HUAWEI nova 9 SE

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
HUAWEI nova 9 SE
HUAWEI nova 9 SE

Be inspired, Be nova

108 MP High-Res Photography1 | Creative Vlog Experience | 66 W HUAWEI SuperCharge2

Six Things to Love

108 MP High-Res
Photography1

Stunning Design

1.05 mm
Ultra-Narrow Bezel3

HUAWEI nova 9 SE Key Features

Creative Vlog
Experience

HUAWEI nova 9 SE Key Features

EMUI 12
Smart Connection,

HUAWEI nova 9 SE Key Features
66 W

HUAWEI SuperCharge2

Love It at
First Glance
HUAWEI nova 9 SE Color
HUAWEI nova 9 SE Color
HUAWEI nova 9 SE Color

3D Glassback ပေါ်တွင် ကြယ်ပတ်လမ်းကြောင်းများ၏လင်းလက်မှုကို ခံစားပုံဖော်ပြီး dual-film dual-plating nano-texture4 နည်းပညာဖြင့်ပြုလုပ်ထားတဲ့ အဆုံးသတ်အနားသားတွေက ကိုင်တွယ်တိုင်းမှာ ထိထိမိမိနဲ့ ကိုင်တွယ်ရလွယ်ကူစေမှာပါ။

HUAWEI nova 9 SE Display

သေးသွယ်ပါးလျှတဲ့ ကိုယ်ထည်ပေါ်မှာ 6.78 လက်မအကျယ်ရှိတဲ့ Huawei Fullview Display5 ကို 1.05 mm သာရှိသော အလွန်သေးသွယ်သည့် ဘေးဘောင်များ3 ကွပ်ထားတဲ့အတွက် အလွန်ပေါ့ပါးပြီး လေပေါ်မှာ မျောနေသလားတောင်ထင်ရပါတယ်။6

108 MP High-Res
Camera System1
HUAWEI nova 9 SE Cameras
HUAWEI nova 9 SE Cameras
108 MP High-
Res
Camera1
f/1.9 aperture
1/1.52-inch sensor
2.1 μm 9-in-1 fusion
pixels
Depth
2 MP
f/2.4 aperture
Wide
8 MP
f/2.2 aperture
112° super wide angle7
Macro
4 cm short
shooting distance
2 MP
f/2.4 aperture
16 MP Front
Camera
1.0 μm single pixel area
f/2.2 aperture
90° wide angle selfies8
108 MP High-Res Camera1

Captures Memories Down
to the Last Detail

Main ကင်မရာ ကို pixel size 2.1 µm အထိ ပိုမိုမြင့်တင်နိုင်ရန် Pixel 9-in-1 နည်းပညာကိုအသုံးပြုထားပါတယ်။ 1/1.52 လက်မရှိသော Sensor မှ အလင်းပိုမို စုပ်ယူနိုင်စေပြီး ပိုမိုကောင်းမွန်တဲ့ အလင်းအမှောင် ကာလာအချိုးကိုရရှိစေနိုင်မှာဖြစ်သလို noise ကိုလည်းလျော့ချစေနိုင်မှာ ဖြစ်ပါတယ်။ Multi-frame fusion algorithm ကြောင့် နေ့ဘက်ရိုက်ရိုက် ညဘက်ရိုက်ရိုက် အနောက်ဘက် ကင်မရာ လေးလုံးက တောက်ပလှပတဲ့အရောင်တွေနဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။

High-Res
Photography

ပန်းချီကားတစ်ချပ်အလား လှပတဲ့ ပုံရိပ်တွေကို ဖန်တီးလိုက်ပါ။ (ဒါမှမဟုတ်)
ဓါတ်ပုံတွေကတစ်ဆင့် တက်ကြွတောက်ပပြီး စုံလင်တဲ့ မိမိရဲ့ပုံစံမျိုးစုံကို ထုတ်ဖော်ပြသလိုက်ပါ။

