Cookies

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

ရေပန်းစားသော ရလဒ်များ

    အကြံပြုထားသော ရလဒ်များ

      နောက်ထပ်ရှာဖွေမှု အဓိကစကားလုံးများကို ရိုက်ထည့်ပါ

      ကွတ်ကီးများနှင့် အလားတူနည်းပညာများကို HUAWEI က ဘယ်လို အသုံးပြုသလဲ

      A. ကွတ်ကီး

      ကွတ်ကီးဆိုသည်မှာ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းစက်တစ်ခုပေါ်တွင် ဝဘ်ဆာဗာမှ သိမ်းဆည်းထားသည့် စာသားဖိုင်တစ်ခုဖြစ်ပြီး ကွတ်ကီးတွင်ပါရှိသော အကြောင်းအရာကို ထိုကွတ်ကီးအား ဖန်တီးခဲ့သည့် ဆာဗာကသာ ပြန်လည်ရယူ၍ ဖတ်ရှုနိုင်ပါသည်။ ကွတ်ကီးများသည် သင်အသုံးပြုနေသည့် ဘရောက်ဇာ သို့မဟုတ် မိုဘိုင်းအပလီကေးရှင်းအတွက် သီးခြားစီရှိနေပါသည်။ ကွတ်ကီးတစ်ခုထဲရှိ စာတွင် အထောက်အထား ဖော်ထုတ်သတ်မှတ်သည့်အရာများ၊ ဝဘ်ဆိုက်အမည်များနှင့် နံပါတ်နှင့်အက္ခရာအချို့ ပါဝင်တတ်ပါသည်။

      တစ်ခါတစ်ရံတွင် Huawei သည် အောက်ပါဖြစ်စဉ်များအပါအဝင် သုံးစွဲသူဆိုင်ရာ အတွေ့အကြုံကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် ကွန်ပျူတာများ သို့မဟုတ် မိုဘိုင်းစက်များတွင် ကွတ်ကီးများကို သိမ်းဆည်းပါသည် :

      (1) နည်းပညာဆိုင်ရာ ကွတ်ကီးများ : ဝင်ရောက်မှုနှင့် အတည်ပြုမှု။ ဝဘ်ဆိုက်တစ်ခုထဲသို့ လော့ဂ်အင်ဝင်ရန် Huawei ID တစ်ခုကို သင် အသုံးပြုသည့်အခါ ဝဘ်ဆိုက်အသုံးပြုသည့် လုပ်ငန်းဆောင်ရွက်ချက်များသို့ သင် ဝင်ရောက်လေ့လာရာတွင် တတ်နိုင်သမျှချောမောအဆင်ပြေရန် "ကြာချိန်-အခြေပြု" ကွတ်ကီးများက သေချာအောင်ဆောင်ရွက်ပေးပါသည်။ ။

      (2) တစ်ဦးချင်းအကြိုက်ဆောင်ရွက်ပေးမည့် ကွတ်ကီးများ : သင့်ဦးစားပေးချက်များနှင့် ဆက်တင်များအား သိမ်းဆည်းပေးမှု။ ဝဘ်ဆိုက်တစ်ခုသည် သင့်ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းစက်ရှိ ဘာသာစကားဆက်တင်နှင့် စာလုံးအရွယ်အစား၊ သင့်ဈေးခြင်းထဲရှိ ပစ္စည်းများနှင့် အခြားဘရောက်ဇာ ဦးစားပေးအချက်များကဲ့သို့သော ဆက်တင်များကို သိမ်းတည်းရန် ကွတ်ကီးများကို အသုံးပြုနိုင်ပါသည်။

      (3) ကြော်ငြာကွတ်ကီးများ။ Huawei သည် သင်၏ အွန်လိုင်းအသုံးပြုမှုများ၊ စိတ်ဝင်စားမှုများနှင့် ပတ်သက်သည့် အချက်အလက်ကို ရယူရန်နှင့် သင်နှင့်အများဆုံး ဆက်နွှယ်သည့် ကြော်ငြာများကို သင့်ထံ ပံ့ပိုးရန် ကွတ်ကီးများကို အသုံးပြုပါသည်။

      (4) ကိန်းဂဏန်းအချက်အလက်ဆိုင်ရာ ကွတ်ကီးများ။ ကွတ်ကီးများကို အသုံးပြု၍၊ Huawei သည် ဝင်ရောက်မှုတစ်ခုတည်းအတွက် (ယာယီကွတ်ကီးတစ်ခု အသုံးပြု၍)ဖြစ်စေ ကြိမ်ဖန်များစွာ ဝင်ရောက်မှုများအတွက် (အမြဲတမ်းကွတ်ကီးတစ်ခု အသုံးပြု၍)ဖြစ်စေ ကျွန်ုပ်တို့၏ဝဘ်ဆိုက်များနှင့် အခြားအပလီကေးရှင်းများအား သင်အသုံးပြုမှုနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းရယူနိုင်ပါသည်။

