HUAWEI MateBook D 14 AMD

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

ရှုထောင့်တိုင်းမှ အလှပဆုံးမြင်ကွင်း

HUAWEI MateBook D 14 ကို 1920 x 1080 IPS screen နှင့် 4.8mm သာရှိသော ဘေးဘောင်သေးငယ်ပြီး 14-inch FullView display က အဆုံးအစမဲ့မြင်ကွင်းကို ခံစားနိုင်မှာဖြစ်ပါတယ်။ မြင်ကွင်း 178° အထိရှိပြီး ရုပ်ရှင်ကြည့်ရှုနေခြင်းပဲဖြစ်ဖြစ် email ပို့ဆောင်တာပဲဖြစ်ဖြစ် ကြည်လင်ပြတ်သားလှပသော မျက်နှာပြင်ကို ခံစားရမှာဖြစ်ပါတယ်။.

ပေါ့ပါး၊သေသပ်၊ စတိုင်ကျ

1.38 kg1 အလေးချိန်၊ 15.9 mm အထူသာရှိတဲ့ ပါးလွှာပေါ့ပါးတဲ့အပြင် 180° အထိကွေးညွှတ်နိုင်ပါတယ်။ ထိုင်ခုံအစွန်းတွင်ထိုင်နေတာပဲဖြစ်ဖြစ် အကောင်းဆုံးသောမြင်ကွင်းကို အိမ်မှာ ရရှိစေနိုင်ပါတယ်။.2

HUAWEI MateBook D 14 lightweight notebook

Opening Angle

HUAWEI MateBook D 14 lightweight notebook

Thin

15.9 mm

Light

1.38 kg

အမြန်နှုန်းကိုခံစားလိုက်ပါ

HUAWEI MateBook D 14 ကို AMD Ryzen 7 3700U processor3 အသုံးပြုထားပြီး အကောင်းသောစွမ်းဆောင်ရည်ကိုပေးစွမ်းပါတယ်။ PCIe SSD တပ်ဆင်ထားပြီး dual-channel DDR4 RAM တွင် 8GB အထိ ထည့်သွင်းပေးထားသောကြောင့် အမြန်နှုန်းနှင့် စာဖတ်နှုန်းတို့သည် အလွန်လျင်မြန်ပါတယ်။ RadeonTM RX Vega 10 Graphics ဖြင့် သင့်ရဲ့ တစ်နေ့တာအလုပ်ပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် သက်တောင့်သက်သာအသုံးပြုနိုင်ပါတယ်။.

HUAWEI MateBook D 14 AMD chipset notebook HUAWEI MateBook D 14 AMD chipset notebook

အေး၍
အသံငြိမ်သော

HUAWEI MateBook D 14 တွင် Shark Fin 2.0 Fan ဒီဇိုင်းတပ်ဆင်ထားပါသည်။ အပူချိန်လျော့ကျစေရန် လေကြောင်းစီးဆင်းမှုကို အကောင်းဆုံးစွမ်းဆောင်ပေးပြီး မြန်မြန်ဆန်ဆန် လက်ပတော့ကို အေးစေပါတယ်။ ဒါကြောင့် ချွေးထွက်စရာတောင်မလိုဘဲ အေးအေးဆေးဆေး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။.

သင့်ရဲ့တစ်နေ့တာကိုအားပေးလိုက်ပါ။

HUAWEI MateBook D 14 တွင် 56 Wh4 ဘက်ထရီအသုံးပြုထားတာကြောင့် တစ်နေ့လုံး meetings ထိုင်နေရတာပဲဖြစ်ဖြစ်၊ သင်တန်းတွေတက်နေရတာပဲဖြစ်ဖြစ် တစ်နေ့တာလုံးအတွက် တစ်ခါအားသွင်းထားရုံနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လေယာဉ်အကြာကြီးစီးရမယ်ဆိုရင်တောင် လေယာဉ်အတွင်းဖျော်ဖြေရေးအတွက် စိတ်ပူစရာမလိုပါဘူး။ 1080p ရှိတဲ့ဗီဒီယိုတွေ5 ကို ၉.၅ နာရီကြာအောင် ကြည့်ရှုနိုင်တာကြောင့် သင်အကြိုက်ဆုံး ဇာတ်လမ်းတွဲတွေကို ပြန်လည်ကြည့်ရှုနိုင်ပါတယ်။.

HUAWEI MateBook D 14 big battery

Huawei Share

သင့်ရဲ့ စမတ်ဖုန်းနဲ့ Huawei MateBook D 14 ကို တစ်ချက်ထိရုံဖြင့် အင်တာနက်မလိုဘဲ Super Device တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သင့်ရဲ့ဖုန်းမျက်နှာပြင်က Laptop တွင်ပေါ်နေမှာဖြစ်ပြီး Keyboard နှင့် Mouse တစ်ခုတည်းကို အသုံးပြုပြီး လုပ်ဖော်ကိုက်ဖက်များကို ဆက်သွယ်ရင်း လိုအပ်သည့် Files များကို အလွယ်တကူ ကူးယူပြင်ဆင်နိုင်ပါတယ်။ ထိုသို့ cross-device အသုံးပြုနိုင်ခြင်းက ကိုယ့်နေ့စဉ်ဘဝလုပ်ဆောင်ချက်တွေကို ပိုမိုလွယ်ကူစေပါတယ်။.6
Huawei Share အကြောင်းကိုဆက်လက်လေ့လာရန် >

သင့်အိတ်ကပ်ထဲကစွမ်းအား

HUAWEI MateBook D 14 မှာပါဝင်တဲ့ 65 W USB-C charger7 က သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် မိနစ် ၃၀8 သွင်းရုံနဲ့ 53% အားပြည့်စေပါတယ်။ ဒါ့အပြင် fast charging9 ပါဝင်ပြီး သင့်ဖုန်းအတွက်ပါအသုံးပြုနိုင်ပြီး Data ကူးပြောင်းတာပါ ဆောင်ရွယ်နိုင်ပါတယ်။.

