HUAWEI P30 Pro

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။
Rewrite The Rules of Photography
Rewrite The Rules of Photography

သစ်ပင်တွေအပေါ်မှာ ဝဲပျံနေတဲ့ သိန်းငှက် ဒါမှမဟုတ် ပုံဆောင်ခဲတစ်ခုခုကို တိတိကျကျကြည့်ချင်တာဖြစ်ဖြစ် အလှတရားတွေရဲ့ ထူးခြားမှုကိုရှာဖွေဖို့ အနီးကပ်ဆွဲယူကြည့်ရှုလိုက်ပါ။ အခိုက်အတန့်တိုင်းရဲ့ အလှဆုံးပုံရိပ်တွေကို ဖမ်းယူကြည့်ရှုပြီး အနာဂတ်အမြင်ကို ဖော်ဆောင်လိုက်ကြရအောင်။ HUAWEI P30 Pro က စမတ်ဖုန်းဓာတ်ပုံရိုက်ကူးခြင်းကို တစ်ခေတ်ဆန်းသစ်စေဖို့ ရောက်ရှိလာခဲ့ပါပြီ။

ပိုပြီ
လေ့လာကြည့်လိုက်ရအောင်
ဗီဒီယိုကြည့်ရန်

အရောင်တွေရဲ့
အခြေခံသဘောတရား

ကောင်းကင်ယံရဲ့ သဘောတရားကို အခြေခံထားတာကြောင့် HUAWEI P30 Pro ရဲ့ အရောင်တွေက အလင်းရောင်နဲ့ စကြာဝဠာတို့ရဲ့ ပုံရိပ်ထင်ဟပ်စေပါတယ်။ နေ့လည်ခင်းကောင်းကင်ပြာရောင်ပုံစံမျိုးနဲ့ အာရုဏ်ဦးအရောင်ပုံစံမျိုး ဖန်တီးထားပါတယ်။

0
1
2
3
Breathing Crystal
Aurora
Amber Sunrise
Super Camera စနစ်

ဓာတ်ပုံရိုက်ကူးမှုမှာ
ဦးဆောင်ထားနိုင်ခြင်း

အားလုံးအထင်ကြီးသွားပါလိမ့်မယ်။ Leica Camera လေးခုက သင့်ရဲ့ ဓာတ်ပုံတွေကို ကမ္ဘာကြီးတစ်ခုလုံးမြင်နေရသကဲ့သို့ ကူညီဖန်တီးပေးမှာပါ။ ဒီ Super Camera စနစ်မှာ အကောင်းဆုံးပုံရိပ်တွေ ရရှိစေဖို့ SuperZoom Lens ရယ်၊ 40MP ရှိတဲ့ Super Sensing Camera ရယ်၊ 20MP ရှိတဲ့ Ultra Wide Angle Lens ရယ်နဲ့ HUAWEI TOF Camera ရယ်ပါဝင်ပါတယ်။

p30 pro leica quad camera

အချစ်ဆုံးအရာတွေကို
အနီးဆုံးဆွဲယူလိုက်ရအောင်

Periscope Telephoto Lens က ဖုန်းထဲမှာတင် ဓာတ်ပုံအရည်အသွေးမကျစေပဲ ပိုပြီးနီးနီးကပ်ကပ်ဆွဲယူကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးမှာပါ။ 40MP Main Camera ရဲ့ အရောင်ချိန်ညှိမှုနဲ့ OIS ရဲ့ Stability, SuperZoom Lens ရဲ့ 10x Hybrid Zoom1 တို့ကြောင့် တစ်ခါမှမမြင်ဖူးတဲ့ ဓာတ်ပုံအရည်အသွေးနဲ့ တိကျသေသပ်တဲ့ဓာတ်ပုံတွေကို ရရှိစေမှာပါ။ ဒါ့အပြင် 50x Zoom နဲ့ ဆွဲယူကြည့်ရှုလိုက်မယ်ဆိုရင် လမင်းကြီးက သင့်အရှေ့ရောက်နေသလိုပါပဲ။

