ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် မိုဘိုင်းဒေတာ သုံးစွဲမှု ပုံမှန်မဟုတ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်တွင် မိုဘိုင်းဒေတာ သုံးစွဲမှု ပုံမှန်မဟုတ်ခြင်း

စက်ကို Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ထားချိန်တွင်ပင် မိုဘိုင်းဒေတာကို သုံးစွဲသည်

၎င်းသည် သင်က Wi-Fi+ သို့မဟုတ် ကွန်ရက် အရှိန်မြှင့်တင်ရေးကို ဖွင့်ထားသောကြောင့် သို့မဟုတ် အထူး အက်ပ်များ (WeChat နှင့် QQ ကဲ့သို့) ကို သုံးနေသောကြောင့် ဖြစ်နိုင်သည်။ နောက်ထပ် အသေးစိတ်အချက်များအတွက် ကျွန်ုပ်၏ ဖုန်းသည် Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ထားချိန်တွင် မိုဘိုင်းဒေတာ ဆက်လက် သုံးစွဲနေသည်ကို ကိုးကားပါ။

အရန် SIM ကတ်က ဒေတာသုံးစွဲနေသည်

အရန် SIM ကတ်ကို 4G ကွန်ရက်နှင့် ချိတ်ဆက်မှုစတင်လိုက်သည်နှင့် ကွန်ရက်သည် ကတ်သို့ အထူးဒေတာပက်ကတ်များကို ပေးပို့မည်ဖြစ်သောကြောင့် မိုဘိုင်းဒေတာကို ပိတ်ထားချိန်တွင်ပင် သို့မဟုတ် ကတ်က MMS မက်ဆေ့ချ်များကို လက်ခံရရှိသောအခါ ၎င်းသည် ဒေတာပမာဏ အနည်းငယ်ကို သုံးစွဲပါမည်။

ဤပြဿနာကို ဖြေရှင်းရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-

  1. ဆက်တင် > SIM နှစ်ကတ်သုံး ဆက်တင်/SIM စီမံခန့်ခွဲမှုသို့ သွားပြီး ဖုန်းပြောနေစဉ် အင်တာနက် ဝင်ရောက်သုံးစွဲမှု/ခေါ်ဆိုမှုများအတွင်း ဒေတာချိတ်ဆက်မှုသို့ ပြောင်းရန်/စမတ် ဒေတာ ပြောင်းလဲမှုကို ပိတ်ရန် အကြံပြုပါသည်။
  2. MMS မက်ဆေ့ခ်ျများကို လက်ခံရရှိချိန်တွင် အရန် SIM ကတ်အား ဒေတာမသုံးစွဲစေလိုပါက အောက်ပါတို့ကို လုပ်ဆောင်ပါ-
    1. မက်ဆေ့ခ်ျအတွက် ကွန်ရက် ဝင်ရောက် သုံးစွဲခွင့် ခွင့်ပြုချက်ကို ပိတ်ပါ။ ထိုသို့လုပ်ရန် တက်ဘလက်မန်နေဂျာ/အကောင်းဆုံး မြှင့်တင်ရေး > မိုဘိုင်းဒေတာ > ကွန်ရက်ချိတ်ဆက် အက်ပ်များ > စနစ် အပလီကေးရှင်းများသို့ သွား၍ မက်ဆေ့ခ်ျကို ရှာဖွေပြီး နှိပ်ကာ မိုဘိုင်းဒေတာကို ပိတ်ပါ။

      မက်ဆေ့ခ်ျအတွက် ကွန်ရက် ဝင်ရောက် သုံးစွဲခွင့် ခွင့်ပြုချက်ကို အချို့စက်များတွင် ပိတ်၍ မရနိုင်ပါ။ အမှန်တကယ် အသုံးပြုသည့် ကြားခံမျက်နှာပြင်များသည် ကွဲပြားမှုရှိနိုင်သည်။

