HUAWEI MateBook D 14 2021

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

ကြိုက်နှစ်သက်စရာအချက် (၆) ချက်

မမေ့နိုင်စရာမျက်နှာပြင်ကျယ်

IPS anti-glare 14" HUAWEI FullView Display1 နှင့် 16:9 aspect ratio တို့ကြောင့် HUAWEI MateBook D 14 ရဲ့မျက်နှာပြင်ကိုကြည့်လိုက်တိုင်း စိတ်ကျေနပ်မှုရရှိစေမှာပါ။ ဒါ့အပြင် Full-HD 1920 × 1080 resolution ကြောင့် Laptop ဖွင့်လိုက်တိုင်း2ပုံရိပ်များကိုကြည်လင်တောက်ပစွာမြင်တွေ့ရမယ့် အမိုက်စားအတွေ့အကြုံကိုရရှိစေမှာဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 Fullview display
သင့်မျက်လုံးလေးတွေကိုချစ်ပါ

မလိုအပ်တာတွေအတွက် ဘာလို့အပင်ပန်းခံနေမှာလဲ? HUAWEI MateBook D 14 မှာတော့ TÜV Rheinland ကအသိအမှတ်ပြုထားတဲ့ Flicker-Free နှင့် အပြာရောင်အလင်းတန်းတွေ3 ကိုလျော့ချပေးတဲ့နည်းပညာများဖြင့် ဖန်တီးထုတ်လုပ်ထားတာကြောင့် သင့်မျက်လုံးညောင်းညာကိုက်ခဲခြင်းကိုသက်သာစေမှာပါ။ ဒါ့ကြောင့်သင့်ရဲ့အဖိုးတန်မျက်လုံးလေးတွေကို အချိန်တိုင်းကြည်လင်လန်းဆန်းနေစေမှာဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 Fullview display
ဘောင်တွေကိုမေ့လိုက်ပါ

ဘေးဘောင်တွေကို ဘယ်သူမှမကြည့်ချင်ကြပါဘူး။ ဒါ့ကြောင့် HUAWEI MateBook D 14 ရဲ့ အနားကွပ်ဘောင်များကို 4.8 mm သာကျဉ်းမြောင်းအောင် ဖန်တီးထုတ်လုပ်ပေးထားပါတယ်။ Screen ကြီးကြီးနဲ့ သင်ကြိုက်နှစ်သက်ရာကိုတဝကြီးကြည့်ရှုလိုက်ပါ။

HUAWEI MateBook D 14 2021 Fullview display

ပေါ့တယ်၊ ဒါပေမယ့်ပိုပါးတယ်

1.38 kg နှင့် 15.9 mm 4အထူသာရှိပြီး ကျော့မော့တဲ့ဒီဇိုင်းနဲ့ HUAWEI MateBook D 14 ကို သင့်နေ့စဉ်ဘဝရဲ့စိတ်လှုပ်ရှားစရာနေရာအသစ်တွေဆီကို ယူဆောင်သွားလိုက်ပါ။ ဒါ့အပြင် သူ့ရဲ့အမိုက်စား Display က 180° ခေါက်ချိုးပြုလုပ်နိုင်တာကြောင့် သင့်စိတ်ကြိုက်လိုသလိုအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 ID Design

Opening Angle

HUAWEI MateBook D 14 2021 ID Design

Thin

15.9 mm

Light

1.38 kg

HUAWEI MateBook D 14 2021 CPU HUAWEI MateBook D 14 2021 CPU HUAWEI MateBook D 14 2021 CPU

လျင်မြန်ခြင်းဖြင့်စတင်ကြမယ်!