Super Night
Shot

ရင်သပ်ရှုမောဖွယ် ညအ‌မှောင် ရှုခင်းတွေနဲ့ အမိုက်စား
Portrait ပုံတွေကို ညအမှောင်ကြီးစိုးလာတဲ့အချိန်မှာ ဖမ်းယူရိုက်ကူးလိုက်ပါ။

AI Snapshot

လှုပ်ရှားနေတဲ့ အချိန်မှာတောင်မှ ကြည်လင်ပြတ်သား
ပြီးအသက်ဝင်နေတဲ့ ပုံရိပ်တွေကို အမိအရ ဖမ်းယူလိုက်ပါ။

Every Story
Gets Refreshed

HUAWEI nova 9 SE ဖြင့် အလှပုံ၊ ပုံအကြီး၊ အသေး၊ မည်သည့်ပုံကိုမဆိုရိုက်နိုင်ရန် 112° ultra-wide-angle နှင့် 4 cm macro ကင်မရာကို တပ်ဆင်ပေးထားပါတယ်။ Bokeh portrait mode နှင့် f/2.4 aperture ကလည်း လျှပ်တပြတ် ရိုက်ရင်‌တောင်မှ ကြည်လင်ပြတ်သားပြီး ကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာပဲဖြစ်ပါတယ်။
Huawei nova 9 SE Other Shots
Macro Shot
Huawei nova 9 SE Other Shots
Ultra Wide Angle Shot
Huawei nova 9 SE Other Shots
Bokeh Portrait
Huawei nova 9 SE Other Shots
Low Light Shot

More Possibilities
for Vlogging

Continuous Front /
Rear Recording

အဆက်မပြတ် ရိုက်ကူးနေစဉ်အတွင်းမှာ အရှေ့ကင်မရာနဲ့ အနောက်ကင်မရာကို လွယ်လင့်တကူ ရွေ့ပြောင်းနိုင်ပြီး အကောင်းဆုံးပုံရိပ်တွေကို တစ်ချိန်တည်းရိုက်ကူးလိုက်ပါ။

Rear / Rear Dual-View
Video9

HUAWEI nova 9 SE ရဲ့ Main ကင်မရာနဲ့ wide angle ကင်မရာတို့ ပေါင်းစပ်ပြီး မြင်ကွင်းတစ်ခုလုံးခြုံကာ ကိုယ်ရိုက်ချင်တဲ့နေရာကို ချက်ချင်း Focus ထားနိုင်ပါတယ်။

Front / Rear Dual-View
Video

အရှေ့ကင်မရာနဲ့ အနောက်ဘက်ကင်မရာတို့ကို အသုံးပြုပြီး မြင်ကွင်းအပေါ်ကိုယ့်ရဲ့ အမှတ်တရ ခံစားချက်ပုံဖော်မှုတွေကို တစ်ပြိုင်နက် မှတ်တမ်းတင်လိုက်ပါ။

Tap to Snap

smart watch10ကနေတစ်ဆင့် ခန္ဓာကိုယ်အပြည့် Portrait (ဒါမှမဟုတ်) မြင်ကွင်းကျယ်ရှုခင်းတွေကို အမိအရ ဖမ်းယူရိုက်ကူးလိုက်ပါ။
HUAWEI nova 9 SE Video Search
HUAWEI nova 9 SE Video Search
HUAWEI nova 9 SE Video Search
 

Type It, Get It

ဗီဒီယိုတွေ edit လုပ်တဲ့အခါမှာ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို Gallery ထဲမှာ Keywords တွေအသုံးပြုပြီး လျင်လျင်မြန်မြန် ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။ 11
HUAWEI nova 9 SE Petal Clip
HUAWEI nova 9 SE Petal Clip
HUAWEI nova 9 SE Petal Clip
 

