ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် လက်ဆစ် စခရင်ရှော့(တ်)များနှင့် မျက်နှာပြင် မှတ်တမ်းတင်ရန်တို့က အလုပ်မလုပ်ခြင်း
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
| ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် လက်ဆစ် စခရင်ရှော့(တ်)များနှင့် မျက်နှာပြင် မှတ်တမ်းတင်ရန်တို့က အလုပ်မလုပ်ခြင်း |
သင့်ဖုန်း/တက်ဘလက်သည် လက်ဆစ်သုံး လက်ဟန်များကို ပံ့ပိုးမပေးခြင်း၊ လုပ်ဆောင်ချက်ကို မှားယွင်းစွာ ပြုမူခြင်း သို့မဟုတ် စနစ်ဖိုင်အချို့ကို မှားပြီး ဖျက်ပစ်ထားခြင်း ဖြစ်နိုင်သည်။ ပြဿနာကို ဖြေရှင်းရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-
1. သင့်ဖုန်း/စက်က လက်ဆစ် စခရင်ရှော့(တ်)များ/မျက်နှာပြင် မှတ်တမ်းတင်ရန်ကို ပံ့ပိုးပေးခြင်း ရှိ၊ မရှိ စစ်ဆေးပါ
ဆက်တင်ကို ဖွင့်ပြီး လက်ဆစ် စခရင်ရှော့(တ်)များ/မျက်နှာပြင် မှတ်တမ်းတင်ရန်ကို ရှာဖွေပါ။ မည်သည်ကိုမျှ ရှာမတွေ့ပါက သင့်စက်တွင် လက်ဆစ်သုံး လုပ်ဆောင်ချက်များကို အသုံးပြု၍ မရဟု ဆိုလိုပါသည်။
2. သင်သည် လက်ဆစ်သုံး လုပ်ဆောင်ချက်များကို မှန်ကန်စွာ ပြုလုပ်နေကြောင်း သေချာပါစေ
လက်ဆစ်သုံး လုပ်ဆောင်ချက်များကို ပြုလုပ်သည့်အခါ အောက်ပါတို့ကို ဂရုပြုပေးပါ-
- လက်ဆစ်သုံး လုပ်ဆောင်ချက်များ မှန်ကန်စွာအလုပ်လုပ်နိုင်စေရန် သံလိုက်ဓာတ်ပါသော တပ်ဆင်ပစ္စည်းများ သို့မဟုတ် သတ္တုကာဗာများကို အသုံးမပြုပါနှင့်။ ၎င်းတို့သည် လက်ဟန် အသိအမှတ်ပြုမှုကို ထိခိုက်နိုင်သည်။
- စခရင်ရှော့(တ်) ရိုက်ရန် လက်ဆစ်တစ်ခုဖြင့် နှစ်ကြိမ်ခေါက်ပါ။ မျက်နှာပြင်ကို မှတ်တမ်းတင်ရန် လက်ဆစ်နှစ်ခုဖြင့် နှစ်ကြိမ်ခေါက်ပါ၊ လက်ဆစ်နှစ်ခုလုံးက မျက်နှာပြင်ကို တစ်ချိန်တည်းတွင် ထိမိရမည်။
- တံခါးခေါက်သကဲ့သို့ အားအတန်အသင့်သုံး၍ သင့်လက်ဆစ်ဖြင့် မျက်နှာပြင်ပေါ် ဒေါင်လိုက် ခေါက်ပါ။
- နှစ်ကြိမ်မြန်မြန်ခေါက်ပြီး (တစ်ချက်နှင့်တစ်ချက်ကြား 0.25 စက္ကန့်ထက်မကြာရ) စက်ကို မြဲမြံစွာကိုင်ထားပါ။
- သားရေကာဗာသုံးသည့်အခါ လက်ဟန် အသိအမှတ်ပြုမှုကို မထိခိုက်စေရန် သင့်စက်ကို လက်တစ်ဖက်ဖြင့် မြဲမြံစွာကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် မျက်နှာပြင်ကို ခေါက်ပါ။
- နောက်ခံတွင် ရုပ်ပုံစီမံဆောင်ရွက်ပြီးသည်အထိ အချိန်လုံလောက်စေရန် ယခင်စခရင်ရှော့(တ်)၏ ပုံသေး ပျောက်သွားပြီး 2 စက္ကန့်ကြာ စောင့်ဆိုင်းပေးရန် အကြံပြုပါသည်။
- တစ်စိတ်တစ်ပိုင်း စခရင်ရှော့(တ်) ရိုက်သည့်အခါ လက်ဆစ်ဖြင့် မျက်နှာပြင်ပေါ်ခေါက်ပြီး အပြာရောင်အစက်ပေါ်လာသည်အထိ ဖိထားပါ၊ ထို့နောက် သင်ရိုက်ကူးလိုသော မျက်နှာပြင်အပိုင်းတစ်ဝိုက်တွင် ဝိုင်းပတ်သည့်ပုံတစ်ခု ဆွဲပါ။
- တေးဂီတ သို့မဟုတ် ဗီဒီယိုများကို ဖွင့်ထားသည့်အခါ စက်သည် တုန်ခါနိုင်ပြီး လက်ဟန် အသိအမှတ်ပြုမှုကို ထိခိုက်နိုင်သည်။ လက်ဆစ်သုံး လုပ်ဆောင်ချက်ကို မှန်ကန်စွာတုံ့ပြန်ကြောင်း သေချာစေရန် မျက်နှာပြင်ပေါ် အနည်းငယ်ပို၍အားထည့် ခေါက်ရန် အကြံပြုပါသည်။