Processing ပြုလုပ်နေချိန်မှာ ဘယ်သူမှစိတ်ရှည်မှာမဟုတ်ပါဘူး။ ဒါတွေအားလုံးအတွက် 11th Gen Intel® Core™ processor က အရာအားလုံးကိုပိုမိုကောင်းမွန်မြန်ဆန်စေမှာကြောင့် စောင့်ဆိုင်းရသက်သာပြီး အလုပ်ပိုတွင်စေမှာဖြစ်ပါတယ်။ HD ရုပ်ရှင်ဇာတ်ကားတွေလား? အေးဆေးပါပဲ! Intel® Iris® Xe ကတော့ သင့်အကြိုက်ဆုံးအကြောင်းအရာများကို အရောင်အသွေးအမိုက်စားတွေ မြှင့်တင်ပေးမှာဖြစ်ပြီး ဂရပ်ဖစ်စွမ်းဆောင်ရည်ကိုလည်း အမြင့်မားဆုံးရရှိစေမှာဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 CPU

ပိုပြီးမိုက်တဲ့အပြောင်းအလဲအသစ်၊ အမြန်နှုန်း 5 to 6

အရင်မျိုးဆက်ထက် ၂.၇ ဆ ပိုမိုမြန်ဆန်တဲ့ Network Speed ရရှိစေမယ့် Wi-Fi 6 အပြောင်းအလဲကိုရှုစားလိုက်ပါ။ ယခုဆိုရင်သင်ကြိုက်နှစ်သက်တဲ့ File များကို အကြမ်းစား 2.4 Gbps ဖြင့် Download (သို့) Upload ပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်! ပိုမိုမြန်ဆန်တဲ့ အနာဂတ်အင်တာနက်ကမ္ဘာကြီး5ဆီသို့ ယခုပဲလျောက်လှမ်းလိုက်ပါ။

HUAWEI MateBook D 14 2021 Wi-Fi 6 HUAWEI MateBook D 14 2021 Wi-Fi 6 HUAWEI MateBook D 14 2021 Wi-Fi 6
HUAWEI MateBook D 14 2021 Wi-Fi 6
HUAWEI MateBook D 14 2021 Wi-Fi 6 HUAWEI MateBook D 14 2021 Wi-Fi 6 HUAWEI MateBook D 14 2021 Wi-Fi 6
HUAWEI MateBook D 14 2021 Wi-Fi 6
HUAWEI MateBook D 14 2021 Wi-Fi 6

Wi-Fi 5

867 Mbps

Wi-Fi 6

2400 Mbps (2.4 Gbps)

HUAWEI MateBook D 14 2021 Wi-Fi 6

Faster Speed

HUAWEI MateBook D 14 2021 Wi-Fi 6

Wider Coverage

HUAWEI MateBook D 14 2021 Wi-Fi 6

Stronger Signal

အလန်းစားဘက်ထရီ

တစ်နေ့တာလုံးအသုံးခံမယ့်ဘက်ထရီကိုလိုအပ်နေတာလား? ဒါဆိုရင်တော့ သင့်အတွက်အားတစ်ကြိမ်သွင်းရုံနဲ့ ၁၀ နာရီခွဲကြာ HD ရုပ်ရှင်တွေကိုကြည့်ရှုနိုင်မယ့် HUAWEI MateBook D 14 ရဲ့ 56 Wh6 battery ရှိပါတယ်။ ဒီဘက်ထရီပမာဏနဲ့ဆိုရင် သင်အကြိုက်ဆုံးရုပ်ရှင်ဇာတ်လမ်းတွဲတွေကြည့်ရှုလို့ဝတာတောင် ဘက်ထရီလက်ကျန်ပိုနေဦးမှာဖြစ်ပါတယ်။7

HUAWEI MateBook D 14 2021 Battery HUAWEI MateBook D 14 2021 Battery

Super Device8
Standout Productivity

Drag-and-Drop for Multi-screen Collaboration

Super Device ဆိုတာကတော့ သင့်ရဲ့ Smart Device အမျိုးမျိုးကို တစ်စုတစ်စည်းထဲဖြစ်အောင်ဆက်သွယ်ပေးပြီး အသုံးပြုရပိုမိုလွယ်ကူအဆင်ပြေအောင်ပြုလုပ်ပေးမယ့် Function ပဲဖြစ်ပါတယ်။ Super Device တစ်ခုဖန်တီးချင်တယ်ဆိုရင်တော့ သင့် Laptop ရဲ့ Control Center ကိုဖွင့်ပါ။ ထို့နောက် Super Device screen ကိုဖွင့်ပြီး Drag and Drop ပြုလုပ်ကာ သင့်ရဲ့ Device တွေကို ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 SuperDevice HUAWEI MateBook D 14 2021 SuperDevice