Easy to Be an Editing Master

Petal Clip မှာ အလိုအလျောက် ခေါင်းစဉ်တပ်ခြင်း၊ အမှတ်အသားပြုလုပ်ခြင်း၊ ဓါတ်ပုံနေရာရွေ့ခြင်း စတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။ ထို့အပြင် One-Click Video Creation၊ ဓါတ်ပုံနှင့် ဗီဒီယို ပေါင်းစပ်ခြင်းနှင့် အခြား လက်တွေ့လုပ်ဆောင်ချက်တွေကို အထောက်အပံ့‌ပေးပါတယ်။12 Petal Clip ကို အသုံးပြုပြီး Vlog တွေကို လွယ်လွယ်ကူကူဖန်တီးလိုက်ပါ။

Shows You at
Your Best

Huawei nova 9 SE Front Camera
HD Selfie
Huawei nova 9 SE Front Camera
AI Beauty
Huawei nova 9 SE Front Camera
Super Night Selfie

Show Your Radiance,
Day or Night

4-in-1 pixel နည်းပညာနှင့် AI beauty Setting တို့ကြောင့် မျက်နှာအသေးစိတ်လေးတွေကအစပေါ်လွင်ပြီး ကြည်လင် ကောင်းမွန်တဲ့ အသားအရည်ကိုမှတ်တမ်းတင်နိုင်မှာဖြစ်ပါတယ်။ အရှေ့ကင်မရာမှ ညဘက်ဆယ်ဖီရိုက်ချက်များအတွက် အလင်း‌ရောင်ကို ထိန်းညှိပေးပြီး noise တွေကိုလျော့ချပေးနိုင်တာကြောင့် ညအမှောင်ထဲမှာတောင် အရည်အသွေးကောင်းတဲ့ ဆယ်ဖီပုံတွေရရှိစေမှာ ဖြစ်ပါတယ်။
Huawei nova 9 SE Auto Wide-Angle

Captures the Whole Scene

ဖုန်းကိုဒေါင်လိုက်ကနေ ကန့်လန့်အနေထားကို ပြောင်းလိုက်တဲ့အခါ အရှေ့ကင်မရာက Ultra-wide-angle mode ကို အလိုအလျောက် ပြောင်းလဲပေးပြီး လူနှင့်အရာဝတ္ထုမှန်သမျှကို ဖရိန်ထဲမှာ အံဝင်ခွင်ကျ ဖြစ်စေပြီး တွန့်ခေါက်မှုကင်းစေပါတယ်။
Has Your Back
with Tech
66 W HUAWEI SuperCharge2

Power up Your Passion

66 W HUAWEI SuperCharge နည်းပညာကြောင့် ဖုန်းကို အချိန်တိုအတွင်း အားအပြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ စိတ်၊ ခန္ဓာနဲ့ ဖုန်းအားပြည့်ဖို့အတွက် လိုအပ်တာက Coffee Break လောက်အချိန်လေးပါပဲ။

Plays It Cool

HUAWEI nova 9 SE မှာ graphene heat dissipation စနစ်ပါဝင်သည့်အတွက် ဆန်းဒဝစ်ကဲ့သို့ ဖွဲ့စည်းတည်ဆောက်မှုပုံစံရှိသည့် Matebook ထဲတွင် အပူချိန်လွန်ကဲသည့် အခါမျိုး၌လည်း လျင်လျင်မြန်မြန် သိရှိပြီး ထိန်းချုပ်နိုင်တဲ့အတွက် ဂိမ်းနှင့် ရုပ်ရှင်ကြည့်သည့်အခါမျိုးတွင် Matebook ပူလာမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။
EMUI 12
Smart Connection,
Boundless Convenience

