ပိုးပေးရန်နှင့် ပါဝင်ချက်များ စိတ်ကြိုက်လုပ်ဆောင်ရန်နှင့် သင်၏ ရောင်းချမှုနောက်ပိုင်း ဝန်ဆောင်မှုများ သက်ဝင်စေရန်၊

(e)   ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာစေရန်အတွက် ဌာနတွင်း စစ်ဆေးမှု၊ အချက်အလက် လေ့လာစစ်ဆေးမှုနှင့် သုတေသနပြုလုပ်ရန်၊ 

(f) ကျွန်ုပ်တို့၏ စီးပွားရေး လုပ်ဆောင်ချက်များနှင့်၊ ဈေးကွက် ရှယ်ယာများ အကျိုးဖြစ်ထွန်းမှုကို လေ့လာသုံးသပ်ရန်၊ 

(g)  သုံးစွဲသူ ဆက်သွယ်ရေးများ တိုးတက်စေရန်နှင့် သင့်ထံသို့ ကျွန်ုပ်တို့ပေးအပ်ထားသည့် ဝန်ဆောင်မှု အရည်အသွေးနှင်း လုံခြုံရေးရှိစေရန်၊

(h)  ကျွန်ုပ်တို့ထံသို့ သင်၏ အမှားအချက်အချက်များ ပေးပို့ရန်ရွေးချယ်သည့်အခါ ပြဿနာ ဖြေရှင်းရေး ဝန်ဆောင်မှုများ လုပ်ဆောင်ရန်၊ 

(i) သင့်အနေဖြင့် အပ်လုတ် (သို့) ဒေါင်းလုတ်လုပ်သည့်ဒေတာနှင့် အပ်လုတ်များနှင့် ဒေါင်းလုတ်များပြုလုပ်ရန် လိုအပ်သည့် ဒေတာကို ဆင့်ခ်လုပ်ရန်၊ မျှဝေရန်နှင့် သိမ်းဆည်းရန်နှင့်

(j) ကျွန်ုပ်တို့၏ ပျောက်ဆုံးမှု ကာကွယ်ရေးနှင့် လှည့်ဖျားမှုတိုက်ဖျက်ရေး ပရိုဂရမ်များ တိုးတက်ကောင်းမွန်စေရန် တို့အတွက် အသုံးပြုပါသည်။

1.3   တည်နေရာအခြေပြု ဝန်ဆောင်မှုများ
သင့်အနေဖြင့် အချက်အလက်များ ရှာဖွေသည့်အခါ၊ လမ်းညွှန်ပြသမှု ယူသည့်အခါ (သို့) သတ်မှတ်ထားသည့် တည်နေရာများအရ မိုးလေဝသ စစ်ဆေးကြည့်ရှုသည့်အခါ Huawei သည် သင့်ကိရိယာ၏ တည်နေရာ အချက်အလက် အတိအကျ (သို့) ခန့်မှန်းနေရာတို့ကို ကောက်ယူနိုင်၊ အသုံးပြုနိုင်ပြီး လုပ်ဆောင်သွားနိုင်ပါသည်။ ဤအရာသည် သင့်အတွက် မြန်ဆန်သည့် ဝန်ဆောင်မှုများပေးရန် Huawei ကို ခွင့်ပြုပေးသည်။ သတင်းအချက်အလက် စုဆောင်းခြင်းသည် သင့်ကိရိယာ၏ ခွဲခြားသိနိုင်သော သင်္ကေတများ (IMEI၊ ESN၊ MEID နှင့် SN)၊ အမျိုးအစား၊ မော်ဒယ်နှင့် အချိန်နှင့် တပြေးညီ (GPS၊ Wi-Fi နှင့် အခြား သင့်ဝန်ဆောင်မှုထောက်ပံ့သူ၏ ကွန်ယက် ID အပါအဝင်) တည်နေရာ အချက်အလက်တို့ ပါဝင်နိုင်ပါသည်။ Huawei သည် တည်နေရာအခြေခံ ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုမျာပေးရန်နှင့် တိုးတက်ကေင်းမွန်စေရန်အတွက် တည်နေရာ အချက်အလက်များကို ကောက်ယူပါသည်။

တည်နေရာ ဝန်ဆောင်မှုများကို ဖွင့်လိုသည့်အခါ ဝန်ဆောင်မှု တစ်ခုစီအပေါ် အခြေခံပြီး သင့်ကို မေးမြန်းသွားနိုင်ပါသည်။ သင့်ကိရိယာများမှ တည်နေရာ ဝန်ဆောင်မှုများကိုပိတ်ခြင်းဖြင့် သင်၏ တည်နေရာ အချက်အလက်များ မျှဝေခြင်းမပြုရန် ရွေးချယ်နိုင်သည်။ တည်နေရာအခြေပြု ဝန်ဆောင်မှုများ မည်သို့ ပိတ်ရသည်နှင့်ပါတ်သက်၍ အသေးစိတ် အချက်အလက်များသိရှိရန် သင်၏ ဝန်ဆောင်မှုပေးသူ (သို့) ဝန်ဆောင်မှု ပံ့ပိုးပေးသူသို့ ဆက်သွယ်ပါ။

