HUAWEI ဖုန်းတွင် SIM ကတ်များ ထည့်သွင်းနည်း
သက်ဆိုင်သော ကုန်ပစ္စည်းများ:
HUAWEI P50 Pocket(dual sim card 8gb+256gb(bali-l29c)),HUAWEI P30(single sim card 6gb+128gb、dual sim card 6gb+128gb、dual sim card 8gb+128gb),HUAWEI Mate 20 X(dual sim card 6gb+128gb),HUAWEI Mate 20 Pro(dual sim card 6gb+128gb、single sim card 6gb+128gb),HUAWEI Mate 40 Pro,HUAWEI P30 Pro(single sim card 8gb+256gb、dual sim card 8gb+512gb、single sim card 6gb+128gb、dual sim card 8gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI nova 7,HUAWEI P50 Pocket Premium Edition(huawei p50 pocket dual sim card premium edition 12gb+512gb(bali-l49c)),HUAWEI Mate 20 Pro,HUAWEI nova 5T(dual sim card 6gb+256gb、dual sim card 6gb+128gb、single sim card 6gb+128gb、single sim card 6gb+256gb、single sim card 8gb+128gb、dual sim card 8gb+128gb),HUAWEI P40 Pro,HUAWEI P40,HONOR 9X Pro(dual sim card 6gb+256gb),HUAWEI P40 Pro+
သက်ဆိုင်သော ကုန်ပစ္စည်းများ:
သင့်အတွက် အောက်ပါရလဒ်များကို တွေ့ရှိရပါသည်။ ကျေးဇူးပြု၍ ရွေးချယ်ပေးပါ။
ရလဒ်ကို ရှာဖွေ၍မရပါ။ ကျေးဇူးပြု၍ ပြန်လည်ရွေးချယ်ပေးပါ။
| HUAWEI ဖုန်းတွင် SIM ကတ်များ ထည့်သွင်းနည်း |
SIM ကတ်သည် သင့်စက်နှင့် ကိုက်ညီကြောင်း သေချာပါစေ
- စံသတ်မှတ်ချက်နှင့်ကိုက်ညီသော Nano-SIM နှင့် Nano မမ်မိုရီ (NM) ကတ်များကို အသုံးပြုပါ။ စံသတ်မှတ်ချက်နှင့် မကိုက်ညီသော ကတ်များသည် ကတ်ထည့်အံခွက် သို့မဟုတ် ကတ်ပေါက်ကို ပျက်စီးစေနိုင်သည် သို့မဟုတ် ကတ် ရှာမတွေ့ခြင်းကို ဖြစ်စေနိုင်သည်။
- သင့် SIM ကတ်သည် ကတ်ထည့်အံခွက်နှင့် မကိုက်ညီလျှင် အသစ်လဲလှယ်ရန် သင်၏ ဆက်သွယ်ရေး ကယ်ရီယာထံ ဆက်သွယ်ပါ။ SIM ကတ်ကို သင့်ဘာသာသင် ဖြတ်ထုတ်ရန် မကြိုးစားပါနှင့်။
ကတ်ထည့်အံခွက်ကို ဖြုတ်ပြီး အပေါ်ဘက်နှင့် အောက်ဘက် ခွဲခြားပါ
ကတ်ထည့်အံခွက်ကို ဖယ်ရှားရန် ကတ်ထည့်အံခွက် ထုတ်သည့် ပင်အပ်ကို အသုံးပြုပါ။
- အပေါ်ဘက်တွင် "SIM1" ဟု အမှတ်အသားလုပ်ထားပြီး ထိုနေရာရှိ ကတ်ပေါက်ထဲသို့ nano-SIM ကတ်ကို ထည့်နိုင်သည်။
- အောက်ဘက်တွင် "NM" ဟု အမှတ်အသားလုပ်ထားပြီး ထိုနေရာရှိ ကတ်ပေါက်ထဲသို့ NM ကတ် သို့မဟုတ် nano-SIM ကတ်ကို ထည့်နိုင်သည်။

SIM ကတ်ကို သက်ဆိုင်ရာ SIM ကတ်ပေါက်ထဲ ထည့်ပါ
ရွှေရောင် အပိုင်းကို အပေါ်ဘက်တွင်ထား၍ ကတ်၏ အထစ်ပါသည့်အပိုင်းကို SIM ကတ်ထည့်အံခွက်ထဲသို့ အရင်ထည့်သွင်းပါ။ နေရာတကျ ဖြစ်သွားသည်နှင့် ကတ်ထည့်အံခွက်၏ ရှေ့ဘက်နားရှိ စပရင်က ကတ်ကို နေရာတကျ ထိန်းထားပါမည်။ ယခု ကတ်ထည့်အံခွက်ကို လှန်ပြီး ထိုနည်းလည်းကောင်းပင် အခြားကတ်ကို ထည့်နိုင်ပါသည်။

ကတ်ထည့်အံခွက်ကို ဖုန်းထဲသို့ ထည့်ပါ
ဖုန်းနှင့် ကတ်ထည့်အံခွက် နှစ်ခုလုံး၏ အပေါ်ဘက်မျက်နှာပြင်ကို အပေါ်တွင်ထား၍ ချိန်ညှိပြီးနောက် ကတ်ထည့်အံခွက်ကို သင့်ဖုန်းထဲသို့ ပြန်လည်ထည့်သွင်းပါ။
ကြိုတင်ကာကွယ်မှုများ
- NM ကတ်ကို အသုံးပြုနေပါက ကတ်ထည့်အံခွက်၏ အောက်ခြေဘက်တွင် ၎င်းကို ထည့်သွင်းကြောင်း သေချာပါစေ။ သို့မဟုတ်ပါက သင့်ဖုန်းက ၎င်းကို ရှာဖွေ တွေ့ရှိနိုင်မည် မဟုတ်ပါ။ NM ကတ်ကို မှားယွင်းသော ကတ်ပေါက်ထဲသို့ ထည့်သွင်းခြင်းသည် သင့်ဖုန်းကို ပျက်စီးစေမည် မဟုတ်ပါ။ ၎င်းကို အလွယ်တကူ ဖယ်ရှားပြီး မှန်ကန်သော ကတ်ပေါက်ထဲသို့ ပြောင်းထည့်လိုက်ပါ။
- SIM ကတ်ထည့်အံခွက်အပေါက်နှင့် မိုက်ခရိုဖုန်းအပေါက်ကို မမှားပါစေနှင့်။
သင့်အကြံပြုချက်အတွက် ကျေးဇူးတင်ပါသည်