ထိတွေ့မျက်နှာပြင် ပြဿနာများအတွက် အထွေထွေ ပြဿနာဖြေရှင်းခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
ထိတွေ့မျက်နှာပြင် ပြဿနာများအတွက် အထွေထွေ ပြဿနာဖြေရှင်းခြင်း

သင့်ဖုန်း သို့မဟုတ် တက်ဘလက်၏ ထိတွေ့မျက်နှာပြင်သည် မတုံ့ပြန်ခြင်း သို့မဟုတ် အာရုံခံနိုင်စွမ်းမရှိခြင်း သို့မဟုတ် အလျဉ်းသင့်သလို တစ်နေရာမှ တစ်နေရာ ပြောင်းသွားခြင်းတို့ကဲ့သို့ ကောင်းစွာလုပ်ဆောင်ခြင်းမရှိပါက ပြဿနာဖြေရှင်းရန် အောက်ပါအဆင့်များကို လုပ်ဆောင်ပါ-

ထိတွေ့မျက်နှာပြင်သည် လုံးဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း မတုံ့ပြန်ပါက သို့မဟုတ် အာရုံခံနိုင်ခြင်း မရှိပါက

  • သင်သည် သာမန်အခန်းအပူချိန်တွင် စက်ကို အသုံးပြုနေကြောင်း သေချာပါစေ။ 0°C နှင့် 35° C ကြား ပတ်ဝန်းကျင် အပူချိန်များတွင် ထိတွေ့မျက်နှာပြင်သည် ကောင်းစွာ အလုပ်လုပ်သည်။ မြင့်လွန်း၊ နိမ့်လွန်းသော အပူချိန်များသည် သင့်စက်၏ ထိတွေ့မျက်နှာပြင်၏ ကောင်းစွာလုပ်ဆောင်မှုကို ထိခိုက်စေနိုင်ပါသည်။
  • သင့်စက်ကို အတင်းအကျပ် ပြန်လည်စတင်ရန် ပါဝါခလုတ်ကို 10 စက္ကန့်ကျော်အောင် ဖိ၍ နှိပ်ထားပြီးနောက် ထပ်မံကြိုးစားပါ။ ပြဿနာ ဆက်ရှိနေသေးပါက အကူအညီ ရယူရန် သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

EMUI 11.0 ဖြင့် လုပ်ဆောင်နေသော စက်များအတွက် ယင်းတို့ကို အတင်းအကျပ်ပြန်လည်စတင်ရန် ပါဝါနှင့် အသံတိုးခလုတ်များကို 10 စက္ကန့်ကျော်ကြာအောင် တစ်ပြိုင်တည်း ဖိ၍ နှိပ်ထားပါ။

ထိတွေ့မျက်နှာပြင် ပြဿနာများကို စစ်ဆေးရန် ဝန်ဆောင်မှုများ အက်ပ်ရှိ ချို့ယွင်းချက် ရှာဖွေရေး လုပ်ဆောင်ချက်ကို အသုံးပြုပါ။

  • ချို့ယွင်းချက် ရှာဖွေသည့်အခါ မျက်နှာပြင်တွင် ပြဿနာရှိနေကြောင်း ညွှန်ပြပါက အကူအညီ ရယူရန် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။
  • ပြဿနာမတွေ့ပါက နောက်ထပ် ညွှန်ကြားချက်များကို ဆက်ဖတ်ပေးပါ။

ဝန်ဆောင်မှုများ အက်ပ်ရှိ ချို့ယွင်းချက် ရှာဖွေသည့် အချက်များသည် စက်အမျိုးအစားများကိုလိုက်၍ ကွဲပြားနိုင်ပါသည်။

ထိတွေ့မျက်နှာပြင်သည် တစ်နေရာမှ တစ်နေရာ ရောက်သွားခြင်း သို့မဟုတ် ကိုယ်မထိဘဲ ထိလိုက်သလို ဖြစ်နေခြင်း

