HUAWEI Y9 Prime 2019

ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံများရရှိစေရန် Internet Explorer နောက်ဆုံးဗားရှင်း (သို့မဟုတ်) အခြား Browser ကိုသုံးပါ။

ရေပန်းစားသော ရလဒ်များ

    အကြံပြုထားသော ရလဒ်များ

      နောက်ထပ်ရှာဖွေမှု အဓိကစကားလုံးများကို ရိုက်ထည့်ပါ

      huawei y9 prime 2019 huawei y9 prime 2019 huawei y9 prime 2019
      huawei y9 prime 2019

      ဒီဇိုင်းပိုင်း

      အလင်းရောင်အောက်မှာ
      ပိုမိုတောက်ပစေမယ်

      HUAWEI Y9 Prime 2019 မှာ ထူးခြားသေသပ်တဲ့ လိုင်းခွဲလေးတစ်ကြောင်းပါဝင်တာကြောင့် ပုံမှန်ဒီဇိုင်းတွေကနေခွဲထွက်စေပါတယ်။ ချောမွေ့ပြီး သေသပ်တဲ့ ကျောဖက်အပိုင်းက အလင်းရောင်အောက်မှာ ပိုမိုတောက်ပစေသလို တိကျကျစ်လစ်မှုကို အသေအချာမြင်တွေ့ရစေမှာပါ။
      huawei y9 prime 2019 back design color black
      Midnight Black
      huawei y9 prime 2019 back design color blue
      Sapphire Blue
      huawei y9 prime 2019 back design color green
      Emerald Green

      HUAWEI Ultra FullViewမျက်နှာပြင်ပြည့်

      ပုံမှန်ထက်ပိုကျယ်တဲ့ 6.59 လက်မအရွယ် HUAWEI Ultra FullView မျက်နှာပြင်ပြည့်ဒီဇိုင်းကြောင့်1 အဆုံးအစမဲ့မြင်ကွင်းကို ရရှိစေပါတယ်။ ဒီ အနားသတ်အကျဉ်းဆုံး မျက်နှာပြင်မှတစ်ဆင့် ရုပ်ရှင်တွေကြည့်၊ ဂိမ်းတွေဆော့၊ စာတွေဖတ်ရင်း အကန့်အသတ်မရှိတဲ့ အတွေ့အကြုံတွေကို ခံစားလိုက်ပါ။
      huawei y9 prime 2019 ultra fullview display

      ကင်မရာပိုင်း

      အထာကျတဲ့
      ဆယ်လ်ဖီကင်မရာ

      အရှေ့ကင်မရာက ဆယ်လ်ဖီရိုက်မယ်ဆိုရင် ၁ စက္ကန့်အတွင်း2 အလိုအလျောက်ထွက်လာမှာဖြစ်ပါတယ်။ ဒီကင်မရာက အမြဲအသင့်ရှိနေမှာဖြစ်လို့ ဆယ်လ်ဖီတွေရိုက်ရင်း ပျော်စရာတွေဆက်တိုက်ရှာဖွေနိုင်ပြီပေါ့။
      huawei y9 prime 2019 auto pop-up camera huawei y9 prime 2019 auto pop-up camera

      စိတ်ချယုံကြည်ခိုင်မာတဲ့
      ဆယ်လ်ဖီကင်မရာ

      • 12 kg3 ဖိအား
        ခံနိုင်မှု
      • 100000+4 မာကျောမှုအတွက်
        စမ်းသပ်ထားခြင်း
      • -20 ℃ to 60 ℃4 လွန်ကဲသော အပူချိန်၊ အအေးချိန်တွင်
        စမ်းသပ်ထားခြင်း
      huawei y9 prime 2019 reliable hidden camera