Take Easy Control

Display၊ Wi-Fi၊ Bluetooth၊ Volume setting တို့အား Control Panel မှတစ်ဆင့် တိုက်ရိုက်ချိတ်ဆက်နိုင်သည့်အပြင် Device + မှတစ်ဆင့် Smart Collaboration ပြုလုပ်၍ ရုပ်ရှင်တွေကို မျက်နှာပြင်ကြီးကြီးဖြင့်ကြည့်ရှုနိုင်ကာ Freebuds နားကြပ်ဖြင့်လည်း အေးအေးဆေးဆေးနားဆင်နိုင်မှာ ဖြစ်ပါတယ်။ 13
Huawei nova 9 SE Control Panel

Get the Files You Want Faster

Distributed File စနစ်အသစ်ဖြင့် ဖုန်းမှာရှိသော စာရွက်စာတမ်းများနှင့် ဓါတ်ပုံများအား လက်ပ်တော့မှနေ၍ လွယ်လင့်တကူ ဝင်ရောက်ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။ 14 ကြိုးမလိုပဲ ဖိုင်များကိုဖွင့်ပြီး လွယ်လွယ်ကူကူကြည့်ရှုလိုက်ပါ။
Huawei nova 9 SE Distributed File System
  1. အနောက်ဘက် Main ကင်မရာသည် 108 MP ကင်မရာဖြစ်သည့်အတွက် "HIGH-RES" mode ကိုအသုံးပြုပြီး resolution မြင့်သည့် ပုံများအား ရိုက်ကူးနိုင်ပါသည်။ တကယ့်ထုတ်ကုန်တွင် ကြည့်ရှုနိုင်ပါသည်။
  2. အမြင့်ဆုံး Charging ပါဝါမှာ 66 W ဖြစ်ပြီး သတ်မှတ်ထားသော 66 W HUAWEI SuperCharge charger နှင့် Cable ကိုအသုံးပြုမှ ရရှိနိုင်မည်။
  3. 1.05 mm ရှိသော အလွန်သေးသွယ်သည့် ဘေးဘောင်များဆိုသည်မှာ ဘယ်ဘက်နှင့် ညာဘက်ရှိ အနက်ရောင်အနားသတ်များ၏ အကျယ်ကို ဆိုလိုခြင်းဖြစ်သည်။ Huawei ဓါတ်ခွဲခန်းမှ စမ်းသပ်မှုများအရ ရရှိသော ရလဒ်များဖြစ်သည်။
  4. Crystal Blue မော်ဒယ်လ် တစ်ခုတည်းသာ Dual-film dual-plating nano-texture နည်းပညာဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သည်။
  5. ထောင့်စွန်းကွေး ဒီဇိုင်းရှိသော Display၏ ပြင်ပမျက်နှာပြင် ကန့်လန့်ဖြတ်အတိုင်းအတာသည် ထောင့်မှန်စတုဂံဆိုဒ် စံသတ်မှတ်ချက်များအရ တိုင်းတာသောအခါ 6.78 လက်မရှိပါသည်။ (အမှန်တကယ်မြင်ရသည့် ဧရိယာမှာ အနည်းငယ်ပိုသေးပါသည်။) ဖုန်းစကရင်များကို ‌ရောင်းချသူများထံမှ တူညီသော အတိုင်းအတာများဖြင့်မှာယူထားသော်လည်း ၎င်းတို့အသုံးပြုသောနည်းပညာများပေါ်မူတည်၍ မျက်နှာပြင်ရှိ Display Effect များအနည်းငယ်ကွဲပြားမှုရှိနိုင်ပါသည်။
  6. ထုတ်ကုန်တစ်ခုချင်းစီကို တိုင်းတာသည့် နည်းလမ်း၊ အနေအထား၊ ထုတ်လုပ်မှု လုပ်ငန်းစဥ်များပေါ်တွင် မူတည်၍ တကယ့် အလေးချိန်နှင့် အထူအပါးတို့မှာ ကွဲပြားမှုရှိနိုင်ပါသည်။
  7. 112° သည် ကင်မရာ မှန်ဘီလူး၏ Specification ဖြစ်သည်။ တကယ်အသုံးပြုသည့်အခါတွင် View Range Field သည် အနည်းငယ် နည်းနေတတ်ပါသည်။