3. အောက်ပါအနေအထားများတွင် အောင်မြင်နှုန်း နည်း၊ မနည်း စစ်ဆေးပါ
- မျက်နှာပြင်၏ အောက်ပိုင်း- မျက်နှာပြင်၏ အတွင်းပိုင်းဖွဲ့စည်းပုံအရ ဤဧရိယာ၏ အာရုံခံနိုင်စွမ်းကို ကန့်သတ်ထားသည်။ ဤဧရိယာကို အားပိုထည့်၍ ခေါက်နိုင်သည်။ မျက်နှာပြင်၏ အပေါ်ပိုင်းသည် ပို၍အာရုံခံနိုင်သောကြောင့် ဤဧရိယာတွင် လက်ဆစ်သုံး လုပ်ဆောင်ချက်များကို သုံးရန် အကြံပြုပါသည်။

- မျက်နှာပြင်၏ အပေါ်ပိုင်းနှင့် အောက်ပိုင်း- မျက်နှာပြင်၏ အပေါ်ပိုင်းနှင့် အောက်ပိုင်းသည် လက်ဟန်လုပ်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးသည်၊ ဥပမာအားဖြင့် အသိပေးချက် မျက်နှာပြင်ကို ပြသရန် အောက်သို့ပွတ်ဆွဲခြင်းနှင့် ပင်မ မျက်နှာပြင်ကို ပြသရန် အပေါ်သို့ပွတ်ဆွဲခြင်း။ လက်ဆစ်လက်ဟန်များကြောင့် မှားယွင်းထိနှိပ်မှုကို လျှော့ချရန် လက်ဆစ်လက်ဟန်များအား အာရုံခံနိုင်စွမ်းကို ဤဧရိယာတွင် လျှော့ချထားသည်။ မျက်နှာပြင်၏ အပေါ်ပိုင်းတွင် လက်ဆစ်လက်ဟန်များကို သုံးရန် အကြံပြုသည်။
4. အခြားသော အခြေအနေများ
- စနစ်ဖိုင်အချို့ကို မှားပြီး ဖျက်ပစ်မိလျှင် လက်ဆစ်အသိအမှတ်ပြုမှုသည် ကောင်းစွာ အလုပ်မလုပ်နိုင်ပါ။ သင့်ဖုန်း/တက်ဘလက်ကို ၎င်း၏ နောက်ဆုံးထွက် စနစ်ဗားရှင်းသို့ အပ်ဒိတ်လုပ်ပြီး ထပ်မံကြိုးစားရန် အကြံပြုပါသည်။ စနစ်ကို အပ်ဒိတ်လုပ်ခြင်းသည် မှားပြီး ဖျက်လိုက်သော ဖိုင်များကို ပြန်ရနိုင်ဖွယ်ရှိသည်။
- ဂိမ်းမျက်နှာပြင်ကို ပြသခြင်းရှိ၊ မရှိ စစ်ဆေးပါ။ ဂိမ်းကစားစဉ်အတွင်း သင့်လက်ဆစ်ဖြင့် မတော်တဆ စခရင်ရှော့(တ်) မရိုက်မိအောင် သို့မဟုတ် မျက်နှာပြင် မှတ်တမ်းမတင်မိအောင် တားဆီးရန် အချို့သောမော်ဒယ်များတွင် လက်ဆစ်သုံး လုပ်ဆောင်ချက်များကို ပိတ်ရန်ကို ပုံသေဖွင့်ထားသည်။
- HarmonyOS 5 သို့မဟုတ် နောက်ပိုင်း- Celia ချတ်မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲရန် မျက်နှာပြင်၏ အောက်ခြေရှိ Celia လမ်းညွှန်ပြဘား (
) ပေါ် ဖိထားပြီး လက်ဆစ်သုံး လုပ်ဆောင်ချက်များကို ပိတ်ရန်ကို ဖွင့်ထားခြင်းရှိ၊ မရှိ စစ်ဆေးပါ။ ဖွင့်ထားပါက လက်ဆစ်သုံး လုပ်ဆောင်ချက်များ အလုပ်လုပ်မည် မဟုတ်ပါ။ ဤကိစ္စရပ်တွင် စခရင်ရှော့(တ်) ရိုက်ရန် သို့မဟုတ် မျက်နှာပြင်ကို မှတ်တမ်းတင်ရန် မျက်နှာပြင်ပေါ်ရှိ စခရင်ရှော့(တ်)/မျက်နှာပြင် မှတ်တမ်း ခလုတ်ကို နှိပ်နိုင်သည်။
- HarmonyOS 5 သို့မဟုတ် နောက်ပိုင်း- Celia ချတ်မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲရန် မျက်နှာပြင်၏ အောက်ခြေရှိ Celia လမ်းညွှန်ပြဘား (
- ထူထဲသော မှန်မကွဲသည် လက်ဆစ် အသိအမှတ်ပြုမှုကို ထိခိုက်နိုင်သည်။ ဤကိစ္စရပ်တွင် မျက်နှာပြင်ကို ခေါက်သည့်အခါ အားပိုသုံးရန် သို့မဟုတ် မှန်မကွဲကို ယာယီဖယ်ရှားရန် အကြံပြုပါသည်။
- ပြဿနာဆက်ရှိနေပါက အကူအညီရယူရန်အတွက် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်