      AI Selfie ရဲ့
      ထူးခြားမှု

      16MP ရှိတဲ့ AI ရှေ့ကင်မရာက ရိုက်ကူးနေစဉ်တစ်ချိန်ထဲမှာပဲ မတူညီတဲ့အခြေအနေပေါင်း (၈) မျိုးကို အသိဉာဏ်ရှိရှိ ခွဲခြားသိမြင်နိုင်ပြီး အကောင်းဆုံးဖြစ်အောင် ချိန်ညှိပေးနိုင်ပါတယ်။ ဘယ်ရှုထောင့်ကနေမဆို HUAWEI Y9 Prime 2019 နဲ့ သေသပ်လှပထူးခြားတဲ့ ဆယ်လ်ဖီတွေဖမ်းယူလိုက်ပါ။
      huawei y9 prime 2019 ai selfie front camera huawei y9 prime 2019 ai selfie front camera huawei y9 prime 2019 ai selfie front camera
      *ယခုပုံသည် ရည်ညွှန်းမှုသက်သက်သာဖြစ်သည်။ ဖုန်းဖြင့်ရိုက်ကူးထားခြင်းမဟုတ်ပါ။

      16 MP ကင်မရာသုံးခု
      အတွဲအဖက်5

       ကြည်လင်တောက်ပတဲ့ ဓာတ်ပုံတွေအတွက် 16 MP Main ကင်မရာရယ်၊ 120 ဒီဂရီအထိ ကျယ်ပြန့်တဲ့မြင်ကွင်းတွေရစေမယ့် 8 MP Ultra Wide Angle ကင်မရာရယ်၊ ရှေ့ကြည်နောက်ဝါး ဓာတ်ပုံတွေဖမ်းယူနိုင်စေဖို့ 2 MP Depth ကင်မရာရယ် ပေါင်းစပ်ပါဝင်ထားတော့ ဖမ်းယူထားသမျှ အမှတ်တရတွေကို ပိုပြီးတန်ဖိုးရှိစေပြီပေါ့။

      2 MP

      Depth ကင်မရာ

      16 MP

      Main ကင်မရာ

      8 MP

      120° Ultra Wide
      Angle ကင်မရာ
      huawei y9 prime 2019 6p rear camera lens

      Ultra Wide
      Angle Lens

      ကျောဖက်မှာပါဝင်တဲ့ 8 MP Ultra Wide Angle Lens က ကြီးမားတဲ့အဆောက်အဦးတွေ၊ တောင်တန်းတွေနဲ့ အုပ်စုလိုက်ဓာတ်ပုံရိုက်တဲ့အခါတွေမှာ ထူးခြားတိကျမှုနဲ့ ကြည်လင်တောက်ပမှုတွေ ရရှိစေမှာပါ။ မတူညီတဲ့ရှုထောင့်ကနေ ပိုမိုကျယ်ပြန့်တဲ့ပုံရိပ်တွေကို ဖမ်းယူလိုက်ကြရအောင်။
      *ယခုပုံသည် ရည်ညွှန်းမှုသက်သက်သာဖြစ်သည်။ ဖုန်းဖြင့်ရိုက်ကူးထားခြင်းမဟုတ်ပါ။

      သေသပ်လှပတဲ့
      3D Portrait

      3D Portrait ပုံပြင်ဆင်မှုက HUAWEI Y9 Prime 2019 မှာ ရရှိလာခဲ့ပါပြီ။ ရှေ့ကင်မရာကော၊ ကျောဖက်ကင်မရာမှာပါ အမိုက်စား Portrait ဖြစ်အောင် စတူဒီယိုအရည်အသွေးအတိုင်း အလင်းအမှောင်ချိန်ညှိမှုတွေနဲ့ ပြင်ဆင်နိုင်မှာဖြစ်ပြီး ဘယ်အခြေအနေပဲဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးနိုင်မှာပါ။
      huawei y9 prime 2019 3d portrait phone
      *ယခုပုံသည် ရည်ညွှန်းမှုသက်သက်သာဖြစ်သည်။ ဖုန်းဖြင့်ရိုက်ကူးထားခြင်းမဟုတ်ပါ။