အချစ်ဆုံးအရာတွေကို
အနီးဆုံးဆွဲယူလိုက်ရအောင်

Periscope Telephoto Lens က ဖုန်းထဲမှာတင် ဓာတ်ပုံအရည်အသွေးမကျစေပဲ ပိုပြီးနီးနီးကပ်ကပ်ဆွဲယူကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးမှာပါ။ 40MP Main Camera ရဲ့ အရောင်ချိန်ညှိမှုနဲ့ OIS ရဲ့ Stability, SuperZoom Lens ရဲ့ 10x Hybrid Zoom1 တို့ကြောင့် တစ်ခါမှမမြင်ဖူးတဲ့ ဓာတ်ပုံအရည်အသွေးနဲ့ တိကျသေသပ်တဲ့ဓာတ်ပုံတွေကို ရရှိစေမှာပါ။ ဒါ့အပြင် 50x Zoom နဲ့ ဆွဲယူကြည့်ရှုလိုက်မယ်ဆိုရင် လမင်းကြီးက သင့်အရှေ့ရောက်နေသလိုပါပဲ။

huawei p30 pro 50X digital zoom
1x
SUPERZOOM

အနုပညာမြောက်
လက်ရာ

HUAWEI AIS Long Exposure Shot က ခရီးတစ်ခုခုသွားနေချိန် သဘာဝတရားကြီးကို ဖမ်းယူနိုင်ဖို့ အကောင်းဆုံးလက်တွဲဖော်ပါပဲ။ ရေစီးသန်တဲ့မြစ်တွေ၊ ပင်လယ်သမုဒ္ဒရာကလှိုင်းကြမ်းတွေကို အသေသ့ပ်ဆုံးနဲ့ အကောင်းဆုံး အနုပညာတစ်ခုဖြစ်အောင် ဖန်တီးလိုက်ပါ။4

ပြောင်းလဲဆန်းသစ်လာတဲ့
ရှုထောင့်အသစ်

Ultra Wide Angle Lens နဲ့ ကျယ်ပြန့်တဲ့တောင်တန်းတွေ၊ လှပသေသပ်တဲ့ကောင်းကင်ယံတို့ကို အလှဆုံးဖြစ်အောင် ဖန်တီးနိုင်မှာပါ။ ပိုပြီးကျယ်တဲ့ရှုထောင့်အသစ်ကနေ သဘာဝကျပြီး မျက်လှည့်ဆန်တဲ့မြင်ကွင်းတွေကို ရှာဖွေလိုက်ကြရအောင်။

ပြောင်းလဲဆန်းသစ်လာတဲ့
ရှုထောင့်အသစ်

Ultra Wide Angle Lens နဲ့ ကျယ်ပြန့်တဲ့တောင်တန်းတွေ၊ လှပသေသပ်တဲ့ကောင်းကင်ယံတို့ကို အလှဆုံးဖြစ်အောင် ဖန်တီးနိုင်မှာပါ။ ပိုပြီးကျယ်တဲ့ရှုထောင့်အသစ်ကနေ သဘာဝကျပြီး မျက်လှည့်ဆန်တဲ့မြင်ကွင်းတွေကို ရှာဖွေလိုက်ကြရအောင်။

စွဲမက်စေမယ့်
Macro ကမ္ဘာ

2.5cm လောက်ပဲရှိတဲ့ကမ္ဘာကြီးကို လေ့လာကြမယ်။ Macro Lens နဲ့ တကယ့်ဘဝထဲမှာရှိတဲ့ သေးငယ်တိကျတဲ့ အကောင်းဆုံးအရာတွေကို ကြည့်ရှုလိုက်ကြရအောင်။ သဘာဝတရားကြီးရဲ့ တည်ဆောက်ထားပုံကို အနီးကပ်ကြည့်ရှုပြီး အံ့သြသွားပါလိမ့်မယ်။