1.4   ဖော်ထုတ်၍မရနိုင်သည့် အချက်အလက်များ ကောက်ယူ အသုံးပြုပုံ
"ဖော်ထုတ်၍မရနိုင်သည့် အချက်အလက်များ" ဆိုသည်မှာ သီးခြားလူတစ်ဦးကို သတ်မှတ်ဖော်ထုတ်ရန် အသုံးပြု၍မရနိုင်သည့် အချက်အလက်များကို ရည်ညွှန်းပါသည်။ Huawei သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှုမှု အရေအတွက်တို့ကဲ့သို့ ပျမ်းမျှ စာရင်းအင်း အချက်အလက်များကို ကောက်ယူနိုင်သည်။ Huawei သည် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်၊ ထုတ်ကုန်ပစ္စည်းများ (သို့) ဝန်ဆောင်မှုများကို လူများ အသုံးပြုပုံနှင့်ပါတ်သက်၍ နားလည်သိရှိရန်ကဲ့သို့ ဝန်ဆောင်မှုများကို ကောက်ယူပါသည်။ ဤနည်းလမ်းများဖြင့် Huawei သည် သုံးစွဲသူ၏ လိုအပ်ချက်နှင့် ကောင်းစွာကိုက်ညီသော ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အဆက်မပြတ် ထောက်ပံ့နိုင်သည်။ Huawei သည် ၎င်း၏ ကိုယ်ပိုင်လမ်းညွှန်မှုတွင် အခြားအရာများအတွက် သတ်မှတ်ဖော်ထုတ်၍မရနိုင်သည့် အချက်အလက်များကို ကောက်ယူရန်၊ အသုံးပြုရန်၊ လုပ်ငန်းလုပ်ဆောင်ရန်၊ လွှဲပြောင်းရန် (သို့) ထုတ်ဖော်ရန် ပြုလုပ်နိုင်သည်။

ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက်အလက်များနှင့် ဖော်ထုတ်၍မရနိုင်သည့် အချက်အလက်များကို သိမ်းဆည်းရန်ကြိုးပမ်းပြီး အချက်အလက် အမျိုးအစားတစ်ခုစီတိုင်းကို သီးခြား အသုံးပြုပါသည်။ လူပုဂ္ဂိုလ်၏ ဒေတာကို ဖော်ထုတ်၍မရနိုင်သည့် အချက်အလက်များနှင့် ပေါင်းစပ်ရာတွင် ယင်းကဲ့သို့ ပေါင်းစပ်ချက်ကို ၎င်းပေါင်းစပ်ထားသည့်ကာလတစ်လျှောက် ကိုယ်ရေးဒေတာအဖြစ် မှတ်ယူပါမည်။

2.   Huawei သည် ကွတ်ကီးနှင့် အလားတူ နည်းပညာများ အသုံးပြုပုံ 2.1  ကွတ်ကီးများ
သင်၏ ဝဘ်ဆိုဒ်များ ကောင်းစွာ လုပ်ဆောင်မှုရှိစေရန် ကျွန်ုပ်တို့သည် သင့်ကွန်ပျူတာများ (သို့) မိုဘိုင်း ကိရိယာများတွင် ကွတ်ကီးဟု သိရှိကြသည့် အချက်အလက် ဖိုင်သေးများကို ရံဖန်ရံခါ ထားရှိပါသည်။ ကွတ်ကီးတစ်ခုသည် သင်ကွန်ပျူတာ (သို့) မိုဘိုင်းကိရိယာထဲတွင် ဝဘ်ဆိုဒ်ဆာဗာမှ သိုလှောင်လိုက်သော ရိုးရှင်းသည့် စာသားဖိုင်လေးတစ်ခုမျှသာဖြစ်သည်၊ ယင်းဆာဗာတစ်ခုတည်းကသာ ထိုကွတ်ကီးထဲတွင် ပါဝင်သော အကြောင်းရာကို ပြန်ဖော်နိုင် (သို့) ဖတ်ရှုနိုင်သည်။ ကွတ်ကီးအသီးသီးတို့သည် သင်၏ ဝဘ် ဘရောက်ဇာ (သို့) မိုဘိုင်း အပလီကေးရှင်းများအတွက် အထူးဖြစ်သည်။ ဤအရာတွင် သတ်မှတ်ဖော်ထုတ်ပစ္စည်း၊ ဆိုဒ် အမည်၊ ဂဏန်းနှင့် အက္ခရာအချို့တို့ကဲ့သို့ တိကျသည့် အချက်လက်များ ပါဝင်သည်။ ကွတ်ကီးများသည် သင်၏ ဦးစားပေးချက်များ (သို့) သင်၏ ဈေးခြင်းတောင်းတွင် ရှိသည့်အရာများကဲ့သို့ အချက်အလက်များကို မှတ်သားစေရန် ဝဘ်ဆိုဒ်များကို ခွင့်ပြုပေးသည်။