  8. 90° သည် ကင်မရာ မှန်ဘီလူး၏ Specification ဖြစ်သည်။ တကယ်အသုံးပြုသည့်အခါတွင် View Range Field သည် အနည်းငယ် နည်းနေတတ်ပါသည်။
  9. Rear / Rear Dual-View Video ဆိုသည်မှာ အနောက်ဘက်ရှိ Main ကင်မရာနှင့် အနောက်ဘက်ရှိ Wide-angle camera တို့ကိုအသုံးပြု၍ ဗီဒီယိုရိုက်ကူးသော dual-view recording feature ဖြစ်ပါသည်။
  10. ဤလုပ်ဆောင်ချက်သည် အချို့သော Huawei နာရီ မော်ဒယ်လ် အချို့ကိုသာ အထောက်အပံ့ပေးပါသည်။ Device Model နှင့် Software Version များတွဲဖက်လုပ်ဆောင်ရန် ကိုက်ညီမှုရှိမရှိကို သိရှိနိုင်ရန် Huawei Customer Service ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
  11. Video Search ပြုလုပ်နိုင်ရန် HOTA upgrade လုပ်ရန် လိုအပ်ပါသည်။
  12. Auto-caption, auto-mark, moving picture စသည်တို့ကို Petal Clip app ၏ update ပြုလုပ်ထားသည့် Version တွင်သာ အထောက်အပံ့ပေးပါသည်။
  13. ဤလုပ်ဆောင်ချက်ကို အချို့သော Huawei Device များတွင်သာ အသုံးပြုနိုင်ပါသည်။ Device များသည် Wifi နှင့် Bluetooth ဖွင့်ထားရန် လိုအပ်ပြီး Huawei Account တစ်ခုတည်းကို ဖွင့်ထားရန် လိုအပ်ပါသည်။ ယခင်ချိတ်ဆက်ပြီးသား device အား Trusted device အနေဖြင့် Device+ အောက်တွင်မှတ်သားထားမည်ဖြစ်သည်။ Device Model နှင့် Software Version များတွဲဖက်လုပ်ဆောင်ရန် ကိုက်ညီမှုရှိမရှိကို သိရှိနိုင်ရန် Huawei Customer Service ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
  14. ဤလုပ်ဆောင်ချက်သည် HOTA upgrade ပြုလုပ်ရန်လိုအပ်ပြီး Huawei မိုဘိုင်းဖုန်းအချို့နှင့် PC Manager 11.1 (သို့မဟုတ်) 11.1 နှင့်အထက် တင်ထားသော HUAWEI Matebook notebooks အချို့တွင်သာ အသုံးပြု၍ ရနိုင်ပါသည်။ Device သည် Huawei Account တစ်ခုတည်းကိုဖွင့်ထားရန်လိုအပ်ပြီး Wi-fi network တစ်ခုတည်း ချိတ်ထားရန် လိုအပ်ပါသည်။ ထို့ပြင် Multi-device file browsing ကိုလည်း ဖွင့်ထားရန် လိုအပ်ပါသည်။ Device Model နှင့် Software Version များတွဲဖက်လုပ်ဆောင်ရန် ကိုက်ညီမှုရှိမရှိကို သိရှိနိုင်ရန် Huawei Customer Service ကို ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
consumer.huawei.com မှ ထွက်ခွာမည်
ယခု Link ကိုနှိပ်ပါက သင့်အနေနဲ့ Third-Party website တစ်ခုသို့ရောက်ရှိသွားမည်ဖြစ်သည်။ ဤ Third Party website သည် Huawei ၏ထိန်းချုပ်မှုအောက်တွင်မရှိသလို သက်ဆိုင်ခြင်းလည်းမရှိပါ။
ထွက်မည် ဆက်ရန်