မျက်နှာပြင် အလင်းတောက်ပမှု အလိုအလျောက် ပြောင်းလဲခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
မျက်နှာပြင် အလင်းတောက်ပမှု အလိုအလျောက် ပြောင်းလဲခြင်း

သုံးစွဲသူက အက်ပ်ကို ဖွင့်စဉ်၊ အသုံးပြုစဉ် သို့မဟုတ် ပိတ်စဉ် မျက်နှာပြင် အလင်းတောက်ပမှု ပြောင်းလဲသည်

  1. သင်သည် အလင်းတောက်ပမှု ဆက်တင် မျက်နှာပြင်ရှိ အော်တို ကို ဖွင့်ထားနိုင်ပြီး ဖုန်းထိပ်ရှိ အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာက ရှာဖွေ တွေ့ရှိသော ပတ်ဝန်းကျင် အလင်း အခြေအနေများပေါ် မူတည်၍ မျက်နှာပြင် အလင်းတောက်ပမှုသည် အလိုအလျောက် ပြောင်းလဲမည် ဖြစ်သည်။ (အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာကို အုပ်ထားလျှင် မျက်နှာပြင် အလင်းတောက်ပမှုသည် လျော့နည်းသွားမည်။) သင်သည် မျက်နှာပြင် ‌အလင်းတောက်ပမှုကို တူညီစေချင်လျှင် ဆက်တင် ကို ဖွင့်ပါ၊ ပြသမှုနှင့် လင်းထင်းမှု/အလင်းတောက်ပမှု ကို ရှာပြီး နှိပ်ပါ၊ အော်တို ကို ပိတ်ပါ၊ ထို့နောက် မျက်နှာပြင် အလင်းတောက်ပမှုကို အလိုရှိသော အဆင့်သို့ ကိုယ်တိုင် ချိန်ညှိပါ။

  2. သင် အက်ပ်တစ်ခုကို ဖွင့်ချိန် သို့မဟုတ် ၎င်းမှ ထွက်ချိန်တွင် မျက်နှာပြင် အလင်းတောက်ပမှု အလိုအလျောက် တိုးလာလျှင် သို့မဟုတ် လျော့သွားလျှင် ဖြစ်နိုင်သော အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    1. မျက်နှာပြင် အလင်းတောက်ပမှုကို အက်ပ်က ချိန်ညှိလိုက်သည်။ ဤသို့ဖြစ်ရခြင်းမှာ စနစ် အလင်းတောက်ပမှု ချိန်ညှိခြင်း ခွင့်ပြုချက်သည် ဗီဒီယို၊ စာဖတ်ကိရိယာနှင့် ငွေချေအက်ပ်များကဲ့သို့ ပြင်ပအဖွဲ့အစည်း အက်ပ်များအတွက် ပေးထားသောကြောင့် ဖြစ်သည်။ ဥပမာ Alipay တွင် QR ကုဒ်ကို စကန်ဖတ်ချိန်တွင် မျက်နှာပြင် အလင်းတောက်ပမှုသည် ချက်ချင်း တိုးလာသည်။ ၎င်းသည် ပုံမှန် အဖြစ်အပျက် ဖြစ်သည်။
    2. ပါဝါ ချွေတာရန်နှင့် အကောင်းဆုံး သုံးစွဲသူ အတွေ့အကြုံ ရရှိရန် စနစ်သည် အချို့အခြေအနေများတွင် မျက်နှာပြင် အလင်းတောက်ပမှုကို အလိုအလျောက် ပြောင်းလဲသည်။ ဥပမာ WeChat၊ ဘရောက်ဇာ၊ အဆက်အသွယ်နှင့် မက်ဆေ့ချ်ကဲ့သို့ အက်ပ်များကို အသုံးပြုစဉ် အလိုအလျောက် အလင်းတောက်ပမှု ချိန်ညှိခြင်းကို ပိတ်ထားသည့်တိုင်အောင် မျက်နှာပြင် အလင်းတောက်ပမှုသည် အလိုအလျောက် ပြောင်းလဲသည်။ ယင်းသည် သင့်ဖုန်း၏ ဒီဇိုင်းဆွဲထားသော လုပ်ဆောင်ချက် ဖြစ်ပါသည်။
  3. သင် အက်ပ် အသုံးပြုနေစဉ် သင့်ဖုန်းသည် ပူလာပြီး မျက်နှာပြင် အလင်းတောက်ပမှု အလိုအလျောက် လျော့လာခြင်းမှာ (CPU၊ ဘက်ထရီ၊ အင်တာနာနှင့် အခြား အစိတ်အပိုင်းများ၏) အပူလွန်ကဲခြင်းကို ကာကွယ်ရန် မျက်နှာပြင် အလင်းတောက်ပမှုကို လျှော့ချလိုက်သောကြောင့် ဖြစ်သည်။ ဖုန်းအေးသွားပြီးနောက် မျက်နှာပြင် အလင်းတောက်ပမှုသည် ပုံမှန် ပြန်ဖြစ်ပါမည်။ ယင်းသည် သင့်ဖုန်း၏ ဒီဇိုင်းဆွဲထားသော လုပ်ဆောင်ချက် ဖြစ်ပါသည်။