အကြီးစား ဝဘ်ဆိုဒ်များ (သို့) အင်တာနက် ပံ့ပိုးပေးသူ အများစုတို့သည် သင်၏ ("ကဏ္ဍပိုင်း ကွတ်ကီး" တစ်ခုသုံးပြီး) တစ်ကြိမ်တည်း သွားရောက်စဉ် (သို့) ("ဆက်လက်ပေါ်ပေါက်နေသည့် ကွတ်ကီး" တစ်ခုသုံးပြီး) ထပ်မံသွားရောက်မှုများပြုလုပ်နေစဉ် ဝဘ်ဆိုဒ်များကို သင် "မှတ်သားထားရန်" ခွင့်ပြုပြီး အသုံးပြုသူ အတွေ့အကြုံတိုးတက်ကောင်းမွန်စေရန်အတွက် ဤအရာကို ပံ့ပိုးထားသည်။ ကွတ်ကီးများသည် သင်၏ ကွန်ပျူတာ (သို့) မိုဘိုင်း ကိရိယာများတွင် ဝဘ်ဆိုဒ်များကို သင် ကြည့်ရှုလိုသည့်အတိုင်း ဘာသာစကား၊ ဖောင့် အရွယ်အစားနှင့် အခြားသော ဦးစားပေးချက်များကဲ့သို့ – သင်၏ သတ်မှတ်ချက်များကို ဝဘ်ဆိုဒ်များမှ မှတ်သားစေရာတွင် အထောက်အကူပြုသည်။ ဤနည်းလမ်းအားဖြင့် ကျွန်ုပ်တို့ထံသို့ သင် ပြန်လည်ရောက်ရှိသည့်အခါတိုင်း ၎င်းတို့ကို ပြန်လည်ထည့်သွင်းရန် လိုအပ်မည်မဟုတ်ပါ။ ဝဘ်ဆိုဒ်သည် ကွတ်ကီးများအသုံးမပြုလျှင် သင်သည် ဝဘ်ဆိုဒ်ပေါ်ရှိ စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်ကြည့်ရှုသောအခါတိုင်း ဧည့်သည်သစ်အနေဖြင့် မှတ်ယူလိမ့်မည်။ ဥပမာ၊ သင်၏ ဝင်ရောက်မှု အသေးစိတ်အချက်များထည့်သွင်းပြီး အခြားစာမျက်နှာသို့ ရွှေ့သည့်အခါ ဝဘ်ဆိုဒ်သည် သင့်ကို မှတ်သားမည်မဟုတ်ဘဲ ၎င်းအရာသည် သင့်အတွက် ဆက်လက်ဝင်ရောက်စေနိုင်မည်မဟုတ်ပါ။

Huawei သည် ကွတ်ကီးများကို ဤနေရာတွင် သတ်မှတ်ဖော်ပြထားသည်ထက်ပို၍ အခြားရည်ရွယ်ချက်များအတွက် အသုံးမပြုပါ။ သင်သည် ကွန်ကီးများကို လိုအပ်သလို ထိန်းချုပ် (သို့) ဖျက်ပစ်နိုင်သည်။ အသေးစိတ်အချက်များအတွက် AboutCookies.org တွင် ကြည့်ရှုပါ။ သင်၏ ကွန်ပျူတာများတွင် ကွတ်ကီးများ ဖျက်ပစ်နိုင်ပြီး အသုံးများသည့် ဘရောက်ဇာများကို ကွတ်ကီးများ ပိတ်ဆီးရန် သတ်မှတ်နိုင်သည်။ သို့သော် သင်ဤကဲ့သို့ ပြုလုပ်လျှင် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်သို့ သွားရောက်လည်ပတ်သောအခါတိုင်း အချို့ ဦးစားပေး သတ်မှတ်ချက်များကို ကိုယ်တိုင်အားဖြင့် ချိန်ညှိရန် လိုအပ်နိုင်သည်။ သင်၏ ဘရောက်ဇာ သတ်မှတ်ချက်များ ပြောင်းလဲပုံနှင့်ပါတ်သက်၍ နောက်ထပ် အသေးစိတ်အချက်များအတွက် အောက်ပါ ဟိုက်ပါလင့်ခ်များကို သွားရောက်ကြည့်ရှုပါ :< Internet Explorer> <Google Chrome> <Mozilla Firefox> <Safari> နှင့် <Opera>

2.2   ဝဘ် ဘီကွန်များနှင့် pixel တဂ်များ
ကွတ်ကီးများကို ဖြည့်ဆည်းရာတွင် ဝဘ် ဘီကွန်များနှင့် pixel တဂ်များသည် ကျွန်ုပ်တို့ အသုံးပြုနိုင်သည့် နည်းပညာများနှင့် အလားတူကြသည်။ အများအားဖြင့် Huawei မှ သင့်ထံသို့ ပေးပို့သည့် အီးမေးလ်တစ်စောင်တွင် Huawei ၏ ဝဘ်ဆိုဒ်မှ ပါဝင်ချက်များနှင့် ချိတ်ဆက်ထားသည့် "URL မှတဆင့် နှိပ်ပါ" တစ်ခု ပါဝင်မည်ဖြစ်သည်။ လင့်ခ်ကို နှိပ်လိုက်သည့်အခါ တဆင့်နှိပ်ရန် လင့်ခ်သည် ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများ (သို့) ဝန်ဆောင်မှုများတွင် သင်၏ ဦးစားပေးချက်များကို လေ့လာရန်နှင့် ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှု တိုးတက်စေရန် Huawei မှ စောင့်ကြည့်ထားခြင်း ဖြစ်သည်။ ဝဘ် ဘီကွန်တစ်ခုသည် ဆိုဒ်တစ်ခု (သို့) အီးမေးလ် တစ်စောင်တွင်း ထားရှိသည့် ရှင်းလင်းသော ဂရပ်ဖစ် ပုံရိပ်တစ်ခုဖြစ်သည်။ Pixel တဂ်များသည် အီးမေးလ်ကို ဖွင့်ထားပြီးသည့်အခါ ကျွန်ုပ်တို့အား သိရှိစေရန် အထောက်အကူပြုသည့် အထူး ဖော်မက်ပုံစံတစ်ခုတွင် အီးမေးလ် မက်ဆေ့ခ်ျများ ပေးပို့နိုင်ခွင့်ပြုသည်။ ဤနည်းပညာများမှ သင့်ကို စောင့်ကြည့်မှု မရှိလိုလျှင် အီးမေးလ်ကို အချိန်မရွေး စာရင်းသွင်းမှာယူမှု ဖယ်ရှားနိုင်ပါသည်။

