ကျွန်ုပ်၏ ကိုယ်ပိုင် ဟော့စပေါ့ အလုပ်မလုပ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ကျွန်ုပ်၏ ကိုယ်ပိုင် ဟော့စပေါ့ အလုပ်မလုပ်ခြင်း

အောက်ပါအခြေအနေများအပေါ် မူတည်၍ ပြဿနာကို ဖြေရှင်းပါ-

ကျွန်ုပ်၏ ကိုယ်ပိုင် ဟော့စပေါ့ကို ဖွင့်ပြီးနောက် အခြားစက်များက ၎င်းကို ရှာမတွေ့ပါ

ကျွန်ုပ်၏ ကိုယ်ပိုင် ဟော့စပေါ့ကို ဖွင့်ပြီးနောက် အခြားစက်များက ၎င်းနှင့် မချိတ်ဆက်နိုင်ခြင်း

ချိတ်ဆက်ထားသော စက်များသည် အင်တာနက် ဝင်ရောက် သုံးစွဲ၍ မရခြင်း

ချိတ်ဆက်ထားသော စက်များ မကြာခဏ ဆက်သွယ်မှုဖျက်ခြင်း

ကိုယ်ပိုင် ဟော့စပေါ့ ဖွင့်/ပိတ် ခလုတ်ကို ရှာမတွေ့ပါ

ကျွန်ုပ်၏ ကိုယ်ပိုင် ဟော့စပေါ့ကို ဖွင့်ပြီးနောက် အခြားစက်များက ၎င်းကို ရှာမတွေ့ပါ

  • စက်ကို သင့်ကိုယ်ပိုင် ဟော့စပေါ့ စက် အနီးသို့ ရွှေ့ပြီး လိုင်းကောင်းသော နေရာတွင် ထိုစက်ကို သင့်ကိုယ်ပိုင် ဟော့စပေါ့နှင့် ချိတ်ဆက်ပါ။
  • အသိပေး အချက်ပြမှု မျက်နှာပြင်ကို ဖွင့်ရန် အခြေနေပြဘားမှ အောက်သို့ပွတ်ဆွဲပြီးနောက် ကိုယ်ပိုင် ဟော့စပေါ့ သို့မဟုတ် Wi-Fi ဟော့စပေါ့ ဆက်တင် မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲရန် ကိုယ်ပိုင် ဟော့စပေါ့ သို့မဟုတ် ကိုယ်ပိုင် ဟော့စပေါ့ အိုင်ကွန်ကို ဖိ၍ နှိပ်ထားပါ။
    1. စက်အမည် ကို နှိပ်ပါ သို့မဟုတ် ဟော့စပေါ့အား ချိန်ညှိရန် > ကွန်ရက် အမည် သို့ သွားပါ။ ဂဏန်းများနှင့် စာလုံးများသာ ပါသော အမည်ကို အသုံးပြုပါ။
    2. နောက်ထပ် ကို နှိပ်ပါ (သို့မဟုတ် ဟော့စပေါ့အား ချိန်ညှိရန် ကို ဖွင့်၍ အဆင့်မြင့် ရွေးချယ်မှုများကို ပြပါ ကို ရွေးချယ်ပါ)၊ AP လှိုင်း ကို နှိပ်ပြီး 2.4 GHz လှိုင်းကို ရွေးချယ်ပါ။

    5 GHz ကြိမ်နှုန်း လှိုင်းကို ပံ့ပိုးပြီး ကိုယ်ပိုင် ဟော့စပေါ့ကို မျှဝေရန် အသုံးပြုသော EMUI 9.1/Magic UI 2.1.0 သို့မဟုတ် နောက်ပိုင်းကို သုံးစွဲသော ဖုန်းများအတွက် 5 GHz Wi-Fi ကို အောက်ပါ နိုင်ငံများနှင့် ဒေသများတွင် မပံ့ပိုးပါ-

    ရုရှား၊ ဂျပန်၊ အာဖဂန်နစ္စတန်၊ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘီလရပ်စ်၊ အီသီယိုပီးယား၊ ဂျော်ဂျီယာ၊ ပြင်သစ် ဂူယာနာ၊ အစ္စရေး၊ ကူဝိတ်၊ ကဇက်စတန်၊ လီချ်တန်စတိန်၊ လီဆိုသို၊ မော်ရိုကို၊ မိုနာကို၊ မိုဒိုဗာ သမ္မတနိုင်ငံ၊ မူရီတာနီယာ၊ အိုမန်၊ ရီယူနီယန်၊ ဆာဘီးယား၊တူနေးရှား၊ ဥဇဘက်ကစ္စတန်၊ ဗာတီကန် စီးတီး၊ မာရုတ်၊ ဇင်ဘာဘွေ၊ အယ်လ်ဂျီးရီးယားနှင့် မောရစ်တီရပ်စ်။