    2. MMS ဝန်ဆောင်မှုကို ပယ်ဖျက်ရန် သင့်ဆက်သွယ်ရေး ကယ်ရီယာထံ ဆက်သွယ်နိုင်သည်။
  3. အရန် SIM ကတ်အတွက် ကွန်ရက် ဝင်ရောက် သုံးစွဲခွင့်ကို ပိတ်ပင်ရန်လည်း သင်၏ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်နိုင်သည်။

မိုဘိုင်းဒေတာ သုံးစွဲမှုအကြောင်း နောက်ထပ် အချက်အလက်များကို သိရှိရန် သင့်စက်၏ ဒေတာကို သုံးစွဲသည့် ဝက်ဘ်ဆိုက်များ သို့မဟုတ် IP လိပ်စာများ ပါဝင်မည့် အသေးစိတ် မိုဘိုင်းဒေတာ သုံးစွဲမှု မှတ်တမ်းအတွက် သင့်ဆက်သွယ်ရေး ကယ်ရီယာထံ ဆက်သွယ်ပါ။

အီးမေးလ် အက်ပ် အော်တိုချိန်ကိုက်ခြင်းက ဒေတာကို သုံးစွဲနေသည်

  1. အီးမေးလ် အက်ပ်တွင် အော်တိုချိန်ကိုက်ခြင်းကို ဖွင့်ပြီးနောက်တွင် မိုဘိုင်းဒေတာသုံး၍ အီးမေးလ်များထဲရှိ ဓာတ်ပုံများ သို့မဟုတ် ဗီဒီယိုများကို အော်တိုဖွင့်ပါမည်။ သင်သည် အချိန်ဇယား ချိန်ကိုက်မှုနှင့် တစ်ချိန်တည်း ဖွင့်သည့် အီးမေးလ် အရေအတွက်ကို လိုအပ်သလို ချိန်ညှိနိုင်သည်။
    • အချိန်ဇယား ချိန်ကိုက်မှုကို 15 မိနစ်ဟု သတ်မှတ်ရန် အီးမေးလ်ကို ဖွင့်၍ အပေါ်လက်ဝဲဘက်ထောင့်ရှိ အိုင်ကွန်ကို နှိပ်ပြီးနောက် ဆက်တင်များကို နှိပ်ကာ အော်တိုချိန်ကိုက်ခြင်းအတွက် အကောင့်ကို ရွေးချယ်ပါ။
    • တစ်ချိန်တည်း ဖွင့်သည့် အီးမေးလ် အရေအတွက်ကို အီးမေးလ် 25 ခုဟု သတ်မှတ်ရန် အီးမေးလ်ကို ဖွင့်၍ အပေါ်လက်ဝဲဘက်ထောင့်ရှိ အိုင်ကွန်ကို နှိပ်ပြီး ဆက်တင်များ > တစ်ချိန်တည်း ဖွင့်သည့် အီးမေးလ် အရေအတွက်သို့ သွားပါ။
  2. အီးမေးလ် ပူးတွဲပါဖိုင်ကို အော်တို ဒေါင်းလုဒ်လုပ်ရန်နှင့် Wi-Fi+ လုပ်ဆောင်ချက်များကို ဖွင့်လိုက်ပါက ကွန်ရက်အခြေအနေ မကောင်းသည့်အခါ မိုဘိုင်းဒေတာကို ဖွင့်ပါမည်။ မိုဘိုင်းဒေတာသုံး၍ ပူးတွဲပါဖိုင်များကို ဒေါင်းလုဒ်လုပ်မည်ဖြစ်၍ မိုဘိုင်းဒေတာ သုံးစွဲမှု တိုးလာပါမည်။ ပူးတွဲပါဖိုင်များကို ဒေါင်းလုဒ်လုပ်မည်နှင့် Wi-Fi+ ကို ပိတ်နိုင်သည်။
    • ပူးတွဲပါဖိုင်များကို ဒေါင်းလုဒ်လုပ်မည်ကို ပိတ်ရန် အီးမေးလ်ကို ဖွင့်၍ အပေါ်လက်ဝဲဘက်ထောင့်ရှိ အိုင်ကွန်ကို နှိပ်ကာ ဆက်တင်များကို နှိပ်ပြီးနောက် တစ်ချိန်တည်း ဖွင့်သည့် အီးမေးလ် အရေအတွက်ကို နှိပ်ပါ။
    • Wi-Fi+ ကို ပိတ်ရန် သင့်ဖုန်း/တက်ဘလက်တွင် ဆက်တင်များ > Wi-Fi > နောက်ထပ် Wi-Fi ဆက်တင်များ > Wi-Fi+ သို့ သွားပါ။

