4G အိုင်ကွန်ကို အရန်သင့်စနစ်တွင် ပြသသော်လည်း ဖုန်းခေါ်ဆိုမှုများအတွင်း 2G သို့မဟုတ် 3G အိုင်ကွန်သို့ ပြောင်းသွားသည်
သက်ဆိုင်သော ကုန်ပစ္စည်းများ:
Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
4G အိုင်ကွန်ကို အရန်သင့်စနစ်တွင် ပြသသော်လည်း ဖုန်းခေါ်ဆိုမှုများအတွင်း 2G သို့မဟုတ် 3G အိုင်ကွန်သို့ ပြောင်းသွားသည် |
ပြဿနာ-
ဖုန်းသည် အရန်သင့်စနစ်တွင် ရှိနေစဉ် 4G အိုင်ကွန်ကို အခြေအနေပြဘားတွင် ပြသသော်လည်း ဖုန်းခေါ်ဆိုမှုများအတွင်း 2G သို့မဟုတ် 3G အိုင်ကွန်သို့ ပြောင်းသွားသည်။
အကြောင်းရင်း-
VoLTE လုပ်ဆောင်ချက်ကို ပိတ်ထားသောကြောင့် 4G ကွန်ရက်သည် ဖုန်းခေါ်ဆိုမှုများကို ပံ့ပိုးမပေးသဖြင့် ဖုန်းသည် ဖုန်းခေါ်ဆိုမှုအတွင်း 2G/3G ကွန်ရက်သို့ အလိုအလျောက်ပြောင်းသွားပြီး ဖုန်းခေါ်ဆိုမှုပြီးဆုံးချိန်တွင် 4G ကွန်ရက်သို့ ပြန်ပြောင်းသွားသည်။
ဖြေရှင်းနည်း-
4G ကွန်ရက်ကို အသုံးပြုနေစဉ် ဖုန်းခေါ်ဆိုလိုပါက VoLTE ကို ဖွင့်ရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-
- သင့် ဆက်သွယ်ရေး ကယ်ရီယာကို ဆက်သွယ်ပြီး VoLTE ကွန်ရက်ကို ရရှိနိုင်ခြင်း ရှိမရှိနှင့် သင့် SIM ကတ်အတွက် VoLTE ဝန်ဆောင်မှုများကို သက်ဝင်လုပ်ဆောင်ထားခြင်း ရှိမရှိ မေးမြန်းပါ။
- ရှော့(တ်)ကတ် မီနျူးကို ပြသရန် မျက်နှာပြင်၏ အပေါ်မှ အောက်သို့ပွတ်ဆွဲပါ၊ ဆက်တင်မီနျူးကို ဝင်ရောက် သုံးစွဲရန် မိုဘိုင်း ဒေတာ အိုင်ကွန်ကို ဖိ၍ နှိပ်ထားပါ၊ ထို့နောက် VoLTE HD ခေါ်ဆိုမှုများ ဖွင့်/ပိတ် ခလုတ်ကို ဖွင့်ပါ။ ဖုန်းစနစ်အချို့တွင် VoLTE ကို ပုံသေပုံစံဖြင့် ဖွင့်ထားပြီး အဆိုပါ ဖွင့်/ပိတ် ခလုတ် မရှိပါ။
VoLTE ကို ဖွင့်ပြီးနောက် SIM ကတ်၏ လိုင်းဘားများဘေးတွင် HD အိုင်ကွန်
ကို ပြသသည်။
- အထက်ပါနည်းလမ်းများဖြင့် VoLTE ကို ဖွင့်၍မရပါက သင့်ဖုန်းသည် သက်ဆိုင်ရာ ဆက်သွယ်ရေး ကယ်ရီယာ၏ VoLTE လုပ်ဆောင်ချက်ကို ပံ့ပိုးမပေးခြင်း ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက အကူအညီရယူရန် Huawei သုံးစွဲသူ ဝန်ဆောင်မှုဌာန ဟော့လိုင်းသို့ ခေါ်ဆိုပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်