ကျွန်ုပ်၏ ကိုယ်ပိုင် ဟော့စပေါ့ကို ဖွင့်ပြီးနောက် အခြားစက်များက ၎င်းနှင့် မချိတ်ဆက်နိုင်ခြင်း

  1. စက်ကို သင့်ကိုယ်ပိုင် ဟော့စပေါ့ စက် အနီးသို့ ရွှေ့ပြီး လိုင်းကောင်းသော နေရာတွင် ထိုစက်ကို သင့်ကိုယ်ပိုင် ဟော့စပေါ့နှင့် ချိတ်ဆက်ပါ။
  2. သင်သည် မိုဘိုင်း ဒေတာကို အသုံးပြုနေလျှင် မိုဘိုင်း ဒေတာ ဝန်ဆောင်မှု ပုံမှန် ရှိ၊ မရှိ စစ်ဆေးပါ။ ပုံမှန်ဖြစ်လျှင် သင့်ကိုယ်ပိုင် ဟော့စပေါ့ကို ပြန်ဖွင့်ပါ။
  3. ဟော့စပေါ့ မျှဝေနေသည့် ဖုန်းကို မှန်ကန်စွာ စီစဉ်သတ်မှတ်ထားခြင်း ရှိ၊ မရှိ စစ်‌ဆေးပါ။ အသိပေး အချက်ပြမှု မျက်နှာပြင်ကို ဖွင့်ရန် အခြေနေပြဘားမှ အောက်သို့ပွတ်ဆွဲပြီးနောက် ကိုယ်ပိုင် ဟော့စပေါ့ သို့မဟုတ် Wi-Fi ဟော့စပေါ့ ဆက်တင် မျက်နှာပြင်ကို ဝင်ရောက် သုံးစွဲရန် ကိုယ်ပိုင် ဟော့စပေါ့ သို့မဟုတ် ကိုယ်ပိုင် ဟော့စပေါ့ အိုင်ကွန်ကို ဖိ၍ နှိပ်ထားပါ၊ ထို့နောက် အောက်ပါတို့ကို လုပ်ဆောင်ပါ-
    1. သင့်ကိုယ်ပိုင် ဟော့စပေါ့ကို ချိန်ညှိပါ
      • စက်အမည် ကို နှိပ်ပါ သို့မဟုတ် ဟော့စပေါ့အား ချိန်ညှိရန် > ကွန်ရက် အမည် သို့ သွားပါ။ ဂဏန်းများနှင့် စာလုံးများသာ ပါသော အမည်ကို အသုံးပြုပါ။

      • နောက်ထပ် သို့မဟုတ် ဟော့စပေါ့အား ချိန်ညှိရန် ကို နှိပ်ပြီး အဆင့်မြင့် ရွေးချယ်မှုများကို ပြပါ ကို ရွေးချယ်ပါ။

        AP လှိုင်း ကို 2.4 GHz ကြိမ်နှုန်းလှိုင်းသို့ သတ်မှတ်ပါ (EMUI 10.1 သို့မဟုတ် နောက်ပိုင်းအတွက် ကြိမ်နှုန်းလှိုင်း မသတ်မှတ်မီ ကိုယ်ပိုင် ဟော့စပေါ့ကို ပိတ်ပါ)။

        ထုတ်လွှင့်မှု ချန်နယ် ကို နှိပ်ပြီး 6 ကဲ့သို့ နံပါတ်တစ်ခုကို ရွေးချယ်ပါ။ EMUI 9.1 နှင့် နောက်ပိုင်းတွင် ထုတ်လွှင့်မှု ချန်နယ် ရွေးချယ်မှုကို မရရှိနိုင်ပါ။

        အများဆုံး ချိတ်ဆက်ခွင့် ကို နှိပ်ပြီး သင့်လိုအပ်ချက်များပေါ် မူတည်၍ တန်ဖိုး သတ်မှတ်ပါ (8 ကို အကြံပြုထားသည်)။ (အချို့ မော်ဒယ်များတွင် အများဆုံး ခွင့်ပြုထားသော ချိတ်ဆက်မှု အရေအတွက်ကို ပုံသေ 8 သတ်မှတ်ထားပြီး ပြောင်းလဲ၍ မရပါ။)

