HUAWEI Mate Xs ရဲ့ Falcon Wing ဒီဇိုင်းနဲ့ သင့်ရဲ့ အတောာင်ပံတွေကို ဖြန့်ကျက်လိုက်ပါ။ ထူးခြားလှသည့် Falcon ငှက်အတောင်ပံပုံစံကို အခြေခံပြီး အသုံးပြုထားတဲ့ hinge နှင့် မျက်နှာပြင်ခေါက်နိုင်သော HUAWEI Mate Xs ကို ပထမဦးစွာတင်ဆက်လိုက်ခြင်း ဖြစ်ပါတယ်။ သင့်အိပ်ကပ်ထဲနှင့်လက်ထဲမှာ အံဝင်ခွင်ကျဖြစ်နေစေမယ့် မျက်နှာပြင်ခေါက်ထားနိုင်သော သေသပ်လှပသည့်စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ သင့်လုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ဖို့အတွက် အမြဲအသင့်ဖြစ်နေစေမှာပါ။ မျက်နှာပြင်ကိုဖွင့်လိုက်သည့်အခါတွင်လည်း ပုံမှန်မြင်ကွင်းကျယ်ထက် နှစ်ဆကျယ်ပြန့်သောမျက်နှာပြင်နဲ့ အဆင်ပြေလွယ်ကူချောမွေ့စွာအသုံးပြုနိုင်ပါတယ်။
8-inch1 အကျယ်မျက်နှာပြင်ရှိတဲ့ HUAWEI FullView Display နှင့် အသေးစိတ်ကျပြီး စိုပြေတောက်ပသောအရောင်တို့က အရာအားလုံးကိုတစ်နေရာထဲမှာ ကြည့်ရှုနိုင်ဖို့လုပ်ဆောင်ပေးထားပါတယ်။ ရှေ့တိုး၊နောက်ဆုတ်ပြုလုပ်စရာမလိုအပ်ပဲ သင့်မျက်စိရှေ့မှာတင် အံ့အားသင့်ဖွယ်ကောင်းသောရှုခင်း၊ရိုက်ချက်တွေကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
HUAWEI Mate Xs ရဲ့ Power Button မှာအသုံးပြုထားတဲ့ Fingerprint က ညင်သာစွာထိတွေ့လိုက်ရုံနှင့် စက္ကန့်ပိုင်းအတွင်းမှာပင် ဖုန်းကိုဖွင့်လှစ်နိုင်ပါတယ်။
Multi-window2 function က 8 လက်မအကျယ်ရှိတဲ့မျက်နှာပြင်ကို သီးသန့်တစ်ခုစီအဖြစ်အသုံးပြုလို့ရအောင်ခွဲခြားပေးထားသောကြောင့် မက်ဆေ့ချ်တွေကိုစစ်ဆေးနေချိန်မှာ မှတ်စုတွေကိုမှတ်သားထားနိုင်သလို၊ ဓာတ်ပုံအယ်ဘ်ဘမ်ထဲမှ စိတ်ကြိုက်ပုံရွေးနေချိန်မှာပဲ အကြိုက်ဆုံးပုံကို သင့်ရဲ့ social media မှာတင်ဖို့အတွက် ပြင်ဆင်နိုင်မှာပါ။ HUAWEI App multiplier3 နဲ့ App တစ်ခုထဲကို window နှစ်ခုစလုံးမှာ အသုံးပြုနိုင်တာကြောင့် တစ်ချိန်တည်းမှာတင် မတူညီတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် သင်အကြိုက်နှစ်သက်ဆုံး Apps တွေကို shortcut လုပ်ထားနိုင်တဲ့ Dock တစ်ခုကိုဖန်တီးပုံဖော်ထားပြီး floating window ကို activate လုပ်ပြီးလျင်မြန်စွာအသုံးပြုနိုင်တာကြောင့် Apps ပြောင်းနေရတဲ့ အချိန်တွေကို သက်သာစေပါတယ်။
Replay
HUAWEI Mate Xs ကို Kirin 990 5G chipset အသုံးပြုထားတာကြောင့် 5G ကွန်ရက်ခေတ်မှာ နောက်ဆုံးပေါ်အမြန်အရှိန်နှုန်းနှင့် စွမ်းဆောင်ရည်ကိုရရှိစေမှာဖြစ်ပါတယ်။ အဆင့် ၃ ရှိသောစွမ်းအင်ထိရောက်မှုရှိသည့် CPU က သုံးစွဲမှုအားကိုလျော့ကျစေပြီး အကောင်းဆုံးစွမ်းဆောင်ရည်ကိုပေးစွမ်းပါတယ်။ အနာဂတ်ရဲ့ AI လုပ်ဆောင်နိုင်စွမ်းများပေါ်ထွက်လာနိုင်ရန် Dual-core နှင့် Tiny-core NPU တို့က အခြေခံအုပ်မြစ်တစ်ခုအဖြစ် ဖန်တီးပေးပါတယ်။