  • နေရာအချို့တွင် သင့်စက်ကို အားသွင်းသည့်အခါတွင်သာ ဤပြဿနာ ဖြစ်ပေါ်ပါက ပါဝါထောက်ပံ့မှု ဗို့အားမှာ မတည်ငြိမ်ခြင်း ဖြစ်နိုင်သည်။ ဗို့အား တည်ငြိမ်သည့် ပါဝါထောက်ပံ့မှုသို့ ပြောင်းရန် သင့်ကို အကြံပြုပါသည်။
  • သင့်စက်ကို ပြင်ပ အဖွဲ့အစည်း အားသွင်း ကိရိယာ သို့မဟုတ် ဒေတာ ကြိုးဖြင့် အားသွင်းနေချိန်တွင်သာ ပြဿနာ ဖြစ်ပေါ်ပါက အားသွင်း ကိရိယာ သို့မဟုတ် ဒေတာ ကြိုးကို Huawei သတ်မှတ်စံနှုန်းမီ အားသွင်း ကိရိယာ သို့မဟုတ် ဒေတာကြိုးဖြင့် အစားထိုးပါ။ ပြဿနာကို ဖြေရှင်းရန်အတွက် စက်၏ ကာဗာကို ဖယ်ရှားရန်လည်း သင့်ကို အကြံပြုပါသည်။
  • အနီးနားတွင် မိုက်ခရိုဝေ့ဗ်များ သို့မဟုတ် လျှပ်စစ်သံလိုက် မီးဖိုများ ကဲ့သို့ လျှပ်စစ်သံလိုက် စက်ကွင်းများပါသည့် ပစ္စည်းများ မရှိကြောင်း သေချာပါစေ။ သို့မဟုတ်ပါက ထိတွေ့မျက်နှာပြင်သည် အလျဉ်းသင့်သလို တစ်နေရာမှ တစ်နေရာ ပြောင်းနေပါမည်။
  • အသိပေးချက် မျက်နှာပြင်ကို ဖွင့်ရန် အခြေအနေပြဘားမှ အောက်သို့ပွတ်ဆွဲပါ သို့မဟုတ် ဆက်တင် ရှိ NFC ကို ရှာဖွေပြီး ဝင်ရောက် သုံးစွဲကာ NFC ကို ဖွင့်ထားခြင်း ရှိ၊ မရှိ စစ်ဆေးပါ။ NFC ကို ဖွင့်ထားပါက သင့်စက်သည် NFC စက်များကို ရှာဖွေတွေ့ရှိသည့်အခါ အချို့အက်ပ်များကို အလိုအလျောက်ဖွင့်ပါမည်။
  • တစ်ချက်နှိပ် မျက်နှာပြင် လော့ခ်ချ အက်ပ်ကို ထည့်သွင်းထား၊ မထား စစ်ပါ။ ပြင်ပ အဖွဲ့အစည်း၏ တစ်ချက်နှိပ် မျက်နှာပြင် လော့ခ်ချ အက်ပ်များသည် သင့်စက်၏ လော့ခ်မျက်နှာပြင်နှင့် မကိုက်ညီခြင်း ရှိနိုင်ပြီး မျက်နှာပြင် မမှန်မကန် တုံ့ပြန်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ဥပမာ၊ မျက်နှာပြင်သည် လော့ခ်မျက်နှာပြင် သို့မဟုတ် ကင်မရာ မျက်နှာပြင်သို့ ရောက်ရှိသွားခြင်းမျိုး ဖြစ်နိုင်သည်။ ဤအခြေအနေတွင် အဆိုပါ ပြင်ပ အဖွဲ့အစည်း၏ မျက်နှာပြင် လော့ခ်ချ အက်ပ်များကို ဖျက်ပါ။

ပြဿနာ ဆက်ရှိနေပါက

အကူအညီ ရယူရန် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်၊ အားသွင်း ကိရိယာ၊ ဒေတာ ကြိုးနှင့်အတူ ဝယ်ယူမှု သက်သေကို ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။

နောက်ထပ်-

စက်တွင်း လမ်းညွှန် ခလုတ်များက ကျွန်ုပ်တို့၏ ထိနှိပ်မှုများကို မတုံ့ပြန်ပါ

ဂိမ်းကစားနေစဉ် ဖရိန် ရပ်တန့်ခြင်း၊ တုံ့ပြန်မှု နှောင့်နှေးခြင်း သို့မဟုတ် Joystick အသုံးပြု၍ မရခြင်း

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်