HUAWEI MateBook D 15 2022

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

HUAWEI MateBook D 15
အားရွေးချယ်သင့်သည့် အချက် ၆ ချက်

Go to the Edge of
What's Possible

HUAWEI MateBook D 15 နှင့်အတူ အမြင်သစ်များအားတွေ့ကြုံခံစားလိုက်ပါ။ HUAWEI MateBook D 15 ရဲ့ IPS 15.6″ HUAWEI FullView Display1 နှင့် 16:9 aspect ratio တို့ကြောင့် ကောင်းမွန်တဲ့ မြင်ကွင်းကျယ်အတွေ့အကြုံကို ခံစားရမှာဖြစ်ပြီး Full-HD 1920 × 1080 resolution မှ ကြည်လင်ပြတ်သားပြီး အသေးစိတ်ကျသော ပုံရိပ်များအား ကြည့်ရှုလိုက်ပါ။

HUAWEI MateBook D 15 2022 Screen to Body Ratio
HUAWEI MateBook D 15 2022 Screen to Body Ratio
HUAWEI MateBook D 15 2022 Screen to Body Ratio
HUAWEI MateBook D 15 2022 Screen to Body Ratio
7 8
1 2 3 4 5 6 7 8 9 0 1 2 3 4 5 6 7
%
HHUAWEI MateBook D 15 2022 Display
HUAWEI MateBook D 15 2022 Display

Love Your Eyes

လွယ်ကူနေတဲ့အချိန်မှာ ဘာလို့အပင်ပန်းခံနေမှာလဲ? HUAWEI MateBook D 15 မှာ TÜV Rheinland ကအသိအမှတ်ပြုထားတဲ့ Flicker-Free နှင့် အပြာရောင်အလင်းတန်းတွေကို2 လျော့ချပေးတဲ့ နည်းပညာများဖြင့်ထုတ်လုပ်ထားတာကြောင့် သင့်မျက်လုံးညောင်းညာခြင်းနှင့် အမြင်အာရုံထိခိုက်ခြင်းတို့မှ သက်သာစေပါတယ်။ သင့်မျက်လုံးများအား အချိန်တိုင်းကြည်လင်လန်းဆန်းစေလိုက်ပါ။

HUAWEI MateBook D 15 2022 Display

Beat Back the Bezel

‌ဘေးဘောင်အထူကြီးတွေကိုတော့ ဘယ်သူမှ ကြိုက်ကြမှာမဟုတ်ပါဘူး။ ဒါကြောင့် HUAWEI MateBook D 15 ရဲ့ ဘေးဘောင် ၃ ခုကို 5.3 mm ထိပါးလွှာစေရန်ဒီဇိုင်းထုတ်လုပ်ထားပါတယ်။ စခရင်ကြီးကြီးနဲ့ ကြိုက်နှစ်သက်ရာများကို တဝကြီးကြည့်ရှုလိုက်ပါ။

HUAWEI MateBook D 15 2022 Display
HUAWEI MateBook D 15 2022 ID Design​
HUAWEI MateBook D 15 2022 ID Design

Light

but Hardly Slight

HUAWEI MateBook D 15 မှာ အလေးချိန် 1.6 kg သာရှိပြီး 16.9 mm အထူသာရှိသည့်အတွက် အလွန်ပါးလွှာပေါ့ပါးပြီး သက်တောင့်သက်သာနှင့် သယ်ဆောင်ရလွယ်ကူစေပါတယ်။3 ဒါ့အပြင် ချောမွေ့သော အထိအတွေ့၊ မာကြောသောကိုယ်ထည်နှင့် ဘက်စုံသုံးနိုင်ပြီးစတိုင်ကျလှပစေမှာပါ။

HUAWEI MateBook D 15 2022 CPU HUAWEI MateBook D 15 2022 CPU HUAWEI MateBook D 15 2022 CPU

Let's Get Things Moving!

