HUAWEI Y5 2019

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

5.71” Dewdrop မျက်နှာပြင်
အထာကျတဲ့ဘော်ဒါတွေအတွက်

Huawei Y5 KV

ပိုပြီးကြီးမားတဲ့ကမ္ဘာတစ်ခုဆီသို့

HUAWEI Y5 2019 ရဲ့ ဒီဇိုင်းပုံစံက သဘာဝတရားကြီးကို အခြေခံထားတဲ့ 5.71 လက်မအရွယ် Dewdrop မျက်နှာပြင်နဲ့ပါ။¹ဒီ လှပသေသပ်တဲ့ မျက်နှာပြင်က 84.6% ကိုယ်ထည်အချိုး²ရှိလို့ ပိုပြီးကြီးမားတဲ့မျက်နှာပြင်မှာ ပျော်ရွှင်စရာတွေခံစားရုံပဲမဟုတ်လား။

Huawei Y5 Display Huawei Y5 Display Huawei Y5 Display Huawei Y5 Display

ထူးခြားသေသပ်မှု

HUAWEI Y5 2019 ရဲ့ Leather ဒီဇိုင်းပုံစံက ကိုင်တွယ်ထိတွေ့ရာမှာ ပိုပြီးအထာကျစေပါတယ်။ ပေါင်းစပ်ထားတဲ့ အရာဝတ္ထုတွေကြောင့် သေသပ်မှု၊ ထူးခြားမှုတို့ကို ခံစားစေရမှာဖြစ်သလို Leather ပုံစံအသေးစိတ်ပုံဖော်ထားမှုကလည်း အလှတရားကိုပိုမိုပေါ်လွင်စေပါတယ်။ ဒီ ဒီဇိုင်းပုံစံက လက်ရာမထင်စေသလို၊ အပေအတေလည်းခံစေတာကြောင့် စိတ်ပူစရာမရှိဘဲ အေးဆေးသုံးလို့ရပြီပေါ့။ (Leather ဒီဇိုင်းပုံစံကို အညိုရောင်တွင်ရရှိနိုင်ပါသည်)

Huawei Y5 ID

အခိုက်အတန့်တွေကိုလင်းထိန်စေမယ်

f/1.8 ရှိတဲ့ 13 MP ကင်မရာကြောင့် ဓာတ်ပုံတွေရဲ့ အလင်းရောင်ပိုင်းကို 50% ပိုမိုရရှိစေပါတယ်။³ အခိုက်အတန့်တိုင်းကို ကြည်ကြည်လင်လင်နဲ့ တိတိကျကျဖမ်းယူလိုက်ပါ။

*ဖော်ပြပါပုံသည်ကြော်ငြာရည်ရွယ်ချက်သာဖြစ်သည်။ ဖုန်းဖြင့်ရိုက်ကူးထားခြင်းဟုတ်ပါ။

Huawei Y5 Rear Camera Huawei Y5 Rear Camera Huawei Y5 Rear Camera
Huawei Y5 Rear Camera Huawei Y5 Rear Camera

အမိုက်စားဆယ်လ်ဖီတွေအတွက်

HUAWEI Y5 2019 နဲ့ အမိုက်စားဆယ်လ်ဖီတွေ ရိုက်ကူးလိုက်ပါ။ 5PM ကင်မရာကိုမှ Selfie Toning Flash ပါဝင်တာကြောင့် အကောင်းဆုံးပုံရိပ်တွေကို ရရှိစေမှာပါ။ ဒါ့အပြင် Smart Beauty Feature ကြောင့် သဘာဝကျတဲ့အလှတရားတွေကို ရရှိစေဦးမှာပါ။

*ဖော်ပြပါပုံသည်ကြော်ငြာရည်ရွယ်ချက်သာဖြစ်သည်။ ဖုန်းဖြင့်ရိုက်ကူးထားခြင်းဟုတ်ပါ။

Huawei Y5 Front Camera

အမှတ်တရတွေကိုသိမ်းဆည်းမယ်

32 GB ROM ပမာဏပါဝင်တာကြောင့် သီချင်းတွေ၊ ဓာတ်ပုံတွေ၊ App တွေကို အားရပါးရသိမ်းဆည်းနိုင်ပါပြီ။

32 GB

Huawei Y5 Storage Huawei Y5 Storage

ကြာရှည်အသုံးခံမယ်

3020 mAh ပါဝင်တဲ့ကြီးမားတဲ့ ဘက်ထရီနှင့် အသိဥာဏ်မြင့် ပါဝါသိမ်းဆည်းမှု နည်းပညာကြောင့် ဂိမ်းဆော့တာတွေ၊ မီဒီယာပိုင်းတွေအတွက် ပိုပြီးအချိန်ရလာပြီပေါ့။ HUAWEI Y5 2019 က ၁၆ နာရီနီးပါး ဗီဒီယိုကြည့်ချိန်၊ ၇၄ နာရီနီးပါး သီချင်းနားထောင်ချိန်နဲ့ ၁၀ နာရီနီးပါး အင်တာနက်အသုံးပြုချိန်တို့ကို ပေးစွမ်းနိုင်ပါတယ်။.

