HUAWEI nova 5T

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
product
Inspire Your Moment 48 MP AI Cameras1 | Kirin 980 7nm AI Chipset | 8 GB RAM + 128 GB ROM


HUAWEI nova 5T

သိသာထင်ရှားစေမယ့် အရောင်ပုံစံ

HUAWEI nova 5T ရဲ့ ရောင်ပြန်ဒီဇိုင်းပုံစံ၊ ထူးခြားတဲ့အသွင်အပြင်နဲ့ သေသပ်တဲ့အရောင်တို့က အကောင်းဆုံးခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ ဒီဇိုင်းပိုင်ရဲ့ အချောသတ်ပုံစံနဲ့ အသွင်အပြင်ပုံစံက အလင်းနဲ့၊ အရိပ်တွေကို ပုံဖော်ပေးနိုင်ပါတယ်။.
HUAWEI nova 5T color green HUAWEI nova 5T color green

Crush
Green

HUAWEI nova 5T color blue HUAWEI nova 5T color blue

Crush
Blue

HUAWEI nova 5T color purple HUAWEI nova 5T color purple

Midsummer
Purple

HUAWEI nova 5T color black HUAWEI nova 5T color black


Black

လျင်လျင်မြန်မြန် ဖုန်းဖွင့်မယ်

ဖုန်းရဲ့ ဘေးဘက်မှာပါတဲ့ Fingerprint Sensor က ဒီဇိုင်းပိုင်းအရ ပိုမိုထူးခြားသွားသလို လက်တစ်ဖက်တည်းနဲ့ လွယ်လွယ်ကူကူ၊ လျင်လျင်မြန်မြန် ဖွင့်နိုင်ပါသေးတယ်။.
HUAWEI nova 5T side mounted fingerprint
HUAWEI nova 5T side mounted fingerprint HUAWEI nova 5T side mounted fingerprint HUAWEI nova 5T side mounted fingerprint HUAWEI nova 5T side mounted fingerprint HUAWEI nova 5T side mounted fingerprint

ထောင့်ဖက်ရော
က်သွားတဲ့ ရှေ့ကင်မရာ

HUAWEI မှ စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းပိုးကို အကောင်းဆုံးဖြစ်အောင်ဖန်တီးခဲ့သလို ဒီ HUAWEI nova 5T မှာလည်း ကြီးမားတဲ့ မျက်နှာပြင်-ကိုယ်ထည် အချိုးနဲ့ အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပါတယ်။ မျက်နှာပြင်ရဲ့အောက်မှာ ရှေ့ကင်မရာကို မြှုပ်ထားပြီး HUAWEI nova 5T ရဲ့ မျက်နှာပြင်အပြည့်နီးပါး သုံးနိုင်အောင်၊ အတွေ့အကြုံသစ်တွေ ရရှိအောင် ဖန်တီးထားတာပဲဖြစ်ပါတယ်။
HUAWEI nova 5T screen live on the edge HUAWEI nova 5T screen live on the edge HUAWEI nova 5T screen live on the edge HUAWEI nova 5T screen live on the edge HUAWEI nova 5T screen live on the edge

အိပ်ကပ်ထဲက ပ
ရိုကင်မရာများ

HUAWEI nova 5T ရဲ့ ကျောဖက် AI ကင်မရာလေးခုက အမိုက်စား HD ပုံရိပ်တွေ ဖမ်းယူနိုင်သလို၊ Ultra Wide-Angle, Macro နဲ့ Bokeh ဓာတ်ပုံတွေကိုလည်း အသီးသီးဖမ်းယူနိုင်ဦးမှာပါ။ ကင်မရာက အဆင့်မြင့်တဲ့ဗီဒီယိုတွေကိုလည်း ဖန်တီးနိုင်သလို ကြည်လင်တောက်ပတဲ့ ဓာတ်ပုံတွေ၊ ရှုခင်းဗီဒီယိုတွေ၊ အသက်ရှူမှားလောက်တဲ့ အနီးကပ်ဓာတ်ပုံတွေကိုလည်း ဖန်တီးနိုင်ဦးမှာပါ။ ဘယ်နေရာ၊ ဘယ်အချိန်ပဲရောက်ရောက် အစွမ်းထက်တဲ့ ဓာတ်ပုံ၊ ဗီဒီယို Algorithms တွေက အရောင်စုံလင်တဲ့၊ Resolution မြင့် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ရရှိစေမှာပါ။
HUAWEI nova 5T four AI cameras HUAWEI nova 5T four AI cameras HUAWEI nova 5T four AI cameras HUAWEI nova 5T four AI cameras
  • 16 MP Super Wide Angle Camera
  • 48 MP Main Camera
  • 2 MP Depth Assist Camera
  • 2 MP Macro Camera