      (5) လူမှုမီဒီယာ ကွတ်ကီးများ။ လိုက်ခ်' ခလုတ်များနှင့် 'မျှဝေရန်' ခလုတ်များကဲ့သို့ ပြင်ပအဖွဲ့အစည်းများမှ ပံ့ပိုးထားသည့် ဝန်ဆောင်မှုများသို့ လူမှုမီဒီယာ ကွတ်ကီးများကို ချိတ်ဆက်ထားပါသည်။ ပြင်ပအဖွဲ့အစည်းသည် သင် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များအား ဝင်ရောက်ကြည့်ရှုခြင်းကို အသိအမှတ်ပြုရန်အတွက် ဤဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။

      သင်၏ကိုယ်ပိုင် ဦးစားပေးချက်အရ ကွတ်ကီးများကို သင်စီမံနိုင် သို့မဟုတ် ဖျက်ပစ်နိုင်သည်။ အသေးစိတ်အချက်များအတွက် AboutCookies.org ကို ဝင်ရောက်လေ့လာပါ။ သင့်ကွန်ပျူတာပေါ်တွင် သိမ်းထားသော ကွတ်ကီးအားလုံးကို ဖျက်ပစ်နိုင်ပြီး နောက်ဆုံးပေါ် ဝဘ်ဘရောက်ဇာများတွင် ကွတ်ကီးများအား ပိတ်ဆို့နိုင်သည့် နည်းလမ်းပါရှိပါသည်။ သို့ရာတွင် ကွတ်ကီးများကို ပိတ်ဆို့ခြင်းပါက ကျွန်ုပ်တို့၏ဝဘ်ဆိုက်သို့ သင် ဝင်ရောက်ကြည့်ရှုသည့်အခါတိုင်း သင်၏သုံးစွဲသူဆိုင်ရာ ဆက်တင်များကို ပြောင်းလဲရန် လိုအပ်ပါလိမ့်မည်။ သင်၏ဘရောက်ဇာအတွက် ကွတ်ကီးဆက်တင်များအား မည်သို့စီမံခန့်ခွဲရမည်ကို ဤနေရာတွင် လေ့လာပါ : Internet Explorer > Google Chrome > Mozilla Firefox > Safari > Opera.

      ကွတ်ကီးများကို ရှင်းပစ်ပါက၊ နောက်တစ်ကြိမ် Huawei ဝဘ်ဆိုက်များသို့ သင်ဝင်ရောက်သောအခါ သင်၏ဆက်တင်များကို ပြောင်းလဲရန် လိုအပ်ပါလိမ့်မည်။ အချို့သော Huawei ဝန်ဆောင်မှုများသည် ကွတ်ကီးများအသုံးပြုရန် လိုအပ်ကြောင်း မှတ်သားပါ။ ကွတ်ကီးများကို ပိတ်ထားခြင်းသည် သင်၏ ဤဝန်ဆောင်မှုများမှ လုပ်ငန်းဆောင်ရွက်ချက် အချို့ သို့မဟုတ် အားလုံးအား အသုံးပြုမှုကို ထိခိုက်စေနိုင်ပါသည်။

      B. ဝဘ်ဘီကွန်များနှင့် Pixel တဂ်များ

      ကွတ်ကီးများအပြင်၊ Huawei နှင့် အခြားပြင်ပအဖွဲ့အစည်းများသည် ဝဘ်ဆိုက်များပေါ်တွင် ဝဘ်ဘီကွန်များနှင့် Pixel တဂ်များကိုလည်း အသုံးပြုနိုင်ပါသည်။ ဝဘ်ဘီကွန်တစ်ခုသည် အများအားဖြင့် ဝဘ်ဆိုက် သို့မဟုတ် အီးမေးလ်ကို သင် လေ့လာကြည့်ရှုသည့်အခါ သင့်စက်ကွတ်ကီးများကို ဖော်ထုတ်သတ်မှတ်ရန် ဝဘ်ဆိုက် သို့မဟုတ် အီးမေးလ်တစ်ခုအတွင်း ထည့်သွင်းထားသည့် အီလက်ထရောနစ် ဂရပ်ဖစ်ပုံရိပ်တစ်ခုဖြစ်ပါသည်။ Pixel တဂ်များက သင့်အနေဖြင့် ဖတ်၍ရနိုင်သော ပုံစံဖြင့် အီးမေးလ်များပေးပို့ရန်နှင့် အီးမေးလ်တစ်ခုကို ဖွင့်ထားမထား ရှာဖွေဖော်ထုတ်ရန် Huawei အား ခွင့်ပြုပေးသည်။

