ဖုန်းသည် ရံဖန်ရံခါ Wi-Fi ကွန်ရက်မှ ချိတ်ဆက်မှု ပြုတ်သွားလိုက် ပြန်ချိတ်ဆက်လိုက်ဖြစ်နေသည်

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ဖုန်းသည် ရံဖန်ရံခါ Wi-Fi ကွန်ရက်မှ ချိတ်ဆက်မှု ပြုတ်သွားလိုက် ပြန်ချိတ်ဆက်လိုက်ဖြစ်နေသည်

ပြဿနာကို ဖြေရှင်းရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-

Wi-Fi လိုင်းဆွဲအား ကောင်း၊ မကောင်း စစ်ဆေးပါ

သင့်ဖုန်းကို ပြန်လည်စတင်ပါ၊ အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ ပွတ်ဆွဲပါ၊ ဆက်တင် မျက်နှာပြင်သို့ ဝင်ရောက် သုံးစွဲရန် Wi-Fi အိုင်ကွန်ကို ဖိ၍ နှိပ်ထားပြီး လိုင်းအရည်အသွေးကို စစ်ဆေးပါ။ လိုင်းဆွဲအားမကောင်းပါက သင့်ဖုန်းသည် Wi-Fi ကွန်ရက်မှ ချိတ်ဆက်မှု ပြုတ်သွားလိုက် ပြန်ချိတ်ဆက်လိုက်ဖြစ်နေခြင်းသည် ပုံမှန်ဖြစ်သည်။ ထိုသို့ဖြစ်ပါက လိုင်းကောင်းသော နေရာသို့ ရွှေ့ပါ။

ရောက်တာကို ပြန်လည်စတင်ပါ၊ ပြန်လည်သတ်မှတ်ပါ သို့မဟုတ် အပ်ဒိတ်လုပ်ပါ။

Wi-Fi ကွန်ရက်တစ်ခုတည်းတွင် ချိတ်ဆက်ထားသော အခြားစက်များသည် တူညီသော ပြဿနာကို တွေ့ကြုံရခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ ရှိပါက ရောက်တာသည် ကောင်းစွာ အလုပ်မလုပ်ခြင်း ဖြစ်နိုင်သည်။

ထိုသို့ ဖြစ်ပါက ရောက်တာကို ပြန်လည်စတင်ပါ၊ ပြန်လည်သတ်မှတ်ပါ သို့မဟုတ် အပ်ဒိတ်လုပ်ပါ။ (ရောက်တာကို အပ်ဒိတ်လုပ်ရန် ရောက်တာ စီစဉ်သတ်မှတ်မှု မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲ၍ အွန်လိုင်း သို့မဟုတ် စက်တွင်း အပ်ဒိတ်မှတစ်ဆင့် ၎င်း၏ ဆော့ဖ်ဝဲလ်ကို နောက်ဆုံးထွက် ဗားရှင်းသို့ အပ်ဒိတ်လုပ်ပါ။ ရောက်တာကို စီစဉ်သတ်မှတ်ပုံနှင့် အပ်ဒိတ်လုပ်ပုံအကြောင်း အသေးစိတ်သိရှိရန် သင့်ရောက်တာ ဝန်ဆောင်မှုပေးသူထံ ဆက်သွယ်မေးမြန်းပါ။)

ခေတ္တပိတ်ထားမှု စနစ်တွင် သင့်ဖုန်းကို အမြဲတမ်းချိတ်ဆက်ထားရန် သတ်မှတ်ပါ။

ဖုန်းမျက်နှာပြင် ပိတ်ထားချိန်တွင် Wi-Fi ပိတ်ရန် သင့်ဖုန်းကို သတ်မှတ်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ Wi-Fi ကို အမြဲတမ်း ချိတ်ဆက်ထားကြောင်း သေချာစေရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ-

  • EMUI 8.X သို့မဟုတ် အစောပိုင်းဗားရှင်း- ဆက်တင်များ ကို ဖွင့်ပြီး ခေတ္တပိတ်ထားစဉ် Wi-Fi ဆက်ဖွင့်ထားမှု ကို ရှာ၍ နှိပ်ကာ ၎င်းကို အမြဲတမ်း သို့ သတ်မှတ်ပါ။
  • EMUI 9.X နှင့် Magic UI 2.X သို့မဟုတ် နောက်ပိုင်း- ဆက်တင်များ ကို ဖွင့်၍ စက် ခေတ္တပိတ်သွားချိန်တွင် ဆက်လက် ချိတ်ဆက်ထားရန် ကို ရှာ၍ နှိပ်ကာ ၎င်း၏ ဘေးရှိ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။

ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန်

ဆက်တင်များ ကို ဖွင့်ပါ၊ ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို ရှာ၍ နှိပ်ပြီး ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို နှိပ်ပါ။

၎င်းသည် Wi-Fi၊ မိုဘိုင်းဒေတာနှင့် ဘလူးတုသ် ဆက်တင်များ အပါအဝင် ကွန်ရက် ဆက်တင် အားလုံးကို မူလအတိုင်း ပြန်ထားပါမည်။

ပြဿနာ ဆက်ရှိနေပါက

ပြဿနာဆက်ရှိနေသေးပါက အကူအညီ ရယူရန်အတွက် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

နောက်ထပ် သိကောင်းစရာများ-

ကျွန်ုပ်၏ဖုန်းသည် Wi-Fi ကွန်ရက်ကို ရှာဖွေနိုင်သော်လည်း ၎င်းနှင့် မချိတ်ဆက်နိုင်ပါ

Wi-Fi ကွန်ရက်နှင့် ချိတ်ဆက်ထားချိန်တွင်ပင် ဖုန်းသည် မိုဘိုင်းဒေတာသို့ အလိုအလျောက် ပြောင်းသွားသည်

ကျွန်ုပ်၏ဖုန်းတွင် Wi-Fi လိုင်း မကောင်းဘဲ ဖရိန် ယာယီရပ်သွားသည့် ပြဿနာများရှိနေပြီး ကွန်ရက် မြန်နှုန်းကလည်း နှေးနေသည်

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်