ဖုန်းအပူလွန်ကဲခြင်း၏ အကျိုးသက်ရောက်မှုက ဘာလဲ။ |
အသံတိုးသွားခြင်း
သင့်ဖုန်းစပီကာတွင် ၎င်းကိုယ်၎င်း အပူလွန်ကဲခြင်းမှ ကာကွယ်ရန် အထူးလုပ်ငန်းစဉ်တစ်ခု ပါရှိပြီး ၎င်းက ဖုန်းအလွန်ပူလာသည့်အခါ အသံအတိုးအကျယ်ကို အလိုအလျောက် လျှော့ပေးသည်။ ဖုန်းက လုံလုံလောက်လောက် အေးသွားလျှင် အသံအတိုးအကျယ်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါမည်။
အားသွင်းချိန် ပိုကြာခြင်း
သင့်ဖုန်းကို အပူလွန်ကဲခြင်းမှ ကာကွယ်ရန် အကာအကွယ်တစ်ခုထည့်၍ ဒီဇိုင်းထုတ်ထားပြီး ၎င်းက အားသွင်းလျှပ်စီးကို ကန့်သတ်ပေးသည်။ ယင်းက ဖုန်းကို သက်သောင့်သက်သာ ထိတွေ့စေနိုင်သော်လည်း ဖုန်းအားသွင်းရန် လိုအပ်သော အချိန်ပမာဏကို ပိုကြာစေပါသည်။ ဖုန်းက လုံလုံလောက်လောက် အေးသွားလျှင် အားသွင်းလျှပ်စီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါမည်။
မျက်နှာပြင် တောက်ပမှု လျော့ကျသွားခြင်း
အပူလွန်ခြင်းကို တန်ပြန်တုံ့ပြန်ရန် သင့်ဖုန်း၏ အထူး လုပ်ဆောင်ချက်သည် မျက်နှာပြင် အလင်းတောက်ပမှုကို အလိုအလျောက် လျှော့ပြီး ပါဝါ သုံးစွဲမှုကို လျှော့ချသည်။ ဖုန်းက လုံလုံလောက်လောက် အေးသွားပြီးနောက် မျက်နှာပြင် တောက်ပမှုသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါမည်။
ဂိမ်းများကစားစဉ် ဖရိန် နှုန်းများကို ကန့်သတ်ထားခြင်း
သင့်ဖုန်းကို အပူလွန်ကဲခြင်းမှ တားဆီးရန် သင့်ဖုန်း အပူချိန်မြင့်သည့်အခါ ဂိမ်း ဖရိန် နှုန်းကို ကန့်သတ်ထားပါမည်။ သင့်ဖုန်းအပူချိန် ကျသွားသောအခါ ဂိမ်း ဖရိန် နှုန်းသည် ပုံမှန်အတိုင်း ပြန်ဖြစ်ပါမည်။ သင့်ဖုန်းကို အားသွင်းနေစဉ် ဂိမ်းကစားခြင်းမှ ရှောင်ပါ။ ဂိမ်းကစားသည့်အခါ သုံးစွဲသူ အတွေ့အကြုံ ပိုမိုတိုးတက်ကောင်းမွန်စေရန် ရုပ်ပုံ အရည်အသွေး၊ ဖရိန် နှုန်းနှင့် ပုံရိပ်ကြည်လင်ပြတ်သားမှုတို့ကို လျှော့ချရန် အကြံပြုထားသည်။
အက်ပ်မှ ထွက်သွားခြင်း
သင့်ဖုန်းတွင် စမတ်အပူချိန်ထိန်းချုပ်မှု လုပ်ဆောင်ချက် ပါရှိသည်။ ဖုန်းအပူချိန် အလွန်မြင့်ခြင်းကဲ့သို့ အချို့လွန်ကဲသော ဖြစ်စဉ်များတွင် အသုံးပြုဆဲ အက်ပ်များမှ မဖြစ်မနေထွက်ရန် အပူချိန်မြင့်မားမှု ကာကွယ်ရေး ကိရိယာကို ဖွင့်မည်ဖြစ်ပြီး အပူချိန်မြင့်နေကြောင်း မက်ဆေ့ချ်ကို ပြသပါမည်။ အပူချိန်သည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါက ဖုန်းကို ဆက်လက်အသုံးပြုနိုင်ပါသည်။