HUAWEI MateBook D15 မှာပါဝင်တဲ့ 11th Gen Intel® Core™ i5-1155G7 processor မှ စောင့်ဆိုင်းစရာမလိုဘဲ ပိုမိုမြန်ဆန်သော လုပ်ဆောင်ချက်များကို အထောက်အပံ့ပေးတာကြောင့် သင့်အတွက် အသုံးဝင်စေမှာ အသေအချာပါပဲ။ Intel® Iris® Xe မှလည်းပိုမိုကောင်းမွန်သော Graphics လုပ်ဆောင်ချက်များနှင့်အတူ တောက်ပစိုပြည်သော အရောင်များဖြင့် သင့်စိတ်ကြိုက် အကြောင်းအရာများကို လှပစွာကြည့်ရှုလိုက်ပါ။

HUAWEI MateBook D 15 2022 CPU

The Cool, Silent Type

ညဘက်တိတ်ဆိတ်ချိန်မှာ MateBook ကပန်ကာသံတွေကြောင့် ဆူညံပြီး စိတ်အနှောက်အယှက်ဖြစ်မှာ မပူပါနဲ့။ အလွန်ပါးလွှာပြီး 0.2 mm သာရှိတဲ့ HUAWEI Shark fin fan မှာ MateBook အပူချိန်မြင့်ခြင်းနှင့် ပန်ကာအသံထွက်ခြင်းမှ လျော့ချပေးနိုင်တာကြောင့် သက်တောင့်သက်သာဖြင့် အသုံးပြုနိင်မှာ ဖြစ်ပါတယ်။

HUAWEI MateBook D 15 2022 HUAWEI Shark Fin Fan

Make the Switch
from 5 to 6

HUAWEI MateBook D 15 ရဲ့ အဆင့်မြင့်တင်ထားသော Wi-Fi 6 ၏Network အမြန်နှုန်းမှာ ယခင် Generation ထက် 2.7 ဆ4 ပိုမိုမြန်ဆန်ပြီး ဖိုင်များအား 2.4 Gbps အထိ Download (သို့) Upload လုပ်နိုင်မှာပဲဖြစ်ပါတယ်။5 ပိုမိုမြန်ဆန်တဲ့ အနာဂါတ်ကမ္ဘာကြီးဆီသို့ယခုပဲလျှောက်လှမ်းလိုက်ပါ။

HUAWEI MateBook D 15 2022 Wi-Fi 6 HUAWEI MateBook D 15 2022 Wi-Fi 6 HUAWEI MateBook D 15 2022 Wi-Fi 6
HUAWEI MateBook D 15 2022 Wi-Fi 6
HUAWEI MateBook D 15 2022 Wi-Fi 6 HUAWEI MateBook D 15 2022 Wi-Fi 6 HUAWEI MateBook D 15 2022 Wi-Fi 6
HUAWEI MateBook D 15 2022 Wi-Fi 6
HUAWEI MateBook D 15 2022 Wi-Fi 6

Wi-Fi 5

867 Mbps

Wi-Fi 6

2400 Mbps (2.4 Gbps)

HUAWEI MateBook D 15 2022 Wi-Fi 6

Faster Speed

HUAWEI MateBook D 15 2022 Wi-Fi 6

Wider Coverage

HUAWEI MateBook D 15 2022 Wi-Fi 6

Stronger Signal

Super Device6
Standout Productivity

Drag-and-Drop for Multi-screen Collaboration

Super Device ဆိုတာကတော့ သင့်ရဲ့ Smart Device အမျိုးမျိုးကို တစ်စုတစ်စည်းထဲဖြစ်အောင်ဆက်သွယ်ပေးပြီး အသုံးပြုရပိုမိုလွယ်ကူအဆင်ပြေအောင်ပြုလုပ်ပေးမယ့် Function ပဲဖြစ်ပါတယ်။ Super Device တစ်ခုဖန်တီးချင်တယ်ဆိုရင်တော့ သင့် Laptop ရဲ့ Control Center ကိုဖွင့်ပါ။ ထို့နောက် Super Device screen ကိုဖွင့်ပြီး Drag and Drop ပြုလုပ်ကာ သင့်ရဲ့ Device တွေကို ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်။

HUAWEI MateBook D 15 2022 SuperDevice HUAWEI MateBook D 15 2022 SuperDevice

Effortless Cross-Device File Transfers

Laptop နှင့်ချိတ်ဆက်ထားသော Device7 အကြား ဖိုင်များအား မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ကူးပြောင်းလိုက်ပါ။

HUAWEI MateBook D 15 2022 Transfer

Cross-Device Searching

သင့်လက်ထဲရှိ Device မှတစ်ဆင့် အခြားချိတ်ဆက်ထားသော Device မှ ဖိုင်များနှင့် ဓါတ်ပုံများအားရှာဖွေလိုက်ပါ။8