HUAWEI MateBook D 14 type-c super charge

သင်၏အမြင်အာရုံအတွက်သာ

TÜV Rheinland အသိအမှတ်ပြုထားတဲ့မျက်နှာပြင်က မျက်စိအားနည်းစေသာ အပြာရောင်အလင်းတန်းကိုလျော့ချပေးတာကြောင့် HUAWEI MateBook D 14 ရဲ့ မြင်ကွင်းကျယ်မျက်နှာပြင်ကို အပြည့်အဝခံစားနိုင်ပါတယ်။.10

HUAWEI MateBook D 14 eye comfort mode
HUAWEI MateBook D 14 eye comfort mode HUAWEI MateBook D 14 eye comfort mode

သင့်ရဲ့လက်ချော
င်းထိပ်လေး
ဖြင့် ကမ္ဘာကြီးကိုဖွ
င့်လှစ်လိုက်ပါ

တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ လုံခြုံစွာ အဖွင့်အပိတ်လုပ်နိုင်ရန် HUAWEI MateBook D 14 မှာ Built-in Fingerprint reader ပါဝင်ပါတယ်။.

HUAWEI MateBook D 14 touch power button HUAWEI MateBook D 14 touch power button HUAWEI MateBook D 14 touch power button HUAWEI MateBook D 14 touch power button

သင့်အတွက်လုံခြုံမှု

ဆန်းသစ်သောတီထွင်မှုနဲ့ recessed camera က keyboard အထဲမှာပါရှိနေပြီး လိုအပ်တဲ့အချိန်မှ တစ်ချက်နှိပ်လိုက်မှသာ အပေါ်ကိုထွက်လာမှာဖြစ်ပါတယ်။ မလိုအပ်တဲ့အချိန်မှာ ပြန်ထည့်ထားနိုင်တာကြောင့် လုံခြုံရေးချိုးဖောက်ခံရမှုတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။.

HUAWEI MateBook D 14 camera
  1. HUAWEI MateBook D 14 ၏အပေါ့ပါးဆုံးပုံစံ၏ အလေးချိန်ဖြစ်သည်။ အခြား version များ၏အလေးချိန်သည် ထုတ်ကုန်ကွဲပြားမှုအပေါ်မူတည်၍ ကွဲဲပြားနိုင်သည်။.
  2. အထူအတိုင်းအတာသည် foot pad မပါဝင်ပါ။ အမှန်တကယ်အထူသည် ထုတ်ကုန်ပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။.
  3. Ryzen 5 3500U Processor ကိုလည်းရရှိနိုင်ပြီး Radeon™ Vega 8 Graphics နှင့် တွဲဖက်အသုံးပြုနိုင်သည်။.
  4. ဘက်ထရီစွမ်းရည်အဆင့်သတ်မှတ်ချက်တန်ဖိုးဖြစ်သည်။.
  5. HUAWEI lab test ပေါ်မူတည်သည်။ ဘက်ထရီသည် 1080p ဗီဒီယိုများကို brightness 150 nits အထိထားရှိပြီး 9.5 hours ကြာအောင် ဆက်တိုက်ကြည့်ရှုနိုင်ပါသည်။ ဘက်ထရီသက်တမ်းသည် အသုံးပြုပုံပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။.
  6. Huawei Share တွင် Huawei စမတ်ဖုန်းနှင့် Huawei MateBook ကိုဆက်သွယ်နိုင်သည့် Multi-screen Collaboration ကို အထောက်အပံ့ပေးသည်။ ဤ feature တွင် တိကျသောလုပ်ဆောင်ချက်များ၊ စက်ပစ္စည်းအခြေအနေများနှင့် အခြားစံသတ်မှတ်ချက်များလိုအပ်သည်။ ပိုမိုသိရှိလိုပါကဆက်လက်ကြည့်ရှုရန်: https://consumer.huawei.com/en/support/huaweisharewelcome/
  7. Charger ၏ထုတ်ကုန်ပုံသည် European standard version ကိုအခြေခံထားသည်။ အမှန်တကယ်ထုတ်ကုန်သည် နေရာဒေသပေါ်မူတည်၍ ကွဲပြားနိုင်သည်။.
  8. ဤ charging data သည် HUAWEI lab test မှ ရလဒ်များဖြစ်သည်။ အပူချိန် 25 °C နှင့် စိုထိုင်းမှု 45% - 80% ရှိပြီး မူလကြိုးနှင့် HUAWEI 65 W charger ကိုအသုံးပြုပြီး sleep mode တွင်အားသွင်းပါက မိနစ် ၃၀ အတွင်း 1% မှ 46% အထိအားသွင်းနိုင်သည်။ အသုံးပြုပုံ၊ ထုတ်ကုန်ကွာခြားပုံနှင့် နေရာဒေသပေါ်မူတည်ပြီး အမှန်တကယ်ရလဒ်သည် ကွဲပြားနိုင်သည်။.
  9. ဤ feature သည် သတ်မှတ်ထားသည့် USB-C charging port ပါသည့်ဖုန်းများကိုသာ အထောက်အပံ့ပေးသည်။.
  10. အပြာရောင်အလင်းတန်းလျော့ကျခြင်းသည် အလင်းအရင်းအမြစ် အကွာအဝေးပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။.