လွယ်ကူမြန်ဆန်တဲ့ Cross-Device ဖိုင်ကူးပြောင်းခြင်း

ဖိုင်တွေကို သင့် Laptop မှတစ်ဆင့် ချိတ်ဆက်ထားတဲ့ Devices9 တွေဆီသို့ မျက်စိတစ်မှိတ်အတွင်းအလွယ်တကူရွှေ့ပြောင်းလိုက်ပါ။

HUAWEI MateBook D 14 2021 Transfer

Cross-Device ရှာဖွေခြင်း

ချိတ်ဆက်ထားတဲ့ Device များပေါ်က ဖိုင်နှင့် ဓာတ်ပုံတွေကို လက်ပေါ်ရှိ10 Device မှတစ်ဆင့်ရှာဖွေလိုက်ပါ။

HUAWEI MateBook D 14 2021 Browser

အခြား Device များဖြင့်ချိတ်ဆက်ပါ

HUAWEI MatePad

Screen အပိုတစ်ခု11 ဖြင့် အလုပ်ပိုမိုပြီးမြောက်အောင် ဆောင်ရွက်လိုက်ပါ

HUAWEI MateBook D 14 2021 Work With HUAWEI MatePad

HUAWEI MateView

Resolution မကျစေပဲ12 Wireless Projection ပြုလုပ်လိုက်ပါ

HUAWEI MateBook D 14 2021 Work With MateView

HUAWEI Vision

Screensharing ပြုလုပ်ခြင်းက Presentation13 ကို ပိုပြီးချောမွေ့စေပါတယ်

HUAWEI MateBook D 14 2021 Work With Vision

အလိုအလျောက်ချိတ်ဆက်၊
ချက်ချင်းဆက်သွယ်

Earphones, Speakers, Mouses, Keyboards, Printers စတဲ့ Device တွေက Computer ရဲ့အနီးကိုရောက်တာနဲ့ အလိုအလျောက် Screen တွင်ပေါ်လာမှာဖြစ်ပြီး လျင်မြန်တဲ့ဆက်သွယ်မှုတွေ14အတွက် အထူးအထောက်ကူဖြစ်စေမှာပါ။

HUAWEI MateBook D 14 2021 Fast Connection

သင့်ပါဝါကို သင်ကိုယ်တိုင်ထိန်းချုပ်လိုက်ပါ

သင့်ရဲ့ပါဝါကို သင့်အိပ်ကပ်ထဲမှာသိမ်းထားလိုက်ပါ။ HUAWEI MateBook D 14 ရဲ့ 65 W USB-C charger က ပေါ့ပါးကျစ်လစ်တာကြောင့် သင့်ရဲ့အိပ်ကပ်ထဲမှာ အလွယ်တကူသိမ်းထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ၁၅ မိနစ်အားသွင်း15ရုံနဲ့ ၂ နာရီကြာအသုံးပြုနိုင်မှာပါ။ သူ့ရဲ့ကြိုးက နှစ်ဖက်စလုံး USB-C type ဖြစ်တာကြောင့် ပိုမိုလွယ်ကူအဆင်ပြေတဲ့ ဒေတာကူးယူခြင်းတွေပြုလုပ်နိုင်သလို သင့်ရဲ့ HUAWEI Smartphone အတွက်လည်း SuperCharge16ကို Support လုပ်ပေးဦးမှာဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 Charger

သင့်ရဲ့နားတွေ
လန်းဆန်းနေပါစေ

အသံနှင့်ပတ်သက်လာရင် HUAWEI MateBook D 14 မှာစည်းဘောင်တွေမရှိတော့ပါဘူး။ သူ့ရဲ့အထူးပြုလုပ်ထားတဲ့ Audio Algorithm တွေက သင့်ကို ရင်သပ်ရှုမောဖွယ်ရေလှိုင်းတွေလိုလန်းဆန်းစေမယ့် အသံစနစ်ကိုပေးစွမ်းမှာဖြစ်ပါတယ်။ Laptop အသံကိုမေ့လို့ရပါပြီ၊ ဒါက MateBook အသံပါ။

HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers
HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers
HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers HUAWEI MateBook D 14 2021 Speakers

တစ်ချက်ထိကာ
၀င်ရောက်လိုက်ပါ

သင့်ရဲ့လက်ချောင်းထိပ်လေးတွေက HUAWEI MateBook D 14 ကို ဝင်ရောက်နိုင်ဖို့အတွက် လှေကားထစ်တစ်ခုပါ။ Keyboard ရဲ့ ညာဘက်ထိပ်ပေါ်က လက်ဗွေစနစ်ပါ၀ါခလုပ်ကိုနှိပ်လိုက်တာနဲ့ ပါဝါပွင့်ပြီးချက်ချင်းအသုံးပြုနိုင်ဖို့အတွက် သင့်ရဲ့လက်ဗွေရာကို မှတ်သားပေးထားမှာပါ။ ဒါက HUAWEI MateBook D 14 ကိုစတင်အသုံးပြုနိုင်ဖို့ ပိုမိုမြန်ဆန်စိတ်ချရတဲ့နည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူး။

HUAWEI MateBook D 14 2021 Fingerprint Power HUAWEI MateBook D 14 2021 Fingerprint Power HUAWEI MateBook D 14 2021 Fingerprint Power HUAWEI MateBook D 14 2021 Fingerprint Power

အခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်ခြင်း

သင်လိုအပ်နေတဲ့ Port ကိုရှာမတွေ့လို့စိတ်မပျက်ပါနဲ့။ HUAWEI MateBook D 14 မှာ သင်လိုအပ်တာထပ်ပိုတဲ့ Port တွေရှိနေပါပြီ။

HUAWEI MateBook D 14 2021 Ports

USB 2.0

3.5 mm mic &
headphone jack

HDMI

USB 3.2 Gen 1

USB-C17
(supports reverse charging in a powered-off state18 )

512 GB + 16 GB အထိ

အကြမ်းစား 512 GB PCIe SSD19ကတော့ မြင့်မားတဲ့အမြန်နှုန်းနဲ့ Read & Write ပြုလုပ်မှာဖြစ်ပြီး သင့်စိတ်ကြိုက်ဓာတ်ပုံ၊ ဗီဒီယိုနှင့် စာရွက်စာတမ်းများကိုသိမ်းဆည်းဖို့ လိုအပ်တာထက်ပိုတဲ့နေရာလပ်တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် 16 GB အထိရရှိနိုင်မယ့် Memory20 ကလည်း တစ်ဆင့်ပို့ဆောင်ပေးတဲ့အမြန်နှုန်းကို မြှင့်တင်ပေးမှာဖြစ်လို့ အလုပ်တစ်ခုနှင့် တစ်ခုကြားမှာ ချောမွေ့စွာကူးပြောင်းနိုင်မှာပဲဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 Storage and Memory

စိတ်ချရတဲ့ Pop-up Webcam

Keyboard ပေါ်မှ Webcam Icon လေးကိုသင်နှိပ်လိုက်မှ ပေါ်လာပြီး စတင်အလုပ်လုပ်မှာဖြစ်တာကြောင့် သင့်ရဲ့ Privacy ကို လုံခြုံစိတ်ချစွာထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 Camera

Fn+P ဖြင့် အမြန်နှုန်းမြှင့်တင်လိုက်ပါ

Fn+P hotkey ကတော့ အမိုက်စားဂိမ်းတွေနှင့် ပရိုဆန်ဆန် Video Editing တို့အတွက် Performance Mode21၊ ပါဝါအသုံးပြုခြင်းကိုထိန်းညှိပေးပြီး ပန်ကာဆူညံသံကို လျော့ချပေးမယ့် Standard Mode တို့ကို လိုသလိုပြောင်းလဲပေးမှာပဲဖြစ်ပါတယ်။ အလန်းစား Size အပြည့် Keyboard ကလည်း သင့်ရဲ့ HUAWEI MateBook D 14 ကို အချိန်မရွေး၊ နေရာမရွေး အလုပ်တွေပြီးစီးအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 Keyboard