HUAWEI MateBook D 15 2022 Browser

Partner up with Other Devices

HUAWEI MatePad

Screen အပိုတစ်ခု9 ဖြင့် အလုပ်ပိုမိုပြီးမြောက်အောင် ဆောင်ရွက်လိုက်ပါ

HUAWEI MateBook D 15 2022 Work With HUAWEI MatePad

HUAWEI MateView

Resolution မကျစေပဲ Wireless Projection ပြုလုပ်လိုက်ပါ10

HUAWEI MateBook D 15 2022 Work With MateView

HUAWEI Vision

Screensharing ပြုလုပ်ခြင်းက Presentation ကို ပိုပြီးချောမွေ့စေပါတယ်11

HUAWEI MateBook D 15 2022 Work With Vision

Pop-up Pairing,
Instant Connections

Earphones, Speakers, Mouses, Keyboards, Printers စတဲ့ Device တွေက Computer ရဲ့အနီးကိုရောက်တာနဲ့ အလိုအလျောက် Screen တွင်ပေါ်လာမှာဖြစ်ပြီး လျင်မြန်တဲ့ဆက်သွယ်မှုတွေအတွက် အထူးအထောက်ကူဖြစ်စေမှာပါ။12

HUAWEI MateBook D 15 2022 Fast Connection

Take Charge of
Your Power

HUAWEI MateBook D 15 မှာပါဝင်တဲ့ 65 W USB-C chargerမှာ ပေါ့ပါးကျစ်လစ်ပြီး အလွယ်တကူသယ်ဆောင်သွားနိုင်သည့်အပြင် ၁၅ မိနစ်13 အားသွင်းရုံဖြင့် ၂ နာရီကြာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
အားသွင်းကြိုးနှစ်ဖက်လုံး USB-C Type ဖြစ်တဲ့အတွက် ဒေတာများကူးပြောင်းရာတွင် ပိုမိုလွယ်ကူအဆင်ပြေတဲ့ ဒေတာကူးယူခြင်းတွေပြုလုပ်နိုင်သလို သင့်ရဲ့ HUAWEI Smartphone အတွက်လည်း SuperCharge14 ကို အထောက်အပံ့ပေးဦးမှာဖြစ်ပါတယ်။

HUAWEI MateBook D 15 2022 Charger

Enliven Your Ears

အသံနှင့်ပတ်သက်လာရင် HUAWEI MateBook D 14 မှာစည်းဘောင်တွေမရှိတော့ပါဘူး။ သူ့ရဲ့အထူးပြုလုပ်ထားတဲ့ Audio Algorithm တွေက သင့်ကို ရင်သပ်ရှုမောဖွယ်ရေလှိုင်းတွေလိုလန်းဆန်းစေမယ့် အသံစနစ်ကိုပေးစွမ်းမှာဖြစ်ပါတယ်။ Laptop အသံကိုမေ့လို့ရပါပြီ၊ ဒါက MateBook အသံပါ။

HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers
HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers
HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers HUAWEI MateBook D 15 2022 Speakers

One-Touch, All-Access

သင့်ရဲ့လက်ချောင်းထိပ်လေးတွေက HUAWEI MateBook D 15 ကို ဝင်ရောက်နိုင်ဖို့အတွက် လှေကားထစ်တစ်ခုပါ။ Keyboard ရဲ့ ညာဘက်ထိပ်ပေါ်က လက်ဗွေစနစ်ပါ၀ါခလုပ်ကိုနှိပ်လိုက်တာနဲ့ ပါဝါပွင့်ပြီးချက်ချင်းအသုံးပြုနိုင်ဖို့အတွက် သင့်ရဲ့လက်ဗွေရာကို မှတ်သားပေးထားမှာပါ။ ဒါက HUAWEI MateBook D 15 ကိုစတင်အသုံးပြုနိုင်ဖို့ ပိုမိုမြန်ဆန်စိတ်ချရတဲ့နည်းလမ်းတစ်ခုဆိုလည်းမမှားပါဘူး။

HUAWEI MateBook D 15 2022 Fingerprint Power
                ​ HUAWEI MateBook D 15 2022 Fingerprint Power
                ​ HUAWEI MateBook D 15 2022 Fingerprint Power
                ​ HUAWEI MateBook D 15 2022 Fingerprint Power
                ​

