HUAWEI MateBook D 15

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

ရေပန်းစားသော ရလဒ်များ

    အကြံပြုထားသော ရလဒ်များ

      နောက်ထပ်ရှာဖွေမှု အဓိကစကားလုံးများကို ရိုက်ထည့်ပါ

      အများဆုံးရှာဖွေကြသည့် အကြောင်းအရာများ

        ရေပန်းစားသော အကြံပြုထောက်ခံချက်များ

          အလှပဆုံးသောမျက်နှာပြင်

          5.3 mm သာရှိသော ဘေးဘောင်နှင့် ၈၇ ရာခိုင်နှုန်းရှိသော မျက်နှာပြင်အချိုးအစားတို့ဖြင့်ဖွဲ့စည်းထားသော 15.6 inches မြင်ကွင်းကျယ်မျက်နှာပြင်တို့က လုပ်ငန်းသုံးဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် အကောင်းဆုံးအသင့်တော်ဆုံးဖြစ်နေစေမှာပါ။

          HUAWEI MateBook D 15 lightweight notebook
          HUAWEI MateBook D 15 lightweight notebook

          အပေါ့ပါးဆုံးကိုယ်ထည်

          1.53 kg1 အလေးချိန်၊ 16.9 mm2 အထူရှိသော သတ္တုကိုယ်ထည်နဲ့ ထုတ်လုပ်ထားတာကြောင့် ပါးလွှာပေါ့ပါးပြီး သယ်ဆောင်ရလွယ်ကူတာကြောင့် ဘယ်နေရာရောက်ရောက် မြင်ကွင်းကျယ်ခံစားချက်ကို ရရှိနိုင်မှာပါ။

          မြန်နှုန်းပြည့်စွမ်းဆောင်ရည်ကို ခံစားကြည့်ပါ။

          HUAWEI MateBook D 15 မှာ အကောင်းဆုံးစွမ်းဆောင်ရည်ပေးနိုင်မယ့် AMD Ryzen 5 3500U processor ကို အသုံးပြုထားပြီး 16GB ရှိသည့် dual-channel DDR4 RAM ကို မြန်နှုန်းမြင့် PCIe SSD3 ဖြင့် တွဲဖက်ပေးထားပါတယ်။ Radeon Vega 8 Graphics ကို အသုံးပြုထားသောကြောင့် တစ်နေ့တာလုပ်ငန်းသုံး သို့မဟုတ် ဖျော်ဖြေရေးအတွက်တို့ကို အကောင်းမွန်ဆုံးရုပ်ထွက်ပေးစွမ်းနိုင်ပါတယ်။

          HUAWEI MateBook D 15 AMD chipset notebook HUAWEI MateBook D 15 AMD chipset notebook

          Huawei Share

          သင့်ရဲ့ စမတ်ဖုန်းနဲ့ HUAWEI MateBook ကို တစ်ချက်ထိရုံဖြင့် အင်တာနက်မလိုဘဲ Super Device တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သင့်ရဲ့ဖုန်းမျက်နှာပြင်က Laptop တွင်ပေါ်နေမှာဖြစ်ပြီး Keyboard နှင့် Mouse တစ်ခုတည်းကို အသုံးပြုပြီး လုပ်ဖော်ကိုက်ဖက်များကို ဆက်သွယ်ရင်း လိုအပ်သည့် Files များကို အလွယ်တကူ ကူးယူပြင်ဆင်နိုင်ပါတယ်။ ထိုသို့ cross-device အသုံးပြုနိုင်ခြင်းက ကိုယ့်နေ့စဉ်ဘဝလုပ်ဆောင်ချက်တွေကို ပိုမိုလွယ်ကူစေပါတယ်။.4

          သင့်အိတ်ကပ်ထဲကစွမ်းအား

          HUAWEI MateBook D 15 မှာပါဝင်တဲ့ 65 W USB-C charger5 က သေးငယ်ပြီး သယ်ဆောင်ရလွယ်ကူသည့်အပြင် မိနစ် ၃၀6 သွင်းရုံနဲ့ 53% အားပြည့်စေပါတယ်။ ဒါ့အပြင် fast charging7 ပါဝင်ပြီး သင့်ဖုန်းအတွက်ပါအသုံးပြုနိုင်ပြီး Data ကူးပြောင်းတာပါ ဆောင်ရွယ်နိုင်ပါတယ်။

          HUAWEI MateBook D 15 type-c super charge

          လျင်မြန်တဲ့တုံ့ပြန်ချက်နဲ့
          ကျယ်ဝန်းသောနေရာ

          HUAWEI MateBook D 15 မှာ စွမ်းအားပြည့်၊မြန်နှုန်းမြင့်လုပ်ဆောင်နိုင်ရန် Hard Drive slots နှစ်ခုပါဝင်ထည့်သွင်းထားပြီး တုံ့ပြန်မှုမြန်ဆန်တဲ့ SSD ကို HDD နဲ့တွဲဖက်အသုံးပြုထားတာကြောင့် လုပ်ငန်းအတွက်ဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် ဘယ်လိုလုပ်ဆောင်ချက်မျိုးကိုမဆို အလွယ်တကူဆောင်ရွက်နိုင်ပါတယ်။

          • HUAWEI MateBook D 15 huge storage SSD
          • HUAWEI MateBook D 15 huge storage HDD
          HUAWEI MateBook D 15 huge storage