2.3 အချက်ပြလိုင်းများကို ခြေရာမခံရပါ
ဝဘ် ဘရောက်ဇာများစွာတို့သည် အသုံးပြုသူများဖွင့်ထားသည့် ဝဘ်ဆိုဒ်များသို့ "ခြေရာမခံရပါ" အချက်ပြလိုင်းများ ထုတ်လွှင့်သည့်အခါ "ခြေရာမခံရပါ" လုပ်ဆောင်ချက်ကို လုပ်ဆောင်ကြသည်။ လက်ရှိတွင် အသုံးပြုသူများသည် ယင်းကဲ့သို့ အချက်ပြများ လက်ခံရရှိသည့်အခါ ဝဘ်ဆိုဒ်အနေဖြင့် မည်သို့ပြုလုပ်ရမည်နှင့်ပါတ်သက်ပြီး ဦးဆောင် အင်တာနက် စံချိန်မီ သတ်မှတ် အဖွဲ့အစည်းတို့တွင် ပါဝင်လုပ်ဆောင်ကြသူတို့အကြား ယေဘုယျ သဘောတူညီချက် မရှိပေးပါ။ သို့သော်လည်း ကျွန်ုပ်တို့သည် သင်၏ ဘရောက်ဇာတွင် သတ်မှတ်ထားနိုင်သည့် "ခြေရာမခံရပါ" ရွေးစရာကို အလေးထားမှုရှိပါသည်။

