HUAWEI nova 7i

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
HUAWEI nova 7i KV
nova-7i

Entertain Your Life

48 MP Quad AI Cameras1
40 W HUAWEI SuperCharge2

ကင်မရာလေးလုံးဖြင့် သင့်စိတ်ကူးတွေကို
ဆန်းသစ်ကွန့်မြူးလိုက်ပါ

HUAWEI nova 7i မှာပါတဲ့ ကျောဖက်ကင်မရာလေးလုံးက အနီးကပ်ပုံရိပ်တွေ၊ ပိုပြီးကြည်လင်၊ ကျယ်ပြန့်ပြီး သင်၏စိတ်ကူးနှင့်ပုံဖော်နိုင်စွမ်းထက်ပိုတဲ့အရာတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အလှပဆုံးသော Portraits ပုံတွေကို Bokeh ကင်မရာနှင့်ရိုက်ကူးပြီး သဘာဝတရားကြီးရဲ့ အနီးကပ်ပုံရိပ်တွေကို Macro ကင်မရာနဲ့ရိုက်ကူးပုံဖော်လိုက်ပါ။ ဖုန်းကင်မရာကိုသာအသုံးပြုထားတာကြောင့် သင့်ရဲ့ Professional Studio လေးကို အိတ်ထဲထည့်သယ်သွားရသလို ဖြစ်နေစေမှာပါ။

48 MP
Main Camera
f/1.8

8 MP
Ultra Wide Angle Lens
f/2.4

2 MP
Bokeh Lens
f/2.4

2 MP
Macro Lens
f/2.4

48 MP
Main Camera
f/1.8

2 MP
Bokeh Lens
f/2.4

8 MP
Ultra Wide Angle Lens
f/2.4

2 MP
Macro Lens
f/2.4

HUAWEI nova 7i quad camera
HUAWEI nova 7i quad camera
HUAWEI nova 7i main camera with 48MP

အသေးစိတ်တိကျတဲ့
အလှတရား

အကောင်းဆုံးသောပုံရိပ်တွေကို ရိုက်ကူးဖို့အတွက် အခွင့်အရေးဆိုတာ နှစ်ခါမရရှိနိုင်ပါဘူး။ ဒါပေမယ့် ဒီ 48MP ရှိတဲ့ ပင်မကင်မရာက ရရှိလာတဲ့အခွင့်အရေးတိုင်းကို ရှုထောင့်တိုင်းကနေ အံ့အားသင့်ဖွယ်ကောင်းတဲ့ အသေးစိတ်ပုံရိပ်တွေကို ဖမ်းယူပေးနိုင်ဖို့ သေချာပါတယ်။ AI Ultra Clarity Mode က frames များစွာကိုပေါင်းစပ်ပြီး အဆင့်မြင့်ပုံရိပ်တစ်ခုဖြစ်ပေါ်လာစေသောကြောင့် Zoom ဆွဲကြည့်ရင်တောင် အသေးစိတ်ကိုမြင်ရမှာဖြစ်ပါတယ်။

HUAWEI nova 7i handhold super night mode

ညဖက်ပုံရိပ်တွေနဲ့ စီးမြောလိုက်ပါ

f/1.8 ရှိ Aperture ကြီးကြီးနဲ့ ½ လက်မအထိကြီးတဲ့ Sensor က အလင်းပိုမိုရရှိစေရန် ဒီဇိုင်းဆွဲထားတာဖြစ်သောကြောင့် နေဝင်ချိန်ရောက်သွားရင်တောင် ရပ်လိုက်မရာမလိုပါဘူး။ HUAWEI ရဲ့ AI Image Stabilization နည်းပညာကြောင့် လက်နဲ့ကိုင်ရိုက်လို့ရတဲ့ Handheld Super Night Mode တွေမှာ Noise တွေကိုလျော့နည်းသွားစေပြီး ပိုမိုတိကျ ကြည်လင် ပြတ်သားသော ပုံရိပ်တို့ကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

HUAWEI nova 7i rear camera with 120°ultra wide angle lens

သင်၏မြင်နိုင်စွမ်းများကို ဖြန့်ကျက်လိုက်ပါ

အရာအားလုံးကို ဖမ်းယူလိုက်ရအောင်။ 120°3 Ultra Wide Angle ကင်မရာက သင်စိတ်အဝင်စားဆုံးအရာများကို ပိုမိုကောင်းမွန်စွာမြင်နိုင်ပြီး 17 mm Focal Length သည် 140% မြင်ကွင်း4. တွေကို ပိုမိုဖမ်းယူနိုင်ပါတယ်။ မြို့တော်ရှုခင်းပုံများ၊ Group ဓာတ်ပုံများနှင့် သဘာဝရှုခင်းများကို ပိုမိုလှပစွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

