ဖုန်းမန်နေဂျာ ထံမှ ဖိုင်ပြန်စီနေကြောင်း အသိပေးချက်များကို အမြဲရရှိနေခြင်း
| ဖုန်းမန်နေဂျာ ထံမှ ဖိုင်ပြန်စီနေကြောင်း အသိပေးချက်များကို အမြဲရရှိနေခြင်း |
ပြဿနာ-
ဖုန်းမန်နေဂျာ ထံမှ ဖိုင်ပြန်စီနေကြောင်း အသိပေးချက်များကို အမြဲရရှိနေပြီး အသိပေးချက် မျက်နှာပြင်မှ ဖယ်ရှား၍ မရပါ။
အကြောင်းရင်း-
သင့်ဖုန်းသည် အချိန်ကာလတစ်ခုကြာ အလုပ်လုပ်ပြီးသည့်အခါ သင့်ဖုန်းတွင် ဖိုင်ဆောင်ရွက်ချက်များကြောင့် ဖြစ်ပေါ်လာသော ယာယီ သိမ်းထားသည့် ဖိုင်အသေးများသည် သိုလှောင်မှု နေရာကို အပိုင်းအစများ ကွဲသွားစေသည့်အတွက် ဖိုင်ကို ဝင်ရောက် သုံးစွဲနိုင်သည့် မြန်နှုန်းမှာ လျော့ကျသွားပြီး သင့်ဖုန်းကို နှေးသွားစေပါသည်။ ထိုအပိုင်းအစများက သင့်ဖုန်းကို နှေးကွေးစေကြောင်း ဖုန်းမန်နေဂျာ က ရှာဖွေတွေ့ရှိလျှင် သင့်အား ဖိုင်ပြန်စီရန် တုံ့ပြန် ညွှန်ကြားပါမည်။
ဖြေရှင်းနည်း-
အသိပေးချက်ကို ရရှိသည့်အခါ သင့်ဖုန်း၏ စွမ်းဆောင်ရည် တိုးတက်စေရန်နှင့် ကောင်းမွန်စွာ လုပ်ဆောင်စေရန် ဖိုင်ပြန်စီမှုများကို ပြုလုပ်ရန် အကြံပြုပါသည်။ ဖိုင်ပြန်စီ၍ ပြီးသွားသည့်အခါ အသိပေးချက်ကို အလိုအလျောက် ရှင်းပစ်ပါမည်။
နောက်ထပ် သိကောင်းစရာများ-
အသိပေးချက် မျက်နှာပြင်မှ အသိပေးချက်အားလုံးကို တစ်ချက်နှိပ်ရုံဖြင့် မရှင်းလင်းနိုင်ခြင်း