ကိုယ်ပိုင်အလှတရားတွေကို
ဖော်ထုတ်လိုက်ပါ

HUAWEI P30 Pro မှာပါတဲ့ 32MP ရှိတဲ့ရှေ့ကင်မရာက သင့်ကိုမှတ်မိစေမှာဖြစ်ပြီး သင့်ရဲ့မျက်နှာကို တိကျသေသပ်တဲ့အလင်းအမှောင်တွေ၊ ပြတ်သားမှုတွေနဲ့ အကောင်းဆုံးခြယ်သပေးပြီး ညဖက်ပါတီတွေ၊ အလင်းရောင်စူးနေချိန်တွေမှာတောင် အကောင်းဆုံး Selfies တွေထုတ်လုပ်ပေးနိုင်မှာပါ။

သင်ကဒါရိုက်တာတစ်ယောက်ပါ
p30 pro low light photo sample

အခိုက်အတန့်တိုင်းမှာ သက်ဝင်စီးမြောလိုက်ပါ

HUAWEI P30 Pro က အလင်းပိုမိုစုပ်ယူနိုင်ဖို့ SuperSpectrum အာရုံခံစနစ်ပါဝင်ပါတယ်။ အဲ့တော့ လှိုင်းစီးတာတို့၊ ကမ်းခြေမှာပြေးတာတို့အတွက် အေးဆေးပဲပေါ့။ အလင်းရောင်နည်းပါးနေချိန်မှာ အကောင်းဆုံးအခိုက်အတန့်တွေကို မှတ်တမ်းတင်ထားနိုင်တာကြောင့် အမှတ်တရတိုင်းက လှပေစေပြီပေါ့။

စိတ်ကျေနပ်မှုတွေ ယူဆောင်လိုက်ပါ

စိတ်လှုပ်ရှားစရာ ပုံပြင်တွေရရှိဖို့ အနီးကပ်သွားရိုက်စရာလိုတော့ပါဘူး။ ဘယ်နေရာမှာပဲဖြစ်ဖြစ် တောင်တက်နေရင်း အခြားတစ်ဖက်က သစ်ပင်တွေပ်ါမှာ ဆော့ကစားနေတဲ့ တိရစ္ဆာန်တွေကို အနီးကပ်ဆွဲယူကြည့်ရှုနိုင်ပါပြီ။

လှုပ်ရှားမှုတွေ မှတ်တမ်းတင်မယ်

နှင်းလျောစီးနေရင်း စိတ်လှုပ်ရှားဖွယ်ဗီဒီယိုတွေကို မှတ်တမ်းတင်ထားလိုက်ပါ။ HUAWEI P30 Pro မှာပါတဲ့ AIS နဲ့ OIS ပေါင်းစပ်မှုစနစ်ကြောင့် လှုပ်ရှားနေရင်းဗီဒီယိုရိုက်ကူးတဲ့အခါ ဝါးတာတွေ၊ မငြိမ်တာတွေမရှိစေတော့ပါဘူး။

huawei p30 pro dual view video

ပုံပြင်ရဲ့နှစ်ဖက်လုံးကိုခံစားကြမယ်

See Both Sides of the Story

ကျောဖက်ကင်မရာနှစ်ခုလုံးက တစ်ချိန်တည်းမှာပဲအလုပ်လုပ်နိုင်တာကြောင့် အနီးကပ်ပုံရိပ်တွေနဲ့ ပုံမှန်ပုံရိပ်တွေကို တစ်ပြိုင်နက်ဖမ်းယူနိုင်ပါပြီ။ HUAWEI Dual-View ဗီဒီယိုတွေနဲ့ မတူညီတဲ့ရှုထောင့်အမျိုးမျိုးကနေ အခိုက်အတန့်တွေကိုဖမ်းယူလိုက်ပါ။5

One Touch
AI Video Editor

The upgraded HUAWEI Vlog’s features and effects are pre-installed in the HUAWEI P30 Pro for simple editing. A simple touch produces your own cinematic masterpiece. Highlight videos are automatically edited with dramatic filters, different speed and unique background music.6 You can also add some texts to name the unforgettable memory.