ယုံကြည်စိတ်ချစွာအသုံးပြုပါ

HUAWEI MateBook D 14 ကို အရည်အသွေးစမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတာကြောင့် သင့်တစ်နေ့တာရဲ့ ဘယ်လိုအခိုက်အတန့်မျိုးမှာမဆို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

HUAWEI MateBook D 14 2021 Quality Test

High-temperature & high humidity test (40°C, 90%RH)

HUAWEI MateBook D 14 2021 Quality Test

USB-C port durability test

HUAWEI MateBook D 14 2021 Quality Test

Fingerprint key durability test

HUAWEI MateBook D 14 2021 Quality Test

Keyboard life test

HUAWEI MateBook D 14 2021 Quality Test

Hinge life test

HUAWEI MateBook D 14 2021 Quality Test

Touchpad life test

HUAWEI MateBook D 14 2021 Quality Test
  1. FullView Display သည် HUAWEI product များအတွက် အမြဲသုံးစွဲလေ့ရှိသည့် HUAWEI ၏ မူပိုင်အခေါ်အဝေါ်ဖြစ်သည်။Body-to-screen ratio မြင့်မားပြီး ဘေးဘောင်ပါးသော Screen များကို ရည်ညွှန်းခြင်းဖြစ်သည်။
  2. ဒေတာများသည် ခန့်မှန်းတန်ဖိုးများဖြစ်သည်။
  3. The Low Blue Light သတ်မှတ်ချက်ဆိုသည်မှာ Eye Comfort mode ဖွင့်ထားလျှင် စမ်းသပ်ပစ္စည်းရဲ့ Display effect များက TÜV Rheinland (စမ်းသပ်ချက်များတွင် အရောင်အမှိန်အဖျော့ ထိန်းညှိခြင်းမပါဝင်ပါ) မှ အသိအမှတ်ပြုထားသည့် low-blue-light စံနှုန်းများနှင့်ကိုက်ညီမှုရှိခြင်းကိုဆိုလိုခြင်းဖြစ်သည်။ တကယ့် blue light filtering effect များသည် လက်ရှိလှိုင်းတွန့်တစ်ခုနှင့်တစ်ခု အကွာအဝေးများပေါ်တွင် မူတည်သည်။ သို့ရာတွင် HUAWEI MateBook D 14 သည် ဆေးဘက်ဆိုင်ရာ ပစ္စည်းမဟုတ်ပါ။ ထို့အပြင် Eye Comfort mode သည် ကုသခြင်းလုပ်ငန်းစဉ်များအတွက် မရည်ရွယ်ပါ။
  4. အထူတွင် foot pad မပါဝင်ပါ။ ထုတ်ကုန်၏ခြားနားချက်ပေါ်မူတည်ပြီး အထူနှင့် အလေးချိန်အတိုင်းအတာကွဲပြားနိုင်သည်။
  5. ဒေတာများသည် Intel မှရရှိသည်။ 2.4 Gbps သည် အယူအဆဆိုင်ရာအမြင့်မားဆုံးအမြန်နှုန်းဖြစ်သည်။
  6. 56 Wh သည် ခန့်မှန်းပမာဏဖြစ်သည်။
  7. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ စမ်းသပ်ပစ္စည်းအားလုံးသည် Windows 10 ထည့်သွင်းထားပြီး Display Brightness ကို 150 nits တွင်ထားထားသည်။ တကယ့်ဘက်ထရီသက်တမ်းသည် အသုံးပြုသည့်အလေ့အကျင့်နှင့် Setting ကိုလိုက်ပြီးကွဲပြားနိုင်သည်။
  8. HUAWEI ဖုန်း၊ Tablet၊ Monitor အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  9. HUAWEI ဖုန်း၊ Tablet အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  10. HUAWEI ဖုန်းအချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  11. ယခု Feature သည် HarmonyOS 2 နှင့်အထက် အသုံးပြုထားသည့် HUAWEI tablet များမှ File နှင့် App အချို့၊ PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  12. MateView wireless version model (HSN-CBA) တွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  13. HUAWEI Vision အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  14. HUAWEI Accessories အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  15. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းစမ်းသပ်မှုများမှရရှိသည်။ စမ်းသပ်ပစ္စည်းအားလုံးသည် 65 W Charger နှင့် Cable, အားစသွင်းချိန်မှာ ဘက်ထရီရာခိုင်နှုန်း 1%, Standby mode ထားထားသည့် Laptop တို့ဖြင့် 15-min PCMark 10 Modern Office Session များတစ်လျောက်ထားရှိသည်။ အမှန်တကယ်စွမ်းဆောင်ရည်သည် တိကျသောပစ္စည်း၊ အပြင်ပန်းအခြေအနေနှင့် အသုံးပြုသည့်အလေ့အထတို့ကိုလိုက်၍ ကွဲပြားနိုင်သည်။
  16. 65 W charger သည် HUAWEI P40 Pro, HUAWEI P40, HUAWEI Mate Xs, HUAWEI Mate 30 Pro, HUAWEI Mate 30 နှင့်အခြား တို့အတွက် SuperCharge™ ကိုထောက်ပံ့ပေးသည်။ HUAWEI Customer Service ကို ဆက်သွယ်ပြီး နောက်ဆုံးရရှိနိုင်မည့် ပစ္စည်း Model များကိုမေးမြန်းနိုင်သည်။ 65 W charger သည် 5V/2A, 9V/2A, 12V/2A, 15V/3A နှင့် 20V/3.25A စသည့်ကွဲပြားသော output standard အမျိုးမျိုးကို ထောက်ပံ့ပေးသည်။ အမှန်တကယ် output သည် Device ၏အားသွင်းပုံနှင့်လိုက်၍ ကွဲပြားနိုင်ပါသည်။
  17. Multi-function USB-C port သည် အားသွင်း ခြင်းနှင့် ဒေတာများကူးပြောင်းရာတွင် အသုံးပြုနိုင်သည်။
  18. ပါဝါပိတ်ထားသည့် HUAWEI MateBook D 14 သည် HUAWEI Mate 40, HUAWEI P40 (သို့) HUAWEI P30 series ဖုန်းတို့အတွက် Reverse Charging ပြုလုပ်နိုင်သည်။ အကောင်းဆုံးသောအားသွင်းစွမ်းရည်အတွက် Laptop ဖြင့်အတူပါလာသည့် Adapter နှင့် USB-C cable အစစ်တို့ကို အသုံးပြုရန်လိုအပ်သည်။ Reverse Charging သည် MateBook ပါဝါမပိတ်ခင် ဘက်ထရီရာခိုင်နှုန်း 10% နှင့်အထက်တို့နှင့် ဖုန်းပါဝါဖွင့်ထားချိန်တို့တွင်သာအလုပ်လုပ်သည်။
  19. HUAWEI MateBook D 14 သည် 256 GB storage version ကိုလည်းရရှိနိုင်သည်။
  20. HUAWEI MateBook D 14 သည် 8 GB memory version ကိုလည်းရရှိနိုင်သည်။
  21. Turbo Mode ကို အလိုအလျောက်ပိတ်ပေးထားပြီး အသုံးပြုနေချိန်တွင် အားသွင်းထားရန်လိုအပ်သည်။ Turbo Mode ကို ဖွင့်ထားခြင်းအားဖြင့် CPU နှင့် GPU စွမ်းဆောင်ရည်တို့ကို ချက်ချင်းဆိုသလိုမြှင့်တင်နိုင်သည်။ ထို့ကြောင့် ပန်ကာသံပိုမိုကျယ်လာနိုင်သလို မျက်နှာပြင်အပူချိန်လည်း ပိုမိုမြင့်တက်လာနိုင်ပါသည်။ ထို့ကြောင့် Turbo Mode ကို အမှန်တကယ်လိုအပ်မှသာအသုံးပြုရန် အကြံပြုအပ်ပါသည်။
  22. Keyboard ပေါ်မှ Silkscreen တွင်ဖော်ပြထားသော Window 10 သည် ရုပ်ပုံထည့်သွင်းဖော်ပြထားခြင်းသာဖြစ်သည်။ အမှန်တစ်ကယ်ထုတ်လုပ်သည့် ထုတ်ကုန်တွင် Windows 11 ကို အသုံးပြုထားနိုင်သလို Silkscreen မှာလည်း အမျိုးမျိုးကွဲပြားနိုင်သည်။
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်