USB ကြိုးချိတ်ဆက်ခေါင်းသည် ကျွန်ုပ်ဖုန်း၏ အားသွင်းပေါက်နှင့် အံမကိုက်ပါက ဘာလုပ်ရမလဲ

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
USB ကြိုးချိတ်ဆက်ခေါင်းသည် ကျွန်ုပ်ဖုန်း၏ အားသွင်းပေါက်နှင့် အံမကိုက်ပါက ဘာလုပ်ရမလဲ

ပြဿနာ-

မိုက်ခရို USB သို့မဟုတ် USB Type-C ဒေတာကြိုး၏ ချိတ်ဆက်ခေါင်းသည် ဖုန်း၏ အားသွင်းပေါက်နှင့် အံမကိုက်ပါ။

အ‌ကြောင်းရင်း-

  1. မိုက်ခရို USB ၏ ဖြတ်ပိုင်းပုံသည် နှစ်နားပြိုင်စတုဂံပုံဖြစ်သည်။ ချိတ်ဆက်ခေါင်းကို အထက်အောက် ပြောင်းပြန်ထည့်သွင်းပါက ဤပြဿနာ ဖြစ်ပွားပါမည်။
  2. မိုက်ခရို USB ချိတ်ဆက်ခေါင်း၏ ဖြတ်ပိုင်းပုံသည် USB Type-C ချိတ်ဆက်ခေါင်း၏ ဖြတ်ပိုင်းပုံနှင့် မတူပါ။ မတူညီသော USB ကြိုးအမျိုးအစားကို အသုံးပြုပါက ဤပြဿနာဖြစ်ပွားပါမည်။
  3. အားသွင်းပေါက်ထဲတွင် ပြင်ပအရာဝတ္ထုများရှိနေလျှင် USB ချိတ်ဆက်ခေါင်းကို အဆုံးအထိ ထည့်သွင်းမရအောင် တားဆီးပါလိမ့်မည်။

ဖြေရှင်းနည်း-

  1. သင့်ဖုန်း၏ အားသွင်းပေါက် အမျိုးအစားသည် မိုက်ခရို USB သို့မဟုတ် USB Type-C ဟုတ်မဟုတ် စစ်ဆေးပြီး သင့်ဖုန်းအတွက် မှန်ကန်သော USB ကြိုးအမျိုးအစားကို အသုံးပြုထားကြောင်း သေချာပါစေ။
    • မိုက်ခရို USB ကြိုး၏ ချိတ်ဆက်ခေါင်းကို ထည့်သွင်းသည့်အခါ မှန်ကန်သည့်ဘက်ကို မျက်နှာမူထားကြောင်း သေချာပါစေ။

  • USB Type-C ၏ ချိတ်ဆက်ခေါင်းကို ရှေ့ဘက်ကရော နောက်ဘက်ကပါ ထည့်သွင်းနိုင်သဖြင့် ၎င်းကို အပေါက်ထဲထည့်သည့်အခါ အရှေ့အနောက် ခွဲခြားကြည့်ရန်မလိုအပ်ပါ။

  1. အားသွင်းပေါက်ကို ပြင်ပ အရာဝတ္ထုများဖြင့် ပိတ်ဆို့နေခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ ပိတ်ဆို့နေပါက နူးညံ့ခြောက်သွေ့သော သွားပွတ်တံတစ်ခုကိုသုံး၍ အပေါက်ကို သန့်ရှင်းပြီး USB ချိတ်ဆက်ခေါင်းကို ထပ်မံ ထည့်သွင်းကြည့်ပါ။
  2. ပြဿနာ ဆက်ရှိနေသေးပါက သင့်ဖုန်းနှင့်အတူ ဒေတာကြိုးနှင့် ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာ သို့ ယူသွား၍ အကူအညီရယူပါ။

ဒေတာကြိုးကို တပ်ရာတွင် သို့မဟုတ် ဖြုတ်ရာတွင် အားအလွန်အကျွံမသုံးပါနှင့်၊ သုံးပါက အပေါက်ပျက်စီးနိုင်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်