HUAWEI nova 7i rear camera with macro lens

Macro ကမ္ဘာမှာ
ရှာဖွေစူးစမ်းကြမယ်

2 MP Macro ကင်မရာက သင်အနီးကပ်ဆုံးရိုက်ဖူးသမျှ အရာဝတ္ထုပုံများထက် ပိုပြီးအနီးကပ်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ 4 cm အနီးကပ်အထိ မျက်နှာပြင်နှင့်ပုံစံကို ရိုက်ကူးနိုင်ပြီး ပန်းပွင့်ချပ်ပေါ်တွင်နှင်းကျခြင်းမှအစ လိပ်ပြာတောင်ပံပေါ်ရှိအနုစိတ်အမှတ်အသားများအထိ၊ လျှို့ဝှက်ဆန်းကြယ်သေးငယ်သော ကမ္ဘာကြီး၏အသေးစိတ်ကို Macro ကင်မရာနဲ့ ရှာဖွေလိုက်ရအောင်။

HUAWEI nova 7i bokeh camera

ပိုမိုထင်ရှားတဲ့ ဓာတ်ပုံတွေကို
Bokeh
ကင်မရာနဲ့ ရိုက်ကူးလိုက်ရအောင်

သီးသန့်တပ်ဆင်ပေးထားတဲ့ Bokeh ကင်မရာက AI ရဲ့ အတိမ်အနက်တွက်ချက်မှု စွမ်းရည်နဲ့အတူ ဓာတ်ပုံရိုက်ကူးတဲ့အခါ နောက်ခံ Background တွေကို သဘာဝကျကျဝါးသွားစေပါတယ်။ Bokeh နဲ့ဆို ပိုပြီး ထင်ပေါ်လာပြီပေါ့။

အားသွင်းမြန်ပြီး
အကြာကြီးခံမယ့် ဘက်ထရီ

4200 mAh ရှိတဲ့ ကြီးမားသောဘက်ထရီက တစ်ခါအားသွင်းထားရုံနဲ့ တစ်နေ့တာလုံးအသုံးခံနိုင်မှာဖြစ်ပါတယ်။5 တကယ်လို့ ညကဖုန်းအားသွင်းဖို့ မေ့သွားခဲ့ရတောင် စိတ်ပူစရာမလိုဘဲ မနက် Coffee သောက်တဲ့အချိန်အတွင်း အားသွင်းရုံဖြင့် Ready ဖြစ်သွားစေမှာပါ။ TÜV Rheinland အသိအမှတ်ပြုထားတဲ့ 40 W HUAWEI SuperCharge ကျေးဇူးကြောင့် ဒီလိုမြန်မြန်ဆန်ဆန် မိနစ် ၃၀ အားသွင်းရုံနဲ့ ၇၀% အားပြည့်စေတာ ဖြစ်ပါတယ်။5

HUAWEI nova 7i HUAWEI super charge

အပိုအလိုမရှိသောဒီဇိုင်းပုံစံအသစ်

HUAWEI nova 7i ဒီဇိုင်းကို မလိုလားအပ်တဲ့အရာများကိုဖယ်ရှားထားခြင်းဖြင့် အရေးပါသောနေရာများကိုအသားပေးပြီးဖော်ပြထားပါတယ်။ ကိုယ်ထည်ကိုလေးဘက်စလုံးကို ကွေးနေသောဒီဇိုင်းဖြင့် ပုံဖော်ထားပြီး ကိုင်တွယ်ရတာလွယ်ကူစေပါတယ်။ အရှေ့မျက်နှာပြင်တွင် ကင်မရာပါရှိပြီး 6.4" HUAWEI Punch FullView Display က ပိုနေသောနေရာမရှိဘဲ လှပသောမျက်နှာပြင်ကိုသာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ဘေးဖက်ခြမ်းတွင် fingerprint ပါရှိသောဒီဇိုင်းကြောင့် တစ်ချက်နှိပ်ရုံနဲ့ သော့ဖွင့်နိုင်မှာဖြစ်ပါတယ်။

HUAWEI P40 lite Skyline Gray
HUAWEI P40 lite Midnight Black
HUAWEI P40 lite Crush Green
HUAWEI P40 lite Sakura Pink
HUAWEI nova 7i front camera for super night selfie