    2. နောက်ထပ် မျက်နှာပြင်သို့ ဝင်ရောက်သုံးစွဲပြီး ဒေတာကန့်သတ်ချက် ကြည့်ရန် သို့မဟုတ် သတ်မှတ်ရန် ဒေတာကန့်သတ်ချက် ကို နှိပ်ပါ။

    3. ချိတ်ဆက်ထားသော စက်များ > တားမြစ်စာရင်း သို့ သွား၍ တားမြစ်စာရင်းမှ သင် ချိတ်ဆက်ရန် လိုအပ်သော စက်ကို ဖယ်ရှားပါ။

      EMUI 5.X- စက်ပစ္စည်း စာရင်း > ချိတ်ဆက်ခွင့်ပြုမည့် စက်များ သို့ သွားပြီး စက်အားလုံး ကို ရွေးချယ်ပါ။

  4. စက်တွင် Wi-Fi ကို ပိတ်ပြီး ပြန်ဖွင့်ပါ။ လက်ပ်တော့ ဖြစ်လျှင် ၎င်း၏ ကြိုးမဲ့ ဒရိုက်ဗာသည် နောက်ဆုံးပေါ် ဗားရှင်းဖြစ်ကြောင်း သေချာပါစေ၊ သင့်ဖုန်း၏ Wi-Fi ဟော့စပေါ့ကို သိမ်းဆည်းထားသော ကွန်ရက် စာရင်းမှ ဖျက်ပြီး ထပ်မံကြိုးစားပါ။
  5. ဆက်တင်များ ကို ဖွင့်ပါ၊ VPN ကို ရှာ၍ နှိပ်ပါ၊ VPN ကို ဖျက်ပြီး ပြင်ပ အဖွဲ့အစည်း VPN အက်ပ်များကို ဖျက်ပါ။ သင့်ကိုယ်ပိုင် ဟော့စပေါ့ကို ပြန်ဖွင့်ပြီး အခြားစက်မှ ၎င်းသို့ ထပ်မံ ချိတ်ဆက်ကြည့်ပါ။
  6. သင့်ဖုန်းတွင် ဘလူးတုသ် ကို ဖွင့်ထားပါက ပိတ်ပြီး ထပ်လုပ်ကြည့်ပါ။
  7. ဆက်တင်များ ကို ဖွင့်ပါ၊ ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို ရှာ၍ နှိပ်ပြီး ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို နှိပ်ပါ။

    ၎င်းသည် Wi-Fi၊ မိုဘိုင်း ဒေတာနှင့် ဘလူးတုသ် ဆက်တင်များ အပါအဝင် ကွန်ရက် ဆက်တင် အားလုံးကို မူလအတိုင်း ပြန်ထားပါမည်။

