2G သို့မဟုတ် 3G SIM ကတ်ကို ထည့်သွင်းပြီးနောက် ဖုန်းသည် 4G လိုင်း အိုင်ကွန်ကို အကြိမ်ကြိမ်ပြသပြီး ကွန်ရက်မှ ဆက်သွယ်မှုပြုတ်သွားသည်

သက်ဆိုင်သော ကုန်ပစ္စည်းများ: Tablet,Smartphone
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
zoom in pic
2G သို့မဟုတ် 3G SIM ကတ်ကို ထည့်သွင်းပြီးနောက် ဖုန်းသည် 4G လိုင်း အိုင်ကွန်ကို အကြိမ်ကြိမ်ပြသပြီး ကွန်ရက်မှ ဆက်သွယ်မှုပြုတ်သွားသည်

ပြဿနာ-

2G/3G SIM ကတ်ကို ဖုန်းတွင် ထည့်သွင်းပြီးနောက် 4G လိုင်း အိုင်ကွန်ကို အကြိမ်ကြိမ်ပြသပြီး ဖုန်းသည် 4G ကွန်ရက်မှ ဆက်သွယ်မှုပြုတ်သွားသည်။

အ‌ကြောင်းရင်း-

သင့်ဒေသတွင် 4G ကွန်ရက်ကို ရနိုင်သော်လည်း ဖုန်းတွင် 4G ဝန်ဆောင်မှုများကို ဖွင့်မထားပါက 4G ကွန်ရက်သည် ဦးစားပေးဖြစ်သောကြောင့် ဖုန်းသည် ၎င်းကွန်ရက်တွင် စာရင်းသွင်းရန်ကြိုးစားပါမည်။ သင့်ဖုန်းတွင် 4G ဝန်ဆောင်မှုများ ဖွင့်မထားကြောင်း ကွန်ရက်က သိရှိသောအခါ ကွန်ရက် ရယူသုံးစွဲခွင့်ကို ငြင်းပယ်သဖြင့် သင့်ဖုန်းတွင် 4G လိုင်းအိုင်ကွန်ကို အကြိမ်ကြိမ် ပြသပြီး ကွန်ရက်မှ ဆက်သွယ်မှုပြုတ်သွားပါမည်။

ဖြေရှင်းနည်း-

  1. အင်တာနက် ဝင်ရောက်သုံးစွဲရန် 4G SIM ကတ်အား အသုံးပြုရန် အကြံပြုပါသည်။
  2. ရှော့(တ်)ကတ် မီနျူးကို ပြသရန် မျက်နှာပြင်၏ အပေါ်မှ အောက်သို့ပွတ်ဆွဲပါ၊ ဆက်တင်မီနျူးကို ဝင်ရောက် သုံးစွဲရန် မိုဘိုင်း ဒေတာ ကို ဖိ၍ နှိပ်ထားပါ၊ ထို့နောက် 4G ကို ပိတ်ပါ သို့မဟုတ် ကွန်ရက် စနစ် ကို 3G/2G အလိုအလျောက် ဟု သတ်မှတ်ပါ။

    4G သို့မဟုတ် ကွန်ရက် စနစ် ကို မပြသပါက သင့်ဖုန်းတွင် ပုံသေအားဖြင့် 4G ကို ဖွင့်ထားသည့် လက္ခဏာဖြစ်သည်။

နောက်ထပ် သိကောင်းစရာများ-

ဖုန်းတွင် လိုင်း မတည်ငြိမ်ပါ

အသုံးဝင်သည် သို့မဟုတ် မဝင်ပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်