3.   Huawei သည် သင်၏ ကိုယ်ရေးအချက်အလက်ကို ထုတ်ဖော်ပုံ Huawei သည် သင်၏ ကိုယ်ရေး အချက်အလက်များကို ကြားခံအဖွဲ့များသို့ ရောင်းချမည်မဟုတ်ပါ။ သို့သော်လည်း Huawei သည် အောက်ပါ အခြေအနေတို့တွင် သင်၏ ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော်နိုင်ပါသည် :
3.1   သင်၏ တိကျသည့် သဘောတူညီချက်နှင့်အတူ ဖော်ထုတ်ခြင်း - သင်၏ အတည်ပြုချက် ရယူပြီးနောက် Huawei သည် သင် လုပ်ဆောင်နေသည့် အဖွဲ့များနှင့် သင်ရွေးချယ်နိုင်သည့် နည်းလမ်းတို့တွင် သင်၏ ကိုယ်ရေး အချက်အလက်များ မျှဝေနိုင်ပါသည်။
3.2   Huawei ၏ တွဲဖက်ကုမ္ပဏီများသို့ ထုတ်ဖော်ခြင်း - မူဝါဒ ဆိုင်ရာအရ သင်၏ ကိုယ်ရေး အချက်အလက်များကို Huawei ၏ တွဲဖက်ကုမ္ပဏီများအကြား မျှဝေသွားမည်ဖြစ်ပြီး ကျွန်ုပ်တို့၏ တွဲဖက်များအတွက် အနိမ့်ဆုံး လိုအပ်သည့် အချက်အလက်ထက်ပို၍ ဖော်ထုတ်သွားမည် မဟုတ်ပါ။
3.3   ခွင့်ပြုထားသည့် ပူးပေါင်း လုပ်ဖော်ကိုင်ဖက်များ ("ကျွန်ုပ်တို့၏ တွဲဖက်များ") သို့ ထုတ်ဖော်ခြင်း - Huawei သည် ကျွန်ုပ်တို့၏ တွဲဖက်များမှတဆင့် ဝန်ဆောင်မှုမျာဖြင့် သင့်ကို ပံ့ပိုးနိုင်ပါသည်။ ထို့ကြောင့် Huawei သည် ပိုမိုကောင်းမွန်သည့် သုံးစွဲသူ ဝန်ဆောင်မှုများနှင့် သင့်ကို ပံ့ပိုးပေးရန်နှင့် သင်၏ စုစုပေါင်း သုံးစွဲမှု တိုးတက်စေရန် ကျွန်ုပ်တို့၏ တွဲဖက်များနှင့်အတူ သင်၏ ကိုယ်ရေး အချက်အလက်အချို့ကို မျှဝေနိုင်ပါသည်။ ဥပမာ၊ သင့်အနေဖြင့် Huawei ထုတ်ကုန်ပစ္စည်းများကို အွန်လိုင်းတွင် ဝယ်ယူရန်ဆုံးဖြတ်ထားသည့်အခါ Huawei သည် ထုတ်ကုန်ပစ္စည်းများကို သင့်ထံပို့ ပို့ဆောင်နိုင်ရန် (သို့) ဝန်ဆောင်မှုများဖြင့် ကူညီနိုင်ရေးအတွက် ကျွန်ုပ်တို့၏ တွဲဖက်များကို ခွင့်ပြုရန် မှတ်တမ်းဆိုင်ရာ ဝန်ဆောင်မှု ပေးသူများကို ဖော်ထုတ်ရန်အတွက် သင်၏ ကိုယ်ရေးအချက်အလက်များ ထည့်သွင်းရန် လိုအပ်ပါသည်။ သင်၏ ကိုယ်ရေး အချက်အလက်များကို သတ်မှတ်ထာသည့်၊ ရှင်းလင်းစွာ ဖော်ပြထားပြီး ဥပဒေရေး လုပ်ဆောင်ချက်တို့အတွက်သာလျှင် ဆောင်ရွက်နိုင်ပြီး ဤရည်မှန်းထားသည့် မှန်းချက်များနှင့်အညီဖြစ်စေရန် အချက်အလက် ပမာဏကို အနိမ့်ဆုံး လိုအပ်ချက်သို့ ကန့်သတ်ထားပါသည်။ Huawei လက်အောက်ခံ ကုမ္ပဏီ အားလုံး (သို့) ကျွန်ုပ်တို့၏ တွဲဖက်ကုမ္ပဏီများသည် အခြားရည်ရွယ်ချက်အတွက် ကိုယ်ရေးအချက်အလက်များကို အသုံးပြုခွင့် မပြုပါ။
3.4 တရားဝင် လိုအပ်ချက်များ (သို့) အခြားသော ခိုင်လုံသည့် အကြောင်းပြချက်များအောက်တွင် သင်၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်ပါသည်။ Huawei သည် ဥပဒေ၊ တရားဝင် လုပ်ထုံးလုပ်နည်းများ၊ တရားစွဲဆိုမှု (သို့) အများပြည်သူဆိုင်ရာနှင့် အစိုးရပိုင်း အာဏာပိုင်များ အသိအမှတ်ပြုသည့်အခါ သင်၏ ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်မည်ဖြစ်သည်။ တရားစီရင်ထုံးအချို့တွင် သင်၏ ကိုယ်ရေး အချက်အလက်များကို Huawei အနေဖြင့် ပြန်လည်စုဖွဲ့ခြင်း၊ ပေါင်းစပ်ခြင်း (သို့) ဒေဝါလီ စာရင်းဖျက်သိမ်းခြင်းတို့ကဲ့သို့တို့တွင် ပါရှိခဲ့သည့် အခြေအနေများအောက်တွင် လွှဲပြောင်းမှု အဖွဲ့အစည်းများသို့လည်း ထုတ်ဖော်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသင်းအဖွဲ့များနှင့် စည်းမျဉ်းစည်းကမ်းများ အားဖြည့်ရန်နှင့် ကျွန်ုပ်တို့၏ သုံးစွဲသူများအား ကာကွယ်ရန်တို့ ပါဝင်သည့် ကျိုးကြောင်းခိုင်လုံမှုရှိစွာ လိုအပ်သော အခြေအနေများတွင်လည်း သင်၏ အချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။
4 သင်၏ ကိုယ်ရေးအချက်အလက်ကို မည်သို့ သုံးခွင့်ရပုံ၊ မွမ်းမံလုပ်ဆောင်ပုံ (သို့) ပြောင်းလဲပုံ Huawei ၏ စည်းမျဉ်းနှင့် သတ်မှတ်ချက်များအောက်တွင် သင်၏ အကောင့် မှတ်ပုံတင် အချက်အလက်တို့ကဲ့သို့ ကိုယ်ရေး အချက်အလက်ကို အချိန်မရွေး စီမံနိုင်ပါသည်။ ဤကိစ္စနှင့်ပါတ်သက်ပြီး သင်ထည့်သွင်းထားသည့် ကိုယ်ရေးအချက်အလက်သည် မှန်ကန်ကြောင်း သေချာပါစေ။ Huawei သည် သင်၏ ကိုယ်ရေး အချက်အလက်များ တိကျမှုရှိစေရန်၊ ပြီးပြည့်စုံစေရန်နှင့် နောက်ဆုံးအဆင့်ဖြစ်စေရန် တာဝန်ယူကြိုးပမ်းမှုများ ပြုလုပ်ပါသည်။ 

သင်၏ ကိုယ်ရေးအချက်အလက်များ ရရှိပိုင်ခွင့် သင့်တွင်ရှိပြီး ဥပဒေမှ ခွင့်ပြုထားသည့် ချွင်းချက်အချို့ကို ညွှန်းဆိုပါသည်။ နိုင်ငံများနှင့် တရားစီရင်ထုံးများတွင် သတ်မှတ်ထားသည့် သီးသန့်ဖြစ်မှုနှင့် အချက်အလက် ရပိုင်ခွင့်များ ရှိသည့်အခါ ကျွန်ုပ်တို့သည် ၎င်းတို့နှင့်အညီ လုပ်ဆောင်ပါမည်။ သင်၏အချက်အလက် သုံးခွင့်ရမှုကို သိရှိလိုလျှင် consumer_privacy@huawei.com သို့ အီးမေးလ်ပေးပို့ပြီး ကျွန်ုပ်တို့ကို သိရှိစေပါ။ လုံခြုံရေးကိစ္စများအတွက် သင်၏ တောင်းဆိုချက် ရေးသားဖော်ပြရန်လည်း လိုအပ်ပါသည်။