ပြဿနာဆက်ရှိနေသေးပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီ ရယူပါ။

ချိတ်ဆက်ထားသော စက်များသည် အင်တာနက် ဝင်ရောက် သုံးစွဲ၍ မရခြင်း

  • သင့်ဖုန်းသည် မိုဘိုင်း ဒေတာ ဖွင့်ထားစဉ် အင်တာနက် ဝင်ရောက် သုံးစွဲနိုင်ကြောင်း အတည်ပြုပါ။ သင့်ဖုန်းသည် အင်တာနက် ဝင်ရောက် မသုံးစွဲနိုင်လျှင် ကိုယ်ပိုင် ဟော့စပေါ့ အလုပ်လုပ်မည် မဟုတ်ပါ။
  • သင့်ကိုယ်ပိုင် ဟော့စပေါ့ကို ပိတ်ပြီး ပြန်ဖွင့်၍ ထပ်စမ်းကြည့်ပါ။ တစ်နည်းအားဖြင့် သင့်ဖုန်းနှင့် ချိတ်ဆက်ထားသော မည်သည့်စက်ကိုမဆို ပြန်လည်စတင်ပြီး ထပ်မံကြိုးစားပါ။
  • အချို့ ဆက်သွယ်ရေး ကယ်ရီယာများသည် ဟော့စပေါ့ ဒေတာ မျှဝေခြင်း မပံ့ပိုးပါ။ သင့်ဒေတာ ပလန်သည် ဟော့စပေါ့ ဒေတာ မျှဝေခြင်းကို ပံ့ပိုးမှု ရှိ၊ မရှိ စစ်ဆေးရန် သင့်ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပြီး ပံ့ပိုးလျှင် ဝန်ဆောင်မှုကို သက်ဝင်လုပ်ဆောင်ရန် အကြံပြုထားသည်။
  • ဆက်တင်များ ကို ဖွင့်ပါ၊ VPN ကို ရှာ၍ နှိပ်ပါ၊ VPN ကို ဖျက်ပြီး ပြင်ပ အဖွဲ့အစည်း VPN အက်ပ်များကို ဖျက်ပါ။ သင့်ကိုယ်ပိုင် ဟော့စပေါ့ကို ပြန်ဖွင့်ပြီး အခြားစက်မှ ၎င်းသို့ ထပ်မံ ချိတ်ဆက်ကြည့်ပါ။
  • စနစ် ဆက်တင် မျက်နှာပြင်ကို ဖွင့်ပါ၊ "APN" ကို ရှာပြီး မိုဘိုင်း ဒေတာ ဆက်တင် မျက်နှာပြင်သို့ ဝင်ရောက် သုံးစွဲပါ။ အင်တာနက် ဝင်ရောက်သုံးစွဲနိုင်သည့် ပွိုင့်အမည်များ (APNs) ကို နှိပ်ပါ၊ အပေါ် ညာဘက် ထောင့်ရှိ အိုင်ကွန်ကို နှိပ်ပြီး မူလအတိုင်း ပြန်သတ်မှတ်ရန် ကို ရွေးချယ်ပါ။

  • ဆက်တင်များ ကို ဖွင့်ပြီး ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို ရှာပါ၊ ထို့နောက် ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို နှိပ်ပါ။

    ၎င်းသည် Wi-Fi၊ မိုဘိုင်း ဒေတာနှင့် ဘလူးတုသ် ဆက်တင်များ အပါအဝင် ကွန်ရက် ဆက်တင် အားလုံးကို မူလအတိုင်း ပြန်ထားပါမည်။

ပြဿနာဆက်ရှိနေသေးပါက သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင် ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီ ရယူပါ။

ချိတ်ဆက်ထားသော စက်များ မကြာခဏ ဆက်သွယ်မှုဖျက်ခြင်း

  1. သင့်ကိုယ်ပိုင် ဟော့စပေါ့ကို ပိတ်ပြီး ပြန်ဖွင့်၍ ထပ်စမ်းကြည့်ပါ။ တစ်နည်းအားဖြင့် သင့်ဖုန်းနှင့် ချိတ်ဆက်ထားသော မည်သည့်စက်ကိုမဆို ပြန်လည်စတင်ပြီး ထပ်မံကြိုးစားပါ။
  2. လျှပ်စစ်သံလိုက် ကြားဖြတ်နှောင့်ယှက်မှု ရှိနိုင်သည် သို့မဟုတ် ချိတ်ဆက်ထားသော စက်သည် Wi-Fi ဟော့စပေါ့၏ အတိုင်းအဆကို ကျော်သွားခြင်း ဖြစ်နိုင်သည်။ ဤသို့ဖြစ်ပါက အခြား တည်နေရာသို့ ရွှေ့ပြီး ထပ်မံကြိုးစားပါ။
  3. အများဆုံး ဒေတာကန့်သတ်ချက်သို့ ရောက်ချိန်တွင် သင့်ဖုန်းသည် ဒေတာ အလွန်အမင်း သုံးစွဲမှုကို ကာကွယ်ရန် အလိုအလျောက် ဆက်သွယ်မှုဖျက်ပါမည်။ ကိုယ်ပိုင် ဟော့စပေါ့ သို့မဟုတ် Wi-Fi ဟော့စပေါ့ ဆက်တင် မျက်နှာပြင်သို့ ဝင်ရောက် သုံးစွဲရန် ကိုယ်ပိုင် ဟော့စပေါ့ သို့မဟုတ် ကိုယ်ပိုင် ဟော့စပေါ့ အိုင်ကွန်ကို ဖိ၍ နှိပ်ထားပါ၊ ထို့နောက် ဒေတာကန့်သတ်ချက် ကို သို့ သတ်မှတ်ပါ။
  4. စက် မျက်နှာပြင် ပိတ်ထားစဉ် စက်က ဆက်သွယ်မှုဖျက်ပါက-

