ဖုန်းအားသွင်းရန် အကြံပြုချက်များ
သက်ဆိုင်သော ကုန်ပစ္စည်းများ:
HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),PORSCHE DESIGN HUAWEI Mate RS,HUAWEI Mate 30(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 30 Pro 5G(dual sim card 8gb+256gb、dual sim card 8gb+128gb),HUAWEI Mate 20 Pro,HUAWEI P40 Pro,HUAWEI Mate 40 Pro(single sim card 8gb+256gb、dual sim card 8gb+256gb),HUAWEI P40 Pro+
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
ဖုန်းအားသွင်းရန် အကြံပြုချက်များ |
ကြိုးဖြင့် အားသွင်းစဉ် အောက်ပါအချက်များကို သတိပြုပါ
- စမတ်ဖုန်းများတွင် မမ်မိုရီအပေါ် သက်ရောက်မှုမရှိသော လီသီယံ ဘက်ထရီများ အသုံးပြုပါသည်။ ဖုန်းအသစ်ကို ပထမဆုံးအကြိမ် သုံးချိန်တွင် အကြိမ်များစွာ အားသွင်းရန် သို့မဟုတ် အားကုန်အောင်သုံးရန် မလိုပါ။
- သင့်ဖုန်းကို သက်ဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီသော တည်ငြိမ်သည့် ဗို့အားတစ်ခုတွင် အားသွင်းရန် စံနှုန်းမီ အားသွင်း ကိရိယာကို သုံးစွဲပါ။
- သင့်ဖုန်းကို အားအပြည့်သွင်းပြီးနောက် အားသွင်း ကိရိယာကို ဖယ်ရှားပါ။ သို့မဟုတ်ပါက အချိန်ကြာမြင့်စွာ အားသွင်းခြင်း သို့မဟုတ် ဘက်ထရီအားများခြင်းကြောင့် ဘက်ထရီ သက်တမ်းတိုနိုင်သည်။
- သင့်ဖုန်းကို အပူချိန် နိမ့်လွန်းသော၊ မြင့်လွန်းသော သို့မဟုတ် မတည်ငြိမ်သောနေရာများတွင် အားသွင်းခြင်းမှ ရှောင်ပါ။
ကြိုးမဲ့အားသွင်းစဉ် အောက်ပါတို့ကို သတိပြုပါ
- သံလိုက်ပါသော ဖုန်းကာဗာအိမ်များ၊ သံလိုက်ပါသော အထိုင်များ၊ ခရက်ဒစ်ကတ်များ၊ ပတ်စ်ပို့များ သို့မဟုတ် စမတ်သော့များကဲ့သို့ ပစ္စည်းများကို ဖုန်းနှင့် ကြိုးမဲ့ အားသွင်း ကိရိယာအကြား ထားရှိခြင်းသည် ကြိုးမဲ့ အားသွင်း ကိရိယာ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်သဖြင့် သို့မဟုတ် အားသွင်း ကိရိယာကို ပျက်စီးစေနိုင်သဖြင့် ထိုသို့ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။ သတ္တုပစ္စည်းများ ရှိပါက ကြိုးမဲ့အားသွင်းခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်သည် သို့မဟုတ် ရပ်တန့်စေနိုင်သည်။
- သင်သည် Huawei မဟုတ်သော ဖုန်းကာဗာအိမ်ကို သုံးနေပါက ၎င်းကိုဖယ်ရှားပြီး ထပ်မံကြိုးစားပါ။
- ဖုန်းဝင်လာချိန်တွင် သင့်ဖုန်း တုန်ခါလျှင် သင့်ဖုန်း၏ အနေအထား ပြောင်းသွားနိုင်သောကြောင့် ကြိုးမဲ့ အားသွင်း ကိရိယာကို အားသွင်းခြင်း ရပ်တန့်သွားစေသည်။ ဤသို့ အကြိမ်ကြိမ်ဖြစ်ပါက ကြိုးဖြင့် အားသွင်းရန် သို့မဟုတ် ကြိုးမဲ့အားသွင်းစဉ် တုန်ခါသည့် လုပ်ဆောင်ချက်ကို ပိတ်ရန် အကြံပြုထားသည်။
- သင့်ဖုန်းကို ကြိုးသုံး အားသွင်း ကိရိယာနှင့် ချိတ်ဆက်ထားပါက ၎င်းသည် ကြိုးမဲ့အားသွင်းခြင်းကို ရပ်သွားစေပြီး အားသွင်းရန်အတွက် ကြိုးတပ်စနစ်ကို ဦးစားပေးပါမည်။
ပြဿနာဆက်ရှိနေသေးပါက အကူအညီ ရယူရန်အတွက် သင့်ဒေတာများကို ဘက်ခ်အပ်လုပ်ပြီး သင့်စက်နှင့်အတူ ဝယ်ယူမှု သက်သေကို တရားဝင်ခွင့်ပြုချက် ရထားသော Huawei သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ယူသွားပါ။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်