ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် အဝင်ခေါ်ဆိုမှုအတွက် အဆက်အသွယ် ပရိုဖိုင်းပုံကို မပြသပါ

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် အဝင်ခေါ်ဆိုမှုအတွက် အဆက်အသွယ် ပရိုဖိုင်းပုံကို မပြသပါ

1. ဖုန်းနံပါတ်ကို အဆက်အသွယ်များစွာ၏ အသေးစိတ်အချက်အလက်များထဲတွင် သိမ်းဆည်းထားပါသလား စစ်ဆေးပါ။

ဖုန်းနံပါတ်ကို အဆက်အသွယ်များစွာ၏ အသေးစိတ်အချက်အလက်များထဲတွင် သိမ်းဆည်းထားပါက အဦးဆုံး ဖန်တီးလိုက်သော အဆက်အသွယ်၏ ပရိုဖိုင်းပုံကို အဝင်ခေါ်ဆိုမှုများအတွက် အသုံးပြုပါမည်။ ထိုအဆက်အသွယ်တွင် ပရိုဖိုင်းပုံ မရှိပါက အဝင်ခေါ်ဆိုမှုအတွက် ရုပ်ပုံကို ပြသမည် မဟုတ်ပါ။ ထပ်နေသော အဆက်အသွယ်များ ရှိပါက ဖျက်ပါ။

2. သင်သည် ပြင်ပ အဖွဲ့အစည်း အဝင်ခေါ်ဆိုမှု အက်ပ်ကို သုံးနေခြင်းရှိ၊ မရှိ စစ်ဆေးပါ

ပြင်ပ အဖွဲ့အစည်း အဝင်ခေါ်ဆိုမှု အက်ပ်တချို့သည် အဝင်ခေါ်ဆိုမှု မျက်နှာပြင်ကို ပိတ်ပင်နိုင်ပါသည်။ ဆက်တင် > အက်ပ်များနှင့် ဝန်ဆောင်မှုများ (အက်ပ်များ) > ပုံသေ အက်ပ်များ > ဖုန်း (ခေါ်ဆိုမှု) သို့ သွားပြီး ပုံသေသုံးသော ဖုန်း/အဆက်အသွယ်အက်ပ်ကို စနစ်ပုံသေအက်ပ်သို့ သတ်မှတ်ရန် အကြုံပြုပါသည်။

3. ပြဿနာဆက်ရှိနေပါက

ပြဿနာဆက်ရှိနေပါက နောက်ထပ် အကူအညီရယူရန်အတွက် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဖုန်းခေါ်ဆိုပါ။ သင့်လိုအပ်ချက်များကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး ဖြေရှင်းပေးပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်