Huawei Y5 Battery Huawei Y5 Battery Huawei Y5 Battery
၁၆ နာရီနီးပါး
ဗီဒီယိုကြည့်ရှုချိန်
၇၄ နာရီနီးပါး
သီချင်းနားထောင်ချိန်

လျင်လျင်မြန်မြန်မှတ်မိစေမယ်

HUAWEI Y5 2019 က မျက်နှာပေါ်မှာရှိတဲ့ အချက်အလက်ပေါင်း ၁၀၂၄ ခုအထိ အသိဥာဏ်ရှိရှိမှတ်သားပေးတာကြောင့် ဖုန်းကိုပင့်ယူလိုက်တာနဲ့ မျက်နှာကိုလျင်လျင်မြန်မြန် မှတ်မိစေပြီး အလင်းရောင်နည်းပါးနေရင်တောင် စက္ကန့်ပိုင်းအတွင်း လွယ်လွယ်ကူကူ Unlock လုပ်နိုင်မှာပါ။

Huawei Y5 Face Unlock Huawei Y5 Face Unlock Huawei Y5 Face Unlock Huawei Y5 Face Unlock Huawei Y5 Face Unlock

ပေါ့ပါးသွက်လက်မှု

EMUI 9.0 နဲ့ Android 9 တို့ရဲ့ ပေါင်းစပ်မှုက လျင်မြန်ချောမွေ့တဲ့ အတွေ့အကြုံတွေ ရရှိစေမှာပါ။ ဒါ့အပြင် HUAWEI Y5 2019 က 12 nm Chipset ကို အသုံးပြုထားတာကြောင့် အရင်မျိုးဆက်တွေထက် ပါဝါစားသက်သာစေသလို ပိုပြီးစမတ်ကျစေမှာပါ။

Huawei Y5 EMUI Huawei Y5 EMUI Huawei Y5 EMUI Huawei Y5 EMUI Huawei Y5 EMUI
Huawei Y5 EMUI

ပါတီစလိုက်ကြရအောင်

ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် Party Mode နဲ့ဆို အရာရာအဆင်ပြေပြီပေါ့။ ဒီ Feature က မတူညီတဲ့ Huawei ဖုန်းတွေကိုချိတ်ဆက်နိုင်ပြီး သီချင်းတစ်ပုဒ်တည်းကို ဖွင့်လို့ရပါတယ်။

Huawei Y5 Party Mode Huawei Y5 Party Mode

Dual SIM နဲ့ဆို ပိ
ုပြီးအဆင်ပြေစေပြီပေါ့

Dual SIM နဲ့ 512 GB အထိMicro SD Card တစ်ချိန်တည်း ထည့်သွင်းနိုင်မယ့် three-card slot ဒီဇိုင်းကြောင့် အဆင်ပြေစေပြီပေါ့။ Dual 4G နဲ့ Dual VoLTE တစ်ချိန်တည်းသုံးနိုင်တဲ့ အားသာချက်နဲ့အတူ လျင်မြန်ချောမွေ့တဲ့ လိုင်းဆွဲအားကို အသုံးပြုလိုက်ပါ။

Huawei Y5 Dual SIM Huawei Y5 Dual SIM Huawei Y5 Dual SIM

မျက်လုံးသက်သာစေမှု

စာဖတ်တဲ့အခါမှာ သက်သက်သာသာနဲ့အဆင်ပြေစေဖို့ HUAWEI Y5 2019 က Eye Comfort Mode နဲ့အတူ သင့်ရဲ့မျက်လုံးကို ဂရုစိုက်ပေးပါတယ်။ ဒီမျက်နှာပြင်ကိုတော့ TÜV Rheinland က ထောက်ခံပေးထားပြီး မျက်စိထိခိုက်စေမယ့် အပြာရောင်အလင်းတန်းတွေကို ကာကွယ်ပေးပါတယ်။

Huawei Y5 Eye Comfort Huawei Y5 Eye Comfort Huawei Y5 Eye Comfort

1. HUAWEI Dewdrop မျက်နှာပြင်ဆိုသည်မှာ ကျဉ်းမြောင်းတဲ့အနားသတ်နှင့် ကြီးမားတဲ့မျက်နှာပြင်အချိုး၊ သေးငယ်သည့် notch ပုံစံမျက်နှာပြင်ကို ဆိုလိုပါသည်။

2. မျက်နှာပြင်ပမာဏသည် ပုံမှန်တိုင်းတာချက်ဖြစ်သည်။ မျက်နှာပြင်-ကိုယ်ထည်အချိုးတွက်ချက်ပုံ - AA area / front TP area

3. ပုံမှန်စမတ်ဖုန်းများတွင် ပါဝင်သော f/2.2 aperture ကို နှိုင်းယှဉ်ထားခြင်းဖြစ်သည်။

4. HUAWEI Y5 2019 တွင် ROM ပမာဏကွဲပြားသော Model အမျိုးမျိုးရှိပါသည်။ တင်သွင်းသောနိုင်ငံပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။

5. ပုံသေပမာဏဖြစ်သည်။ ပါဝါကုန်ဆုံးခြင်းရလဒ်များကို HUAWEI ၏ ဓာတ်ခွဲခန်းမှ ရရှိခြင်ဖြစ်ပြီး အမှန်တကယ်ပမာဏသည် ပတ်ဝန်းကျင်းအခြေအနေပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။

6. HUAWEI Y5 2019 တွင် Single card, Dual-Sim ဆိုပြီး မတူညီသော Model အမျိုးမျိုးရှိသည်။ တင်သွင်းသောနိုင်ငံပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။

7. Micro SD ကဒ်ကို သီးသန့်ရောင်းချသည်။

8. VoLTE စနစ်သည် ဆက်သွယ်ရေးကုမ္ပဏီ၏ အထောက်အပံ့ပေါ်မူတည်သည်။