သေသပ်မှု ခေတ်မီမှုတို့နဲ့ ထူးခြားတဲ့ဒီဇိုင်း
p30 pro dewdrop display
p30 pro dewdrop display

လက်ရာမြောက်မှု၊ တည်ငြိမ်ကျော့ရှင်းမှု

3D Curved မှန်သားကိုယ်ထည်နှစ်ထပ်ရဲ့ သေသပ်လှပမှုက HUAWEI P30 Pro ကို အနုပညာလက်ရာမြောက်စေပါတယ်။ 6.47 လက်မအရွယ် OLED Dewdrop မျက်နှာပြင်6 ကနေ အရောင်စုံပြီး ထူးခြားကောင်းမွန်တဲ့ မြင်ကွင်းတွေကို ခံစားရစေမှာပါ။

huawei p30 pro huawei p30 pro huawei p30 pro

တိကျသေချာမှု
သက်သာစေမှု

HUAWEI P30 Pro ကို လက်တစ်ဖက်တည်းနဲ့ သက်သက်သာသာ ကိုင်လို့ရနိုင်သလို ပိုပြီးအဆင့်မြင့်တဲ့ in-screen လက်ဗွေစနစ်ကလည်း ပါဝင်ပါသေးတယ်။

တိကျသေချာမှု
သက်သာစေမှု

HUAWEI P30 Pro ကို လက်တစ်ဖက်တည်းနဲ့ သက်သက်သာသာ ကိုင်လို့ရနိုင်သလို ပိုပြီးအဆင့်မြင့်တဲ့ in-screen လက်ဗွေစနစ်ကလည်း ပါဝင်ပါသေးတယ်။

huawei p30 pro

အသံထွက် နည်းပညာသစ်

ပုံမှန်သမရိုးကျ top-front စပီကာအစား ပိုပြီးကျယ်ပြန့်တဲ့မျက်နှာပြင်၊ နားထောင်တဲ့ဧရိယာတို့ရရှိစေဖို့ HUAWEI P30 Pro က HUAWEI Acoustic မျက်နှာပြင်နည်းပညာကို အသုံးပြုထားပါတယ်။ ဒီ လျပ်စစ်သံလိုက်အသံစနစ်က မျက်နှာပြင်ရဲ့တုန်ခါမှုတွေနဲ့အတူ သင့်ရဲ့နားထဲမှာကြားရစေမှာပါ။

ရှာဖွေမှုမှုတွေအတွက်
အဆင်သင့်ပါပဲ

Adventure ခရီးစဉ်မျိုးတွေကြိုက်သူအတွက် HUAWEI P30 Pro က အဆင်သင့်ရှိနေပါပြီ။ သူ့ရဲ့ IP68 ဖုန်နဲ့ ရေစိုခံနိုင်မှု7 က ရေထဲပြုတ်ကျသွားတာတွေ၊ ရေစင်တာမျိုးတွေအတွက် အဆင်ပြေပြီပေါ့။

ပါဝါ လျင်မြန်မ ပေါင်းစုံမှု
huawei p30 pro chipset

အနာဂတ်ရဲ့သို့လှမ်းချီခြင်း

Kirin 980 က ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ ပါဝါစားသက်သာမှုတို့နဲ့အတူ ကမ္ဘာ့ပထမဆုံး 7nm Mobile Chipset တစ်ခုဖြစ်ပါတယ်။ ဒီ နည်းပညာမြင့် Chipset နဲ့ RAM 8GB, 256GB သိမ်းဆည်းနိုင်မှု8 ကြောင့် HUAWEI P30 Pro က စွမ်းဆောင်ရည်မြင့်မားစေပါတယ်။

7NM

Processor

256GB

သိုလှောင်မှု

8GB

RAM

ပိုပြီးကြာရှည်ခံမယ်
အတွေ့အကြုံပိုခံစားရမယ်

4200mAh ဘက်ထရီပမာဏ (ပုံသေပမာဏ)9နဲ့ အတွေ့အကြုံတွေအများကြီးကို နေ့စဉ်ခံစားလိုက်ပါ။ ဒါ့အပြင် အသိဥာဏ်ရှိ ပါဝါထိန်းသိမ်းမှုစနစ်လည်း ပါဝင်ပါသေးတယ်။