    EMUI 8.X သို့မဟုတ် အစောပိုင်း- ဆက်တင်များ ကို ဖွင့်ပြီး ခေတ္တပိတ်ထားစဉ် Wi-Fi ဆက်ဖွင့်ထားမှု ကို ရှာ၍ နှိပ်ကာ ခေတ္တပိတ်ထားစဉ် Wi-Fi ဆက်ဖွင့်ထားမှု ကို အမြဲတမ်း သို့ သတ်မှတ်ပါ။

    EMUI 9.0/Magic UI 2.0 သို့မဟုတ် နောက်ပိုင်း- ဆက်တင်များ ကို ဖွင့်၍ စက် ခေတ္တပိတ်သွားချိန်တွင် ဆက်လက် ချိတ်ဆက်ထားရန် ကို ရှာ၍ နှိပ်ကာ ၎င်း၏ ဘေးရှိ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။

  5. အခြေနေပြဘားမှ အောက်သို့ ပွတ်ဆွဲပါ၊ ဆက်တင် မျက်နှာပြင်သို့ ဝင်ရောက် သုံးစွဲရန် မိုဘိုင်း ဒေတာ ကို ဖိ၍ နှိပ်ထားပါ၊ အင်တာနက် ဝင်ရောက်သုံးစွဲနိုင်သည့် ပွိုင့်အမည်များ (APNs) ကို နှိပ်ပါ၊ အပေါ် ညာဘက်ထောင့်ရှိ ကို နှိပ်ပြီး မူလအတိုင်း ပြန်သတ်မှတ်ရန် ကို ‌ရွေးချယ်ပါ။
  6. ဆက်တင်များ ကို ဖွင့်ပါ၊ ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို ရှာ၍ နှိပ်ပြီး ကွန်ရက် ဆက်တင်များအား ပြန်လည်သတ်မှတ်ရန် ကို နှိပ်ပါ။

    ၎င်းသည် Wi-Fi၊ မိုဘိုင်း ဒေတာနှင့် ဘလူးတုသ် ဆက်တင်များ အပါအဝင် ကွန်ရက် ဆက်တင် အားလုံးကို မူလအတိုင်း ပြန်ထားပါမည်။

  7. အခြားဖုန်းကို ဟော့စပေါ့နှင့် ချိတ်ဆက်ကြည့်ပါ။ ပြဿနာ ဆက်ဖြစ်သေးပါက ဟော့စပေါ့ မျှဝေခြင်း လုပ်ဆောင်ချက်တွင် ချို့ယွင်းချက် ရှိနိုင်ကြောင်း ညွှန်ပြသည်။ သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားကာ အကူအညီ ရယူပါ။

ကိုယ်ပိုင် ဟော့စပေါ့ ဖွင့်/ပိတ် ခလုတ်ကို ရှာမတွေ့ပါ

  • သင့်ကိုယ်ပိုင် ဟော့စပေါ့ကို စစ်ဆေးရန် ဆက်တင် > မိုဘိုင်းကွန်ရက် > ကိုယ်ပိုင် ဟော့စပေါ့ သို့ သွားပါ။ သင့်ကိုယ်ပိုင် ဟော့စပေါ့ကို ရှာမတွေ့လျှင် ဖော်ပြပါတို့ကို ပြုလုပ်ပါ-
    1. သင်သည် ပိုင်ၡင်မဟုတ်သော အကောင့် (သုံးစွဲသူ သို့မဟုတ် ဧည့်သည် အကောင့်) သို့ ဝင်ရောက်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ- ဆက်တင် > သုံးစွဲသူများ နှင့် အကောင့်များ > သုံးစွဲသူများ သို့ သွားပါ။ ကိုယ်ပိုင် ဟော့စပေါ့ကို ပိုင်ၡင် စနစ်တွင်သာ အသုံးပြုနိုင်ပြီး သုံးစွဲသူများ သို့မဟုတ် ဧည့်သည် စနစ်တွင် ဆက်တင် မျက်နှာပြင်ကို ပြသမည် မဟုတ်ပါ။
    2. သင်သည် သင့် PrivateSpace တွင် ရှိ၊ မရှိ စစ်ဆေးပါ- ဆက်တင် > ကိုယ်ပိုင် အချက်အလက် > PrivateSpace သို့ သွားပါ။ သင်သည် PrivateSpace သို့ ဝင်ရောက်ထားလျှင် ကိုယ်ပိုင် ဟော့စပေါ့ ဆက်တင်ကို ဆက်တင်တွင် မပြသပါ။
အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်