လုပ်ဆောင်ချက်စနစ်က ဒေတာကို သုံးစွဲနေသည်

အက်ပ်ဒေတာဘေ့စ် အပ်ဒိတ်များသည် မိုဘိုင်းဒေတာကို သုံးစွဲပါမည်။ ဤပြဿနာကို ဖြေရှင်းရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-

  1. တက်ဘလက်မန်နေဂျာ/အကောင်းဆုံး မြှင့်တင်ရေးတွင် ဖုန်းနံပါတ် ဒေတာဘေ့စ်အား အပ်ဒိတ်လုပ်ရန်ကို Wi-Fi သီးသန့်ဟု သတ်မှတ်ပါ။
    • EMUI 9.x သို့မဟုတ် နောက်ပိုင်းဗားရှင်း- တက်ဘလက်မန်နေဂျာ/အကောင်းဆုံး မြှင့်တင်ရေး > တားမြစ်မှုသို့ သွားပါ၊ အပေါ်လက်ယာဘက်ထောင့်ရှိ ကို နှိပ်ပြီး ဖုန်းနံပါတ် ဒေတာဘေ့စ်အား အပ်ဒိတ်လုပ်ရန်ကို Wi-Fi သီးသန့်ဟု သတ်မှတ်ပါ။
  2. တက်ဘလက်မန်နေဂျာ/အကောင်းဆုံး မြှင့်တင်ရေးကို ဖွင့်ပြီး အပေါ်လက်ယာဘက်ထောင့်ရှိ ကို နှိပ်ကာ Antivirusဆော့ဖ်ဝဲ အပ်ဒိတ်/အွန်လိုင်း ဗိုင်းရပ်စ် စကန် > Wi-Fi မှတစ်ဆင့်သာသို့ သွားပါ။
  3. သင် မကြာခဏ အသုံးပြုလေ့မရှိသည့် အက်ပ်များအတွက် ကွန်ရက် ဝင်ရောက် သုံးစွဲခွင့် ခွင့်ပြုချက်ကို ပိတ်ပါ။

    ဆက်တင်ကို ဖွင့်ပါ၊ အက်ပ်များကို ရှာဖွေပြီး ဝင်ရောက် သုံးစွဲသည်ပါ၊ မကြာခဏ အသုံးပြုလေ့မရှိသည့် အက်ပ်ကို နှိပ်ပါ၊ ဒေတာ သုံးစွဲမှု > မိုဘိုင်း ဒေတာ/ကွန်ရက် ဝင်ရောက် သုံးစွဲခွင့်သို့ သွားပြီး မိုဘိုင်းဒေတာကို ပိတ်ပါ။

    အက်ပ်တစ်ခုကို ကွန်ရက် ဝင်ရောက် သုံးစွဲခွင့်မှ ငြင်းပယ်ပြီးနောက် တက်ဘလက်မန်နေဂျာ/အကောင်းဆုံး မြှင့်တင်ရေးတွင် ၎င်းက ဒေတာ ပမာဏ အနည်းငယ်ကို သုံးစွဲနေကြောင်း ပြသနေသေးလျှင် ယင်းသည် အချို့သော မူလဝန်ဆောင်မှုများကို အက်ပ်၏ ကွန်ရက် ချိတ်ဆက်မှု အခြေအနေက ထိန်းချုပ်မထားသဖြင့် မိုဘိုင်းဒေတာနှင့် နောက်ခံဒေတာကို ပိတ်ထားပြီး‌နောက်တွင်ပင် ၎င်းတို့က မိုဘိုင်းဒေတာကို ဆက်လက်အသုံးပြုသောကြောင့် ဖြစ်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်