Ports Aplenty

သင်လိုအပ်နေတဲ့ Port ကိုရှာမတွေ့လို့စိတ်မပျက်ပါနဲ့။ HUAWEI MateBook D 15 မှာ သင်လိုအပ်တာထပ်ပိုတဲ့ Port တွေရှိနေပါပြီ။

HUAWEI MateBook D 15 2022 Ports

USB 2.0 × 2

USB 2.0 × 2

3.5 mm mic &
headphone jack

HDMI 1.4b (4K@30 Hz)

USB 3.2 Gen 1

USB-C15
(ပါဝါပိတ်ထားသည့်အချိန်တွင် reverse charging အားအထောက်အပံ့ပေးပါသည်။16)

Up to
512 GB

အကြမ်းစား 512 GB PCIe SSD ကတော့ မြင့်မားတဲ့အမြန်နှုန်းနဲ့ Read & Write ပြုလုပ်မှာဖြစ်ပြီး သင့်စိတ်ကြိုက်ဓာတ်ပုံ၊ ဗီဒီယိုနှင့် စာရွက်စာတမ်းများကိုသိမ်းဆည်းဖို့ လိုအပ်တာထက်ပိုတဲ့နေရာလပ်တစ်ခုကိုရရှိမှာဖြစ်ပါတယ်။

HUAWEI MateBook D 15 2022 Storage and Memory

Secure Pop-up Webcam

Keyboard ပေါ်မှ Webcam Icon လေးကိုသင်နှိပ်လိုက်မှ ပေါ်လာပြီး စတင်အလုပ်လုပ်မှာဖြစ်တာကြောင့် သင့်ရဲ့ Privacy ကို လုံခြုံစိတ်ချစွာထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။

HUAWEI MateBook D 15 2022 Camera

Go Turbo
with Fn+P

ပါဝါစားတဲ့ဂိမ်းတွေကစားတဲ့အခါ၊ Professional Video Editing ပြုလုပ်တဲ့အခါ Performance Mode17 နှင့် ပါဝါအသုံးပြုခြင်းကိုထိန်းညှိပေးပြီး ပန်ကာဆူညံသံတို့ကိုလျော့ချပေးမယ့် Standard Mode တို့အကြား Fn+P hotkey ကိုအသုံးပြုပြီး လိုသလိုအလွယ်တကူရွေ့ပြောင်းနိုင်ပါတယ်။ *Keyboard ပေါ်မှ Silkscreen တွင်ဖော်ပြထားသော Window 10 သည် ရုပ်ပုံထည့်သွင်းဖော်ပြထားခြင်းသာဖြစ်သည်။ အမှန်တစ်ကယ်ထုတ်လုပ်သည့် ထုတ်ကုန်တွင် Windows 11 ကို အသုံးပြုထားသည်။

HUAWEI MateBook D 15 2022 Keyboard

Tried, Tested, and Proven

HUAWEI MateBook D 15 ကို အရည်အသွေးစမ်းသပ်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ပြီးတာကြောင့် သင့်တစ်နေ့တာရဲ့ ဘယ်လိုအခိုက်အတန့်မျိုးမှာမဆို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

  • HUAWEI MateBook D 15 2022 Quality Test

    High-temperature & high humidity test
    (40°C, 90%RH)

  • HUAWEI MateBook D 15 2022 Quality Test

    USB-C port durability test

  • HUAWEI MateBook D 15 2022 Quality Test

    Fingerprint key durability test

  • HUAWEI MateBook D 15 2022 Quality Test

    Keyboard life test

  • HUAWEI MateBook D 15 2022 Quality Test

    Hinge life test

  • HUAWEI MateBook D 15 2022 Quality Test

    Touchpad life test

  • HUAWEI MateBook D 15 2022 Quality Test

    High-temperature & high humidity test
    (40°C, 90%RH)