HUAWEI Mate Xs က NSA နှင့် SA 5G ဖွဲ့စည်းမှု4 တို့ကိုထောက်ပံ့ပေးပြီး 5G ဆင့်ကဲပြောင်းလဲမှုနှင့် ကိုက်ညီစေပါတယ်။ Dual-Sim card ဒီဇိုင်းနဲ့ ကျယ်ပြန့်သော 5G / 4G / 3G / 2G အစရှိတဲ့ brands များနှင့် သင်အမြဲဆက်သွယ်နိုင်မှာဖြစ်ပါတယ်။
ခေါက်သိမ်းခြင်းနှင့်ဖွင့်ခြင်းတို့ကြောင့်ပေါ်ထွက်လာသော bionic graphite တို့ကို HUAWEI မှမိတ်ဆက်တီထွင်ထားသည့် အအေးပေးစနစ်ကြောင့် သင့်ရဲ့ HUAWEI Mate Xs ကိုအမြဲအေးနေစေမှာပါ။ မြန်နှုန်းမြင့်အရှိန်နှင့် ultra-HD ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုခြင်းဖြစ်ဖြစ် သို့မဟုတ် ဒေါင်းလုပ်ဆွဲခြင်းဖြစ်ဖြစ်၊ သင့်ရဲ့ graphic မြင့်မားသော 3D ဂိမ်းကစားခြင်းဖြစ်ဖြစ် ချွေးတစ်စက်မကျပဲ 5G ကမ္ဘာထဲကို ဝင်ရောက်နိုင်မှာဖြစ်ပါတယ်။
Replay
အရှေ့နှင့်အနောက်ကိုပေါင်းစမ်ထားတဲ့ 40 MP Supersensing Leica Quad Camera က သင့်မျက်စိရှေ့မှာတွေ့မြင်နေရတဲ့ ကမ္ဘာပေါ်ကအလှတရားတွေကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ အနီးအဝေး၊ အမှောင်အလင်း၊ အသေးအကြီးဖြစ်စေ လှပတဲ့အရာတွေကို စိတ်ထဲမှာတွင်သာမက သင့်ရဲ့ဖုန်းထဲမှာပါ သိမ်းထားနိုင်မှာဖြစ်ပါတယ်။
Wide Angle
Lens
Telephoto
Lens
Ultra Wide
Angle Lens
TOF Camera
မျက်နှာပြင်နှစ်ဘက်ပါရှိသော mirror shooting က သင်နှင့်ဓာတ်ပုံဆရာအား သင်လိုချင်သည့် သင်၏အလှတရားအားပြန်လည်စစ်ဆေးခြင်း နှင့် တီထွင်ဖန်တီးမှုများအား အချိန်နှင့်တစ်ပြေးညီမျှဝေနိုင်မှာဖြစ်ပါတယ်။
အမှောင်ထဲတွင်ရှိသောလူများ၊ လှပသောပုံရိမ်များကို အသေးစိတ်ပုံဖော်ရိုက်ကူးနိုင်ရန် 40 MP Supersensing Camera က လိုအပ်သောအလင်းကို စုတ်ယူပေးပါတယ်။
16 MP Ultra Wide Angle Lens ဖြင့် ခန့်ညားထည်ဝါတဲ့တောင်နှင့်နန်းတော်များကို အလွန်ကောင်းမွန်သောရှုထောင့်ကနေမြင်တွေ့နိုင်ပါတယ်။
1x
Ultra Wide
Kirin 990 5G chipset ရဲ့ စွမ်းဆောင်ရည်နဲ့ ကြီးမားသော 4500 mAh5 ဘက်ထရီတို့ကြောင့် HUAWEI Mate Xs သည် ကြာရှည်ခံသော ဘက်ထရီသက်တမ်းကို ပေးစွမ်းပါတယ်။ စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဂိမ်းဆော့သည့်ညများ၊ အလုပ်ရှုပ်တဲ့နေ့ရက်များမှာ သင့်အနားမှာ သင့်အတွက်အကောင်းဆုံး လက်တွဲဖော်တစ်ယောက်လို ရှိနေမှာဖြစ်ပါတယ်။
ကြီးမားတဲ့ 4500 mAh ဘက်ထရီကိုပင် 55 W HUAWEI SuperCharge6 ကြောင့် မိနစ်၃၀7 အတွင်း 85% အထိပြည့်အောင်အားသွင်းနိုင်ပါတယ်။ ကော်ဖီကောင်းကောင်းလေးတစ်ခွက်နှင့်ခဏနားလိုက်ရုံနဲ့ အလွန်အလုပ်များသောနေ့တစ်နေ့အတွက်သင်အဆင်သင့်ဖြစ်နေပါပြီ။