ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်ရှိ အချိန်ကို ဒေသ စံတော်ချိန်အဖြစ် သတ်မှတ်မထားခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်ရှိ အချိန်ကို ဒေသ စံတော်ချိန်အဖြစ် သတ်မှတ်မထားခြင်း

စက်ကို Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ထားချိန်တွင်

လေယာဉ်စနစ်ကို ဖွင့်ထားပြီး စက်ကို Wi-Fi ကွန်ရက်နှင့်သာ ချိတ်ဆက်ထားပါက ၎င်းသည် ကွန်ရက်သုံး၍ စနစ်ကို အလိုအလျောက် ချိန်ကိုက်မည်မဟုတ်ပါ။ လေယာဉ်စနစ်ကို ပိတ်ပြီး သင့်စက်ကို ကွန်ရက်နှင့် ပြန်လည်ချိတ်ဆက်ပါ။ စက်အချိန်သည် ပုံမှန်အတိုင်း ပြန်ပြောင်းသွားပါမည်။

စံတော်ချိန်များစွာရှိသော နိုင်ငံတစ်ခုတွင်

သင်၏လက်ရှိ စံတော်ချိန်အပေါ်တွင် အခြေခံကာ သင့်စက်၏ စနစ် ရက်စွဲ နှင့် အချိန်ကို ဆုံးဖြတ်ပြီး အပ်ဒိတ်လုပ်ထားသော စံတော်ချိန်သည် သင့်ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာ၏ ကွန်ရက်အပေါ် မူတည်ပါသည်။

စံတော်ချိန်များစွာရှိသော နိုင်ငံများ (ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဩစတြေးလျကဲ့သို့) တွင် ဒေသတွင်း ကွန်ရက်က စံတော်ချိန် အချက်အလက်ကို သင့်စက်သို့ မပေးပို့ပါက သင့်စက်သည် မှန်ကန်သော ဒေသ စံတော်ချိန်ကို ပြသနိုင်မည်မဟုတ်ပါ။ အသေးစိတ်အချက်များအတွက် ဒေသတွင်း ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပါ။

သင်သည် စံတော်ချိန် အချက်အလက်များကို အောက်ပါအတိုင်း ကိုယ်တိုင် သတ်မှတ်နိုင်ပါသည်-

EMUI 8.X သို့မဟုတ် အစောပိုင်းဗားရှင်း- ဆက်တင်ကို ဖွင့်ပြီး စံတော်ချိန်ကို ရှာဖွေ၍ နှိပ်ကာ အော်တို စံတော်ချိန်ကို ပိတ်ပြီးနောက် စံတော်ချိန်အောက်တွင် မှန်ကန်သော စံတော်ချိန်ကို ရွေးချယ်ပါ။

EMUI 9.0 နှင့် Magic UI 2.0 သို့မဟုတ် နောက်ပိုင်းဗားရှင်း- ဆက်တင်ကို ဖွင့်ပြီး ရှာဖွေမှုအကွက်တွင် စံတော်ချိန်ကို ရိုက်ထည့်ကာ အော်တို သတ်မှတ်ရန် ခလုတ်ကို ပိတ်ပြီးနောက် စံတော်ချိန်တစ်ခုကို ရွေးချယ်ပါ။

နေ့အလင်းရောင် ချွေတာချိန်ကို ဖွင့်ထားသည့် နိုင်ငံများ/ဒေသများတွင်

အချို့သော နိုင်ငံများ/ဒေသများ (မော်ရိုကိုနှင့် ကနေဒါ ယူကွန်ကဲ့သို့) တွင် နေ့အလင်းရောင် ချွေတာချိန် စတင်သည့်အခါ သို့မဟုတ် ပြီးဆုံးသည့်အခါ စက်တွင်ပြသထားသော အချိန်သည် များသောအားဖြင့် ဒေသ စံတော်ချိန်ထက် တစ်နာရီစောနေခြင်း သို့မဟုတ် တစ်နာရီနောက်ကျနေခြင်း ဖြစ်တတ်သည်။

  • ဆက်တင်သို့ သွားပြီး ရက်စွဲ နှင့် အချိန်ကို ရှာဖွေ၍ နှိပ်ကာ အော်တို သတ်မှတ်ရန်ကို ပိတ်၍ အချိန်ကို ဒေသ စံတော်ချိန်နှင့် ကိုက်ညီအောင် ကိုယ်တိုင်ချိန်ညှိခြင်းဖြင့် အချိန်ကို ကိုယ်တိုင်သတ်မှတ်နိုင်သည်။
  • ကျွန်ုပ်တို့အနေဖြင့် စံတော်ချိန် သတ်မှတ်ချိန်ညှိမှုများကို တတ်နိုင်သမျှ အမြန်ဆုံး အပ်ဒိတ်ပြုလုပ်ပေးပါမည်။ တုံ့ပြန်ညွှန်ကြားသည့်အခါတွင် သင့်စနစ်သတ်မှတ်ချက်များကို အပ်ဒိတ်လုပ်ပေးပါ။

ပြဿနာဆက်ရှိနေပါက

ပြဿနာ ဆက်ရှိနေပါက သို့မဟုတ် အခက်အခဲတစ်ခုခုနှင့် တွေ့ကြုံပါက အကူအညီရယူရန် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းသို့ ဆက်သွယ်ပါ။ သင့်လိုအပ်ချက်များကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး ဖြေရှင်းပေးပါမည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်