  • HUAWEI MateBook D 15 2022 Quality Test

    USB-C port durability test

  • HUAWEI MateBook D 15 2022 Quality Test

    Keyboard life test

  • HUAWEI MateBook D 15 2022 Quality Test

    Hinge life test

  • HUAWEI MateBook D 15 2022 Quality Test

    Fingerprint key durability test

  • HUAWEI MateBook D 15 2022 Quality Test

    Touchpad life test

HUAWEI MateBook D 15 2022 Quality Test
  1. FullView Display သည် HUAWEI product များအတွက် အမြဲသုံးစွဲလေ့ရှိသည့် HUAWEI ၏ မူပိုင်အခေါ်အဝေါ်ဖြစ်သည်။Body-to-screen ratio မြင့်မားပြီး ဘေးဘောင်ပါးသော Screen များကို ရည်ညွှန်းခြင်းဖြစ်သည်။
  2. The Low Blue Light သတ်မှတ်ချက်ဆိုသည်မှာ Eye Comfort mode ဖွင့်ထားလျှင် စမ်းသပ်ပစ္စည်းရဲ့ Display effect များက TÜV Rheinland (စမ်းသပ်ချက်များတွင် အရောင်အမှိန်အဖျော့ ထိန်းညှိခြင်းမပါဝင်ပါ) မှ အသိအမှတ်ပြုထားသည့် low-blue-light စံနှုန်းများနှင့်ကိုက်ညီမှုရှိခြင်းကိုဆိုလိုခြင်းဖြစ်သည်။ တကယ့် blue light filtering effect များသည် လက်ရှိလှိုင်းတွန့်တစ်ခုနှင့်တစ်ခု အကွာအဝေးများပေါ်တွင် မူတည်သည်။ သို့ရာတွင် HUAWEI MateBook D 15 သည် ဆေးဘက်ဆိုင်ရာ ပစ္စည်းမဟုတ်ပါ။ ထို့အပြင် Eye Comfort mode သည် ကုသခြင်းလုပ်ငန်းစဉ်များအတွက် မရည်ရွယ်ပါ။
  3. အထူတွင် foot pad မပါဝင်ပါ။ ထုတ်ကုန်၏ ထုတ်လုပ်မှုနည်းလမ်း၊ တိုင်းတာမှုနည်းလမ်း ခြားနားချက်ပေါ်မူတည်ပြီး အထူနှင့် အလေးချိန်အတိုင်းအတာကွဲပြားနိုင်သည်။
  4. Dual Antenna design ပေါ်အခြေခံ၍ သီအိုရီအရ Wi-Fi 6 ကူးပြောင်းမှုနှုန်းသည် 2.4Gbps အထိဖြစ်ပြီး Wi-Fi 5 ၏ 867 Mbps ထက် 2.7 ဆ ကိုမိုမြန်ဆန်သည်။ သီအိုရီအရ ဒေတာများဖြစ်သည်။ အမှန်တကယ်လုပ်ဆောင်ချက်သည် ပတ်ဝန်းကျင်အလိုက်ကွာခြားနိုင်သည်။
  5. ဒေတာများသည် Intel မှရရှိသည်။ 2.4 Gbps သည် သီအိုရီအရ အမြင့်မားဆုံးအမြန်နှုန်းဖြစ်သည်။
  6. HUAWEI ဖုန်း၊ Tablet၊ Monitor အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  7. HUAWEI ဖုန်း၊ Tablet အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  8. HUAWEI ဖုန်းအချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  9. HarmoneyOS 2 နှင့်အထက်အသုံးပြုထားသော HUAWEI Tablets အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Feature ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  10. MateView wireless version model (HSN-CBA) များတွင်သာ ရရှိနိုင်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  11. HUAWEI Vision အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  12. HUAWEI Accessories အချို့နှင့် PC Manager 12.0.2 နှင့်အထက်အသုံးပြုထားသည့် HUAWEI Laptop အချို့တွင်သာ ဤ Function ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ဤ Feature နှင့် ပတ်သက်ပြီး မေးလိုသမျှကို နီးစပ်ရာ HUAWEI Customer Service ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