ထို့အပြင် ကျွန်ုပ်တို့တွင်ရှိနိုင်သည့် သင်နှင့်ပါတ်သက်သော အချက်အလက် တစ်စုံတစ်ရာကို ဖျက်ပစ် (သို့) ပြင်ဆင်ပိုင်ခွင့် ရှိပါသည်။ သင်၏ တောင်းခံချက်အရ Huawei သည် သင်၏ ညွှန်းဆိုချက်များအတိုင်း အချက်အလက်များကို ဖျက်ပစ် (သို့) ပြင်ဆင်သွားမည်ဖြစ်ပါသည်။ ဤသို့ ပြုလုပ်ရန် ကျွန်ုပ်တို့ထံသို့ consumer_privacy@huawei.com အီးမေးလ်လိပ်စာတွင် ဆက်သွယ်နိုင်သည်။ သို့သော် တောင်းခံချက်များသည် ယုံကြည်မှု မရှိစွာ ဖော်ပြထားလျှင်၊ အလွန် လက်တွေ့မကျလျှင် (သို့) အခြားနည်းလမ်းဖြင့် ဒေသတွင်း ဥပဒေမှ သုံးခွင့်ရမှု လိုအပ်သည်ဟု ကျိုးကျောင်းခိုင်လုံသည့် အခြေခံရှိနေလျှင် တောင်းခံမှု ရှေ့ဆက်လုပ်ဆောင်ရန် ငြင်းပယ်သွားနိုင်သည်။ 
5 သင်၏ ကိုယ်ပိုင်အချက်အလက်ကို Huawei မှ ကာကွယ်ပေးပုံ Huawei သည် သင်၏ ကိုယ်ရေး အချက်အလက်များ၏ လုံခြုံရေးကို ပြင်းထန်စွာ လုပ်ဆောင်ပါသည်။ သင်၏ ကိုယ်ရေးအချက်အလက်များကို အခွင့်မရှိသုံးစွဲမှု၊ ထုတ်ဖော်ပြောဆိုမှု၊ အသုံးပြုမှု၊ ပြောင်းလဲမှု၊ ထိခိုက်ပျက်စီးမှု (သို့) ပျောက်ဆုံးမှုများမရှိစေရေး ကာကွယ်စောင့်ရှောက်ရန်အတွက် စက်မှုလုပ်ငန်းစံချိန်မီ လုပ်ဆောင်မှုများအတိုင်း ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး အချက်အလက်များကိုကာကွယ်ရန် လုပ်ဆောင်နိုင်သည့် အဆင့်များကို ဆောင်ရွက်ပါသည်၊ ဥပမာ : ကျွန်ုပ်တို့သည် အချက်အလက်များ ယုံကြည်စိတ်ချရမှုရှိစေရန် ကုဒ်ပြောင်းမြှုပ်မှုကို အသုံးပြုပါသည်၊ ကျွန်ုပ်တို့သည် အဖျက်သဘောဆောင် တိုက်ခိုက်မှုများမှ အချက်အလက်များကို ကာကွယ်ရန် ယုံကြည်ရသည့် ကာကွယ်ရေး ယန္တရားများကို အသုံးပြုပါသည်၊ ကျွန်ုပ်တို့သည် ကိုယ်ရေးအချက်အလက်များ သုံးနိုင်ရန် အခွင့်ရ သူသာလျှင် ခွင့်ပြုခြင်းဖြင့် သွားရောက်သည့်နေရာ ထိန်းချုပ်မှု ယန္တရားကို ထားရှိပေးပါသည်၊ လုံခြုံရေးနှင့် သီးသန့်ဖြစ်မှု ကာကွယ်ရေး စောင့်ရှောက်မှု ကဏ္ဍပိုင်း သင်တန်းမှတဆင့် ကိုယ်ရေးအချက်အလက်များကို နားလည်သဘောပေါက်မှုနှင့် ကာကွယ်မှု အရေးကြီးပုံကို အလုပ်သမားများ သိရှိစေပါသည်။ 

လုံလောက်သည့် (သို့) သက်ဆိုင်သည့်အရာများအတွက် သင်၏ ကိုယ်ရေး အချက်အလက်များကန့်သတ်ရန် ကျိုးကြောင်းခိုင်လုံသည့် လုပ်ဆောင်မှု အဆင့်များကို ဆောင်ရွက်ပါသည်။ ကျွန်ုပ်တို့သည် ဤမူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များ လုပ်ဆောင်ရန် ဦးစားပေး လိုအပ်ချက်များအတွက်သာ သင်၏ ကိုယ်ရေး အချက်အလက်များကို ထိန်းသိမ်းထားပြီး တာရှည် ထိန်းသိမ်းထားခြင်းကို ဥပဒေမှ ခွင့်ပြုချက် လိုအပ်မှုမရှိလျှင် သင်၏ ကိုယ်ရေးအချက်အလက်များကို လိုအပ်သည်ထက် ပိုမိုကြာရှည်စွာ ထိန်းသိမ်းသွားမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် သင်နှင့်ဆိုင်သော အချက်အလက်များကို ကာကွယ်ရန် အတတ်နိုင်ဆုံး ဂရုစိုက်မှု ပြုလုပ်သော်လည်း 100% လုံခြုံသော (သို့) မဖောက်နိုင်သော လုံခြုံရေးစနစ်များ မရှိသည်ကို မှတ်သားပါ။ 