          သင့်ရဲ့ လက်ချောင်းထိပ်လေးဖြင့်
          ကမ္ဘာကြီးကိုဖွင့်လှစ်လိုက်ပါ

          တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ လုံခြုံစွာ အဖွင့်အပိတ်လုပ်နိုင်ရန် HUAWEI MateBook D 15 မှာ Built-in Fingerprint reader ပါဝင်ပါတယ်။

          HUAWEI MateBook D 15 touch power button HUAWEI MateBook D 15 touch power button HUAWEI MateBook D 15 touch power button HUAWEI MateBook D 15 touch power button

          သင်၏အမြင်အာရုံအတွက်သာ

          TÜV Rheinland အသိအမှတ်ပြုထားတဲ့မျက်နှာပြင်က မျက်စိအားနည်းစေသာ အပြာရောင်အလင်းတန်းကိုလျော့ချပေးတာကြောင့် HUAWEI MateBook D 15 ရဲ့ မြင်ကွင်းကျယ်မျက်နှာပြင်ကို အပြည့်အဝခံစားနိုင်ပါတယ်။.8

          HUAWEI MateBook D 15 eye comfort mode
          HUAWEI MateBook D 15 eye comfort mode
          HUAWEI MateBook D 15 eye comfort mode

          သင့်အတွက်လုံခြုံမှု

          ဆန်းသစ်သောတီထွင်မှုနဲ့ recessed camera က keyboard အထဲမှာပါရှိနေပြီး လိုအပ်တဲ့အချိန်မှ တစ်ချက်နှိပ်လိုက်မှသာ အပေါ်ကိုထွက်လာမှာဖြစ်ပါတယ်။ မလိုအပ်တဲ့အချိန်မှာ ပြန်ထည့်ထားနိုင်တာကြောင့် လုံခြုံရေးချိုးဖောက်ခံရမှုတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ်။.

          HUAWEI MateBook D 15 camera

          အခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်ခြင်း

          HUAWEI MateBook D 15 မှာ အခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်အောင် လိုအပ်သည့် ports တွေကို ထည့်သွင်းပေးထားတာကြောင့် သင့်ရဲ့ကြားခံပစ္စည်းတွေကို သယ်နေစရာမလိုတော့ပါဘူး။

          HUAWEI MateBook D 15 ports

          USB 2.0

          USB 2.0

          Audio jack

          HDMI

          USB 3.0

          USB-C9

          1. အလေးချိန်သည် SSD version ကိုအခြေခံထားခြင်းဖြစ်သည်။ Specification ကိုမူတည်၍ အလေးချိန်သည်ပြောင်းလဲနိုင်သည်။ ဥပမာ SSD + HDD version အလေးချိန်သည် 1.62 kg ရှိသည်။
          2. အထူတွင် foot pad မပါဝင်ပါ။ ထုတ်ကုန်၏ခြားနားချက်ပေါ်မူတည်ပြီး အထူ၏အတိုင်းအတာသည် ကွဲပြားနိုင်သည်။
          3. HUAWEI MateBook D Series သည် PCIe SSD ကို အသုံးပြုထားပြီး အချို့ HUAWEI MateBook D 15 တွင် HDDs ဖြင့် တပ်ဆင်ထားသည်။
          4. ထို feature သည် PC Manager version 10.0.2.00 နှင့် အထက်ဗားရှင်းကိုလိုအပ်ပြီး PC Manager နှင့်ဆက်စပ်သော drivers များကို install လုပ်ထားသော HUAWEI MateBook D 15 တွင်သာထောက်ပံ့သည်။ ထို feature သည် NFC အသုံးပြုလို့ရသော စမတ်ဖုန်းများဖြစ်သည့် သတ်မှတ်ထားသည့် EMUI 10 သို့မဟုတ် သူနှင့်အထက် HUAWEI ဖုန်းနှင့် EMUI 10 သို့မဟုတ် Magic UI 3.0 သို့မဟုတ် သူနှင့်အထက် HONOR ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။။
          5. Charger ၏ဓာတ်ပုံသည် Europen standard version ဖြစ်ပြီး တင်သွင်းသည့်နိုင်ငံပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။
          6. Charging data သည် HUAWEI lab ရဲ့ စမ်းသပ်ချက်အဖြေဖြစ်သည်။ အပူချိန် 25°C နှင့် စိုထိုင်းဆ 45% - 80% တွင် HUAWEI MateBook D 15 သည် Sleep Mode တွင် HUAWEI 65 W charger ကို origianl charging cable ဖြင့် မိနစ် ၃၀ အတွင်း 1% မှ 53% အထိအားသွင်းနိုင်သည်။ ထုတ်ကုန်၏ကွဲပြားမှု၊ ပတ်ဝန်းကျင်နှင့် အသုံးပြုပုံပေါ်မူတည်ပြီး ကွဲပြားနိုင်သည်။
          7. ထို feature သည် USB-C charging port ပါသော သတ်မှတ်ထားသည့်ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။
          8. အပြာရောင်အလင်းတန်းလျော့ချမှုသည် အလင်းအရင်းအမြစ်နှင့် အကွာအဝေးပေါ်မူတည်၍ ကွဲပြားနိုင်သည်။
          9. USB-C port သည် အားသွင်းခြင်းနှင့် data ကူးပြောင်းခြင်းကိုသာ အထောက်အပံ့ပေးသည်။