ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က ဘလူးတုသ် နားကြပ်/စပီကာ/ကားကစ်(တ်)နှင့် ရုတ်တရက် ချိတ်ဆက်မှုပြုတ်သွားခြင်း
| ကျွန်ုပ်၏ HUAWEI ဖုန်း/တက်ဘလက်က ဘလူးတုသ် နားကြပ်/စပီကာ/ကားကစ်(တ်)နှင့် ရုတ်တရက် ချိတ်ဆက်မှုပြုတ်သွားခြင်း |
ပြဿနာ-
HUAWEI ဖုန်း/တက်ဘလက်က ဘလူးတုသ်စက်နှင့် ရုတ်တရက် ချိတ်ဆက်မှုပြုတ်သွားသည်။
ဖြေရှင်းချက်-
ပြဿနာဖြေရှင်းရန် အောက်ပါတို့ကို လုပ်ဆောင်ပါ-
1. ပတ်ဝန်းကျင် သက်ရောက်မှု
က။ မိုက်ခရိုဝေ့ အာဗန်နှင့် ရောက်တာကဲ့သို့ ကြိုးမဲ့ အနှောင့်အယှက်ရင်းမြစ်များသည် ဘလူးတုသ်ကို ထိခိုက်နိုင်သဖြင့် ၎င်းတို့နှင့် ဝေးရာတွင်နေပါ။
ခ။ သင့်ဖုန်း/တက်ဘလက်က စက်နှင့် အဝေးတွင်ရှိပါက (10 မီတာအထက်) သို့မဟုတ် ၎င်းတို့အကြား အတားအဆီးများရှိပါကလည်း ဘလူးတုသ်ကို ထိခိုက်နိုင်သည်။ စက်၏ အကွာအဝေး သို့မဟုတ် အနေအထားကို ချိန်ညှိပြီး ပြဿနာ ပြေလည်ခြင်းရှိမရှိ စစ်ဆေးပါ။
2. ဘလူးတုသ်စက် ပြဿနာများ
က။ ချိတ်ဆက်ထားသည့် စက်သည် နားကြပ်တစ်စုံ သို့မဟုတ် စပီကာ ဖြစ်ပါက နားကြပ် သို့မဟုတ် စပီကာကို ၎င်းတို့၏ စက်ရုံထုတ် ဆက်တင်များအတိုင်း ပြန်ထားပြီး ထပ်မံကြိုးစားပါ။ (အခြားရောင်းချသူများထံမှ နားကြပ်များ သို့မဟုတ် စပီကာများအတွက် စက်လက်စွဲစာအုပ်ကို ကြည့်ပါ သို့မဟုတ် စက်ရောင်းချသူကို ဆက်သွယ်ပါ။)
ခ။ ဘလူးတုသ်စက်ကို အခြားဖုန်း/တက်ဘလက်နှင့် ချိတ်ဆက်ပြီး ပြဿနာဆက်ရှိမရှိ စစ်ဆေးပါ။ ပြဿနာဆက်ရှိနေသေးပါက ဘလူးတုသ်စက်ကြောင့် ဖြစ်နိုင်သည်။ ဤအခြေအနေတွင် အခြားဘလူးတုသ်စက်ကို သုံးကြည့်ပါ။
3. ကားကစ်(တ်) ချိတ်ဆက်မှု ပြဿနာများ
က။ ကားကစ်(တ်)က သင့်ဖုန်း/တက်ဘလက်နှင့် ချိတ်ဆက်မှုပြုတ်သွားပါက စက်နှစ်ခုစလုံးတွင် ချိတ်ဆက်မှု မှတ်တမ်းများကို ဖျက်ပါ၊ သင့်ဖုန်း/တက်ဘလက်၏ ဘလူးတုသ်အမည်ကို ရိုးရှင်းသော စာလုံးနှင့် ဂဏန်း ပေါင်းစပ်မှုသို့ ပြောင်းပြီး စက်နှစ်ခုကို ပြန်လည်ချိတ်ဆက်ပါ။ ချိတ်ဆက်စဉ်အတွင်း ကားကစ်(တ်)သို့ ချိန်ကိုက်သည့် အဆက်အသွယ်အရေအတွက်ကို ကန့်သတ်ပါ၊ သို့မဟုတ် အဆက်အသွယ်များကို မချိန်ကိုက်ပါနှင့်။ (သင့်ဖုန်း/တက်ဘလက်နှင့် ကားကစ်(တ်)တို့ ချိတ်ဆက်မှု အကြိမ်ကြိမ်ပြုတ်နေပါက ၎င်းသည် ဘလူးတုသ်အမည်ကြောင့် ဖြစ်နိုင်သည်။ သို့မဟုတ်လျှင် ဤပြဿနာသည် အဆက်အသွယ်အရေအတွက် အလွန်များခြင်း သို့မဟုတ် အဆက်အသွယ် ချိန်ကိုက်စဉ်အတွင်း ကားကစ်(တ်)က မဆောင်ရွက်နိုင်သည့် အဆက်အသွယ် ပရိုဖိုင်းပုံများ၊ အထူးအက္ခရာများ သို့မဟုတ် အီမိုဂျီများပါနေခြင်းကြောင့် ဖြစ်နိုင်သည်။)
ခ။ သင့်ကားကစ်(တ်)တွင် သီချင်းဖွင့်ထားပါက သီချင်းစာသားကို စီမံဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် သီချင်းဖွင့်နေစဉ် ထစ်ခြင်း သို့မဟုတ် ချိတ်ဆက်မှုပြုတ်ခြင်း ဖြစ်နိုင်သည်။
Music Player အက်ပ်တွင် (သီချင်းစာသားများကို ပင်မ မျက်နှာပြင်တွင် ပြမည့်အစား) သီချင်းစာသားများကို ကားကစ်(တ်)များသို့ ချိန်ကိုက်ခြင်းကို ပိတ်ပါ။
KuGou ကို ဥပမာအဖြစ်ကြည့်ပါ။ တေးဂီတအက်ပ်ကို ဖွင့်ပါ၊ အပေါ်လက်ယာဘက်ထောင့်ရှိ မီနျူးအိုင်ကွန်ကို နှိပ်ပါ၊ အောက်လက်ဝဲဘက်ထောင့်ရှိ ဆက်တင်များ အိုင်ကွန်ကို နှိပ်ပြီး ကားကစ်(တ်) သီချင်းစာသား လုပ်ဆောင်ချက်ကို ပိတ်ပါ။ အသေးစိတ် သိရှိရန် အက်ပ်၏ သုံးစွဲသူ ဝန်ဆောင်မှုကို ဆက်သွယ်ပါ။
- ဆက်တင်တွင် "ကွန်ရက် ဆက်တင်များ ပြန်လည်သတ်မှတ်ရန်" ကို ရှာဖွေပြီး ကွန်ရက် ဆက်တင်များကို ပြန်လည်သတ်မှတ်ကြည့်ရန် အကြံပြုပါသည်။
ကွန်ရက် ဆက်တင်များကို ပြန်လည်သတ်မှတ်ခြင်းသည် Wi-Fi၊ မိုဘိုင်းဒေတာ၊ ဘလူးတုသ်နှင့် NearLink အတွက် ချိတ်ဆက်မှု မှတ်တမ်းများကိုသာ ဖျက်မည်ဖြစ်ပြီး အခြားဒေတာများကို ဖျက်မည်မဟုတ်ပါ သို့မဟုတ် သင့်ဖုန်း/တက်ဘလက်ရှိ အခြားဆက်တင်များကို ပြင်ဆင်မည်မဟုတ်ပါ။
ပြဿနာဆက်ရှိနေပါက
ပြဿနာဆက်ရှိနေပါက အကူအညီ ရယူရန်အတွက် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက်ရ Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။