အချိန်တိုအတွင်း
ပြန်လည်အားပြည့်မယ်

ဖုန်းအားသွင်းရတာက အဆင်မပြေမဖြစ်စေသလို စိတ်ညစ်စရာလည်း မလိုတော့ပါဘူး။ TÜV ရဲ့ လုံခြုံမှုထောက်ခံထားတဲ့ 40W HUAWEI SuperCharge နဲ့ မိနစ် ၃၀ အတွင်း ၇၀% အထိအားပြန်ဖြည့်ပေးနိုင်ပါတယ်။10

ကိုးမဲ့ အားသွင်းစနစ်

HUAWEI P30 Pro ကို TÜV ရဲ့ လုံခြုံစိတ်ချရမှုထောက်ခံချက်ရရှိထားတဲ့ 15W Wireless QuickCharge11 နဲ့ ကြိုးမဲ့အားသွင်းလိုက်ပါ။ သွားလာစရာရှိရင် ယူသွားလိုက်ရုံပါပဲ။

မျှဝေခြင်းက
ဂရုစိုက်ခြင်းပါပဲ

HUAWEI P30 Pro ရဲ့ Reverse Charge feature က နားကြပ်တွေ၊ သွားတိုက်တံတွေ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ ဖုန်းအားကုန်ခါနီးဖုန်းတွေကို ကယ်တင်နိုင်ပါတယ်။12 အခုဆိုရင် အားသွင်းခြင်းက မျှဝေခြင်းပါပဲ။

ပိုပြီးကြာရှည်ခံမယ်
အတွေ့အကြုံပိုခံစားရမယ်

4200mAh ဘက်ထရီပမာဏ (ပုံသေပမာဏ)9နဲ့ အတွေ့အကြုံတွေအများကြီးကို နေ့စဉ်ခံစားလိုက်ပါ။ ဒါ့အပြင် အသိဥာဏ်ရှိ ပါဝါထိန်းသိမ်းမှုစနစ်လည်း ပါဝင်ပါသေးတယ်။

huawei p30 pro supercharge huawei p30 pro fast charge huawei p30 pro fast charge huawei p30 pro fast charge
huawei p30 pro wireless charge huawei p30 pro wireless charge huawei p30 pro wireless charge
huawei p30 pro wireless charge huawei p30 pro supercharge cable huawei p30 pro supercharge cable
huawei p30 pro reverse charge huawei p30 pro reverse charge huawei p30 pro reverse charge

အချိန်တိုအတွင်
ပြန်လည်အားပြည့်မယ်

ဖုန်းအားသွင်းရတာက အဆင်မပြေမဖြစ်စေသလို စိတ်ညစ်စရာလည်း မလိုတော့ပါဘူး။ TÜV ရဲ့ လုံခြုံမှုထောက်ခံထားတဲ့ 40W HUAWEI SuperCharge နဲ့ မိနစ် ၃၀ အတွင်း ၇၀% အထိအားပြန်ဖြည့်ပေးနိုင်ပါတယ်။10

ကိုးမဲ့ အားသွင်းစနစ်

HUAWEI P30 Pro ကို TÜV ရဲ့ လုံခြုံစိတ်ချရမှုထောက်ခံချက်ရရှိထားတဲ့ 15W Wireless QuickCharge11 နဲ့ ကြိုးမဲ့အားသွင်းလိုက်ပါ။ သွားလာစရာရှိရင် ယူသွားလိုက်ရုံပါပဲ။

မျှဝေခြင်းက
ဂရုစိုက်ခြင်းပါပဲ

HUAWEI P30 Pro ရဲ့ Reverse Charge feature က နားကြပ်တွေ၊ သွားတိုက်တံတွေ ဒါမှမဟုတ် သူငယ်ချင်းတွေရဲ့ ဖုန်းအားကုန်ခါနီးဖုန်းတွေကို ကယ်တင်နိုင်ပါတယ်။12 အခုဆိုရင် အားသွင်းခြင်းက မျှဝေခြင်းပါပဲ။

