အရန် SIM ကတ်တွင် SMS နှင့် MMS မက်ဆေ့ချ်များကို လက်ခံသောအခါ ပင်မ SIM ကတ်၏ ကွန်ရက် ထိခိုက်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
အရန် SIM ကတ်တွင် SMS နှင့် MMS မက်ဆေ့ချ်များကို လက်ခံသောအခါ ပင်မ SIM ကတ်၏ ကွန်ရက် ထိခိုက်ခြင်း

ပြဿနာ-

အရန် SIM ကတ်က SMS မက်ဆေ့ချ်များကို လက်ခံနေသည့်အခါ သို့မဟုတ် MMS မက်ဆေ့ချ်များကို ဒေါင်းလုဒ်လုပ်နေသည့်အခါ အဓိက SIM ကတ်၏ မိုဘိုင်းဒေတာ ဝန်ဆောင်မှုသည် ယာယီ နှောင့်ယှက်ခံလိုက်ရပြီး 4G သို့မဟုတ် 5G သည် လိုင်းဘားတုံးများ၏ ဘေးတွင် ပြသထားသည့် ကွန်ရက် အိုင်ကွန်က ညွှန်ပြသည့်အတိုင်း 3G သို့မဟုတ် 2G သို့ နိမ့်သွားနိုင်သည်။ အရန် SIM ကတ်က SMS မက်ဆေ့ချ်ကို လက်ခံပြီးသွားလျှင် သို့မဟုတ် MMS မက်ဆေ့ချ်ကို ဒေါင်းလုဒ်လုပ်ပြီးသွားလျှင် အဓိက SIM ကတ်၏ 4G သို့မဟုတ် 5G ကွန်ရက်က ပုံမှန်ပြန်ဖြစ်သွားသည်။

အ‌ကြောင်းရင်း-

သင့်ဖုန်းသည် နှစ်ကတ်ထည့် နှစ်ကတ်အရန်သင့် တစ်လိုင်းသုံးကို ပံ့ပိုးပေးသည်။ ၎င်းက ဖုန်းတွင် တစ်ကြိမ်လျှင် SIM တစ်ကတ်သာ အလုပ်လုပ်နိုင်ကြောင်း ညွှန်ပြပြီး အဓိက SIM ကတ်၏ ကွန်ရက် နှောင့်ယှက်ခံရစဉ် သင့်ဖုန်းတွင် အရန် SIM ကတ်ဖြင့် လက်ခံနေသည့်၊ ဒေါင်းလုဒ်လုပ်နေသည့် SMS နှင့် MMS မက်ဆေ့ချ်များကို ဦးစားပေးလိုက်ခြင်း ဖြစ်သည်။

ဖြေရှင်းနည်း-

  1. မက်ဆေ့ခ်ျ ကို ဖွင့်ပါ၊ ကို နှိပ်ပြီး နောက်ထပ် > ဆက်တင်များ > အဆင့်မြင့် သို့မဟုတ် ဆက်တင်များ > အဆင့်မြင့် သို့ သွားကာ MMS အော်တို ရယူမှု ကို ပိတ် သို့ သတ်မှတ်ပါ။

    ပိတ် ကို ရွေးချယ်ထားလျှင် သင်သည် အင်တာနက် ဝင်ရောက် သုံးစွဲရန် အဓိက SIM ကတ်ကို သုံးမနေသည့်အခါ အရန် SIM ကတ်တွင် လက်ခံထားသည့် MMS မက်ဆေ့ချ်များကို ကိုယ်တိုင် ဒေါင်းလုဒ်လုပ်နိုင်သည်။

  2. သင့်ဖုန်းက VoLTE လိုင်းနှစ်ခု နှစ်လိုင်းသုံးကို ပံ့ပိုးပေးလျှင် SIM နှစ်ကတ်လုံးအတွက် VoLTE လုပ်ဆောင်ချက်ကို ဖွင့်ရန် အကြံပြုထားပါသည်။ ပြီးနောက် SIM နှစ်ကတ်လုံးသည် VoLTE လိုင်းမိသည့်နေရာတွင်နှင့် အခြေအနေပြဘားတွင် အိုင်ကွန်ကို ပြသသည့်အခါတွင် တစ်ပြိုင်နက် အလုပ်လုပ်နိုင်သည်။

    သင့်ဖုန်းက VoLTE လိုင်းနှစ်ခု နှစ်လိုင်းသုံးကို ပံ့ပိုးပေး၊ မပေး စစ်ဆေးရန် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းကို ဆက်သွယ်နိုင်သည်။

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်