အားသွင်းကြိုး သို့မဟုတ် ကြိုးနားကြပ်ကို သေချာစွာ ချိတ်ဆက်မထားပါ
အားသွင်းကြိုး သို့မဟုတ် ကြိုးနားကြပ်ကို သေချာစွာ ချိတ်ဆက်မထားပါ |
ပြဿနာ-
အားသွင်းကြိုး သို့မဟုတ် နားကြပ်ကြိုးနှင့် စက်အကြား ချိတ်ဆက်မှုသည် ချောင်နေသည်။
အကြောင်းရင်း-
အားသွင်းကြိုး သို့မဟုတ် နားကြပ်ကြိုးကို ချောမွေ့စွာ ဖြုတ်နိုင်၊ တပ်နိုင်စေရန် အားသွင်းကြိုးနှင့် အားသွင်းပေါက်အကြား၊ နားကြပ်နှင့် နားကြပ်ပေါက်အကြား အနည်းငယ် ဟထားပါသည်။ ထို့ကြောင့် အားသွင်းကြိုး သို့မဟုတ် နားကြပ်ကြိုး အနည်းငယ် ချောင်နေခြင်းသည် ပုံမှန်ဖြစ်စဉ် ဖြစ်သည်။ ၎င်းသည် ချိတ်ဆက်မှု လွတ်ခြင်းကို မဖြစ်စေပါ။ ဈေးကွက်ထဲသို့ မရောက်ရှိမီ Huawei ဖုန်းများသည် ပုံပန်းသဏ္ဌာန် စစ်ဆေးမှုကို သေချာခံယူထားပြီးဖြစ်ကာ လုပ်ငန်းနယ်ပယ်၏ အရည်အသွေး ထိန်းချုပ်မှု စံချိန်စံညွှန်းများကို လိုက်နာပါသည်။
ဖြေရှင်းနည်းများ-
ကြိုးကို ညင်သာစွာ ရွှေ့လိုက်စဉ် ချိတ်ဆက်မှုပြတ်တောက်၍ ပုံမှန် အသုံးပြုမှုကို ထိခိုက်သွားလျှင် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီရယူပါ။
ပိုမိုလေ့လာရန်-
ကျွန်ုပ်၏ Huawei ဖုန်း/တက်ဘလက်က ကျွန်ုပ်၏ ဘလူးတုသ်နားကြပ်များ သို့မဟုတ် စပီကာကို ရှာမတွေ့ပါ
ကြိုးနားကြပ်ကို တပ်ပြီးနောက် စပီကာမှ အသံလာနေဆဲဖြစ်ပြီး အခြေအနေပြဘားတွင် နားကြပ် အိုင်ကွန် ပေါ်မလာပါ