အသိဥာဏ်မြင့် အတွေ့အကြုံ
华为 P30 Pro EMUI 9.1 UX 概念

AR Measure13

DIY Projects တွေကို HUAWEI P30 Pro မှာတဲ့ AR Measurement နဲ့ပြီးမြောက်စေနိုင်ပါပြီ။ HUAWEI TOF ကင်မရာက အလျား၊ အနံ၊ အထူစသည်ဖြင့် တိတိကျကျတိုင်းတာနိုင်ပါတယ်။ Face Recognition နည်းပညာကိုအခြေခံပြီး ပိုမိုတိုးတက်အောင်လုပ်ဆောင်လိုက်တဲ့အခါမှာတော့ လူတစ်ယောက်ရဲ့အရပ်ကိုတိုင်းတယ်ဆိုတာ ခေါင်းကနေခြေအထိ Scan ဖတ်ဖို့ခိုင်းလိုက်သလိုပါပဲ။

huawei p30 pro AR measure

Play in Motion

Project your HUAWEI P30 Pro to a bigger screen and face towards the rear TOF camera, it will begin to detect your movement. You can immediately enjoy playing Fancy Skiing.15

OneHop နဲ့
မျှဝေမယ်

HUAWEI P30 Pro ကနေ MateBook ကို ရိုးရိုးထိလိုက်ရုံနဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဖိုင်တွေကို စက္ကန့်အနည်းငယ်အတွင်း ပေးပို့နိုင်ပါတယ်။ နောက်ပြီး ဂိမ်းဆော့နေတဲ့အချိန်မှာ တစ်ချက်လှုပ်လိုက်ပြီး MateBook ကို သွားထိလိုက်ရုံနဲ့ Laptop မျက်နှာပြင်ကို စက္ကန့် ၆၀ စာ ဗီဒီယိုဖမ်းပြီး ဖုန်းထဲသိမ်းနိုင်ပါသေးတယ်။ စက်အချင်းချင်း စာတွေကိုလည်း အတူတူအလုပ်လုပ်ရင် လွယ်လွယ်ကူကူ Copy and Paste ပြုလုပ်နိုင်ပါတယ်။14