      Huawei နှင့် အခြား ပြင်ပအဖွဲ့အစည်းများသည် ဝန်ဆောင်မှုသုံးစွဲမှုအား လေ့လာဆန်းစစ်ခြင်း (ကွတ်ကီးများနှင့်အတူတကွ) နှင့် နောက်ထပ်စိတ်ကျေနပ်ဖွယ်ရာ အကြောင်းအရာများနှင့် ကြော်ငြာများကို သင့်အား ပံ့ပိုးပေးရန်အပါအဝင် ရည်ရွယ်ချက်မျိုးစုံအတွက် ဤနည်းပညာများကို အသုံးပြုပါသည်။ ဥပမာ သင်သည် Huawei မှ အီးမေးလ်တစ်စောင်ကို လက်ခံရရှိသည့်အခါ ၎င်းတွင် Huawei ဝဘ်စာမျက်နှာတစ်ခုသို့ ချိတ်ဆက်ထားသော ကလစ်နှိပ်ဖွင့်ရသည့် URL တစ်ခု ပါဝင်နိုင်သည်။ သင်သည် လင့်ခ်ကို ကလစ်နှိပ်လိုက်ပါက၊ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် သင်၏ ဦးစားပေးနှစ်သက်မှုများအကြောင်းကို လေ့လာ၍ ကျွန်ုပ်တို့၏ ဖောက်သည်ဝန်ဆောင်မှုအား ပိုမိုကောင်းမွန်အောင် ကျွန်ုပ်တို့ဆောင်ရွက်နိုင်ဖို့ ကူညီရန် သင်၏ဝင်ရောက်လေ့လာမှုကို Huawei က ခြေရာခံမည်ဖြစ်သည်။ သင်သည် ဤပုံစံဖြင့် ခြေရာခံခြင်းကို မနှစ်သက်ပါက Huawei ၏ မေးလ်ပို့သည့်စာရင်းမှ အချိန်မရွေး စာရင်းပယ်ဖျက်နိုင်သည်။

      C. အခြား စက်တွင်းသိုလှောင်မှု

      Huawei နှင့် ပြင်ပ အဖွဲ့အစည်းအချို့သည် အချို့သောကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများတွင် အခြားစက်တွင်းသိုလှောင်မှု နည်းပညာများကို အသုံးပြုနိုင်သည်၊ ဥပမာ- စက်တွင်း မျှဝေထားသော ပစ္စည်းများ ("ဖလက်ရှ်ကွတ်ကီးများ"ဟုလည်း ခေါ်သည်) နှင့် HTML5 စက်တွင်းသိုလှောင်မှုတို့ ဖြစ်သည်။ ကွတ်ကီးများနည်းတူ၊ ဤနည်းပညာများသည် သင့်စက်ပေါ်တွင် အချက်အလက်များကို သိမ်းဆည်းပြီး သင်၏လုပ်ဆောင်ချက်များနှင့် ဦးစားပေးချက်များနှင့်ပတ်သက်သည့် အချက်အလက်တစ်ချို့ကို မှတ်တမ်းတင်နိုင်သည်။ သို့ရာတွင် ဤနည်းပညာများသည် ကွတ်ကီးများနှင့် မတူညီသော မီဒီယာများကို အသုံးပြုနိုင်သည်။ သို့ဖြစ်၍၊ သင်သည် စံသတ်မှတ်ထားသော ဘရောက်စ်ဇာကိရိယာများနှင့် ဆက်တင်များကို အသုံးပြုရာတွင် ၎င်းတို့ကို ထိန်းချုပ်နိုင်မည်မဟုတ်ပါ။ ဖလက်ရှ်ကွတ်ကီးများတွင် ပါဝင်သော အချက်အလက်များအား မည်သို့ ပိတ်ပစ်ပုံ သို့မဟုတ် ဖျက်ပစ်ပုံနှင့်ပတ်သက်၍ အသေးစိတ်အချက်များအတွက် ဒီနေရာကို နှိပ်ပါ။

      D. ခြေရာမခံပါနှင့်

      သင့်ဘရောက်စ်ဇာရှိ ခြေရာမခံပါနှင့်ကို ဖွင့်ထားပါက၊ Huawei ဝဘ်ဆိုက်အားလုံးသည် သင်၏ရွေးချယ်မှုကို အလေးထားမည်ဖြစ်သည်။