အနုပညာမြောက်မှု

ထူးခြားကောင်းမွန်တဲ့ စံနှုန်းများနဲ့ ထုတ်လုပ်ထားတဲ့ 1/2-inch sensor တပ်ဆင်ထားတဲ့ 48 MP ကင်မရာနဲ့အတူ တကယ့် Professional တစ်ယောက်ရိုက်ကူးထားတဲ့ အရည်အသွေးမြင့် ပုံရိပ်တွေကို ကိုယ့်ရဲ့ smartphone နဲ့ ရိုက်ကူးဖန်တီးနိုင်မှာပါ။ ဒါ့အပြင် AI နည်းပညာနဲ့အားဖြည့်ထားတဲ့ Super Night Mode ဟာဆိုရင်လည်း ပြင်ပအလင်းရောင်အနည်းအများအပေါ် အကောင်းဆုံးချိန်ညှိတွက်ဆပြီး ရင်သပ်ရှုမောဖွယ် ညအလှပုံရိပ်များကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးရိုက်ကူးနိုင်ဖို့ ကူညီပေးမှာပဲဖြစ်ပါတယ်။
HUAWEI nova 5T 48MP HD photography HUAWEI nova 5T 48MP HD photography

အမှတ်တရတိုင်းအတွက်ရှိနေမယ်

ရုပ်ရှင်ဆန်ဆန် တမူထူးခြားတဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေကို ကိုယ့်ရဲ့လက်နဲ့ ကိုယ်တိုင်ကျိုယ်ကျ ဖန်တီးရိုက်ကူးနိုင်ပါပြီ။ f/2.2 ultra wide-angle lens ကို တပ်ဆင်ပေးထားတာကြောင့် ကိုယ်ရိုက်ကူးဖန်တီးလိုက်တဲ့ ပုံရိပ်တိုင်းဟာ ပြန်ကြည့်လိုက်တိုင်း ထူးခြားကွဲထွက်နေတဲ့ အမြင်ခံစားမှုအတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်မှာပါ။ .
HUAWEI nova 5T ultra wide angle lens
HUAWEI nova 5T ultra wide angle lens

ကမ္ဘာသစ်ကိုရှာဖွေစူးစမ်းကြမယ်

လူတော်တော်များများသတိမထားမိကြတဲ့၊ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကိုယ့်ရဲ့လက်တစ်ကမ်းက အရာဝတ္ထုတွေကို ပုံဖော်ရိုက်ကူးနိုင်ပါပြီ။ 4 cm အကွာအဝေးအထိ အနီးကပ်ဆုံးရိုက်ကူးနိုင်တဲ့ Super Macro Lens နဲ့အတူ ကိုယ့်ရဲ့ကမ္ဘာသစ်ရှာပုံတော် ခရီးစဉ်အတွေ့အကြုံကို အားလုံးနဲ့ဝေမျှလို့ရပါပြီ။
HUAWEI nova 5T macro lens
HUAWEI nova 5T macro lens

ပေါ်လွင်ထင်ရှားတဲ့ သဘာဝဆန်ဆန်အလှတရား

ကိုယ်ရိုက်ကူးမယ့် အရာဝတ္ထု (ဒါမှမဟုတ်) လူ ကို အကောင်းဆုံးပုံဖော်နိုင်မယ့် Bokeh effect ကို ဒီတစ်ခါမှာတော့ Kirin chipset ရဲ့ ISP real-time processing capabilities နဲ့အတူ ပိုပြီးအဆင့်မြှင့်တင်လာခဲ့ပါပြီ။ Mobile ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးဖန်တီးခြင်းကို Professional Potrait ဘုရင်တစ်ဆူအလား အတွေ့အကြုံသစ်ကိုခံစားရစေမှာပါ။ .
HUAWEI nova 5T bokeh effect HUAWEI nova 5T bokeh effect

ကိုယ့်ရဲ့အလှတရားအတွက်
အမြဲအသင့်ရှိသူ

လူတိုင်းလူတိုင်းမှာ ပင်ကိုယ်အလှတရားကိုယ်စီရှိကြပါတယ်။ အခုအချိန်မှာတော့ မျက်နှာပြင်ပြည့် Display ပေါ်မှာ ခံစားကြည့်ရှုနိုင်ပါပြီ။ မျက်နှာပြင်အပေါ်ထောင့်မှာရှိနေတဲ့ 32 MP front selfie camera က ကိုယ့်ရဲ့အလှတရားကို AI နည်းပညာနဲ့ အချိုပေါ် သကာလွှမ်းသလို ပြီးပြည့်စုံ ရှုမငြီးတဲ့ အလှတရားကို ပိုလို့ပေါ်လွင်ထင်ရှားအောင်ကူညီပေးမှာပဲဖြစ်ပါတယ်။ 4-in-1 pixel fusion နည်းပညာရဲ့ ပေါင်းစပ်ကူညီမှုက အလင်းအားပိုကောင်းပြီး ကြည်လင်ပေါ်လွင်တဲ့ အကောင်းဆုံး Selfie အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်မှာပါ။ .
HUAWEI nova 5T front selfie camera