သင့်ပင်ကိုယ်အလှတရားကိုတောက်ပစေမှု

HUAWEI nova 7i မှာပါဝင်သည့် Super Night Selfie 2.0 က အလင်းရောင်နည်းပါးသောနေရာတွေမှာ Selfie ရိုက်တဲ့အခါ သင့်မျက်နှာကိုတောက်ပစေရန် အလိုအလျောက် အလင်းအမှောင်ချိန်ညှိပေးပြီး ရိုက်ချက်များစွာပေါင်းစပ်ပေးသော Multi-Frame Fusion နည်းပညာကြောင့် အလှပဆုံး Selfie တွေကို ရိုက်ကူးရရှိနိုင်မှာဖြစ်ပါတယ်။

HUAWEI nova 7i front camera for super night selfie

သင့်ပင်ကိုယ်အလှတရားကိုတောက်ပစေမှု

HUAWEI nova 7i မှာပါဝင်သည့် Super Night Selfie 2.0 က အလင်းရောင်နည်းပါးသောနေရာတွေမှာ Selfie ရိုက်တဲ့အခါ သင့်မျက်နှာကိုတောက်ပစေရန် အလိုအလျောက် အလင်းအမှောင်ချိန်ညှိပေးပြီး ရိုက်ချက်များစွာပေါင်းစပ်ပေးသော Multi-Frame Fusion နည်းပညာကြောင့် အလှပဆုံး Selfie တွေကို ရိုက်ကူးရရှိနိုင်မှာဖြစ်ပါတယ်။

HUAWEI nova 7i front camera for AI beauty selfie

သင့်ကိုအလှဆုံးဖြစ်နေစေမဲ့
Selfies

Selfie ထက်ပိုကောင်းတဲ့အရာရှိမယ်ဆိုရင်တော့ AI selfie ပဲဖြစ်ပါတယ်။ အရှေ့ကင်မရာက သင့်ပတ်ဝန်းကျင်တွင်ရှိသော အလင်းအမှောင်တို့ကို မှတ်သားထားပြီး သင့်အတွက်သီးသန့်ဖြစ်သော၊ သင်ဖြစ်စေချင်သော အလှဆုံးသော Professional ဆန်ဆန် Portraits တွေကို ရယူနိုင်မှာဖြစ်ပါတယ်။

HUAWEI nova 7i Kirin 810

ထူးချွန်ပြောင်မြောက်သော
စွမ်းဆောင်ရည်

HUAWEI nova 7i မှာ Kirin 810 Chip တပ်ဆင်ထားသလို NPU ကို Da Vinci ဗိသုကာနည်းပညာဖြင့် အခြေခံထားပြီး ပါဝါစားသက်သာမှုနဲ့ ပိုမိုလျင်မြန်ထိရောက်တဲ့ AI ရဲ့လုပ်ဆောင်ချက်တွေကို ခံစားရစေမှာပါ။ Noise တွေလျော့ချပြီး အဖြူကာလာချိန်ညှိမှုတွေကို တိုးတက်လာစေတဲ့ ISP+IVP ပုံရိပ်ဖန်တီးထုတ်လုပ်မှုနဲ့အတူ ချောမွေ့တဲ့စွမ်းဆောင်ရည်တွေကြောင့် ဘယ်နေရာပဲရောက်ရောက် စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမှာပါ။

ဘယ်သွားသွား
ဂိမ်းလည်းအတူတူပါမယ်

HUAWEI nova 7i က အကြမ်းဆုံးဂိမ်းတွေကို ဆော့နိုင်ဖို့အတွက် စွမ်းအင်အပြည့်၊ အင်အားအပြည့်ရှိပါတယ်။ Generation အသစ်ဖြစ်တဲ့ GPU Turbo က HD graphics နှင့် အမြင့်မားဆုံး Frame Rates ကို lag ခြင်းမရှိဘဲနဲ့ အချောမွေ့ဆုံးသော အတွေ့အကြုံကိုပေးဆောင်နိုင်မှာဖြစ်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် စွမ်းအင်နည်းနည်းပဲသုံးပြီး ဂိမ်းအကြာကြီးဆော့နိုင်မှာဖြစ်ပါတယ်။