      ပိုမိုအဆင့်မြင့်လာတဲ့
      AI ဓာတ်ပုံရိုက်ကူးခြင်း

      AI နည်းပညာရဲ့ အထောက်အပံ့နဲ့အတူ ကျောဖက်ကင်မရာက မတူညီတဲ့အရာဝတ္ထု ၂၂ မျိုးရဲ့ အခြေအနေပုံစံပေါင်း ၅၀၀ ကျော်ကို,6 ကင်မရာချိန်လိုက်တာနဲ့ သိရှိနိုင်မှာဖြစ်ပြီး အကောင်းဆုံးဖြစ်အောင် အသိဉာဏ်ရှိရှိ ချိန်ညှိပေးမှာပါ။ အဲ့ဒါကြောင့် ရရှိလာတဲ့ဓာတ်ပုံတွေကိုလည်း ပိုပြီးတိကျသေသပ်စေမှာ အသေအချာပါပဲ။
      Enhanced AI Photography icon Enhanced AI Photography icon
      *ယခုပုံသည် ရည်ညွှန်းမှုသက်သက်သာဖြစ်သည်။ ဖုန်းဖြင့်ရိုက်ကူးထားခြင်းမဟုတ်ပါ။

      စွမ်းဆောင်ရည်

      လျင်မြန်မှု,
      သက်သာမှု

      အဆင့်မြှင့်တင်ထားတဲ့ Kirin 710F Octa-Core Chipset က ပါဝါစားမှုလျော့ပေးပြီး ပိုပြီးလျင်မြန်လာစေပါတယ်။ ရုပ်ထွက်ကောင်းကောင်းနဲ့ ဂိမ်းအကြီးတွေဆော့တာတို့၊ Live-Streaming တို့ လုပ်နေရင်တောင် ဖုန်းကချောချောမွေ့မွေ့၊ သွက်သွက်လက်လက်ဖြစ်နေစေမှာပါ။

      4GB + 128GB
      ကြီးမားတဲ့ပမာဏ

      HUAWEI Y9 2019 Prime 2019 နဲ့အတူ မေ့မရတဲ့အခိုက်အတန့်တိုင်းကို သိမ်းဆည်းလိုက်ပါ။ သင့်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံအမှတ်တရတွေ၊ စာတိုတွေကို 128 GB ROM နဲ့ တစ်ဝကြီးသိမ်းဆည်းနိုင်မှာဖြစ်ပြီး 512 GB အထိလည်း SD Card ထပ်စိုက်နိုင်ပါတယ်။
      huawei y9 prime 2019 64g large storage phone
      *ယခုပုံသည် ရည်ညွှန်းမှုသက်သက်သာဖြစ်သည်။ ဖုန်းဖြင့်ရိုက်ကူးထားခြင်းမဟုတ်ပါ။

      အားကောင်းတဲ့
      ဘက်ထရီ

      4000 mAh7 ပါဝင်တဲ့ ဘက်ထရီပမာဏအပြင် Smart Power-Saving Processor ကြောင့် ပါဝင်စားသက်သာစေပါတယ်။ အဲ့တော့ HUAWEI Y9 Prime 2019 က သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထောက်ပံ့ပေးနိုင်ပြီပေါ့။
      huawei y9 prime 2019 4000mah large battery huawei y9 prime 2019 4000mah large battery

      အထာကျကျ
      EMUI 9.0

      EMUI 9.0 က အသုံးပြုရလွယ်ကူစေဖို့ ရိုးရှင်းသွက်လက်တဲ့ ဒီဇိုင်းပုံစံနဲ့ အသိဥာဏ်မြင့် ဆောင်ရွက်ချက်တွေကို ဖန်တီးပေးပါတယ်။ ဖုန်းက သင့်ကိုနားလည်စေဖို့နဲ့ နေ့စဉ်ဘဝမှာ ပိုပြီးလွယ်ကူသက်သာအောင် အထောက်အပံ့ပေးနိုင်ဖို့ သင်ယူနေမှာပါ။
      huawei y9 prime 2019 emui9.0 smartphone huawei y9 prime 2019 emui9.0 smartphone huawei y9 prime 2019 emui9.0 smartphone

      Type-C နဲ့
      အားပြန်သွင်းမယ်

      Type-C USB Port အထောက်အပံ့ပေးတာကြောင့် အားသွင်းခါနီး ဟိုဖက်ဒီဖက်ဘယ်လိုတပ်ရမလဲ စဉ်းစားစရာမလိုတော့ဘဲ လွယ်လွယ်ကူကူအားသွင်းနိုင်ပြီပေါ့။
      huawei y9 prime 2019 type-c usb cable huawei y9 prime 2019 type-c usb cable