မျက်နှာပြင်တောက်ပမှုက အနည်းဆုံး/အများဆုံးသို့ အလိုအလျောက် ချိန်ညှိမပေးခြင်း
| မျက်နှာပြင်တောက်ပမှုက အနည်းဆုံး/အများဆုံးသို့ အလိုအလျောက် ချိန်ညှိမပေးခြင်း |
ပြဿနာ 1-
အလိုအလျောက် တောက်ပမှုချိန်ညှိချက်ကို ဖွင့်ထားချိန်တွင် နေရောင် သို့မဟုတ် တောက်ပသော အလင်းရောင်အောက်၌ ဖုန်းကို အသုံးပြုသည့်အခါ မျက်နှာပြင်တောက်ပမှုကို အများဆုံးတန်ဖိုးသို့ ချိန်ညှိမပေးပါ။
အကြောင်းရင်း 1-
သင့်ဖုန်းကို အသုံးပြုသည်မှာ အချိန်အတော်ကြာပြီ ဖြစ်လျှင် သို့မဟုတ် ၎င်းကို နေရောင်နှင့် ထိတွေ့မိထားလျှင် ၎င်း၏ အပူချိန် မြင့်တက်လာပါမည်။ ဤဖြစ်စဉ်တွင် အပူလွန်ကဲခြင်းကို ကာကွယ်ရန် သင့်ဖုန်းတွင် မျက်နှာပြင် တောက်ပမှုကို အများဆုံးတန်ဖိုးသို့ သတ်မှတ်မည်မဟုတ်ပါ။
ဖြေရှင်းနည်း 1-
အိမ်တွင်းဧရိယာ သို့မဟုတ် ပိုမှောင်သော ပတ်ဝန်းကျင်သို့ ပြောင်းရန် အကြံပြုထားပါသည်။
ပြဿနာ 2-
အလိုအလျောက် တောက်ပမှုချိန်ညှိချက်ကို ဖွင့်ထားချိန်တွင် လုံးဝမှောင်နေသော ပတ်ဝန်းကျင်၌ ဖုန်း၏ မျက်နှာပြင်တောက်ပမှုကို အနည်းဆုံးတန်ဖိုးသို့ ချိန်ညှိမပေးပါ။
အကြောင်းရင်း 2-
အလိုအလျောက် တောက်ပမှု ချိန်ညှိချက် လုပ်ဆောင်ချက်ကို မှောင်သော ပတ်ဝန်းကျင်အမျိုးမျိုးတွင် စစ်ဆေး၍ အတည်ပြုပြီးဖြစ်ကာ သုံးစွဲသူအများစု၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဖန်တီးထုတ်လုပ်ထားပါသည်။ သင့်တွင် အထူးလိုအပ်ချက်များ ရှိပါက တောက်ပမှုကို ကိုယ်တိုင်ချိန်ညှိနိုင်သည်။
ဖြေရှင်းနည်း 2-
ဖုန်းမျက်နှာပြင်က တောက်ပလွန်းသည်ဟု သင်ခံစားရလျှင် တောက်ပမှုကို သင်လိုအပ်သလို ကိုယ်တိုင်ချိန်ညှိပါ။