6 ကလေးများ၏ ကိုယ်ရေး အချက်အလက်များကို Huawei မှ ကိုင်တွယ်လုပ်ဆောင်ပုံ ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများ၊ ဝဘ်ဆိုဒ်များနှင့် ဝန်ဆောင်မှုများသည် အခြေခံအားဖြင့် အရွယ်ရောက်သူများအတွက် ရည်ရွယ်ထားပါသည်။ ကလေးများကို ၎င်းတို့၏ မိဘများ/အုပ်ထိန်းသူများ၏ သဘောတူညီချက်မရှိဘဲ ၎င်းတို့၏ ကိုယ်ပိုင် အကောင့်ဖန်တီးရန် ခွင့်မပြုပါ။ တရားဝင် လိုအပ်ချက်များ (သို့) မိဘ၏ သဘောတူညီချက်ဖြင့် ကလေး၏ ကိုယ်ရေး အချက်အလက်များ ကောက်ယူမှု ပြုလုပ်သည့်အခါ ဒေသတွင်း ဥပဒေများနှင့် ထိန်းချုပ်ချက်များအရ မိဘ၏ သဘောတူညီမှုနှင့်အတူ ဥပဒေမှ ခွင့်ပြုသည် အချက်အလက်များကို ဖော်ထုတ်ရန် (သို့) ကလေးကို ကာကွယ်စောင့်ရှောက်ရန်သာ အသုံးပြု (သို့) ထုတ်ဖော်သွားမည်ဖြစ်သည်။ ကလေးတစ်ဦး၏ ဖွင့်ဆိုချက်သည် သက်ဆိုင်ရာ ဥပဒေများနှင် ဒေသတွင်း ယဉ်ကျေးမှု ထုံးတမ်းများအရ ကွဲပြားနိုင်သော်လည်း ကျွန်ုပ်တို့အနေဖြင့် အသက် 13 နှစ်အောက်ရှိသူကို ကလေးအဖြစ် သတ်မှတ်ထားပါသည်။

Huawei သည် အတည်ပြုနိုင်သည့် မိဘဆိုင်ရာ သဘောတူညီချက်ကို ဦးစွာ လက်ခံယူခြင်းမရှိဘဲ ကလေး၏ ကိုယ်ရေး အချက်အလက်ကို ကောက်ယူထားကြောင်း တွေ့ရှိလျှင် အချက်အလက်များကို တတ်နိုင်သမျှ မြန်ဆန်စွာဖျက်ပစ်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။
7 ကြားခံအဖွဲ့ ပံ့ပိုးပေးသူများနှင့် ၎င်းတို့၏ ဝန်ဆောင်များ ထိရောက်မှုရှိသည့် ဝင်ရောက်ကြည့်ရှုမှုနှင့် အသုံးစွဲသူ အတွေ့အကြုံ တိုးတက်စေရန် သင့်ကို ကြားခံအဖွဲ့များ ပြင်ပမှ Huawei နှင့် ကျွန်ုပ်တို့၏ တွဲဖက်များ ("ကြားခံအဖွဲ့များ") သို့ ပါဝင်ချက်များ (သို့) အင်တာနက် ဟိုက်ပါလင့်ခ်များဖြင့် ဖော်ပြသွားနိုင်သည်။ Huawei သည် ကြားခံအဖွဲ့များအပေါ် ထိန်းချုပ်မှုမရှိဘဲ သင့်အနေဖြင့် ၎င်းတို့၏ ဟိုက်ပါလင့်ခ်များ (သို့) ပါဝင်ချက်များ (သို့) ၎င်းတို့၏ ဝန်ဆောင်မှုများ (သို့) ထုတ်ကုန်ပစ္စည်းများကို အသုံးပြုမှုရှိမရှိ ရွေးချယ်နိုင်သည်။