အော်တို ကို ဖွင့်ထားစဉ် မျက်နှာပြင် အလင်းတောက်ပမှု လျော့လာခြင်း

ပြဿနာအဖြေရှာရန် အောက်ပါတို့ကို ဆောင်ရွက်ပါ-

  1. ဖုန်းရှိ အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာကို အလွှာပါး သို့မဟုတ် ပြင်ပ အရာဝတ္ထုများက ဖုံးအုပ်မှု ရှိ၊ မရှိ စစ်ဆေးပါ။
  2. သင်သည် မှောင်သော ပတ်ဝန်းကျင်တွင် ရှိနေလျှင် အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာသည် အလင်းနည်းကြောင်း ရှာဖွေ တွေ့ရှိပြီး မျက်နှာပြင် အလင်းတောက်ပမှုသည် နည်းလာပါမည်။ ဤသို့ဖြစ်လျှင် မျက်နှာပြင် အလင်းတောက်ပမှုကို ကိုယ်တိုင် သတ်မှတ်ရန် အကြံပြုပါသည်။
  3. အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာကို စစ်ဆေးပါ။ အောက်ပါတို့အနက် တစ်ခုခု ဖြစ်ပွားပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပြီး အကူအညီ ရယူပါ။
  • အော်တို ခလုတ်ကို ပိတ်ထားချိန်တွင် မျက်နှာပြင် အလင်းတောက်ပမှုသည် အလိုအလျောက် ပြောင်းလဲပါသေးသည်။
  • အော်တို ခလုတ်ကို ဖွင့်ထားချိန်တွင် မျက်နှာပြင် အလင်းတောက်ပမှုသည် (ဖလက်ရှ်မီးကဲ့သို့) ပုံသေ အလင်း အရင်းအမြစ်အောက်တွင် လင်းလိုက် မှိန်လိုက် ပြောင်းတတ်သည်။

အော်တို ကို ပိတ်ထားချိန်တွင် အလင်းရောင် တောက်ပသော အခြေအနေများ၌ မျက်နှာမျက်နှာပြင် အလင်းတောက်ပမှု အလိုအလျောက် ပြောင်းလဲသည်

  • အနီးဝန်းကျင် အလင်းသည် ပမာဏတစ်ခုသို့ ရောက်သွားကြောင်း အာရုံခံစနစ်က ရှာဖွေ တွေ့ရှိလျှင် သင်၏ ကြည့်ရှုမှု အတွေ့အကြုံ ပိုမိုကောင်းမွန်စေရန် သင့်ဖုန်းသည် ၎င်း၏ မျက်နှာပြင် အလင်းတောက်ပမှုကို အလိုအလျောက် မြှင့်ပါမည်။ ယင်းသည် ပုံမှန်ဖြစ်သည့်အတွက် မစိုးရိမ်ပါနှင့်။
  • သင့် အမြင်အာရုံကို ကာကွယ်ရန် (တိုက်ရိုက်ကျသော နေရောင်ထဲကဲ့သို့) အနီးဝန်းကျင် အလင်းအားကောင်းချိန်တွင် အချိန်ကြာမြင့်စွာ သင့်ဖုန်းကို စိုက်ကြည့်ခြင်းအား ရှောင်ပါ။

အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာကို ပိတ်ဆို့ထားစဉ် မျက်နှာပြင် အလင်းတောက်ပမှုကို အနည်းဆုံး ပမာဏသို့ မလျှော့ခြင်း

အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာကို ပိတ်ဆို့ထားစဉ် မျက်နှာပြင် အလင်းတောက်ပမှုကို အနည်းဆုံး ပမာဏသို့ မလျှော့စေရန် မျက်နှာပြင် အလင်းတောက်ပမှု ချိန်ညှိခြင်း စနစ်ကို အကောင်းဆုံး ချိန်ညှိထားသည်။ အနီးဝန်းကျင် အလင်း အာရုံခံ ကိရိယာကို မှားယွင်းစွာ ပိတ်ဆို့မိချိန်တွင် မျက်နှာပြင် အလင်းတောက်ပမှု လျော့ကျခြင်းမှ ၎င်းက ကူညီကာကွယ်ပေးသည်။ အလင်းတောက်ပမှုကို အနိမ့်ဆုံး ပမာဏသို့ ချိန်ညှိရန် အသိပေးချက် မျက်နှာပြင်ရှိ အလင်းတောက်ပမှု ချိန်ညှိရန် ဆလိုက်ဒါကို ဘယ်ဘက်အစွန်ဆုံး တည်နေရာသို့ ဆွဲပါ။

ခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ဖုန်းကို သုံးစွဲသူ၏ နားမှ ဝေးရာသို့ ရွှေ့ပြီးနောက် မျက်နှာပြင် နိုးရန် အချိန်အနည်းငယ် ကြာသည်

အနီးဝန်းကျင် အာရုံခံ စနစ်က သင့်ဖုန်းသည် သင့်နားနှင့် ဝေးနေသည်ဟု မှားယွင်းစွာ ရှာဖွေ တွေ့ရှိချိန်တွင် ဖုန်းခေါ်ဆိုမှုအတွင်း မျက်နှာပြင်ကို ဖွင့်ခြင်းမှ ကာကွယ်ရန် အဆိုပါ ကိစ္စတွင် သင့်ဖုန်းမျက်နှာပြင် နိုးရန် အချိန်အနည်းငယ် ကြာအောင် စနစ်ကို ထည့်ထားသည်။

မျက်လုံးသက်သာစေမှု ကို ဖွင့်ထားစဉ် မျက်နှာပြင်သည် အဖြူရောင်နှင့် အဝါရောင် နောက်ခံ အရောင်များအကြား ကူးပြောင်းမည်ဖြစ်ပြီး ၎င်းသည် မျက်နှာပြင် အလင်းတောက်ပမှုနှင့် ဆင်တူသည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်