  13. ဒေတာများသည် HUAWEI ဓာတ်ခွဲခန်းများမှရရှိခြင်းဖြစ်သည်။ ဘက်ထရီသက်တမ်းစမ်းသပ်ရာတွင် Screen Brightness ကို 150 nits တွင်ထားထားသည်။ တကယ့်ဘက်ထရီသက်တမ်းသည် အသုံးပြုသည့်အလေ့အကျင့်နှင့် အခြေအနေကို လိုက်ပြီးကွဲပြားနိုင်သည်။ မူရင်းအားသွသွင်းကြိုး 65W Charger ကို ဘက်ထရီအား 1% ရှိသည့်အချိန်တွင် Sleep Mode ၌ထား၍ 15 မိနစ်အားသွင်းခြင်းဖြစ်သည်။ အမှန်တကယ်အသုံးပြုမှုသည် ထုတ်ကုန်၊ အသုံးပြုသည့်အလေ့အကျင့်နှင့် ပတ်ဝန်းကျင်ပေါ် မူတည်၍ကွဲပြားနိုင်သည်။
  14. HUAWEI P50 Pro, HUAWEI P50, HUAWEI Mate 40 Pro, HUAWEI Mate 40 နှင့်အခြား တို့အတွက် SuperCharge ကိုထောက်ပံ့ပေးသည်။ HUAWEI Customer Service ကို ဆက်သွယ်ပြီး နောက်ဆုံးရရှိနိုင်မည့် ပစ္စည်း Model များကိုမေးမြန်းနိုင်သည်။ 65 W charger သည် 5V/2A, 9V/2A, 12V/2A, 15V/3A နှင့် 20V/3.25A စသည့်ကွဲပြားသော output standard အမျိုးမျိုးကို ထောက်ပံ့ပေးသည်။ အမှန်တကယ် output သည် Device ၏အားသွင်းပုံနှင့်လိုက်၍ ကွဲပြားနိုင်ပါသည်။
  15. ဘက်စုံအသုံးပြုနိုင်သော USB-C Port ကို အားသွင်းခြင်းနှင့် ဒေတာများကူးပြောင်းရာတွင် အသုံးပြုသည်။ Display output အားအထောက်အပံ့မပေးပါ။
  16. ပါဝါပိတ်ထားသည့် HUAWEI MateBook D 15 သည် HUAWEI P50, Mate 40(သို့) P40 series ဖုန်းတို့အတွက် Reverse Charging ပြုလုပ်နိုင်သည်။ အကောင်းဆုံးသောအားသွင်းစွမ်းရည်အတွက် Laptop ဖြင့်အတူပါလာသည့် Adapter နှင့် USB-C cable အစစ်တို့ကို အသုံးပြုရန်လိုအပ်သည်။ Reverse Charging သည် MateBook ပါဝါမပိတ်ခင် ဘက်ထရီရာခိုင်နှုန်း 10% နှင့်အထက်တို့နှင့် ဖုန်းပါဝါဖွင့်ထားချိန်တို့တွင်သာအလုပ်လုပ်သည်။
  17. Performance Mode အားအလိုအလျောက်ပိတ်ထားပြီး အသုံးပြုလိုပါက အားသွင်းထားရန်လိုအပ်သည်။ Turbo Mode ကို အလိုအလျောက်ပိတ်ပေးထားပြီး အသုံးပြုနေချိန်တွင် အားသွင်းထားရန်လိုအပ်သည်။ Turbo Mode ကို ဖွင့်ထားခြင်းအားဖြင့် CPU နှင့် GPU စွမ်းဆောင်ရည်တို့ကို ချက်ချင်းဆိုသလိုမြှင့်တင်နိုင်သည်။ ထို့ကြောင့် ပန်ကာသံပိုမိုကျယ်လာနိုင်သလို မျက်နှာပြင်အပူချိန်လည်း ပိုမိုမြင့်တက်လာနိုင်ပါသည်။ ထို့ကြောင့် Turbo Mode ကို အမှန်တကယ်လိုအပ်မှသာအသုံးပြုရန် အကြံပြုအပ်ပါသည်။
  18. HUAWEI သည် အချို့သောအစိတ်အပိုင်းများအတွက် Multi-supplier strategy ကိုကျင့်သုံးပြီး အစိတ်အပိုင်းများအားလုံးသည် HUAWEI ၏ စံနှုန်းသတ်မှတ်ချက်များအတိုင်း ထုတ်လုပ်ထားခြင်းဖြစ်သည်။ ပြည်တွင်းဈေးကွက်တွင် အမှန်တကယ်ထုတ်ကုန်များ လွှမ်းမိုးသင့်သည်။
  19. *Keyboard ပေါ်မှ Silkscreen တွင်ဖော်ပြထားသော Window 10 သည် ရုပ်ပုံထည့်သွင်းဖော်ပြထားခြင်းသာဖြစ်သည်။ အမှန်တစ်ကယ်ထုတ်လုပ်သည့် ထုတ်ကုန်တွင် Windows 11 ကို အသုံးပြုထားသည်။
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်