HUAWEI nova 7i GPU turbo
HUAWEI nova 7i large memory

အမှတ်တရတိုင်းအတွက်
လုံလောက်သော Memory

ကင်မရာကောင်းတာနှင့်အညီ ဓာတ်ပုံတွေကို သိမ်းထားဖို့အတွက် လုံလောက်တဲ့ Memory လိုအပ်ပါတယ်။ HUAWEI nova 7i မှာ 8 GB RAM နဲ့ 128 GB ROM ပါဝင်တာကြောင့် ဘယ်လိုမျိုးဓာတ်ပုံဝါသနာအိုးဖြစ်ဖြစ် သင့်ရဲ့လျက်တစ်ပျက်ပုံရိပ်တွေ အကုန်လုံးကိုသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒီအမိုက်စား Memory က Running speed ကိုသက်ရောက်မှုမရှိဘဲ နှစ်သက်ရာ Apps တွေကိုလည်း တစ်ချိန်တည်းမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ရိုးရှင်းလွယ်ကူသောအသွင်အပြင်

HUAWEI nova 7i တွင် အကောင်းဆုံးဖြစ်သည့် EMUI10 ကိုအသုံးပြုထားပြီး ပိုမိုရှင်းလင်းသပ်ရပ်သော Layout နှင့် လှပသောအရောင်တို့ဖြင့် ပြန်လည်ပြုပြင်မွမ်းမံထားပါတယ်။ အရာအားလုံးရှိသင့်ရှိထိုက်သောနေရာတွင် ရှိနေပြီး menu တစ်ခုနှင့်တစ်ခုကိုလည်း အလွယ်တကူချက်ခြင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

HUAWEI nova 7i EMUI10
HUAWEI nova 7i EMUI10
HUAWEI nova 7i EMUI10
huawei y7p-apps
HUAWEI AppGallery

နောက်ဆုံးပေါ် Apps
တို့စုဝေးရာ Store

HUAWEI AppGallery သည် မိုဘိုင်းအက်ပလီကေးရှင်းများအားရှာဖွေ၊ ဒေါင်းလုပ်ပြုလုပ်ရန်အတွက် Huawei ၏ တရားဝင်ကိုယ်ပိုင်အက်ပလီကေးရှင်းဖြန့်ဖြူးရေးပလက်ဖောင်းဖြစ်သည်။ လုံခြုံပြီး ရွေးချယ်မှုစရာများပြားသည့် အတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက်ကမ္ဘာလုံးဆိုင်ရာအက်ပလီကေးရှင်းဂေဟစနစ်ကို ဆက်လက်တိုးတက်အောင်ပြုလုပ်နေသည်။ သင်တစ်ဦးတည်းအတွက် သီးသန့်ရရှိနိုင်သော အထူးကမ်းလှမ်းချက်များ၊ အစီအစဉ်များနှင့် အက်လုပ်ဆောင်မှုများကို ခံစားလိုက်ပါ။

HUAWEI nova 7i
  1. အနောက်ကင်မရာတွင် 48 MP Main Camera + 8 MP Ultra Wide Angle Lens + 2 MP Macro Lens + 2 MP Bokeh Lens တို့ပါဝင်ပါသည်။
  2. HUAWEI nova 7i သည် 40 W HUAWEI SuperCharge နည်းပညာကို ထောက်ပံ့ပါသည်။
  3. Wide angle ကင်မရာသည် 120° ဖြင့်သတ်မှတ်သည်။ မျက်နှာပြင်ထောင့်စွန်းအနေအထားကြောင့် ပုံမှန် angle သည် 120° ထက်ပို၍ သေးနိုင်သည်။
  4. ထိုအချိုးအစားသည် ပင်မကင်မရာ၏ FOV ဖြင့်နှိုင်းယှဉ်သည်။
  5. အချက်အလက်များကို Huawei ၏ဓာတ်ခွဲခန်းမှ ရရှိခြင်းဖြစ်သည်။ ပုံမှန်လုပ်ဆောင်ချက်များသည် အသုံးပြုသူ၏ အနေအထိုင်နှင့် အခြေအနေအရ အပြောင်းအလဲရှိနိုင်သည်။
  6. *အထက်ပါစာမျက်နှာများရှိ ထုတ်ကုန်၏ပုံများနှင့် ပြသထားသည့်အကြောင်းအရာများ (ပုံသဏ္ဍာန်၊ အရောင်၊ အသွင်အပြင်နှင့် လုပ်ဆောင်ချက်) တို့သည် ကိုးကားရန်အတွက်သာဖြစ်ပါသည်။ တကယ့်ထုတ်ကုန်တွင် ကွဲလွဲမှုရှိနိုင်သည်။
  7. *ဤထုတ်ကုန်သည် Google Play အစား HUAWEI App Gallery ကို ကြိုတင်ထည့်သွင်းထားပြီး ဖြစ်သည်။