ထူးခြားကောင်းမွန်တဲ့
လျင်မြန်မှု

ထူးခြားလျင်မြန်တဲ့ Kirin 980 Chipset က 7nm SoC Chipset တစ်ခုဖြစ်ပြီး Lag ခြင်း၊ ထစ်ခြင်းမရှိစေတဲ့ နည်းပညာမြင့်မားမှုတို့နဲ့အတူ ကောင်းမွန်တဲ့ အတွေ့အကြုံအပိုင်းတွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒီ Dual-NPU က AI ရဲ့ လုပ်ဆောင်ချက်၊ မြင့်မားလာတဲ့ စွမ်းဆောင်ရည်တို့အပြင် ပါဝါစားလည်းသက်သာစေတာကြောင့် HUAWEI nova 5T ကို လျင်မြန်တဲ့ တုန့်ပြန်မှု၊ သက်သာမှုတို့နဲ့ အကောင်းဆုံးသုံးလို့ရစေမှာပါ။.

ဘယ်တော့မှ မနှေးစေပါဘူး

HUAWEI nova 5T ရဲ့ 8 GB RAM က လုပ်ဆောင်ချက်တိုင်းကို လျင်မြန်စေမှာဖြစ်သလို 128 GB အထိသိုလှောင်မှုကြောင့်လည်း ဓာတ်ပုံတွေ၊ ဗီဒီယို၊ App တွေအများကြီးနဲ့ အေးဆေးသုံးနိုင်သလို နှေးကွေးတာမျိုးလည်း မဖြစ်စေနိုင်ပါဘူး။.
HUAWEI nova 5T kirin effortless power HUAWEI nova 5T kirin effortless power
HUAWEI nova 5T 6GB RAM 128G ROM HUAWEI nova 5T 6GB RAM 128G ROM

Super Charging စနစ်

အားသွင်းနှေးတာတွေက နေ့စဉ်ဘဝအတွက် အဆင်မပြေစေပါဘူး။ အထူးသဖြင့် ဖုန်းအရမ်းသုံးရတဲ့အခြေအနေမျိုးမှာပေါ့။ ဒါပေမယ့် HUAWEI nova 5T ရဲ့ 3750 mAh 2 ဘက်ထရီက 22.5 W HUAWEI SuperCharge စနစ်ကို အထောက်အပံ့ပေးထားပါတယ်။ မိနစ် 303 အတွင်း 50% အထိအားပြည့်စေနိုင်ပါတယ်။.
HUAWEI nova 5T super charging HUAWEI nova 5T super charging HUAWEI nova 5T super charging

GPU Tubro နဲ့ ပြိုင်ပွဲတိုင်းအနိုင်ယူမယ်

GPU Turbo ရဲ့ မျိုးဆက်သစ်က CPU နဲ့ GPU စွမ်းဆောင်ရည်တွေမှာ ပုံမှန်ထက်ပိုမိုတိုးတက်လာခဲ့သလို Kirin 980 ရဲ့ စွမ်းဆောင်ရည်ကြောင့် Gaming အတွေ့အကြုံပိုင်းမှာ ထူးခြားကောင်းမွန်လာပါတယ်။ ဒီ Features က ကမ္ဘာပေါ်ရှိနာမည်ကြီးဂိမ်းတော်တော်များများကို အထောက်အပံ့ပေးထားပါတယ်။4
HUAWEI nova 5T super charging
HUAWEI တရားဝင်ဝက်ဘ်ဆိုက်၏အတွေ့အကြုံကို သင်စိတ်ကျေနပ်ပါသလား။
HUAWEI တရားဝင်ဝက်ဘ်ဆိုက်၏အတွေ့အကြုံကို သင်စိတ်ကျေနပ်ပါသလား။
  • 0
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
0: လုံးဝကျေနပ်မှုမရှိ ဝက်ဘ်ဆိုက်အတွက်အမှတ်အသားကိုရွေးချယ်ပါ 10: အပြည့်အဝကျေနပ်မှုရှိ
ကျေးဇူးပြု၍ မှန်ကန်သော Verification code ကို ထည့်သွင်းပါ။
တင်သွင်းပါ