OLED မျက်နှာပြင်ပေါ်ရှိ အရောင်ပြောင်း အထူးပြုလုပ်ချက်၊ ကောက်ကြောင်းများ၊ အရိပ်များ သို့မဟုတ် ရုပ်ပုံ အထပ်ထပ်ဖြစ်ခြင်း

သက်ဆိုင်သော ကုန်ပစ္စည်းများ: Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
OLED မျက်နှာပြင်ပေါ်ရှိ အရောင်ပြောင်း အထူးပြုလုပ်ချက်၊ ကောက်ကြောင်းများ၊ အရိပ်များ သို့မဟုတ် ရုပ်ပုံ အထပ်ထပ်ဖြစ်ခြင်း

ပြဿနာ-

ဖုန်းတွင် ရုပ်သေပုံတစ်ခုကို ကြာရှည်ပြသထားပြီး အခြား မျက်နှာပြင်သို့ ပြောင်းလိုက်ချိန်တွင်

ကောက်ကြောင်းများ၊ အရိပ်များ သို့မဟုတ် ရုပ်ပုံ အထပ်ထပ်ဖြစ်သည့် အထူးပြုလုပ်ချက်ကို ဖြစ်ပေါ်လာစေသည်။

အ‌ကြောင်းရင်း-

သင့်ဖုန်းတွင် OLED မျက်နှာပြင် ပါရှိသည်။ ငြိမ်သက်ရုပ်ပုံ၏ အကြောင်းအရာ တစ်ခုတည်းကို မျက်နှာပြင်ပေါ်တွင် အချိန်ကြာမြင့်စွာ ပြသထားပါက မျက်နှာပြင်ပေါ်ရှိ အကြောင်းအရာ ပြောင်းလဲသွားသည့်တိုင် ၎င်း၏ ကောက်ကြောင်းများ သို့မဟုတ် အထပ်ထပ်ဖြစ်ပေါ်သည့် ရုပ်ပုံကို ဆက်လက်မြင်နိုင်ပါသည်။ ယင်းသည် လက်ရှိ OLED မျက်နှာပြင်အားလုံး၏ လက္ခဏာရပ်တစ်ခုဖြစ်ပြီး လက်ရှိအချိန်တွင် ဖြေရှင်းမပေးနိုင်သေးပါ။

ဖြေရှင်းနည်း-

  1. သင် အခြား မျက်နှာပြင်သို့ ပြောင်းပြီးနောက် ကောက်ကြောင်းများ သို့မဟုတ် အရိပ်များ မှိန်သွားမည်ဖြစ်သဖြင့် ပြဿနာဖြေရှင်းရန် မလိုအပ်ပါ။
  2. အထူးသဖြင့် အလင်းအမှောင်မြင့်သော ပုံကို ပြသထားလျှင် မျက်နှာပြင်တစ်ခုတည်းတွင် အချိန်ကြာရှည်စွာနေခြင်းကို ရှောင်ပါ။ သို့မဟုတ်ပါက ပုံမှန်ပြန်ဖြစ်စေရန် သင့်မျက်နှာပြင်ကို ခဏမျှ ပိတ်ထားရန် လိုအပ်သည်။
  3. ပြဿနာ ဆက်ရှိနေသေးပါက အကူအညီ ရယူရန် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်ဖုန်းနှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။
အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်