Huawei သည် ကြားခံအဖွဲ့များမှ လုပ်ဆောင်သည့် သီးသန့်ဖြစ်မှုနှင့် ဒေတာ ကာကွယ်ချက်တို့ကို ထိန်းချုပ်၍ မရနိုင်ပါ၊ ယင်းကဲ့သို့ လုပ်ဆောင်ချက်များကို ဤမူဝါဒမှ အုပ်စိုးမှုရှိမည်မဟုတ်ပါ။ မိမိ၏ စိတ်ဆန္ဒအရ ကြားခံအဖွဲ့များသို့ အချက်အလက်များ ဖော်ပြရန် ဆုံးဖြတ်သည့်အခါ ၎င်းတို့၏ သီးသန့်ဖြစ်မှု ကာကွယ်ရေး မူဝါဒများသို့ ညွှန်းဆိုပါသည်။
8 သင်၏ ကိုယ်ရေးအချက်အလက်များကို နိုင်ငံတကာသို့ မည်သို့ လွှဲပြောင်းသလဲ Huawei ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို နိုင်ငံများစွာနှင့် ကမ္ဘာတစ်ဝှမ်းမှ ဒေသပိုင်းများစွာတို့တွင် တည်ရှိသည့် ရင်းမြစ်များနှင့် ဝန်ဆောင်မှုများသုံးပြီး ပံ့ပိုးပေးနိုင်ပါသည်။ ထို့ကြောင့် သင်၏ ကိုယ်ရေး အချက်အလက်များကို ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အသုံးပြုရာ နိုင်ငံပြင်ပရှိ နိုင်ငံတကာ နယ်စပ်ဒေသများတစ်လျှောက် လွှဲပြောင်းနိုင် (သို့) သုံးခွင့်ရနိုင်ပါသည်။ အဆိုပါ နိုင်ငံများသည် ကိုယ်ရေးအချက်အလက်များအတွက် သီးခြားကာကွယ်မှု ဖော်ပြထားသည့် ဥပဒေများ မရှိလျှင် ၎င်းတို့သည် ဒေတာ ကာကွယ်ချက်နှင့်ပါတ်သက်ပြီး အခြားသော တရားဝင် ထိန်းချုပ်ချက်များ ရှိနေနိုင်သည်။ ဤဖြစ်ရပ်တို့တွင် Huawei သည် သင်၏အချက်အလက်အတွက် အလားတူ ကာကွယ်မှုပြုလုပ်သွားမည်ဖြစ်ပြီး သင့်အချက်အလက်အတွက် ဤကဲ့သို့ လုံလောက်သော ကာကွယ်ချက်ကို သင့်လျော်ရာ ဥပဒေနှင့် ထိန်းချုပ်ချက်များမှ လိုအပ်သည့်အတိုင်း ဖော်ပြပါသည်။ ဥပမာ၊ Huawei သည် သင်၏ အချက်အလက်များကို နိုင်ငံတကာသို့ လွှဲပြောင်းရန် (သို့) နယ်စပ်ဖြတ်ကျော် အချက်အလက် လွှဲပြောင်းရန်အတွက် ကနဦး ကုဒ်သွင်းမြှုပ်လုပ်ဆောင်ခြင်းတို့ကဲ့သို့ လုံခြုံရေး စီမံချက်များလုပ်ဆောင်ရန် သင်၏ သဘောတူညီအချက်အပေါ် မူတည်နိုင်သည်။ 9 ဤမူဝါဒကို ဘယ်လို မွမ်းမံပြုပြင်သလဲ Huawei သည် ဤမူဝါဒကို အချိန်နှင့်အမျှ မွမ်းမံရန် (သို့) ပြုပြင်ရန် အခွင့်ရှိသည်။ Huawei သည် ပြောင်းလဲများများကို မတူကွဲပြားသည့် ချန်နယ်လိုင်းများမှတဆင့် သင့်ကို အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ မူဝါဒတွင် ပြောင်းလဲမှု တစ်ခုခုပြုလုပ်လျှင် ကျွန်ုပ်တို့သည် မွမ်းမံပြုပြင်ထားသည့် သီးသန့် မူဝါဒကို ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်ဖြစ်သော (http://consumer.huawei.com) တွင် တင်ပို့သွားမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ သီးသန့် မူဝါဒတွင် ပြောင်းလဲမှု တစ်စုံတစ်ရာကို အသိပေးလျှက် သီးခြား အသိပေးချက် (ဥပမာ၊ လျှပ်စစ်သုံးပစ္စည်းအားဖြင့် အသိပေးချက်) တစ်ခုဖြင့်လည်း သင့်ကို ဖော်ပြသွားနိုင်သည်။ 
10 နိုင်ငံတကာ အသုံးပြုသူများ ဂရုပြရန်အချက်မှာ၊ ဥပရောစီးပွားရေးဧရိယာ (EEA) (သို့) ဆွစ်ဇာလန်၊ အယ်ဘေးနီးယား၊ အန်ဒိုရာ၊ ဘော့စနီးယား၊ ဖရိုးကျွန်းစုများ၊ ဂျီဘရောလ်တာ၊ ဂရင်းလန်း၊ မက်ဒိုနီးယား၊ မိုဒိုဗာ၊ မိုနာကို၊ မန်းတေနေးဂရိုး၊ ဆန်မာရီနို၊ ဆားဘီးယား၊ ဗာတီကန်၊ ဂျပန်၊ ကိုးရီးယား၊ ယူအက်စ်အေ၊ ကနေဒါတို့၌ နေထိုင်ကြသူများနှင့် ပတ်သက်၍ Huawei တကယ့်သုံးသူဆိုင်ရာ ကလောက်ဝန်ဆောင်မှုများ၏ နယ်ပယ်အတွင်းရှိ ကိုယ်ရေးအချက်အလက်ကို Huawei နည်းပညာများ Deutschland, GmbH က ထိန်းချုပ်ပါသည်။ သို့သော်၊ Huawei အွန်လိုင်းစတိုး (http://www.hihonor.com/us) ကို Huawei ကိရိယာ ယူအက်စ်အေ Inc. က ထိန်းချုပ်ပါသည်။
11 Huawei ကို မည်သို့ ဆက်သွယ်မလဲ သင့်တွင် မေးခွန်းများ၊ ဝေဖန်ချက်များ (သို့) အကြံပြုချက်များရှိပါက consumer_privacy@huawei.com အီးမေးလ်သို့ ဆက်သွယ်ပါ (သို့) ၎င်းတို့ကို ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ကွင်းဆင်းရေး ရုံးတစ်ခုသို့ တင်သွင်းပါ။ ကျွန်ုပ်တို့၏ ရုံးတည်နေရာ စာရင်းအပြည့်အစုံကိုကြည့်ရှုရန် ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ်ကို သွားရောက်ပါ : 
http://www.huawei.com/en/contact-us
အရေးကြီး ကြေညာချက် - Huawei သီးသန့် မူဝါဒသည် ဒေသတွင်း ဥပဒေများနှင့် ဘာသာစကား အစဉ်အလာများအရ ဤဗားရှင်းမှ ကွဲလွဲမှုရှိနိုင်ပါသည်။ ဤကွဲပြားမှုနှင့်ပါတ်သက်၍ ဒေသတွင်း ဘာသာစကား ဗားရှင်းကို လွှမ်းမိုးပါသည်
နောက်ဆုံး အပ်ဒိတ်လုပ်ထားသည် : စက်တင်ဘာ 2016
မူပိုင်ခွင့် © Huawei Device Co., Ltd. 2016။ မူပိုင်ခွင့်အားလုံး ပိုင်ဆိုင်ထားသည်