HUAWEI P30 Series အကြောင်းပိုမိုလေ့လာရန်

series p30 pro

HUAWEI P30 Pro

  1. HUAWEI P30 Pro က 270mm Focal Length နဲ့ 10x Hybrid Zoom ကိုအထောက်အပံ့ပေးပါတယ်။
  2. HUAWEI P20 Pro ရဲ့ Sensor ကို HUAWEI ဓာတ်ခွဲခန်းအတွင်း နှိုင်းယှဉ်ထားသည့် ရလဒ်ကိုအခြေခံထားပါသည်။
  3. HOTA Update ပြီးသည့်အခါတွင် အဆိုပါ Feature ကို ရရှိလိမ့်မည်။
  4. HOTA Update ပြီးသည့်အခါတွင် အဆိုပါ Feature ကို ရရှိလိမ့်မည်။
  5. HOTA Update ပြီးသည့်အခါတွင် အဆိုပါ Feature ကို ရရှိလိမ့်မည်။ Zoom ပမာဏသည် 2x မှ 15x အထိဖြစ်သည်။
  6. Dewdrop မျက်နှာပြင်ပေါ်မှာရှိတဲ့ အနားသတ်လုံးဝန်းမှုတွေနဲ့အတူ ပုံသေတိုင်းတာမှုအရ မျက်နှာပြင်ထောင့်ဖြတ်တိုင်းတာမှုက 6.47 လက်မရှိပါသည်။ (အမှန်တကယ်မြင်တွေ့နိုင်သောပမာဏသည် အနည်းငယ်သေးငယ်နိုင်ပါသည်)
  7. HUAWEI P30 Pro က ရေနဲ့ ဖုန်ခံနိုင်မှုအတွက် IEC Standard 60529 မှ IP68 သတ်မှတ်ချက်ရရှိထားပြီး စမ်းသပ်ချက်များသည် စမ်းသပ်ခန်းရဲ့ အခြေအနေပေါ်မူတည်ပါသည်။ ဖုန်၊ ရေစင်မှု၊ ရေစိုခံနိုင်မှုတို့က အမြဲတမ်းအခြေအနေမဟုတ်ဘဲ အသုံးပြုမှုကြာမြင့်လာချိန်တွင် အပြောင်းအလဲရှိနိုင်သည်။ HUAWEI P30 Pro ရေစိုနေသည့်အခါတွင် ဖုန်းအားမသွင်းပါနှင့်။ အာမခံသည် အရည်၊ ရေစိုမှုတို့ကြောင့် ပျက်စီးခြင်းအတွက်မပါဝင်ပါ။
  8. RAM နဲ့ ROM တို့သည် ဈေးကွက်အပေါ်မူတည်၍ ကွဲပြားနိုင်သည်။
  9. ဘက်ထရီပမာဏသည် 4100mAh ဖြစ်ပြီး HUAWEI ဓာတ်ခွဲခန်းရဲ့ စမ်းသပ်ချက်များအပေါ်အခြေခံပါသည်။ ဘက်ထရီပမာဏသည် အမှန်တကယ်အသုံးပြုမှုအပေါ်မူတည်ပါသည်။
  10. HUAWEI ဓာတ်ခွဲခန်းရဲ့ စမ်းသပ်ချက်များအပေါ်အခြေခံထားသော ရလဒ်ဖြစ်သည်။ ဓာတ်ခွဲခန်းအခြေအနေ: အပူချိန် 25°C နဲ့ နှိုင်းရရေငွေ့: 45% မှ 80%. HUAWEI ရဲ့ 40W SuperCharge ဖြင့် 4G အင်တာနက်တည်ငြိမ်မှုအနေအထားရှိနေသောဖုန်း၏ 2% ပါဝါပမာဏနှင့် Screen ပိတ်ထားသောအခြေအနေတွင် ဖုန်းအားသွင်းခဲ့ခြင်းဖြစ်သည်။
  11. အများဆုံးပမာဏဖြစ်သည်။ 15W HUAWEI Wireless Quick Charge ကြိုးဖြင့်သာ ရရှိနိုင်ပါသည်။
  12. Wireless Charging ရသော စက်ပစ္စည်းများတွင်သာ အသုံးပြုနိုင်ပါသည်။
  13. အချို့ Features များကို HOTA Update ပြီးသည့်အခါတွင် ရရှိလိမ့်မည်။
  14. ဒီ Features တွေကတော့ သတ်မှတ်ထားတဲ့ PC Manager 9.1 version အထက်ရှိ HUAWEI MateBook တွေမှာသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပထမဆုံးအသုံးပြုချိန်မှာ ဖုန်းနဲ့ ကွန်ပြူတာက HUAWEI OneHop အသုံးပြု၍ ချိန်ဆက်ရမှာပါ။ စာဖိုင်တွေက PowerPoint, Word, Excel နဲ့ PDF မှာ ကူးယူမျှဝေနိုင်ပါတယ်။ ဖိုင်တွေက ကွန်ပြူတာမှာဆို Microsoft Office version 2016 နဲ့ 365 အထက်နဲ့ ဖုန်းမှာဆို WPS app မှတစ်ဆင့် ကူးယူနိုင်မှာဖြစ်ပြီး Copy and Paste feature က ကန့်သတ်ထားသော applications ဖြင့် HUAWEI P30 Pro နဲ့ သတ်မှတ်ထားသော HUAWEI MateBook တို့တွင် အသုံးပြုနိုင်ပါသည်။
HUAWEI တရားဝင်ဝက်ဘ်ဆိုက်၏အတွေ့အကြုံကို သင်စိတ်ကျေနပ်ပါသလား။
HUAWEI တရားဝင်ဝက်ဘ်ဆိုက်၏အတွေ့အကြုံကို သင်စိတ်ကျေနပ်ပါသလား။
  • 0
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
0: လုံးဝကျေနပ်မှုမရှိ ဝက်ဘ်ဆိုက်အတွက်အမှတ်အသားကိုရွေးချယ်ပါ 10: အပြည့်အဝကျေနပ်မှုရှိ
ကျေးဇူးပြု၍ မှန်ကန်သော Verification code ကို ထည့်သွင်းပါ။
တင်သွင်းပါ